Uni
====
"လင်းဟန်သာစိုး မိုင်နာချိန်နှစ်ချိန်လစ်ပြီး လှည်းတန်းသွားရအောင်။ မေသူနဲ့ ရွှေစင်တို့က ကိန္နရီသွားချင်လို့တဲ့"
"အေးသွားမယ်လေ..."
"အောင်ကောင်းစံ မင်းရော လိုက်မှာလား"
စိုင်းမင်းခန့်မော်က အရှေ့တန်းက အောင်ကောင်းစံကိုပါ လှမ်းမေး၏။
အောင်ကောင်းစံက ခေါင်းငြိမ့်ကာ...
"လိုက်မယ်လေ"
အခုက နေ့ခင်း (၁၂)ခွဲခါနီးဖြစ်ပြီး မနက်ပိုင်း မေဂျာချိန်တွေ တက်ပြီးပြီဖြစ်၏။ အခု နေ့ခင်းပိုင်း မိုင်နာချိန် နှစ်ချိန်ရှိပြီး နောက်ဆုံးချိန်က အတန်းမရှိတာမို့ ဖက်တီးလည်း စိုင်းမင်းခန့်မော်ရဲ့စကားကို သဘောတူလိုက်သည်။
ကျောင်းကနေ လှည်းတန်းကို လမ်းလျှောက်သွားကြမည်ပင်။
_
ဖက်တီး ကျောင်းစစတက်တဲ့နေ့ အခန်းထဲ ဘေးဘက်အစွန် တတိယမြောက်အတန်းမှာ တစ်ယောက်တည်းထိုင်နေမိသည်။ ကိုယ်သိတဲ့သူကလည်း တစ်ယောက်မှမရှိ။ အတန်းထဲ လူကလည်း သိပ်မရှိသေးသည်မို့ အားလုံးလည်း ကိုယ့်ဟာကိုယ်သာနေနေကြသည်။
"ထိုင်မယ်နော် သူငယ်ချင်း"
အသံကြားလို့ ဖက်တီးမော့ကြည့်မိတော့ ကျောပိုးအိတ်လွယ်ထားပြီး သူ့ကိုပြုံးပြနေတဲ့ ကောင်လေးတစ်ယောက်ကို မြင်လိုက်ရသည်။ အဖော်မရှိတဲ့ ဖက်တီးလည်း ချက်ချင်း ဝမ်းသာအားရပင်...
"ထိုင်လေ...သူငယ်ချင်း တစ်ယောက်တည်းပဲလား"
ဖက်တီးမေးတော့ ထိုကောင်လေးက ခေါင်းငြိမ့်ပြသည်။ ထိုကောင်လေးက မျက်မှန်လေးနဲ့ အသားဖြူပြီး ကြည့်ကောင်းတဲ့ရုပ်ရည်ရှိ၏။ ပိန်ပိန်ပါးပါးပင်ဖြစ်ပြီး အရပ်ကတော့ ရှည်ပါသည်။
"ငါက စိုင်းမင်းခန့်မော်...မင်းနာမည်ကရော ဘယ်လိုခေါ်လဲ"
"ဖက်...အဲ...လင်းဟန်သာစိုး"
ဖက်တီးလို့ယောင်ပြီးထွက်မိတော့မည်ကို ထိန်းလိုက်ရသည်။
ဖက်တီးက အဝလွန်နေတဲ့ ခန္ဓာကိုယ််ဟုတ်ဘဲ ပြည့်ရုံသာပြည့်တာမို့ ဖက်တီးဆိုတဲ့ နာမည်ပြောင်ကိုလည်း ဒီကလူတွေ စဉ်းစားမိမည်မဟုတ်။ ငယ်ငယ်က တစ်တုတ်လေးမို့သာ ခေါ်ရင်းခေါ်ရင်း တစ်ရွာလုံးရဲ့ ပါးစပ်ဖျားမှာ ဖက်တီးဖြစ်ခဲ့ရသည်။
ရွာက ငယ်နာမည်ကြီး ဒီမှာ အခေါ်မခံချင်ပါဘူး။
"မင်းက ဘယ်ကလာတာလဲ။ ငါက ကြည့်မြင်တိုင်ကပဲ။ ရှမ်းခေါက်ဆွဲဆိုင်ဖွင့်ထားတာ...ကြည့်မြင်တိုင်ရောက်ရင် လာစားနော်"
"ကြည့်မြင်တိုင်က ဘယ်နားလဲ"
ဖက်တီးက ရန်ကုန်က မြို့နယ်တွေ သိပ်မသိတာမို့ အူတူတူလေး ပြန်မေးသည်။
"ကြည့်မြင်တိုင်လေ...မင်းက ရန်ကုန်ကမဟုတ်ဘူးလား"
"အာ...မဟုတ်ဘူး ငါက အပေါင်က"
"အပေါင်က ဘယ်မှာလဲဟင်..."
အင်မတန်မှဗဟုသုတအပေါင်းနဲ့ပြည့်စုံကြတဲ့ လူနှစ်ဦး တွေ့ကြပြီဖြစ်သည်။
"အဟားဟား..."
