ထိုအခါ အကြာကြီးနေသည်အထိ လင်ယိသည် သော့ကို လှည့်မဖွင့်ဖြစ်ပေ။ အတန်ကြာတိတ်ဆိတ်နေပြီးနောက် သူပြောလိုက်သည်။ "ညီအစ်ကိုချန်းယန် ငါက ယောက်ျားတစ်ယောက်ပါ"
လင်ယိဆိုလိုသည်ကို အဓိပ္ပါယ်ဖော်ဖို့ ချန်းယန်တစ်ယောက် တော်တော်ကြာအောင် စဉ်းစားလိုက်ရသည်။ ထို့နောက်မှ သူ အလျင်အမြန် ရှင်းပြရှာ၏။ "တံခါးဖွင့်လိုက်လို့ မင်းကို သတ်ဖို့စောင့်နေတဲ့လူရှိနေရင် ဘယ်လိုလုပ်မလဲ။ ငါ မင်းနောက်ကနေ စောင့်ကြည့်ပေးမယ်လေ။ ဒါမှ တစ်ခုခုဆို မင်းကို ဆွဲထားလို့ ရအောင်ပေါ့"
လင်ယိ: "ဪ..."
ထိုတော့မှ ချန်းယန်၏ စောင့်ကြည့်မှုအောက်မှာပင် သူ သော့ကို လှည့်ဖွင့်လိုက်တော့၏။ လော့ချထားသော တံခါးမှာ ပွင့်၍ ပြန်ကန်ထွက်လာသည့် စပရိန်က "ဂျောက်" ခနဲအသံမြည်သွားသည်။ ထိုအသံသည် ကော်ရစ်ဒါတွင် မပြေမပြစ်ထွက်ပေါ်၍ နက်နက်ရှိုင်းရှိုင်းကို ပဲ့တင်ထပ်သွားလေသည်။
ချန်းယန် တစ်ကိုယ်လုံးတေင့်တင်းသွားမှန်း လင်ယိ ပြောနိုင်သည်။ သူလည်း တံခါးကိုအသာတွန်းဖွင့်ပြီး တစ်လှမ်းလျှောက်ဝင်ကာ အထဲသို့ ခေါင်းပြူကြည့်သည်။
အထဲတွင် သူ့အား သတ်ဖို့စောင့်နေသူတစ်ယောက်မျှ မရှိပေ။
ထိုအခါမှသာ ချန်းယန်လည်း သူ့တံခါးကို ဖွင့်၏။
ချန်းယန် တံခါးဖွင့်ပြီးသည်အထိ လင်ယိစောင့်သည်။ ချန်းယန်၏ စိတ်ကောင်းရှိမှုကို တုံ့ပြန်ပြီးနောက် သူလည်း သူ့ကိုယ်ပိုင်အခန်းထဲ ဝင်သွားလိုက်လေသည်။
အခန်းထဲ၌ မီးဖွင့်မထားချေ။ အခန်းထဲရှိ အခြေအနေကို လင်ယိ မမြင်ရသော်လည်း အခန်းမှာ တိတ်ဆိတ်နေ၏။ သူသည် တံခါးပိတ်ပြီး မီးခလုတ်အား လျှောက်စမ်း၍ ဖွင့်လိုက်သည်။
မီးလင်းလာသည်နှင့် အခန်း၃၀၄ထဲဝယ် တစ်ယောက်ယောက်နေထိုင်လျက်ရှိသလိုမျိုး တစ်ကိုယ်ရေပစ္စည်းများစွာ ရှိနေမှန်း တွေ့လိုက်ရသည်။
ဤသဲထိတ်ရင်ဖိုကစားနည်းသည် ညတွင်းချင်း ချက်ချင်းစတင်သဖြင့် လင်ယိတစ်ယောက် အခန်းရှာဖွေမှုကို ကန့်သတ်ထားရုံမှတစ်ပါး ရွေးစရာမရှိချေ။ ထောင့်တိုင်းကို အလျင်အမြန် စူးစမ်းရင်း အိပ်ရာအောက်၌ ပြည့်နေသောကော်ဖီဗူးတစ်လုံးကိုတောင် တွေ့ရသေးသည်။ သို့သော် ဘယ်အရာကမျှ အသုံးဝင်သောသဲလွန်စ ဖြစ်ဟန်မတူချေ။

YOU ARE READING
?????????????????????????? ???????????????????????????? ?????????????!
Romance???????????? ??????????????? update ?????????????? BL Horror Survival? ??????????????? ?????????? ? ????????????????? ????????????????????? ro?????????? ??????????????????????????? ????????????????? ??????? recommend?????????????
????? ?
Start from the beginning