(23)
ဒါရိုက်တာရှု၏ စကားများကိုကြားချိန်တွင် စုန့်ဝေ့၏နှလုံးသားက ရုတ်တရက် ရပ်တန့်သွားရသည်။
"ဘာလဲ?!"
စုန့်ဝေ့မှာ ထိုလေသံက အလွန်အမင်း အံ့အားထိတ်လန့်နေခဲ့ရသည့် သူကိုယ်တိုင်ဆီမှထွက်လာသည်ဟု ထင်ခဲ့သော်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သဘောပေါက်သွားခဲ့ရသည်။
၎င်းမှာ ဒါရိုက်တာရှု၏ဘေးနားတွင်ရှိနေသည့် လင်းရန်ဆီမှ ထွက်လာခြင်းသာ ဖြစ်နေခဲ့သည်။
လင်းရန်၏ မျက်လုံးများက ပြူးကျယ်စွာဖြင့် စုန့်ဝေ့ဆီကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း မုန်တိုင်းများ ပြင်းထန်နေခဲ့သည့် နှလုံးသားထဲမှ အော်ဟစ်လာသည့်အလား အော်ဟစ်လာခဲ့ပြီး သူမ၏ မျက်နှာသည်ကတော့ သနားစရာကောင်းလွန်းသည့် လှည့်စားခံလိုက်ရသူလေးတစ်ဦးကဲ့သို့ဟန်ဆောင်ကာ သူမ၏ခေါင်းကို ခါရမ်းလျှက်ငိုကြွေးလာတော့သည်။
"ကြင်ဖက်တွေ့တာ...အန်ကယ်စုန့်၊ ဒါဆို အန်ကယ်က မနေ့ညက ကျွန်မကို ခေါ်သွားတာ အစ်ကိုရှုနှင့် ကြင်ဖက်တွေ့ဖို့အတွက်ဆိုတဲ့ ရည်ရွယ်ချက်နှင့် ခေါ်သွားခဲ့တာပဲ!
ကျွန်မက အန်ကယ် ကျွန်မကို တကယ်ဂရုစိုက်လို့ ဈေးဝယ်ထွက်ဖို့ ခေါ်သွားချင်ခဲ့တယ်လို့ ထင်နေခဲ့တာ၊ ဒါပေမယ့် ကျွန်မ မမျှော်လင့်ထားခဲ့ဘူး... ဝူး ဝူး ဝူး..
အန်ကယ်က ကျွန်မ မကြိုက်တဲ့သူတစ်ယောက်နဲ့ ကြင်ဖက်တွေ့ဖို့အတွက် လှည့်စားချင်နေတာပဲ... ကျွန်မ အန်ကယ်စုန့်ကို ဘယ်တော့မှ မယုံတော့ဘူး!"
လင်းရန်၏စကားကို ကြားလိုက်ရချိန်တွင် စုန့်ဝေ့မှာ ချက်ချင်းပင် မင်သက်ကြောင်အမ်းသွားခဲ့ရတော့သည်။
အဆုံးတွင် တိုးတက်မှုအခြေအနေက ဤကဲ့သို့ ဖြစ်လာလိမ့်ခဲ့မည်ဟု သူ မည်သည့်အချိန်ကမှ မမျှော်လင့်ထားမိခဲ့ပါချေ။
သူ့အနေဖြင့် လင်းရန်ကို လိမ်ညာချင်နေခဲ့ပြီး ယမန်နေ့က တွေ့ဆုံမှုမှာ ကြင်ဖက်တွေ့ဆုံခြင်းမဟုတ်ကြောင်း ရှင်းပြချင်သော်လည်း သူ၏ မျက်လုံးထောင့်မှ ဒါရိုက်တာရှု၏ လှောင်ပြောင်သရော်ဟန်အမူအရာကို သတိပြုမိခဲ့ပြီး သူ့၏လည်ချောင်းက ပိတ်ဆို့သွားခဲ့ရကာ မည်သည့်စကားကိုမှ မပြောရဲတော့ပါချေ။
တစ်ဖက်မှာ သူ့သမီးရဲ့ အနာဂတ်တိုးတက်ရေးအတွက် တက်နင်းသွားစရာ ကျောက်တုံးတစ်ခုဖြစ်နေခဲ့ပြီး နောက်တစ်ဖက်မှာ သူ၏လုပ်ဖော်ကိုင်ဖက်နဲ့ စက်ရုံ၏ခေါင်းဆောင်တစ်ဦးဖြစ်နေချေသည်။
သူ တစ်ဖက်ကို လက်လွှတ်မခံချင်သလို ၊ တစ်ဖက်ကိုလည်း မစော်ကားရဲပါချေ။
သို့နှင့် စုန့်ဝေ့မှာ သူ၏ ဦးနှောက်ကို အရူးအမူးလှည့်ပတ်ကာ နှစ်ဦးနှစ်ဖက်လုံးကို ခဏမျှနှစ်သိမ့်ပေးနိုင်မည့် နည်းလမ်းကို ရှာကြံချင်ခဲ့သော်လည်း လင်းရန်က သူ့အား ထိုကဲ့သို့ အခွင့်အရေးပေးမည်တဲ့လား။
သူမက ငိုကြွေးပြီး ဆက်မေးလာခဲ့သည်။
"အန်ကယ်စုန့်၊ အန်ကယ် ကျွန်မကို ဘာလို့ဒီလိုမျိုးဆက်ဆံရတာလဲ၊ အန်ကယ် ကျွန်မကို အရင်တုန်းပေးခဲ့တဲ့ကြင်နာမှုတွေက အတုအယောင်တွေဖြစ်နေတာလား?