မင်းခန့်က သူ့ဟာသူမေးပြီးထရယ်၏။
"ငါတို့နှစ်ကောင်က တစ်ယောက်နေတဲ့မြို့တစ်ယောက်မသိဘူးဖြစ်နေတာနော်...ရယ်ရတယ် အဟီး"
မင်းခန့်ကြောင့် ဖက်တီးလည်းရယ်မိပါသည်။ သူငယ်ချင်းနှစ်ယောက် အခုမှ သိပြီး ငယ်ပေါင်းကြီးဖော်တွေလိုပင် ရင်းနှီးသွားကြ၏။
"အပေါင်ဆိုတာ ပေါင်မြို့ကိုပြောတာပါ။ မွန်ပြည်နယ်ဘက်က။ မင်း မော်လမြိုင်ကိုသိလား"
"အေး သိတယ် မော်လမြိုင်တော့..."
"အင်း ရန်ကုန်ကနေလာရင် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ဇင်းကျိုက်၊ ရင်းငြိမ်၊ ပေါင်၊ မုတ္တမ၊ မော်လမြိုင်အဲ့လိုသွားတာ..."
"ဪ...သိပြီ ကျန်တာကြားဖူးပေမဲ့ ရင်းငြိမ်နဲ့ ပေါင်ကို သိပ်မကြားဖူးဘူးဖြစ်နေတာ"
မင်းခန့်ကျော်ရဲ့စကားကြောင့် ဖက်တီးက ခေါင်းညိတ်သည်။
"ဟုတ်တယ် အပေါင်ကို သိပ်မကြားဖူးကြဘူး။ မင်းရဲ့ ကြည့်မြင်တိုင်ကရော ရန်ကုန်ကပဲလား"
"အေးဟုတ်တယ် ဒီနဲ့လည်းနီးတယ်။ မင်းကရော ဘယ်မှာနေတာလဲ ကျောင်းအဆောင်မှာလား"
"မဟုတ်ဘူး မြောက်ဥက္ကလာမှာနေတာ"
"ဟင်...တစ်ယောက်တည်းလား"
မင်းခန့်ရဲ့စကားကို ဖက်တီးက သတိလက်လွတ်စွာ ပြန်ဖြေလိုက်မိသည်။
"မဟုတ်ဘူး ငါ့ချစ်သူနဲ့..."
"ဟမ်...!"
စိုင်းမင်းခန့်မော်ရဲ့ မျက်ကလူးဆန်ပြာ ဟမ်!ဆိုတဲ့ အသံကြီးကြောင့် ဖက်တီး စကားမှားသွားပြီမှန်း သိလိုက်သော်လည်းနောက်ကျသွားရသည်။
"မင်း...မင်းအိမ်က ကောင်မလေးနဲ့တူတူနေခိုင်းတယ်ပေါ့။ ကောင်မလေးဘက်ကရော...မိုက်တယ်နော်"
အထင်စွတ်ကြီးနေတဲ့ မင်းခန့်ကြောင့် ဖက်တီး ဘာပြန်ပြောရမလဲမသိ။ အဲ့လိုကြီးအထင်လွဲနေတာကိုလည်း မကြိုက်ချေ။
"ငါ့ ချစ်သူက ကောင်လေးပါ..."
"အမ်..."
မင်းခန့်တစ်ယောက် ဆွံ့အသွား၏။
ပြောပြီးမှ ဖက်တီး နောင်တရချင်သွားသည်။ သူ့သူငယ်ချင်းတွေဖြစ်တဲ့ ကောင်းထက်တို့ သူရတို့လို နားလည်ပေးနိုင်ပါ့မလား စိတ်ပူလာ၏။
"မင်း ငါ့ကို မပေါင်းချင်တော့လည်း ရတယ် သူငယ်ချင်း"
ဖက်တီးပြောတော့ မင်းခန့်မှာ အလန့်တကြားပင် လက်တကာကာဖြင့် တားလာ၏။
"အဲ့ အဲ့လိုမဟုတ်ဘူး။ ငါက အံ့ဩသွားတာပါ။ မင်းက ကြည့်လိုက်တာနဲ့ ဂေးလို့မထင်ရလို့လေ..."
"ဪ..."
"တကယ်ပါ။ ငါ့အစ်မက အဲ့တာတွေ အရမ်းကြိုက်တာ ဆိုလား အသေဖတ်တာ စာအုပ်တွေလည်းစုတာ ငါရင်းနှီးပါတယ်"
ထိုတော့မှ ဖက်တီးမှာ စိတ်သက်သာရာရ၏။
"အေးပါ။ ငါက တစ်ခါတည်း ပြောပြလိုက်တာ နောက်မှ သိရရင်ကျ မကောင်းဘူးလေ"
"ရတယ် ရတယ် ဘာမှမဖြစ်ဘူး။ မင်းကောင်လေးက ဒီကျောင်းကပဲလား"
"မဟုတ်ဘူး ငါ့ထက်နှစ်နှစ်ကြီးတယ် Yuecoက second year"
"ဆယ်တန်းကျလို့လား နှစ်နှစ်ကြီးပြီး sec yearက"
"ခွီးးး"
မင်းခန့်ကျော်ရဲ့စကားကြောင့် ဖက်တီးရယ်မိသည်။ စာညံံ့တဲ့ သုတထက်သူကို ပုံဖော်လို့မရလို့ပင်...
