抖阴社区

Chapter -7

1.8K 159 5
                                        

ချိုးတင်းကျယ် ထင်ထားသလိုပင် ဟွမ်ရှင်းက လိမ္မာပြီး ကိုင်တွယ်ရလွယ်သည်။
အခုလည်း သူရှင်းပြသမျှကို မငြီးမငြူ
နားထောင်ကာ သူတွက်ခိုင်းသမျှကိုလည်း
တစ်ခုမကျန် တွက်သည်။

ဉာဏ်ကောင်းလှသည့် ကလေးမို့
တစ်ခေါက်ရှင်းပြရုံတင် ချက်ချင်းနားလည်ပြီး သင်္ချာ ပုစ္ဆာများကိုလည်း ဉပမာတစ်ပုဒ်
ရှင်းပြရုံနှင့် ကျန်ဆင်တူရိုးမား အပုဒ်တွေကို
ပင် အဖြေမှန်ထွက်သည်အထိ တွက်
လာနိုင်သည်။

ကျက်စာတွေဆိုရင်လည်း အချိန်ခဏလေး
ပေးလိုက်ရုံနှင့်ပင် လွယ်လွယ်ကူကူကျက်မှတ်နိုင်သည်။ Engစာဆိုလျှင်တော့ ပြောစရာပင်မလိုပါ 4 skillsကို native
တစ်ယောက်နီးနီး ပြောနိုင်လို့နေသည်။

"မင်းဟာက ဂိုက်ပြဖို့ရော လိုသေးလို့လားကွာ"

တစ်နာရီကျော်လောက် အရည်အချင်းအားလုံးကို စစ်ကြည့်ပြီးသည့်နောက်တွင်တော့ ဟွမ်ရှင်းက အတည်ကို တော်နေပြီသားကလေးတစ်ယောက်ဖြစ်နေသည်။
စာကို ပုံမှန် အချိန်ပေးပြီး လုပ်လျှင်
တရုတ်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်၌
ဝင်ခွင့်ရနိုင်သည်မှာ မလွဲဧကန်ပင်။

"ကျွန်တော်ပြောပါတယ်...ဂိုက်ပြဖို့ မလိုပါဘူးဆိုတာကို အမေတို့က အတင်း.."

"မင်းက တော်ပြီး စာမလုပ်လို့ ဂိုက်ခေါ်တာပေါ့..."

"စာက အဲ့လောက်တောင် အရေးပါလို့လားဗျာ..အချိန်တန် သေမှာပဲကို...အာ့!"

ပါးစပ်စည်းမစောင့်သော ကျောင်းသားဆိုးလေးအား ဘောပင်နှင့် ခေါင်းကို တချက်ခေါက်လိုက်သည်။ အရမ်းကြီးနာအောင်တော့ မခေါက်လိုက်ရပါ။

"သေမယ်ဆိုတဲ့ စကားကို နောက် လွယ်လွယ်
မပြောနဲ့ ကြားလား!! ပြောတိုင်း ကောင်းတဲ့စကားမဟုတ်​ဘူး"

"ဘာလို့လဲ...ချိုးတင်းကောက သေရမှာကြောက်လို့လား?"

"...................................."

ဟွမ်ရှင်းက မေးနေပေမယ့် ချိုးတင်းကျယ်ဘက်က ပြန်ဖြေသံမလာခဲ့ပေ။

"ဒီနေ့ကနေစပြီး တစ်ပတ်ကို လေးရက်..
ညနေ ၆နာရီကနေ ၇ခွဲအထိ စာလာပြပေးမယ်...စာသင်ခါနီးအချိန်မှာ ဂိမ်းဆော့နေတာ၊ အိပ်ပျော်နေတာမျိုး မလုပ်ရဘူး ၊ စာနဲ့
မသက်ဆိုင်တဲ့ ပြင်ပမေးခွန်းတွေ မမေးရဘူး..ပြီးတော့ ကိုယ့်ကို ဆရာလို့ခေါ်ရမယ်"

Back To The Day I Met You [Completed]Where stories live. Discover now