ကျွန်မက အန်ကယ်စုန့်ရဲ့သမီးအရင်းမဟုတ်ဘူးဆိုရင်တောင် လက်ထပ်ပွဲကိုတော့ ဒီလိုမျိုး အတင်းအကြပ်စီစဥ်လို့မရဘူးလေ! အန်ကယ် ကျွန်မကိုတော့ ပြောသင့်တာပေါ့!"
" ဝူး ဝူးး.... အစ်မစစ်ယွီက သေချာပေါက် ကျွန်မထက် အသက်ကြီးတာ ထင်ရှားနေတာကို၊ အန်ကယ်က သူ့ကို အပြင်ကို လွှတ်ဖို့တောင် မလုပ်နိုင်ခဲ့ဘူး၊
ဒါပေမယ့် ကျွန်မကိုတော့ အိမ်ထဲက ပစ်ထုတ်ပစ်ဖို့ တွေးတောနေခဲ့တယ်! သေချာတာပဲ.. သွေးသားမတော်စပ်ရင် သမီးအရင်းတစ်ယောက်လို ဘယ်လိုလုပ် ဆက်ဆံခံရမှာလဲ!"
ထိုစကားထွက်လာသည်နှင့် တပြိုင်နက် စုန့်ဝေ့၏ အမူအရာက လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့တော့သည်။
သူက ထိတ်လန့်တကြားနဲ့ ပြန်ပြောခဲ့လေ၏။
"ရန်ရန်၊ မင်းဘာတွေပြောနေတာလဲ၊ ကါက ဘယ်လိုလုပ်ပြီး အဲလိုတွေးရမှာလဲ.. ငါ မင်းကို ငါ့ရဲ့သမီးအရင်းလို့ အမြဲမှတ်ထားတာလေ!"
"ဒါဆို ကျွန်မကို ပြောလေ? အန်ကယ်က ဘာလို့ ကျွန်မကို ကြင်ဖက်တွေ့ဆုံမဲ့အကြောင်းကို ကြိုပြီး မပြောခဲ့ရတာလဲ! ဘာလို့ လှည့်ကွက်တွေ သုံးခဲ့ရတာလဲ"
သူဘယ်ပြောရမှာလဲ။
သူ့အနေနဲ့ ဒီမယားပါသမီးကို ရှု မိသားစုထဲသို့ လက်ထပ်ရန် လိမ်လည်လှည့်ဖြားပြီး သူ့ရဲ့သမီးအရင်းစုန့်စစ်ယွီအတွက် လမ်းကြိုခင်းရန် ခမည်းခမက် ဆက်ဆံရေးကိုသုံးချင်နေတာလို့ ပြောနိုင်ပါ့မလား?
အိုး၊ ဒါဆို စုန့်စစ်ယွီကို ဒီလက်ထပ်ဖို့အခွင့်အရေးကို ဘာကြောင့်မပေးတာလဲဆိုတဲ့ အဖြေအတွက်ကရော?
သေချာတာပေါ့။ သူက ဒီရှုမိသားစုလောက်ကို သူ့သမီးနဲ့ထိုက်တန်တယ်လို့ လုံးဝမခံစားခဲ့ရလို့ပဲလေ။
သို့ရာတွင် ဤအကြောင်းများကို စုန့်ဝေ့မပြောနိုင်ပါချေ။
သို့သော်လည်း ဤအချိန်တွင် ဒါရိုက်တာရှုကလည်း လှောင်ပြောင်သရော်၍ ပြောလာခဲ့သည်။
"စုန့်ဝေ့ ငါမေးတာကို ဖြေစမ်းပါ!"
လင်းရန်သည်လည်း အခြေအနေက လွန်လွန်ကျူးကျူးမဖြစ်လာမည်ကို စိုးရိမ်နေသေးသည့်အလား အော်ဟစ်လာသည်။
"အန်ကယ်စုန့် ဖြေပေးပါ!"
စုန့်ဝေ့: "......."
သူ၏နားထဲတွင် သံပြိုင်အော်ဟစ်နေသကဲ့သို့ အမေးစကားနှစ်ခု၏ အသံများကို နားထောင်နေရင်း စုန့်ဝေ့၏ အမြင်အာရုံက မှောင်မိုက်သွားပြီး ရိုးရှင်းစွာ မူးလဲသွားတော့သည်။
"လောင်စုန့်! လောင်စုန့်!"
လီရှို့လီတစ်ယောက် ဤမြင်ကွင်းကြောင့် အလွန်ထိတ်လန့်သွားခဲ့ပြီး သရုပ်ဆောင်မှုများထဲတွင် နှစ်မြှုပ်နေဆဲဖြစ်သော လင်းရန်ဆီကို လျှင်မြန်စွာ အော်ပြောခဲ့သည်။
"မင်း အဲဒီမှာ တုံးအအ ရပ်ပြီး ဘာလုပ်နေတာလဲ! ငါ့ကို အမြန်လာကူညီစမ်း!"
ဒါရိုက်တာရှုနှင့် အမေရှုတို့နှစ်ယောက်လုံး စုန့်ဝေ့ သတိလစ်သွားသည်ကိုမြင်သော် နှစ်ယောက်လုံး မျက်မှောင်ကြုတ်သွားခဲ့ကြသည်။ သူတို့၏ နှလုံးသားထဲတွင် ကိစ္စများ၀ွာကို တွေးတောလျှက် အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့ကြသည်။
ဒီလူက တကယ်ပဲ မေ့လဲသွားနိုင်ပါ့မလား?