"မဟုတ်ပါဘူးကွာ...ကျောင်းအပြောင်းအရွှေ့တွေကြောင့် တစ်နှစ်အောက်လိုက်ရတာမို့"
"ဪ..."
ထို့နောက်...ဖက်တီးလည်း စိုင်းမင်းခန့်မော်နဲ့ ပေါင်းမိသွားပြီး အနောက်တန်းမှာလာထိုင်တဲ့ ယွန်းမေသူတို့ ရွှေစင်ထက်တို့နဲ့ပါ ပေါင်းမိသွား၏။
စိုင်းမင်းခန့်မော်က ရှမ်းလူမျိုးဖြစ်ပြီး မိဘတွေက ဟိုပုံးမြို့ဇာတိဖြစ်သည်။ သူကတော့ မွေးကတည်းက ရန်ကုန်မှာ နေလာသည်ဟုဆို၏။
အဲ့တာကြောင့် မင်းခန့်က ရှမ်းရုပ်ပေါက်နေပြီး ရှမ်းသံမဝဲပေ။
ယွန်းမေသူက ရန်ကုန်ကပင်ဖြစ်ပြီး မြောက်ဒဂုံကပင်။ ရွှေစင်ထက်ကတော့ မန္တလေးကဖြစ်ပြီး ကျောင်းအဆောင်မှာသာနေ၏။
နောက်ပြီး ကျောင်းတက်တာ တစ်လနီးပါးအကြာမှာတော့ အောင်ကောင်းစံဆိုသည့် ကောင်လေးနဲ့ပါ ခင်မင်သွားကြသည်။
အောင်ကောင်းစံက ဂေးပင်။ ပုဆိုးကို ခြေမျက်စိထိဖုံးအောင်ဝတ်ပြီး ပျော့ပျော့နွဲ့နွဲ့လေးနဲ့တစ်ယောက်တည်း သီးသန့်နေတတ်သည့် introvert လေးဖြစ်၏။ ဖက်တီးတို့ရဲ့ အရှေ့တန်း ဘေးဘက်အစွန်မှာ တစ်ယောက်တည်းထိုင်၏။ သူနဲ့တစ်တန်းထဲထိုင်တဲ့ ကောင်တွေကလည်း သူ့ကို မပေါင်း။
သူကလည်း မပေါင်းပါချေ။
ဖက်တီးတို့က သတိထားမိလို့ သွားခေါ်ချင်ပေမဲ့ အောင်ကောင်းစံရဲ့ ခပ်တည်တည်နေတတ်တဲ့ မျက်နှာကြောင့် ချေတယ်လို့ထင်ကာ စကားသွားမပြောရဲ...။
သို့ပေမဲ့ တစ်ရက် ကန်တင်းမှာ...
"ဦးလေးရေ...ရှင်းမယ်!!!"
မေသူက ရေးကြီးသုပ်ပြာဖြင့် အသံအိုးကွဲအောင် အောင်ခေါ်သော်လည်း တစ်ယောက်မှမလာ...
မေဂျာဘာသာကိုဖြေရမည့်ကျူတိုက နေ့လယ်တစ်နာရီတွင်။ အခုပဲ ဆယ့်နှစ်ငါးဆယ်ဖြစ်နေပြီ။ အဆောင်ကို ပြေးရအုံးမှာနဲ့ အချိန်မှီရုံလေးသာ...
"ဟဲ့ အစ်ကိုလို့ခေါ်ကြည့် မေသူ"
"အစ်ကိုရေ ရှင်းမယ် ဒီက...!"
မေသူက မင်းခန့်ရဲ့အကြံအတိုင်း အစ်ကိုလို့ပြောင်းခေါ်မှ လေအလျင်ဖြင့်ရောက်လာသော ဦးလေးကြီးပါပင်...
ထိုစဉ် အခုမှ ကန်တင်းထဲဝင်လာတဲ့ အောင်ကောင်းစံ။ စားပွဲထိုးလေးကို စားစရာတစ်ခုခုမှာနေပုံပေါက်၏။ နေ့လယ်စာ စားချိန်ကိုး...
"ဟဲ့ လင်းဟန်သာစိုး သူက အခုမှလာတာလား"
"အေးနော်..."
ပိုက်ဆံရှင်းပြီး ဖက်တီးတို့အုပ်စု ထအထွက်မှာ အားလုံးက အခုမှ ဝင်လာတဲ့အောင်ကောင်းစံကို ထူးဆန်းနေ၏။
"ကျူတိုရှိတာ သူမသိဘူးထင်တယ်..."
မေသူ့ဘေးကရွှေစင်ကပြောတော့ မင်းခန့်ကပါ
"သူ့သွားပြောကြည့်လိုက်ရမလား"
"အေး ပြောကြည့်တာကောင်းမယ်..."
ဖက်တီးက မင်းခန့်စကားကို ဘာရယ်မဟုတ် ထောက်ခံပေးတော့ မင်းခန့်မှာ မျက်နှာချိုသွေးလာပြီး
"မင်းသွားပြော ဟီး..."
"ဟ!"
