抖阴社区

                                    

ချင်ကျိုးသည် လင်ယိကိုကြည့်ကာ ခေါင်းကို အနည်းငယ်ညိမ့်ပြလိုက်သည်။ "သွားရအောင်"

လင်ယိ၏လက်ဖဝါးများက ချွေးများထွက်ကာ ချွေးများက မှတ်စုအတွင်းရှိ မှင်များကို ညစ်ညမ်းစေကာ ရေးသားထားသော စကားလုံးများကို ပြန့်သွားစေခဲ့သည်။

စာရွက်ပိုင်းလေးပေါ်တွင် ရေးသားထားသည်မှာ စကားလုံးနှစ်လုံးသာဖြစ်သည် - ချင်းယန်

"စီနီယာလည်း သတိထား။"

ချင်ကျိုးဟာ သူ တစ်ခုခုလုပ်မည်ဆိုတိုင်း ထိုသို့ပြောသည်ကိုတွေးရင်း သူလည်း ချင်ကျိုးကို ပြောဖို့ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီ။" ချင်ကျိုး ပြန်ဖြေလိုက်သည်။ ပထမဆုံးအကြိမ် မကောင်းဆိုးဝါးကို ရှာဖွေရသော လင်ယိနှင့်ယှဉ်လျှင် ချင်ကျိုးသည် အေးဆေးနေပြီး ညစာစားပွဲသို့ သွားနေသကဲ့သို့ပင် ခံစားနေရလေသည်။

လင်ယိလည်း ခေါင်းညိတ်ပြပြီး တံခါးဆီသို့ လျှောက်သွားလိုက်၏။

"ဉာဏ်ကြီးရှင်လေး။"

သူ့နောက်တွင်ရှိနေသော ချင်ကျိုးက သူ့ကို ထပ်ခေါ်သည်။

ထိုအခါ၌ လင်ယိက ချင်ကျိုးကို ပြန်လှည့်ကြည့်လိုက်၏။ "?"

"ထားလိုက်ပါတော့ ၊ ဒီနေရာကနေ ထွက်လို့ရချိန်ထိ မင်းရဲ့ကတိအတိုင်း တောင်းဖို့ကို စောင့်လိုက်ဦးမယ်။" ချင်ကျိုးက တံခါးဆီသို့ မေးဆတ်ပြသည်။ "သူက မင်းကို လိုက်ရှာနေရမယ့် ဒုက္ခကနေ လွတ်အောင် လုပ်ပေးလိုက်တာပဲ"

လင်ယိက ပြန်ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီလေ"

တံခါးကိုဖွင့်လိုက်ချိန်တွင် ချင်းယန်က အဝတွင် ရူးကြောင်ကြောင်နှင့်ရပ်နေသည်။ သူသည် နောက်တစ်ကြိမ်ခေါက်ရန်အတွက် လက်ကိုမြှောက်ထားသည်။

"ဒါက ၊ အာ၊ ကျွန်တော် ရွှိရှားကျီ ပြောတာကြားတယ်..." ချင်းယန်က သူ၏လည်ပင်းနောက်ကို လှမ်းကိုင်လိုက်သည်။ "အစ်ကိုလင်ယိ ၊ အစ်ကို အဆင်ပြေရဲ့လား"

"တော်တော်လေး အဆင်ပြေပါတယ်။" လင်ယိသည် ချင်းယန်ကိုကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ "ချင်းယန်၊ ငါ မင်းကို ပြောစရာရှိတယ်"

?????????????????????????? ???????????????????????????? ?????????????!Where stories live. Discover now