抖阴社区

Chapter-23

1.5K 139 12
                                        

"မင်း လိုသလောက် ငွေကို ထုတ်ပေးနိုင်ပါတယ်"

တစ်ဉီးတည်းသော အကြီးဖြစ်သူ အဖွားက ထိခိုက်ဒဏ်ရာ ရထားသည်မို့ ကူကယ်ရာ
မဲ့နေသည့် ချိုးတင်းသည် နောက်ဆုံးတွင်တော့ ရှေ့မျက်နှာ နောက်ထားကာ
သူသိသည့် ထိုငွေပမာဏ အများကြီးကို ချက်ချင်းချေးပေးနိုင်သော သူမှာ
ဟွမ်ရှင်း၏ အမေကလွှဲရင် မရှိပေ။
ဒီလိုပါပဲ တကောင်ကြွက်ဖြစ်နေရသည့်
ဘဝဟာ အရေးအကြောင်းကြုံလာရင်
သိမ်ငယ်စရာကောင်းလှသည်။
ဟွမ်ရှင်းက ကျောင်းသွားနေသည့် အချိန်
ဖြစ်နေသောကြောင့် အိမ်တွင်ရှိမနေသည်က
ကောင်းသည်ဟုဆိုရမည်။ သူ့အဖွားကိစ္စတို့အား ဟွမ်ရှင်းကို မသိစေချင်ပါ။
ဟွမ်ရှင်းကို နီးကပ်လာသည့် စာမေးပွဲအတွက်သာ အာရုံစိုက်စေချင်သည်။

"မင်းလိုချင်တဲ့ ပမာဏ ထက် ပိုများတဲ့
ပမာဏကို ပေးနိုင်တယ်...အဖွားရဲ့
စရိတ်တွေအပြင် မင်းမှာကျန်ရှိနေတဲ့
အကြွေးတွေအထိပါ အကုန်ရှင်းပေးမယ်!"

"ရပါတယ်ဗျ...ကျန်တဲ့အကြွေးတွေက
ကျွန်တော့်ဘာသာ ကျွန်တော် ဆပ်ပါ့မယ်..
အဖွားရဲ့စရိတ်ကိုလည်း ကျွန်တော်
အမြန်ဆုံးပြန်ဆပ်မှာ........"

"ငါ့ စကား မဆုံးသေးဘူး!!"

ချိုးတင်း၏ ဖျော့တော့ကာ ရိုးကျိုးနေသော
လေသံတို့နှင့် ဆန့်ကျင်စွာ ဟွမ်ရှင်းအမေ၏
လေသံက မာကြောကာ ခက်ထန်နေလျက်..။
တစ်ခုခုက မှားယွင်းနေပြီဆိုတာကို သိလိုက်
ရသည့် ချိုးတင်းမှာ အအေးဓာတ်ကို ခံစား
လိုက်ရပြီး ခန္ဓာကိုယ်ပင် တောင့်တင်းလို့
သွားတော့သည်။

"မင်းကို ဒီအတိုင်း လွှတ်ထားပေးလို့ ငါ့ကို
ဘာမှ မသိဘူးများထင်နေလား!?"

"................................."

"မင်း ငါ့သားအခန်းထဲမှာ တစ်ညအိပ်လိုက်တဲ့
နေ့ကတည်းက ငါအားလုံးကို မြင်ပြီးပြီ!!"

အဲ့ညက သူတို့ ပထမဆုံး စနမ်းခဲ့တဲ့နေ့မဟုတ်လား? ဟွမ်ရှင်းအမေဆိုလိုသည့် အားလုံးမြင်လိုက်သည်ဆိုတာက ဘယ်ဟာကိုရည်ညွှန်းနေပါသနည်း။ သူတို့နှစ်ယောက်
နမ်းနေကြသည်ကို မြင်လိုက်ကြောင်း ဆိုလို
ချင်နေသည်လား?

Back To The Day I Met You [Completed]Where stories live. Discover now