ဖက်တီး လက်ကနာရီကို ကြည့်လိုက်မိသည်။ အချိန်က နီးလာပြီဖြစ်၏။ နေ့လယ်စာစားချိန်မို့ ကန်တင်းက လူကျနေပြီး အောင်ကောင်းစံမှာတာ တော်တော်နဲ့ရောက်မည်မဟုတ်သေး...ကျိန်းသေပင် သူ ကျူတိုရှိတာ မသိလောက်။
ဖက်တီးလည်း တစ်ဖက်သားကို ကူညီတယ်ပဲ သဘောထားကာ...
"အောင်ကောင်းစံ! အောင်ကောင်းစံ"
ဖက်တီးက ခေါ်တော့ ထိုင်နေတဲ့ အောင်ကောင်းစံက လှည့်ကြည့်လာသည်။
"Paper1 ကျူတိုစိတယ်နော်သူငယ်ချင်း...တစ်နာရီ"
"ဟင် ဟုတ်လား"
အောင်ကောင်းစံ မျက်လုံးပြူးလာသည်။
"အေး..."
"ဟယ်...ငါမသိဘူး။ ဘယ်လိုလုပ်ရမလဲ မှာထားတာတွေ"
"ထားခဲ့လိုက်တော့လေ...လာ သွားရအောင်"
"အေးအေး..."
အောင်ကောင်းစံလည်း ကျောပိုးအိတ်ကိုလွယ် ပုဆိုးကို ပြင်ဝတ်ပြီး သူ့ထီးကောက်ကို ကောက်ယူသည်။ ထို့နောက် ဖက်တီးတို့အဖွဲ့နဲ့ပဲ Emajorဆောင်ကို ပြေးရပါတော့သည်။
နောက်တော့ ဖက်တီးတို့က ကန်တင်းသွားမယ်ဆို ရှေ့တန်းက အောင်ကောင်းစံကိုပါ လိုက်မလားမေးရင်း ခင်သွားကြတာပင်။ ခင်သွားတော့မှ အောင်ကောင်းစံက သိပ်သဘောကောင်းမှန်း သိလိုက်ကြရပါ၏။
_
_
_
သုတထက်သူတစ်ယောက် ဖွားဖွားသွားခိုင်းတဲ့ကော်ဖီဆိုင်တစ်ခုရှေ့ကိုရောက်နေသည်။
ကားကို ပါကင်ထိုးပြီး ပိုက်ဆံအိတ်နဲ့ ဖုန်းကိုယူကာဆင်းလာလိုက်၏။ အဖေနဲ့ ရုံးကို တစ်ချက်လိုက်သွားပြီးမှ ရောက်လာသည်မို့ စတိုင်ပန်ဘောင်းဘီနက်ပြာရောင်နဲ့ အပြာစင်းလေးတွေပါတဲ့ ပိုလိုရှပ် အဖြူရောင်ကို ဝတ်ဆင်ထားသည်။ ရှပ်ကို ဘောင်းဘီထဲထည့်ဝတ်ထားပြီး သားရေခါးပါတ်အနက်ရောင်ကိုလည်းပတ်ထား၏။
အဆီပိုမရှိဘဲ ကြွက်သားတွေဖြင့် ဖွံ့ဖြိုးနေသည့် ယောက်ျားပျိုတစ်ယောက်၏ ခန္ဓာကိုယ်ဟာ သိပ် ဆွဲဆောင်မှုရှိလှသည်။ ကျိန်းသေပေါက် အနောက်တိုင်းဆန်ဆန် မျက်နှာချောချောကလည်း သုတထက်သူ၏ ပြယုဂ်တစ်ခုပင်။
ဖွားဖွားက ကတ်ကတ်နဲ့တွေ့ရမယ်လို့ တစ်ချက်လွှတ်အမိန့်ချလိုက်သော်လည်း သုတကတော့ ကြောက်မနေ။ ကတ်ကတ်ဟာ သုတငယ်ငယ်က အတူတူကစားခဲ့တဲ့ ကစားဖော်ကစားဖက်သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး အဲ့ဒီထက်ဘာမှမပို။ ဖွားဖွားကသာ အတင်းလိုက်ပေးစားနေတာ...ကတ်ကတ်ကလည်း သုတအပေါ်ဘာစိတ်မှ ရှိမည်မဟုတ်။
အဲ့တော့ သုတလည်း ထိုကောင်လေးနဲ့မိတ်ဆွေတွေ ပြန်တွေ့တယ်လို့သာ သဘောထားပြီး ချိန်းထားတဲ့ ကော်ဖီဆိုင်ထဲဝင်လာလိုက်သည်။
ဒီနေ့က Sundayဖြစ်ပြီး ဟန်သာလေးက သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်ဖို့ချိန်းထားသည်ဟုဆိုကာ Driverဦးလေးထွန်းနဲ့ ထွက်သွား၏။ အစကတော့ သုတလိုက်ပို့မလို့လုပ်ပေမဲ့ ဟန်သာက "သူငယ်ချင်းတွေနဲ့သွားမှာကို ကိုကိုက ဘာလိုက်လုပ်မို့လဲ" ဆိုတော့ လွတ်လွတ်လပ်လပ်သာ သွားစေလိုက်သည်။
ဟန်သာ့ကိုချစ်ပြီး သဝန််တိုပေမဲ့ အသက်(၁၇)အရွယ်ကောင်လေးကို နေရာတကာလိုက်မချုပ်ချယ်ချင်။ လူငယ်ပီပီ ပျော်ပျော်နေစေချင်ပါသည်။ ဒါကြောင့် ဒီနေ့အားနေသည်မို့ ရုံးကအပြန် ဖွားဖွားက အခိုင်းတော်ရှိတော့လည်း ရောက်လာရသည်ပင်။ သုတက ဟန်သာ့ကို ငယ်သူငယ်ချင်းတစ်ယောက်နဲ့သွားတွေ့အုံးမည်ဟုစာပို့လိုက်တော့ ကလေးလေးက သူငယ်ချင်း တွေနဲ့ ရုပ်ရှင်ရုံမှောင်မဲမဲထဲ ရိုက်ထားတဲ့ပုံကိုပို့လာ၏။
သူရုပ်ရှင်ရုံထဲမှာပါပေါ့လေ...။
ချစ်စရာကောင်းတဲ့ကောင်လေးအတွက် ကော်ဖီဆိုင်ကပြန်ရင် Cheese cakeလေးဝယ်သွားပေးအုံးမှပါ...