သို့သော်လည်း မတိုင်ခင်က စုန့်ဝေ့ လဲကျသွားစဥ် ကြားလိုက်ရသည့် "ဘုန်း"ခနဲ အသံကို ပြန်တွေးလိုက်ကာ သူ မူးလဲသွားသကဲ့သို့ ဟန်ဆောင်လျှင်တောင် မြေကြီးနဲ့ ထိမိသွားသည့် အရှိန်ကြောင့် လုံလောက်သွားပြီဟု ထင်ရသည် ။
ထို့ကြောင့် အဆုံးတွင် ဒါရိုက်တာ ရှာက မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ လီရှို့လီမှ စုန့်ဝေ့ကိုတွဲကာ ထွက်သွားရန်အတွက် ခက်ခက်ခဲခဲကူညီပေးနေသည်ကိုသာ ကြည့်ရှုနေခဲ့တော့သည်။
အဘယ်ကြောင့်ခက်ခဲသည်လဲဆိုသည့်အတွက်ကတော့ လင်းရန်က လုံးဝ အားစိုက်ထုတ်မှု မရှိ၍ပင် ဖြစ်ချေသည်။
စုန့်ဝေ့မှ အမှန်တကယ်ကို မူးလဲသွားသည်ဖြစ်စေ မူးလဲဟန်ဆောင်သည်ဖြစ်စေ သူမကတော့ ကူလီတစ်ယောက် မဖြစ်ချင်သောကြောင့် သူမ၏လက်ကို စုန့်ဝေ့ ၏လက်မောင်းပေါ်တွင်တင်ကာ စုန့်ဝေ့၏ ကိုယ်အလေးချိန်အားလုံးကိုတော့ လီရှို့လီ ခန္ဓာကိုယ်ပေါ်တင်ပေးထားလိုက်သည်။
အဆုံးတွင် လီရှို့လီမှာ ထိတ်လန့်မှုထဲတွင် နစ်မျောနေဆဲဖြစ်ပြီး လင်းရန်၏လှုပ်ရှားမှုကို သတိမထားမိခဲ့ဘဲ စုန့်ဝေ့အား အိမ်သို့ပြန်ခေါ်သွားနိုင်ရန် သူမ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကိုသာ အားကိုးအားထားပြုခဲ့ရတော့သည်။
လင်းရန်ကတော့ သူမအပေါ် ချီးကျူးချင်သွားခဲ့ရသည်။
သူတို့ အိမ်သို့ ပြန်ရောက်ပြီးနောက် လီရှို့လီက စုန့်ဝေ့ကို ဆိုဖာပေါ်တွင် ဂရုတစိုက် ချပေးလိုက်ပြီး လင်းရန်အား ဆရာဝန်ခေါ်ရန် ခိုင်းစေဖို့ တွေးခဲ့သည်။
သို့သော် သူမ မပြောနိုင်သေးခင် စုန့်စစ်ယွီမှ အောက်ထပ်လှုပ်ရှားမှုများကိုကြားပြီး အောက်ထပ်သို့ ဆင်းလာခဲ့လေ၏။
အောက်ထပ်မှ ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် စုန့်စစ်ယွီ၏ နှလုံးသားများက တင်းကြပ်သွားရတော့သည်။
"ကျွန်မအဖေ ဘာဖြစ်တာလဲ!"
လင်းရန်မှာ ဘေးနားတွင် ထိုင်ကာ တရှုံ့ရှုံ့နှင့်သာ ရှိုက်ငိုနေခဲ့ပြီး သူမ၏မေးခွန်းအား ပြန်မဖြေခဲ့ချေ။
လီရှို့လီက စုန့်စစ်ယွီ၏ ကဲ့ရဲ့ရှုတ်ချသောအကြည့်ကို ရင်ဆိုင်လျှက် အားနည်းစွာ ပြန်ဖြေခဲ့သည်။
"သူ စိုးရိမ်စိတ်ကြောင့် မူးလဲသွားတာ"
" မူးမေ့လဲသွားတဲ့ လူကို အိမ်ကိုပြန်ခေါ်လာတာလား?! ရှင်တို့တွေ ကျွန်မအဖေ့ကို ဆေးရုံကို ဘယ်လိုပို့ရမလဲဆိုတာမသိဘူးလား!"
စုန့်စစ်ယွီ၏ မျက်လုံးများက ပြူးကျယ်လာခဲ့ပြီး လီရှို့လီကို တိုက်ရိုက်ပင် အော်ငေါက်လိုက်တော့သည် ။
လီရှို့လီက သူမရဲ့အဖေအပေါ် မရိုးသားကြောင်းကို သူမ သိနေခဲ့သားပဲ!
လီရှို့လီ ရှင်းပြခါနီးတွင် စုန့်စစ်ယွီက သူမကို အဝေးသို့တွန်းထုတ်လိုက်လေ၏။
သူမက စုန့်ဝေ့ကို ဆွဲထူပြီး ဆေးရုံပို့ဖို့ ကူညီပေးတော့မည့်အချိန်တွင် သတိလစ်နေသည့် စုန့်ဝေ့မှာ ရုတ်တရက် မျက်လုံးတွေကို ဖြည်းညင်းစွာ ဖွင့်လာခဲ့ချေသည်။
သူက သူ့ရှေ့မှ သမီးဖြစ်သူ စုန့်စစ်ယွီကို တစ်ချက်ကြည့်လိုက်ပြီး သူ့သမီးလေး၏ စိုးရိမ်ကြောင့်ကြမှုကြောင့်နှလုံးသားကို ထိမိနေသွားခဲ့သော်လည်း သူ့မျက်နှာကတော့ အားနည်းပြီး ရှုပ်ထွေးမှုများကို ဖော်ဆောင်ထားဆဲပင်။
"ဘာလို့ ဒီကို ရောက်နေတာလဲ၊ ငါ အခုလေးတင် ..."
