抖阴社区

Chapter 17

1.6K 134 6
                                        

နေစရာ တိုက်ခန်းအသစ်ရှာနေရသည့်အပြင် အခြားသော လူမှုရေးကိစ္စများကြောင့်
ချိုးတင်းကျယ် ဟွမ်ရှင်းကို စာသွား
မသင်ပေးဖြစ်သည်မှာ တစ်ပတ်ပင်ရှိလို့နေပြီ။

သို့ပေမယ့် သူတို့နှစ်ယောက် နေ့တိုင်း
နာရီပိုင်းနီးပါး ဖုန်းပြောဖြစ်ကြသည်။
နေ့စဉ် တူညီသည့် အကြောင်းအရာတွေကိုပဲ ထပ်ကာတလဲလဲ ပြောနေရတာမျိုးဖြစ်ပေ
မယ့် သူရော ဟွမ်ရှင်းရောကတော့ ထိုအလေ့အကျင့်လေးကို နှစ်သက်လို့နေသည်။

တစ်ယောက်ကို တစ်ယောက် ချစ်တယ်လို့
မပြောဖူးကြ သေးပေမယ့် သူတို့နှစ်ယောက်၏အပြုအမူတို့သည် ချစ်သူစုံတွဲတွေလိုပင်။

ပထမဆုံး အနမ်းတို့ကို ဖလှယ်ပြီးသည့်
နေ့မှစ၍ သူတို့နှစ်ယောက်ကြားရှိ
သံယောဇဉ်အမျှင်ကလေးသည် တဖြေးဖြေးနဲ့ ပိုနက်ရှိုင်းလို့လာသည်ဆိုတာ ချိုးတင်း
ခံစားမိသည်။

တစ်ပတ်တောင် မတွေ့ခဲ့ရသည်မို့
စာပြန်သင်ရမယ့် ပုံမှန်ထက်နည်းနည်းစောကာ ဟွမ်ရှင်းအိမ်သို့ သူလာခဲ့လိုက်သည်။
အတိုင်းထက် အလွန် လွမ်းနေခဲ့ရသည့်အပြင်
ထပ်တွေ့ရတော့မည်ဆိုသောကြောင့်
ရင်ခုန်သံတို့ကလည်း မြန်ဆန်လျက်။

ချိုးတင်းကို မြင်သည်နှင့် ခြံစောင့်က
အလိုက်တသိပင် တံခါးကို တန်းဖွင့်ပေးကာ
အထဲသို့ ဝင်စေသည်။ ချိူးတင်းလည်း
ခြံထဲမှ တဆင့် အိမ်ပေါက်ဝ သို့
လမ်းလျှောက်နေတုန်းမှာပဲ စံအိမ်ဘေးရှိ
ပန်းခြံ၌ ထိုင်ကာ စာဖတ်နေသော
အတန်းဖော် ယွမ်ရှင်းကို တွေ့လိုက်ရသည်မို့
တစ်ခါတည်း ဝင်နှုတ်ဆက်လိုက်မည်ဟု
တွေး၍ အိမ်ထဲသို့ မဝင်သေးဘဲ ယွမ်ရှင်းထံသို့သာ အရင်သွားလိုက်သည်။

"အတန်းဖော်ယွမ်"

"အတန်းဖော် ချိုး~"

ယွမ်ရှင်းက ချိုးတင်းကို မြင်သည်နှင့်
သူမ ထိုင်နေသော ဒန်းပေါ်မှ ချက်ချင်း
ထရပ်ကာ ချိုသာသော အပြုံးတို့ဖြင့်
ပြန်နှုတ်ဆက်သည်။

"အိမ်ကိုရော ကျောင်းကိုရော မလာတာ
တစ်ပတ်​တောင်ရှိနေပြီမလို့...ယွမ်ယွမ်
အတန်းဖော် ချိုးရဲ့ မျက်နှာတောင် မေ့နေပြီ
သိရဲ့လား~"

Back To The Day I Met You [Completed]Where stories live. Discover now