သုတကော်ဖီဆိုင်ထဲဝင်လာတော့ ကတ်ကတ်ကို သိပ်မရှာလိုက်ရ။ ထောင့်ဆုံးနားကဝိုင်းလေးမှာ မှန်ကြည့်ကာ lip balm လေးကို ထုတ်ဆိုးနေသည့်ကောင်လေးတစ်ယောက်။ အနက်ရောင်ဂျင်းပေါင်တိုလေးနဲ့ ခါးပေါ်နေသည့် crop topလေးကို ဝတ်ဆင်ထား၏။ ကတ်ကတ်ရဲ့ပုံစံလေးက ကြည့်လိုက်တာနဲ့ နူးနူးညံ့ညံ့လှလှပပလေးနေမှန်းသိသာနေပါသည်။ ဆံပင်တိုတိုခေါင်းလုံးလုံးလေးနဲ့ ချစ်စရာကောင်လေးက ငယ်ငယ်ကအတိုင်းပင်။
"ကတ်ကတ်..."
သုတက ခေါ်လိုက်တော့ ကတ်ကတ်က မျက်လုံးဝိုင်းလေးများဖြင့်လှည့်ကြည့်လာ၏။
"ကိုကို!"
ကတ်ကတ်ရဲ့ခေါ်သံကြောင့် သုတမျက်မှောင်ကြုံ့လိုက်မိသည်။ အဲ့လိုခေါ်တာ သိပ်တော့မကြိုက်လှပါ။ ဟန်သာ့ခေါ်သံတစ်ခုတည်းကိုသာ ကြားချင်မိသည်။ ဒါပေမဲ့လည်း ကတ်ကတ်က ငယ်ငယ်ကတည်းက ခေါ်နေကြမို့ ခေါ်လိုက်တာပဲဖြစ်မည်မို့...အဲ့လောက်ထိ sensitiveဖြစ်နေဖို့မလိုပါချေ။
"ကိုကြီးလို့ပဲခေါ်ပါ ကတ်ကတ်ရဲ့! မတွေ့ရတာကြာပြီနော်..."
သုတက ပြောရင်းပင် မျက်နှာချင်းဆိုင်က တစ်ဖက်ခုံမှာ ဝင်ထိုင်လိုက်သည်။
သုတရဲ့စကားကြောင့် ကတ်ကတ်က နှုတ်ခမ်းလေးဆူလိုက်ကာ
"အို...ကိုကိုကလည်း ကတ်ကတ်က ငယ်ငယ်ကတည်းက ဒီလိုပဲခေါ်လာတာကို"
"အင်း..."
သုတ ထပ်ပြောမနေတော့။ အခုတစ်ခေါက်တွေ့ပြီး နောက်မတွေ့ရအောင် တစ်ခါတည်းအပြတ်ဖျက်လိုက်တာပဲကောင်းမည်။ ဖွားဖွားက အန်တီသီတာနဲ့ စကားတွေပြောပြီး သူတို့ကို စေ့စပ်ဖို့ပြင်ဆင်နေတာတွေ ကတ်ကတ်လည်း သိလောက်မည်ပင်။
ဖွားဖွားကတော့ တကယ်ကို မမေးမမြန်း။ ကတ်ကတ်မှာလည်း သူ့လို ချစ်သူရှိနေရင် ဘယ်လိုလုပ်မလဲ။
Waiterလေးရောက်လာတော့ သုတက espresso တစ်ခွက်မှာလိုက်ပြီး ကတ်ကတ်က strawberry mikshakeမှာလိုက်၏။ ပြီးတော့ သုတက waiterလေးအား cheese cakeနှစ်တုံးလောက် ပါဆယ်ထုတ်ထားပေးဖို့ပြောလိုက်သည်။ ဆိုင်က လူကျနေတော့ ကုန်သွားမှာစိုးလို့ပင်။
ဆိုင်လေးက vintageဆန်ကာ decorationလေးလည်း တော်တော်လှတာမို့ ဟန်သာ့ကိုခေါ်လာအုံးမည်ဟုလည်း သုတတွေးလိုက်မိသည်။ တကယ်ပါ။ ဟန်သာလေးက အချိန်တိုင်းသုတရဲ့ စိတ်ထဲမှာ...
