抖阴社区

Chapter-16

1.6K 124 0
                                        

ထိုးကိုက်နေသော ခေါင်းနှင့်အတူ
မျက်လုံးတို့ကို  အားယူကာ ဖွင့်ကြည့်
လိုက်တော့  မြင်လိုက်ရသည်က စိမ်းသက်နေသည့် မျက်နှာကျက်တစ်ခု။ ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲ့ကြည့်လိုက်တော့မှ
သူဆေးခန်းရောက်နေမှန်း သဘောပေါက်သွားတော့သည်။

ညာဘက်လက်ကနေ တဆင့် အကြောဆေး
ပုလင်း ချိတ်ထားတာကြောင့် ခန္ဓာကိုယ်က
လှုပ်ရန် အနည်းငယ် ခဲယှဉ်းလို့နေသည်။
ဆေးထိုးအပ် ထိုးသွင်းထားရသည့်ဒဏ်
ကြောင့် လက်က တဆစ်ဆစ်ကိုင်လို့နေလျက်။

ညာဘက်လက်နှင့် ဆန့်ကျင်စွာ
ဘယ်ဘက်လက်၌ ခံစားမိသည်က
နွေးထွေးသည့် အနွေးဓာတ်တစ်ခု။
တစ်စုံတစ်ယောက်က သူ၏လက်ကို
ဆုပ်ကိုင်ထားလို့နေသည်။

ဘယ်သူလဲဆိုတာ သိချင်စိတ်ကြောင့်
လှဲနေရင်းနှင့်မှ ခေါင်းကို အနည်းငယ်
စောင်း၍ ကြည့်လိုက်တော့ သူ့လက်အား
နူးညံ့စွာ ဆုပ်ကိုင်ထားလျက် ကုတင်ဘေး၌
အိပ်မာကျလို့ နေသည့် ကျန်းဟန်။
နဖူးတို့၌ ချွေးတို့ ရွှဲနှစ်လျက်
အသက်ရှုသံတို့ကလည်း ပြင်းလို့နေသည်။

ဒုက္ခပေးမိပြန်ပြီဟူသော အတွေးတို့ဖြင့်
အားနာစိတ်တို့က တိုးလို့လာသည်။
နဖူးထက်က ချွေးတို့ကို သုတ်ပေးရန်
အလို့ငှာ ကျန်းဟန် ဆုပ်ကိုင်ထားသည့်
သူ့လက်ကို ရုန်းထွက်လိုက်တော့
ကျန်းဟန်က အိပ်ပျော်နေရာမှ ဆက်ကနဲ
နှိုးလို့လာသည်။

"ဘယ်လိုနေသေးလဲ..သက်သာရဲ့လား?"

ကျန်းဟန်က သူ၏ နဖူးပေါ်ကို လက်ဖမိုးတင်
ကာ အပူချိန် စမ်းသပ်ကြည့်လျက်
စိတ်ပူစွာ မေးလို့နေသည်။

"အွန်း...သက်သာသွားပါပြီ..."

သက်သာပြီဟူသော
စကားလေးကြားသွားတော့မှ ကျန်းဟန်
တစ်ယောက် သက်ပြင်းချနိုင်သွားတော့သည်။

"တောင်းပန်ပါတယ်~"

ဖေ့အန်းဘက်က ရုတ်တရက်ဆိုလာသည့်
စကား။

"အဟက်! မလိုပါဘူး..နောက်မှ ရေခဲမုန့် ပြန်ဝယ်ကျွေးပေါ့..စတော်ဘယ်ရီ အရသာနော်!"

ကျန်းဟန်းက ပြောင်တီပြောင်ချော်ဖြင့်
ပြုံးလျက်ဆိုကာ ဖေ့အန်း၏ ညာဘက်လက်လေးကို ပြန်လည် ဆုပ်ကိုင်လာပြန်သည်။

Back To The Day I Met You [Completed]Where stories live. Discover now