လီရှို့လီက သူ နိုးလာသည်ကိုမြင်သော့ သူမ၏အဓိကကျောရိုးထောက်တိုင်ကို ချက်ချင်းမြင်တွေ့သွားခဲ့ပုံရပြီး ငိုကြွေးလာတော့သည်။
"လောင်စုန့်၊ အခုလေးတင် ကျွန်မ ဘယ်လောက်ထိကြောက်သွားရလဲဆိုတာ ရှင် သိမှာမဟုတ်ဘူး၊ ရှင်က စကားပြောနေရင်းနှင့် မူးလဲသွားတာ! ကျွန်မဖြင့် သေလောက်အောင် ကြောက်သွားတာပဲ၊ ရှင်သာ တစ်ခုခုဖြစ်သွားရင် ကျွန်မဘယ်လိုလုပ်မလဲ"
စုန့်ဝေ့မှာ ယခုအချိန်တွင် လီရှို့လီ၏ စကားများကို နားထောင်ရန် စိတ်မ၀င်စားနိုင်ပေ။
သူ၏အကြည့်များက ဆိုဖာတစ်ဖက်တွင်ရှိနေသာ လင်းရန်ထံတွင် ခဏတာမျှ ရပ်တန့်သွားခဲ့ပြီး ထိုကောင်မလေးက ရိုးသားစွာ ပြန်လိုက်လာသည်ကို မြင်လိုက်ရသောကြောင်း စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
အကယ်၍ ဒါရိုက်တာရှုနဲ့သာ အတူဆက်ရှိနေခဲ့မည်ဆိုပါက သူအနေဖြင့် ဒါရိုက်တာရှုကိုလည်း မျက်နှာချင်းဆိုင်နေရဦးမှာဖြစ်ပြီး လင်းရန်ကိုလည်း ရှင်းပြဖို့ရန် နည်းလမ်းရှာနေရလိမ့်မည်။
သူ့အနေဖြင့် လူနှစ်ယောက်ကို တစ်ပြိုင်နက်တည်း မကိုင်တွယ်နိုင်ပေ။
ထို့ကြောင့် သူ့ထံတွင် အကြံတစ်ခုရလာခဲ့ပြီး မူးလဲသွားသကဲ့သို့ဟန်ဆောင်ခဲ့သည်။
ဒါရိုက်တာရှု၏ နားလည်သိရှိမှုကြောင့် သူ မူးလဲဟန်ဆောင်နေခြင်း ဖြစ်ကြောင်းကို သိနိုင်သော်လည်း ယနေ့ကိစ္စများအပြီးတွင် ဒါရိုက်တာရှု၏ သူ့အပေါ်ထားသည့် သဘောထားကြောင့် သူတို့နှစ်ဦးက အနာဂတ်တွင် ဆွေမျိုးများ ဖြစ်လာနိုင်ဖို့ရာ လုံးဝ မဖြစ်နိုင်တော့ကြောင်း မြင်နိုင်ပေသည်။
ဒါရိုက်တာရှုဘက်တွင် မျှော်လင့်ချက်မရှိတော့သည့်အတွက်ကြောင့် စုန့်ဝေ့က တစ်ဖက်လူ သူ့အား မည်သို့ထင်မြင်သွားမည်လဲဟူသည်ကို ဂရုမစိုက်တော့ပါချေ။
အနည်းဆုံးတော့ သတိလစ်ချင်ယောင်ဆောင်ခြင်းဖြင့် လင်းရန်ကို အိမ်သို့ပြန်ခေါ်လာနိုင်ပြီး သူမကို ဆက်လက်လှည့်စားဖို့ နည်းလမ်းရှာနိုင်လိမ့်မည်။
ဒါရိုက်တာရှု မရှိတော့သော်လည်း လင်းရန်မှ သူ့စကားကို နားထောင်နေသရွေ့ ဒါရိုက်တာဝမ်၊ ဒါရိုက်တာချင်တို့ ရှိလာနိုင်လိမ့်မည်။
ဤသို့တွေးလိုက်သည်တွင် စုန့်ဝေ့မှာ လဲကျသွားစဥ်တုန်းက ထိခိုက်မိသွားရသည့် ခေါင်းနောက်ဘက်မှာ မနာတော့သယောင် ခံစားလိုက်ရသည်။
*
(23)
ဒါ႐ိုက္တာ႐ႈ၏ စကားမ်ားကိုၾကားခ်ိန္တြင္ စုန္႔ေဝ့၏ႏွလုံးသားက ႐ုတ္တရက္ ရပ္တန္႔သြားရသည္။
"ဘာလဲ?!"
စုန္႔ေဝ့မွာ ထိုေလသံက အလြန္အမင္း အံ့အားထိတ္လန္႔ေနခဲ့ရသည့္ သူကိုယ္တိုင္ဆီမွထြက္လာသည္ဟု ထင္ခဲ့ေသာ္လည္း တစ္စုံတစ္ခု မွားယြင္းေနေၾကာင္း သေဘာေပါက္သြားခဲ့ရသည္။
၎မွာ ဒါ႐ိုက္တာ႐ႈ၏ေဘးနားတြင္႐ွိေနသည့္ လင္းရန္ဆီမွ ထြက္လာျခင္းသာ ျဖစ္ေနခဲ့သည္။
လင္းရန္၏ မ်က္လုံးမ်ားက ျပဴးက်ယ္စြာျဖင့္ စုန္႔ေဝ့ဆီကို မယုံၾကည္ႏိုင္စြာ စိုက္ၾကည့္ရင္း မုန္တိုင္းမ်ား ျပင္းထန္ေနခဲ့သည့္ ႏွလုံးသားထဲမွ ေအာ္ဟစ္လာသည့္အလား ေအာ္ဟစ္လာခဲ့ၿပီး သူမ၏ မ်က္ႏွာသည္ကေတာ့ သနားစရာေကာင္းလြန္းသည့္ လွည့္စားခံလိုက္ရသူေလးတစ္ဦးကဲ့သို႔ဟန္ေဆာင္ကာ သူမ၏ေခါင္းကို ခါရမ္းလွ်က္ငိုေႂကြးလာေတာ့သည္။
"ၾကင္ဖက္ေတြ႕တာ...အန္ကယ္စုန္႔၊ ဒါဆို အန္ကယ္က မေန႔ညက ကြၽန္မကို ေခၚသြားတာ အစ္ကို႐ႈႏွင့္ ၾကင္ဖက္ေတြ႕ဖို႔အတြက္ဆိုတဲ့ ရည္႐ြယ္ခ်က္ႏွင့္ ေခၚသြားခဲ့တာပဲ!