"ကိုကို...ဖွားဖွားပြောတဲ့ ကိစ္စဘယ်လိုသဘောရလဲ"
ကတ်ကတ်ဆီက စကားသံကိုကြားမှ သုတအတွေးတို့ပြန်စုမိ၏။
"အင်း ဟုတ်တယ် ကတ်ကတ်... ကိုယ်အဲ့တာ ကတ်ကတ်ကိုပြောမလို့။ ဖွားဖွားက လုပ်လိုက်ရင်ဘုမသိ ဘမသိ။ ကတ်ကတ်မှာ ချစ်သူတွေဘာတွေရှိနေရင် တကယ်အားနာစရာတွေပါကွာ"
"ကတ်ကတ်မှာ ချစ်သူမရှိသေးပါဘူး"
ကတ်ကတ်က "ကိုကို့ကိုစောင့်နေတာလေ"လို့ ပြောလိုက်ရင်ဖြင့် ကိုကိုလန့်သွားမလားမသိ။
"ဟုတ်လား...အင်း ငယ်သေးတာကိုး။ ကိုယ့်မှာတော့ ချစ်သူရှိတယ်။ ဖွားဖွားကတော့ ထုံးစံအတိုင်းဘယ်သဘောတူမလဲ။ ကတ်ကတ်နဲ့စီစဉ်ချင်တာကိုပဲကြည့်။ ကိုယ်က ဖွားဖွားဘာပြောပြော နားထောင်မှာမဟုတ်ပေမဲ့ ကတ်ကတ်ကိုလည်း အားနာလို့ပါ။ အကျိုးအကြောင်းပြောပြချင်တာ..."
ကတ်ကတ်က အခုပဲ Waiterလေးလာချသွားပေးတဲ့ အအေးခွက်ကပိုက်ကလေးကို လက်ဖျားလေးဖြင့် အသာမွှေရင်း မျက်လုံးကလေးပင့်ကာ သုတကိုပြော၏။
"ကိုကိုက အဲ့ကောင်လေးကို ရည်ရွယ်ထားတာသေချာပြီပေါ့"
"ဘာကိုပြောချင်တာလဲ ကတ်ကတ်"
သုတ စကားကိုနားမလည်တာမဟုတ်။ အဲ့လိုမေးလိုက်တဲ့ ကတ်ကတ်ကို နားမလည်တာပင်။
"မဟုတ်ပါဘူး။ ချစ်သူရည်းစားဆိုတာက တွဲတာက ဒီတိုင်းတွဲတာပဲလေ အချိန်တန်ရင်ပြတ်မှာပဲ ကိုကိုက သူနဲ့ အဆုံးထိသွားနိုင်ဖို့သေချာလို့လား"
ကတ်ကတ်ရဲ့ စကားကြောင့် သုတပြုံးမိသည်။ မေးတဲ့ပုံကို မနှစ်မြို့ပေမဲ့ ဒီကလေးဟာ...တော်တော်စကားအပြောဆို မတတ်တာပဲဟုသာ ကောက်ချချက်မိ၏။
"အင်း...ကိုယ်က သေချာတယ်..."
"ဪ..."
ပေါင်ပေါ်ကလွယ်အိတ်ကိုကိုင်ထားတဲ့ ကတ်ကတ်ရဲ့လက်တစ်ဖက်ဟာ ခပ်တင်းတင်းဖြစ်သွား၏။
မျက်နှာမှာတော့ ချိုချိုသာသာပင် သုတကိုပြုံးပြကာ...
"ကောင်းပါတယ်...အားကျပါတယ်နော် အဲ့ကောင်လေးကို။ ကတ်ကတ်လည်း အဲ့လိုအချစ်ခံချင်တာ..."
"ကတ်ကတ်က ငယ်ငယ်လေးရှိသေးတာပဲ တွေ့မှာပါ"
အဲ့တာကတော့ သုတ စိတ်ရင်းပင်။ ကိုယ်ငယ်ငယ်က ညီအရင်းလေးလို ရင်းနှီးခဲ့ရတဲ့ကောင်လေးကို ပျော်ရွှင်စေချင်တာ အမှန်ပင်ဖြစ်ပါသည်။
"ဖွားဖွား အဲ့ကိစ္စထပ်ပြောရင် ကတ်ကတ်က ငြင်းပေးပါ့မယ်ကိုကို"
"နားလည်ပေးလို့ ကျေးဇူးပါကတ်ကတ်"
"ဟုတ်ကဲ့...ကိုကို့ကောင်လေးနဲ့ ကြုံရင်မိတ်ဆက်ပေးလေ..."
