抖阴社区

????? ?

4 1 0
                                    


Unicode

အခန်း (၈)

လင်ယိမှာ သူ့စကားသူ ပြန်ပြီး မှင်သက်မိသည်။ သို့သော် သူ၏ ဖျတ်လတ်သောတွေးခေါ်နိုင်စွမ်းဟာ ကောင်းမွန်သည့်ထင်မြင်ယူဆချက်တော့ ဖြစ်နေသေး၏။

မှန်သည်။ ကြောက်စိတ်ကိုလှုံ့ဆော်နိုင်သည့်တစ်ခုခုက ပြတင်းပေါက်မှတစ်ဆင့် တွားဝင်ခဲ့ခြင်းဖြစ်မည်။ ဒါပေမဲ့ ထိုအရာသည် ပြန်ထွက်သွားသောကြောင့်သာ အလော‌သုံးဆယ်နိုင်မှုကို အားနည်းသွားစေခြင်းဖြစ်၏။

ဒါဟာ ဝမ်သွော့ဘာကြောင့် ကြောက်လိုက်၊ မကြောက်လိုက်ဖြစ်ခဲ့သည်ကို ရှင်းပြနေသည်။

အခန်း၃၀၄ရှိ လိုက်ကာကို သူ ဖြည်းဖြည်းချင်း လှည့်ကြည့်မိ၏။

ဘာကြောင့် ပြတင်းပေါက်ကို လိုက်ကာတွေ ချထားရသနည်း။ လိုက်ကာတွေသည် ပြတင်းပေါက်ကို ကာဖို့ရှိနေခြင်းမဟုတ်။ အထဲသို့ဝင်လာသောသူများ ပြတင်းပေါက်ပွင့်နေသည်ကို တွေ့မသွားစေဖို့ ချထားခြင်းဖြစ်၏။

သည်တော့ မရဏစည်းမျဉ်းသည် ပြတင်းပေါက်အနားသို့ သွားခြင်းလည်းမဟုတ်သလို ပြတင်းပေါက်ကို ကြည့်ခြင်းလည်းမဟုတ်ပေ။ သို့ဆိုစေကာမူ ထိုပြတင်းမှတစ်ဆင့် အထဲသို့တွယ်တက်လာသည့် တစ်ခုခုနှင့်တော့ သက်ဆိုင်နေသည်။

၀.၀၀၀၀၁စက္ကန့်သာကြာသော အချိန်ခဏအတွင်း လင်ယိ ပြန်လှည့်ကြည့်သည်။ ထိုအခါ နံရံ၏တစ်ဖက်၌ ပြတင်းပေါက်ဆီ တရွေ့ရွေ့လာနေသော တစ်ယောက်ယောက်၏အသံကိုပါ ကြားလိုက်ရ၏။

လင်ယိ လိုက်ကာကို ဆွဲမကြည့်ပေ။ ထိုအစား လှမ်းတွန်းကြည့်သည်။

"ဉာဏ်ကြီးရှင်လေး။" နံရံနောက်မှ ချင်ကျိုးသည် အေးဆေးနေဟန်။ သူ မေးလိုက်၏။ "မင်းအခန်းက ပြတင်းပေါက် ပွင့်နေလား။"

လင်ယိက ပြန်မေးသည်။ "စီနီယာ့အခန်းကရော။"

ချင်ကျိုး: "ပိတ်ထားတယ်။"

လင်ယိ: "ကျွန်တော့်ဆီက..."

သူသည် အကာအရံပိတ်ပင်မှုမျိုး မခံစားရပေ။

"ပွင့်နေတယ်။"

မွန်းကျပ်စရာ တိတ်ဆိတ်မှုက ဗြုန်းစားကြီး ဖြစ်ပေါ်လာ၏။

?????????????????????????? ???????????????????????????? ?????????????!Where stories live. Discover now