ကြၽန္မက အန္ကယ္ ကြၽန္မကို တကယ္ဂ႐ုစိုက္လို႔ ေဈးဝယ္ထြက္ဖို႔ ေခၚသြားခ်င္ခဲ့တယ္လို႔ ထင္ေနခဲ့တာ၊ ဒါေပမယ့္ ကြၽန္မ မေမွ်ာ္လင့္ထားခဲ့ဘူး... ဝူး ဝူး ဝူး..
အန္ကယ္က ကြၽန္မ မႀကိဳက္တဲ့သူတစ္ေယာက္နဲ႔ ၾကင္ဖက္ေတြ႕ဖို႔အတြက္ လွည့္စားခ်င္ေနတာပဲ... ကြၽန္မ အန္ကယ္စုန္႔ကို ဘယ္ေတာ့မွ မယုံေတာ့ဘူး!"
လင္းရန္၏စကားကို ၾကားလိုက္ရခ်ိန္တြင္ စုန္႔ေဝ့မွာ ခ်က္ခ်င္းပင္ မင္သက္ေၾကာင္အမ္းသြားခဲ့ရေတာ့သည္။
အဆုံးတြင္ တိုးတက္မႈအေျခအေနက ဤကဲ့သို႔ ျဖစ္လာလိမ့္ခဲ့မည္ဟု သူ မည္သည့္အခ်ိန္ကမွ မေမွ်ာ္လင့္ထားမိခဲ့ပါေခ်။
သူ႕အေနျဖင့္ လင္းရန္ကို လိမ္ညာခ်င္ေနခဲ့ၿပီး ယမန္ေန႔က ေတြ႕ဆုံမႈမွာ ၾကင္ဖက္ေတြ႕ဆုံျခင္းမဟုတ္ေၾကာင္း ႐ွင္းျပခ်င္ေသာ္လည္း သူ၏ မ်က္လုံးေထာင့္မွ ဒါ႐ိုက္တာ႐ႈ၏ ေလွာင္ေျပာင္သေရာ္ဟန္အမူအရာကို သတိျပဳမိခဲ့ၿပီး သူ႕၏လည္ေခ်ာင္းက ပိတ္ဆို႔သြားခဲ့ရကာ မည္သည့္စကားကိုမွ မေျပာရဲေတာ့ပါေခ်။
တစ္ဖက္မွာ သူ႕သမီးရဲ႕ အနာဂတ္တိုးတက္ေရးအတြက္ တက္နင္းသြားစရာ ေက်ာက္တုံးတစ္ခုျဖစ္ေနခဲ့ၿပီး ေနာက္တစ္ဖက္မွာ သူ၏လုပ္ေဖာ္ကိုင္ဖက္နဲ႔ စက္႐ုံ၏ေခါင္းေဆာင္တစ္ဦးျဖစ္ေနေခ်သည္။
သူ တစ္ဖက္ကို လက္လႊတ္မခံခ်င္သလို ၊ တစ္ဖက္ကိုလည္း မေစာ္ကားရဲပါေခ်။
သို႔ႏွင့္ စုန္႔ေဝ့မွာ သူ၏ ဦးေႏွာက္ကို အ႐ူးအမူးလွည့္ပတ္ကာ ႏွစ္ဦးႏွစ္ဖက္လုံးကို ခဏမွ်ႏွစ္သိမ့္ေပးႏိုင္မည့္ နည္းလမ္းကို ႐ွာၾကံခ်င္ခဲ့ေသာ္လည္း လင္းရန္က သူ႕အား ထိုကဲ့သို႔ အခြင့္အေရးေပးမည္တဲ့လား။
သူမက ငိုေႂကြးၿပီး ဆက္ေမးလာခဲ့သည္။
"အန္ကယ္စုန္႔၊ အန္ကယ္ ကြၽန္မကို ဘာလို႔ဒီလိုမ်ိဳးဆက္ဆံရတာလဲ၊ အန္ကယ္ ကြၽန္မကို အရင္တုန္းေပးခဲ့တဲ့ၾကင္နာမႈေတြက အတုအေယာင္ေတြျဖစ္ေနတာလား?
ကြၽန္မက အန္ကယ္စုန္႔ရဲ႕သမီးအရင္းမဟုတ္ဘူးဆိုရင္ေတာင္ လက္ထပ္ပြဲကိုေတာ့ ဒီလိုမ်ိဳး အတင္းအၾကပ္စီစဥ္လို႔မရဘူးေလ! အန္ကယ္ ကြၽန္မကိုေတာ့ ေျပာသင့္တာေပါ့!"
" ဝူး ဝူးး.... အစ္မစစ္ယြီက ေသခ်ာေပါက္ ကြၽန္မထက္ အသက္ႀကီးတာ ထင္႐ွားေနတာကို၊ အန္ကယ္က သူ႕ကို အျပင္ကို လႊတ္ဖို႔ေတာင္ မလုပ္ႏိုင္ခဲ့ဘူး၊
ဒါေပမယ့္ ကြၽန္မကိုေတာ့ အိမ္ထဲက ပစ္ထုတ္ပစ္ဖို႔ ေတြးေတာေနခဲ့တယ္! ေသခ်ာတာပဲ.. ေသြးသားမေတာ္စပ္ရင္ သမီးအရင္းတစ္ေယာက္လို ဘယ္လိုလုပ္ ဆက္ဆံခံရမွာလဲ!"