"အင်း ကတ်ကတ်...သူက သိပ်ချစ်ဖို့ကောင်းတာ... ကတ်ကတ်ထက်တော့တစ်နှစ်ငယ်တယ်"
သိပ်မပူတော့ဘဲ အနည်းငယ်နွေးသွားပြီဖြစ်တဲ့ ကော်ဖီခွက်ကိုကိုင်ကာ သုတ ဖြည်းညင်းစွာ ကော်ဖီတစ်ငုံကို အရသာခံသောက်လိုက်၏။ စိတ်က ဟန်သာ့ဆီပြန်ရောက်သွားတာမို့ တစ်ချက်ပြုံးမိပြန်ပါသည်။ ထို့နောက်...ကတ်ကတ်ဆီပြန်ကြည့်ကာ...
"မမနှင်းနှင်းရော အဆင်ပြေလား"
"ဟုတ် မမက ဆေးကျောင်းတက်နေတာလေ..."
"ဟုတ်လား ကတ်ကတ်ရော ဘာတက်နေတာလဲ"
"ကတ်ကတ်က YUမှာ Emajor sec yearလေ ကိုကိုရဲ့"
ကတ်ကတ်ရဲ့စကားကြောင့် သုတက ဝမ်းသာစွာ...
"ဟာ ဟုတ်လား! ကိုယ်ကောင်လေးက first year ကလေ..."
ကတ်ကတ်စိတ်ကို မနည်းဆွဲဆန့်ထားရသည်။ ကိုကိုကလေ...စကားဆယ်ခွန်းပြောရင် ကိုးခွန်းလောက်က သူ့ကောင်လေးဆိုတာချည်းပဲ။
အမြင်ကတ်လိုက်တာ အဲ့ကောင်လေးကို!
ဒါပေမဲ့ ကတ်ကတ်ရဲ့ မျက်နှာလှလှလေးကတော့ ပြုံးနေဆဲပင်။
"နာမည် ဘယ်လိုခေါ်လဲ ကိုကို"
"လင်းဟန်သာစိုးတဲ့ ကြားဖူးလား"
"ဪ...ကြားတော့မကြားဖူးဘူး ကိုကို။ သူမှန်းသိတဲ့အခါကျ နှုတ်ဆက်လိုက်ပါ့မယ်"
ဘယ်လိုပုံလည်း သိချင်တာ...ပုံတောင်းကြည့်လို့ရပေမဲ့ သူ့ချစ်သူကိုအမွှန်းတင်နေမယ့် ကိုကို့ကို ကတ်ကတ်မမြင်ချင်တော့...
"ကဲ! ကိုယ်သွားလိုက်အုံးမယ် ကတ်ကတ်ရော ကားပါလား မပါရင် ကိုယ်ကားငှားပေးလိုက်မလို့"
သုတ လိုက်ပို့ပေးဖို့က နှစ်ယောက်တည်းဖြစ်နေတာထက် lover seat မှာ ဟန်သာကလွဲပြီး တခြား သူစိမ်းကို မတင်ချင်လို့ပင်။
"ရတယ် ကိုကို ကတ်ကတ်မှာ ကားပါတယ်။ သူငယ်ချင်းတွေနဲ့လည်း ချိန်းထားတော့ မပြန်သေးဘူး"
"ဪဟုတ်ပြီ အဲ့တာဆို ကိုယ်သွားပြီ။ ဖွားဖွားကို ငြင်းပေးမယ်ဆိုလို့လည်း ကျေးဇူးပါနော်"
"ဟုတ်ကဲ့ ကိုကို"
ကတ်ကတ်ကို နှုတ်ဆက်ပြီးနောက်...သုတက ကောင်တာမှာ cheese cakeပါဆယ်မှာထားတာကို ဝင်ယူကာ ထိုင်သွားတဲ့ဝိုင်းအတွက် ပိုက်ဆံရှင်းပြီး ဆိုင်ထဲကနေထွက်သွား၏။
ထွက်သွားတဲ့ကိုကို့ကျောပြင်ကိုကြည့်ကာ ကတ်ကတ် လက်သီးတို့ကို တင်းကြပ်စွာဆုပ်မိပြီး အောက်နှုတ်ခမ်းကိုလည်း နာနာလေးဖိကိုက်မိသည်။
ကိုကိုက ချစ်သူရှိနေပြီတဲ့...။
ငယ်ငယ်ကတည်းက ဖွားဖွားထားတို့အိမ်မှာ သွားဆော့ရင်း သိခဲ့ရတဲ့ကိုကို့ကို ကတ်ကတ် သဘောကျခဲ့ရတာ...ကိုကို့ဆီသွားချင်လို့ မေမေ ဖွားဖွားထားတို့အိမ်သွားတိုင်း ငိုယိုပြီး လိုက်သွားရတာကို...။ အမြဲတမ်း အဲ့အိမ်ကိုအလည်သွားရင် မမကသာမပါရင်မပါမယ် ကတ်ကတ်ကတော့ပါပြီးသားပင်။
