" ကိုယ် သွားတော့မယ်နော်...မွ~"
"ကောင်းကောင်းသွားပါ အချစ်ရေ~"
ဟွမ်ရှင်း အား ပါးတစ်ချက် မွကနဲ နမ်းကာ
အလုပ်နောက်ကျနေသည်မို့ သုတ်ချင်တင်
ပြေးသွားသည့် ချိုးတင်းကျယ်...။
ဟွမ်ရှင်းက လိုက်ပို့ပေးမည် ဆိုပေမယ့်
မပို့ပါနဲ့ အလုပ်ရှုပ်တယ် ပန်းချီသာ
အေးဆေးဆွဲနေပါဆိုပြီး တားသည့်အတွက်
ကြောင့် ဟွမ်ရှင်း အိမ်မှာသာ စောင့်၍
နေခဲ့ရသည်။
နေ့ရက်တိုင်းဟာ အဆင်ပြေလို့နေလျက်...။
မနက်ခင်းတိုင်းကို ချစ်ရသူ၏ မျက်နှာလေး
ကြည့်ပြီး နိုးထလာရသလို ညအိပ်ချိန်တိုင်းကိုလည်း ချစ်ရသူကို ဖက်ထားလျက် အိပ်စက်နေရသည်မို့ အရာရာဟာ သိပ်ကို
လှပလို့နေသည်။
အမေတို့နှင့်လည်း တစ်ပတ်တစ်ခါလောက်
ဖုန်းပြောဖြစ်ပြီး အမ၏ အခြေအနေကို
အကဲခတ်လေ့ရှိသည်။ အဖိုးကတော့
သဘောကျနေလေပြီ ဆိုသောကြောင့်
ဟွမ်ရှင်း၏ အစီအစဉ်ကတော့ အခက်အခဲ
မရှိဘဲ ဆက်လက် လည်ပတ်လို့နေဆဲပင်။
ဒါ့အပြင်
သိပ်မကြာခင်ဆိုရင် ဟွမ်ရှင်း၏ ခြံဝန်းပါ
သည့် နှစ်ထပ်အိမ်တစ်လုံး တစ်လုံး
ဆောက်လုပ်ရေးမှာ စတင်တော့မှာဖြစ်ပြီး
ပြီးစီးသွားရင်လည်း ချိုးတင်းကောနှင့်အတူ
ထိုနေရာလေး၌ အိုမင်းသွားသည်အထိ
နေထိုင်သွားဖို့အတွကိ ဆန္ဒရှိလို့နေသည်။
ဒီးး!
ပန်းချီဆွဲနေရင်းမှ ရုတ်တရက် ဝင်လာသော
ဖုန်းမက်ဆေ့ခ်ျ သံကြောင့် ဟွမ်ရှင်း မျက်ဖြူ
တစ်ချက်လှန်လိုက်မိသည်။
ဟုတ်သည်။ အရာရာ ပြည့်စုံနေသည့် ဆိုပေမယ့်လည်း ချွင်းချက် တစ်ခုတော့ ရှိလို့နေပါသေးသည်။ အဲ့ဒါကတော့ ဘယ်ကမှန်းမသိ
Unknow no. တစ်ခုက ဟွမ်ရှင်းဆီကို
ခြိမ်းခြောက်စာတွေ ဆက်တိုက်ပို့နေခြင်းပင်။
အစကတော့ စိတ်ထဲ မထားခဲ့ပေမယ့်
နောက်ပိုင်း စိတ်အနှောင့်အယှက် ဖြစ်လာသည်မို့ ရဲစခန်းတွင် တိုင်ကြားစာ ဖွင့်လို့
ထားပေမယ့်လည်း အခုထိ အကြောင်းမထူးသေးပေ။
ဒီတိုင်း လူတွေကို အပျော်ခြောက်လှန့်နေ
သည့် scam သမားတွေကလည်း များလှသည်မို့ ရဲတွေလည်း ပေါ့လျော့နေသည်ဆိုတာကို ဟွမ်ရှင်းသိသည်။ သိပေမယ့်လည်း
စာ တစ်စောင်ဖြစ်သည့်အတွက် ဟွမ်ရှင်း
အတွက်တော့ ဘာမှ ထူးထူးခြားခြား
ကြောက်လန့်မနေသည်မို့ ဒီတိုင်းသာ
လျစ်လျူရှုထားလျက်...။
YOU ARE READING
Back To The Day I Met You [Completed]
Romance??????????? ??????????? ??????? ??????????? ?????????????~? (??????????) (???????) This story concept, plot and writing belong to me. Please respect my creativity and do not PLAGIARIZE!!
![Back To The Day I Met You [Completed]](https://img.wattpad.com/cover/399190679-64-k62350.jpg)