ထိုစကားထြက္လာသည္ႏွင့္ တၿပိဳင္နက္ စုန္႔ေဝ့၏ အမူအရာက လုံးလုံးလ်ားလ်ား ေျပာင္းလဲသြားခဲ့ေတာ့သည္။
သူက ထိတ္လန္႔တၾကားနဲ႔ ျပန္ေျပာခဲ့ေလ၏။
"ရန္ရန္၊ မင္းဘာေတြေျပာေနတာလဲ၊ ကါက ဘယ္လိုလုပ္ၿပီး အဲလိုေတြးရမွာလဲ.. ငါ မင္းကို ငါ့ရဲ႕သမီးအရင္းလို႔ အၿမဲမွတ္ထားတာေလ!"
"ဒါဆို ကြၽန္မကို ေျပာေလ? အန္ကယ္က ဘာလို႔ ကြၽန္မကို ၾကင္ဖက္ေတြ႕ဆုံမဲ့အေၾကာင္းကို ႀကိဳၿပီး မေျပာခဲ့ရတာလဲ! ဘာလို႔ လွည့္ကြက္ေတြ သုံးခဲ့ရတာလဲ"
သူဘယ္ေျပာရမွာလဲ။
သူ႕အေနနဲ႔ ဒီမယားပါသမီးကို ႐ႈ မိသားစုထဲသို႔ လက္ထပ္ရန္ လိမ္လည္လွည့္ျဖားၿပီး သူ႕ရဲ႕သမီးအရင္းစုန္႔စစ္ယြီအတြက္ လမ္းႀကိဳခင္းရန္ ခမည္းခမက္ ဆက္ဆံေရးကိုသုံးခ်င္ေနတာလို႔ ေျပာႏိုင္ပါ့မလား?
အိုး၊ ဒါဆို စုန္႔စစ္ယြီကို ဒီလက္ထပ္ဖို႔အခြင့္အေရးကို ဘာေၾကာင့္မေပးတာလဲဆိုတဲ့ အေျဖအတြက္ကေရာ?
ေသခ်ာတာေပါ့။ သူက ဒီ႐ႈမိသားစုေလာက္ကို သူ႕သမီးနဲ႔ထိုက္တန္တယ္လို႔ လုံးဝမခံစားခဲ့ရလို႔ပဲေလ။
သို႔ရာတြင္ ဤအေၾကာင္းမ်ားကို စုန္႔ေဝ့မေျပာႏိုင္ပါေခ်။
သို႔ေသာ္လည္း ဤအခ်ိန္တြင္ ဒါ႐ိုက္တာ႐ႈကလည္း ေလွာင္ေျပာင္သေရာ္၍ ေျပာလာခဲ့သည္။
"စုန္႔ေဝ့ ငါေမးတာကို ေျဖစမ္းပါ!"
လင္းရန္သည္လည္း အေျခအေနက လြန္လြန္က်ဴးက်ဴးမျဖစ္လာမည္ကို စိုးရိမ္ေနေသးသည့္အလား ေအာ္ဟစ္လာသည္။
"အန္ကယ္စုန္႔ ေျဖေပးပါ!"
စုန္႔ေဝ့: "......."
သူ၏နားထဲတြင္ သံၿပိဳင္ေအာ္ဟစ္ေနသကဲ့သို႔ အေမးစကားႏွစ္ခု၏ အသံမ်ားကို နားေထာင္ေနရင္း စုန္႔ေဝ့၏ အျမင္အာ႐ုံက ေမွာင္မိုက္သြားၿပီး ႐ိုး႐ွင္းစြာ မူးလဲသြားေတာ့သည္။
"ေလာင္စုန္႔! ေလာင္စုန္႔!"
လီ႐ိႈ႕လီတစ္ေယာက္ ဤျမင္ကြင္းေၾကာင့္ အလြန္ထိတ္လန္႔သြားခဲ့ၿပီး သ႐ုပ္ေဆာင္မႈမ်ားထဲတြင္ ႏွစ္ျမႇဳပ္ေနဆဲျဖစ္ေသာ လင္းရန္ဆီကို လွ်င္ျမန္စြာ ေအာ္ေျပာခဲ့သည္။
"မင္း အဲဒီမွာ တုံးအအ ရပ္ၿပီး ဘာလုပ္ေနတာလဲ! ငါ့ကို အျမန္လာကူညီစမ္း!"
ဒါ႐ိုက္တာ႐ႈႏွင့္ အေမ႐ႈတို႔ႏွစ္ေယာက္လုံး စုန္႔ေဝ့ သတိလစ္သြားသည္ကိုျမင္ေသာ္ ႏွစ္ေယာက္လုံး မ်က္ေမွာင္ၾကဳတ္သြားခဲ့ၾကသည္။ သူတို႔၏ ႏွလုံးသားထဲတြင္ ကိစၥမ်ားဝြာကို ေတြးေတာလွ်က္ အနည္းငယ္ စိတ္႐ႈပ္ေထြးေနခဲ့ၾကသည္။
ဒီလူက တကယ္ပဲ ေမ့လဲသြားႏိုင္ပါ့မလား?
သို႔ေသာ္လည္း မတိုင္ခင္က စုန္႔ေဝ့ လဲက်သြားစဥ္ ၾကားလိုက္ရသည့္ "ဘုန္း"ခနဲ အသံကို ျပန္ေတြးလိုက္ကာ သူ မူးလဲသြားသကဲ့သို႔ ဟန္ေဆာင္လွ်င္ေတာင္ ေျမႀကီးနဲ႔ ထိမိသြားသည့္ အ႐ွိန္ေၾကာင့္ လုံေလာက္သြားၿပီဟု ထင္ရသည္ ။
ထို႔ေၾကာင့္ အဆုံးတြင္ ဒါ႐ိုက္တာ ႐ွာက မည္သည့္စကားမွ် ထပ္မေျပာေတာ့ဘဲ လီ႐ိႈ႕လီမွ စုန္႔ေဝ့ကိုတြဲကာ ထြက္သြားရန္အတြက္ ခက္ခက္ခဲခဲကူညီေပးေနသည္ကိုသာ ၾကည့္႐ႈေနခဲ့ေတာ့သည္။
အဘယ္ေၾကာင့္ခက္ခဲသည္လဲဆိုသည့္အတြက္ကေတာ့ လင္းရန္က လုံးဝ အားစိုက္ထုတ္မႈ မ႐ွိ၍ပင္ ျဖစ္ေခ်သည္။
စုန္႔ေဝ့မွ အမွန္တကယ္ကို မူးလဲသြားသည္ျဖစ္ေစ မူးလဲဟန္ေဆာင္သည္ျဖစ္ေစ သူမကေတာ့ ကူလီတစ္ေယာက္ မျဖစ္ခ်င္ေသာေၾကာင့္ သူမ၏လက္ကို စုန္႔ေဝ့ ၏လက္ေမာင္းေပၚတြင္တင္ကာ စုန္႔ေဝ့၏ ကိုယ္အေလးခ်ိန္အားလုံးကိုေတာ့ လီ႐ိႈ႕လီ ခႏၶာကိုယ္ေပၚတင္ေပးထားလိုက္သည္။
အဆုံးတြင္ လီ႐ိႈ႕လီမွာ ထိတ္လန္႔မႈထဲတြင္ နစ္ေမ်ာေနဆဲျဖစ္ၿပီး လင္းရန္၏လႈပ္႐ွားမႈကို သတိမထားမိခဲ့ဘဲ စုန္႔ေဝ့အား အိမ္သို႔ျပန္ေခၚသြားႏိုင္ရန္ သူမ၏ ပိန္ပိန္ပါးပါး ခႏၶာကိုယ္ကိုသာ အားကိုးအားထားျပဳခဲ့ရေတာ့သည္။
လင္းရန္ကေတာ့ သူမအေပၚ ခ်ီးက်ဴးခ်င္သြားခဲ့ရသည္။
သူတို႔ အိမ္သို႔ ျပန္ေရာက္ၿပီးေနာက္ လီ႐ိႈ႕လီက စုန္႔ေဝ့ကို ဆိုဖာေပၚတြင္ ဂ႐ုတစိုက္ ခ်ေပးလိုက္ၿပီး လင္းရန္အား ဆရာဝန္ေခၚရန္ ခိုင္းေစဖို႔ ေတြးခဲ့သည္။
သို႔ေသာ္ သူမ မေျပာႏိုင္ေသးခင္ စုန္႔စစ္ယြီမွ ေအာက္ထပ္လႈပ္႐ွားမႈမ်ားကိုၾကားၿပီး ေအာက္ထပ္သို႔ ဆင္းလာခဲ့ေလ၏။
ေအာက္ထပ္မွ ထိုျမင္ကြင္းကို ျမင္လိုက္ရခ်ိန္တြင္ စုန္႔စစ္ယြီ၏ ႏွလုံးသားမ်ားက တင္းၾကပ္သြားရေတာ့သည္။
"ကြၽန္မအေဖ ဘာျဖစ္တာလဲ!"
လင္းရန္မွာ ေဘးနားတြင္ ထိုင္ကာ တ႐ႈံ႕႐ႈံ႕ႏွင့္သာ ႐ိႈက္ငိုေနခဲ့ၿပီး သူမ၏ေမးခြန္းအား ျပန္မေျဖခဲ့ေခ်။
လီ႐ိႈ႕လီက စုန္႔စစ္ယြီ၏ ကဲ့ရဲ႕႐ႈတ္ခ်ေသာအၾကည့္ကို ရင္ဆိုင္လွ်က္ အားနည္းစြာ ျပန္ေျဖခဲ့သည္။
"သူ စိုးရိမ္စိတ္ေၾကာင့္ မူးလဲသြားတာ"
" မူးေမ့လဲသြားတဲ့ လူကို အိမ္ကိုျပန္ေခၚလာတာလား?! ႐ွင္တို႔ေတြ ကြၽန္မအေဖ့ကို ေဆး႐ုံကို ဘယ္လိုပို႔ရမလဲဆိုတာမသိဘူးလား!"
စုန္႔စစ္ယြီ၏ မ်က္လုံးမ်ားက ျပဴးက်ယ္လာခဲ့ၿပီး လီ႐ိႈ႕လီကို တိုက္႐ိုက္ပင္ ေအာ္ေငါက္လိုက္ေတာ့သည္ ။
လီ႐ိႈ႕လီက သူမရဲ႕အေဖအေပၚ မ႐ိုးသားေၾကာင္းကို သူမ သိေနခဲ့သားပဲ!
လီ႐ိႈ႕လီ ႐ွင္းျပခါနီးတြင္ စုန္႔စစ္ယြီက သူမကို အေဝးသို႔တြန္းထုတ္လိုက္ေလ၏။
သူမက စုန္႔ေဝ့ကို ဆြဲထူၿပီး ေဆး႐ုံပို႔ဖို႔ ကူညီေပးေတာ့မည့္အခ်ိန္တြင္ သတိလစ္ေနသည့္ စုန္႔ေဝ့မွာ ႐ုတ္တရက္ မ်က္လုံးေတြကို ျဖည္းညင္းစြာ ဖြင့္လာခဲ့ေခ်သည္။
သူက သူ႕ေ႐ွ႕မွ သမီးျဖစ္သူ စုန္႔စစ္ယြီကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူ႕သမီးေလး၏ စိုးရိမ္ေၾကာင့္ၾကမႈေၾကာင့္ႏွလုံးသားကို ထိမိေနသြားခဲ့ေသာ္လည္း သူ႕မ်က္ႏွာကေတာ့ အားနည္းၿပီး ႐ႈပ္ေထြးမႈမ်ားကို ေဖာ္ေဆာင္ထားဆဲပင္။
"ဘာလို႔ ဒီကို ေရာက္ေနတာလဲ၊ ငါ အခုေလးတင္ ..."
လီ႐ိႈ႕လီက သူ ႏိုးလာသည္ကိုျမင္ေသာ့ သူမ၏အဓိကေက်ာ႐ိုးေထာက္တိုင္ကို ခ်က္ခ်င္းျမင္ေတြ႕သြားခဲ့ပုံရၿပီး ငိုေႂကြးလာေတာ့သည္။
"ေလာင္စုန္႔၊ အခုေလးတင္ ကြၽန္မ ဘယ္ေလာက္ထိေၾကာက္သြားရလဲဆိုတာ ႐ွင္ သိမွာမဟုတ္ဘူး၊ ႐ွင္က စကားေျပာေနရင္းႏွင့္ မူးလဲသြားတာ! ကြၽန္မျဖင့္ ေသေလာက္ေအာင္ ေၾကာက္သြားတာပဲ၊ ႐ွင္သာ တစ္ခုခုျဖစ္သြားရင္ ကြၽန္မဘယ္လိုလုပ္မလဲ"
စုန္႔ေဝ့မွာ ယခုအခ်ိန္တြင္ လီ႐ိႈ႕လီ၏ စကားမ်ားကို နားေထာင္ရန္ စိတ္မ၀င္စားႏိုင္ေပ။
သူ၏အၾကည့္မ်ားက ဆိုဖာတစ္ဖက္တြင္႐ွိေနသာ လင္းရန္ထံတြင္ ခဏတာမွ် ရပ္တန္႔သြားခဲ့ၿပီး ထိုေကာင္မေလးက ႐ိုးသားစြာ ျပန္လိုက္လာသည္ကို ျမင္လိုက္ရေသာေၾကာင္း စိတ္သက္သာရာရစြာ သက္ျပင္းတစ္ခ်က္ခ်လိုက္မိသည္။
အကယ္၍ ဒါ႐ိုက္တာ႐ႈနဲ႔သာ အတူဆက္႐ွိေနခဲ့မည္ဆိုပါက သူအေနျဖင့္ ဒါ႐ိုက္တာ႐ႈကိုလည္း မ်က္ႏွာခ်င္းဆိုင္ေနရဦးမွာျဖစ္ၿပီး လင္းရန္ကိုလည္း ႐ွင္းျပဖို႔ရန္ နည္းလမ္း႐ွာေနရလိမ့္မည္။
သူ႕အေနျဖင့္ လူႏွစ္ေယာက္ကို တစ္ၿပိဳင္နက္တည္း မကိုင္တြယ္ႏိုင္ေပ။
ထို႔ေၾကာင့္ သူ႕ထံတြင္ အၾကံတစ္ခုရလာခဲ့ၿပီး မူးလဲသြားသကဲ့သို႔ဟန္ေဆာင္ခဲ့သည္။
ဒါ႐ိုက္တာ႐ႈ၏ နားလည္သိ႐ွိမႈေၾကာင့္ သူ မူးလဲဟန္ေဆာင္ေနျခင္း ျဖစ္ေၾကာင္းကို သိႏိုင္ေသာ္လည္း ယေန႔ကိစၥမ်ားအၿပီးတြင္ ဒါ႐ိုက္တာ႐ႈ၏ သူ႕အေပၚထားသည့္ သေဘာထားေၾကာင့္ သူတို႔ႏွစ္ဦးက အနာဂတ္တြင္ ေဆြမ်ိဳးမ်ား ျဖစ္လာႏိုင္ဖို႔ရာ လုံးဝ မျဖစ္ႏိုင္ေတာ့ေၾကာင္း ျမင္ႏိုင္ေပသည္။
ဒါ႐ိုက္တာ႐ႈဘက္တြင္ ေမွ်ာ္လင့္ခ်က္မ႐ွိေတာ့သည့္အတြက္ေၾကာင့္ စုန္႔ေဝ့က တစ္ဖက္လူ သူ႕အား မည္သို႔ထင္ျမင္သြားမည္လဲဟူသည္ကို ဂ႐ုမစိုက္ေတာ့ပါေခ်။
အနည္းဆုံးေတာ့ သတိလစ္ခ်င္ေယာင္ေဆာင္ျခင္းျဖင့္ လင္းရန္ကို အိမ္သို႔ျပန္ေခၚလာႏိုင္ၿပီး သူမကို ဆက္လက္လွည့္စားဖို႔ နည္းလမ္း႐ွာႏိုင္လိမ့္မည္။
ဒါ႐ိုက္တာ႐ႈ မ႐ွိေတာ့ေသာ္လည္း လင္းရန္မွ သူ႕စကားကို နားေထာင္ေနသေ႐ြ႕ ဒါ႐ိုက္တာဝမ္၊ ဒါ႐ိုက္တာခ်င္တို႔ ႐ွိလာႏိုင္လိမ့္မည္။
ဤသို႔ေတြးလိုက္သည္တြင္ စုန္႔ေဝ့မွာ လဲက်သြားစဥ္တုန္းက ထိခိုက္မိသြားရသည့္ ေခါင္းေနာက္ဘက္မွာ မနာေတာ့သေယာင္ ခံစားလိုက္ရသည္။
*