တစ်ရက် အဲ့အိမ်ရောက်တော့ ကိုကို့ကိုမတွေ့တော့ ကတ်ကတ် ငိုလိုက်ရတာ...ကိုကိုက ရွာကို အပြီးပြောင်းသွားတာတဲ့။ ကတ်ကတ်လက်မခံနိုင်ပါဘူး။ ကတ်ကတ်က ကိုကိုနဲ့ကစားဖို့ စောင့်နေမှာ...ကိုကို ပြန်မလာမချင်း။
ငယ်ငယ်ကတော့ ကစားဖော်ကိုကိုမရှိလို့ ဝမ်းနည်းခဲ့ပေမဲ့ တဖြည်းဖြည်းကြီးလာတဲ့ထိ ကတ်ကတ် ကိုကို့ကို မမေ့နိုင်ခဲ့ပါ။ အဲ့တော့မှ ကိုကို့ကို ချစ်နေမိမှန်း ကတ်ကတ် ကိုယ့်ကိုယ်ကိုယ် သိခဲ့ရပါသည်။
လွန်ခဲ့တဲ့ တစ်ပတ်က မေမေက ကိုကိုပြန်ရောက်နေတယ်ပြောတော့ ကတ်ကတ်မှာပျော်လိုက်သည်ဖြစ်ချင်းပင်။ နောက်နေ့မှာပဲ မေမေက ဖွားဖွားထားနဲ့ ဖုန်းအကြာကြီးပြောဖြစ်၏။ ကိုကိုနဲ့ ကတ်ကတ်ကို စေ့စပ်ပေးမလို့တဲ့ ကတ်ကတ်မှာ အိပ်လို့တောင်မပျော်...။
ကိုကိုက ဆယ်တန်းပြီးတုန်းကလည်း ရန်ကုန်မှာလာနေသွားသေးပေမဲ့ တစ်နေကုန် အလုပ်သွားနေတာမို့ ကတ်ကတ်တို့မသိလိုက်။ ရှေ့နှစ်ကလည်း မေမေက Europeရောက်နေတော့ ဖွားဖွားထားတို့အိမ်မသွားဖြစ်။ ဒီနှစ်မှသာမြန်မာပြည်ပြန်ရောက်ပြီး ဖွားဖွားထားဆီသွားရင်း ကိုကိုနဲ့ဆုံဖြစ်တော့သည်။
ကိုကိုက ကတ်ကတ်ထက်တစ်နှစ်ကြီးတာမို့ အခုဆို အသက်(၁၉)ရှိနေလောက်ပြီ။ အသက်(၇)နှစ်အရွယ်ထိကိုကို့ကိုသာ မြင်ဖူးခဲ့တာမို့ အသက်(၁၉)နှစ်အရွယ် ကိုကို့က ဘယ်လိုပုံဖြစ်နေမလဲဆိုတာ ကတ်ကတ်တအားရင်ခုန်နေမိသည်။ မေမေကတော့ ချောတယ်လို့ပြောတာပဲ။
ဒီနေ့ ကော်ဖီဆိုင်ထဲဝင်လာတဲ့ ကိုကိုက ကတ်ကတ်ကိုခေါ်တော့ မော့ကြည့်မိလိုက်တာ...
ကိုကိုက...
တအားချောတာပဲ။
အရပ်အရှည်ကြီးကိုမှ ထွားလွန်းတဲ့ခန္ဓာကိုယ်နဲ့ ရင်အုပ်ကျယ်ကြီးကြောင့် ကတ်ကတ် အဲ့ဒီရင်ခွင်ကြီးထဲ တိုးဝင်ပစ်ချင်တာ အကြိမ်ကြိမ်အခါခါပင်...
ဒါပေမဲ့ ကိုကို့မှာ ချစ်သူရှိနေပြီတဲ့။
ကတ်ကတ်ရဲ့ လက်သီးဆုပ်လေးက ပိုမိုတင်းကြပ်သွားသည်။
ချစ်သူတဲ့! တစ်သတ်လုံးမပြတ်တော့မယ့်အတိုင်းပဲ။ မုန်းလိုက်တာ...! ကိုကို ကတ်ကတ်ကို ချစ်လာအောင် ဘယ်လိုလုပ်ရမလဲ...။
**
AN// Fic Cover Photoလေး Changeထားတယ်နော်...။ ပုံအကြည်ရရင် လာတင်ပေးပါ့မယ်ရှင့်🤍
ဟဲဟဲ...ဇာတ်လမ်းက ခုမှစမှာ!
-
-
-
-
-
Zawgyi
=======
"လင္းဟန္သာစိုး မိုင္နာခ်ိန္ႏွစ္ခ်ိန္လစ္ၿပီး လွည္းတန္းသြားရေအာင္။ ေမသူနဲ႕ ေ႐ႊစင္တို႔က ကိႏၷရီသြားခ်င္လို႔တဲ့"
"ေအးသြားမယ္ေလ..."
"ေအာင္ေကာင္းစံ မင္းေရာ လိုက္မွာလား"
စိုင္းမင္းခန့္ေမာ္က အေရွ႕တန္းက ေအာင္ေကာင္းစံကိုပါ လွမ္းေမး၏။
ေအာင္ေကာင္းစံက ေခါင္းၿငိမ့္ကာ...
"လိုက္မယ္ေလ"
အခုက ေန႕ခင္း (၁၂)ခြဲခါနီးျဖစ္ၿပီး မနက္ပိုင္း ေမဂ်ာခ်ိန္ေတြ တက္ၿပီးၿပီျဖစ္၏။ အခု ေန႕ခင္းပိုင္း မိုင္နာခ်ိန္ ႏွစ္ခ်ိန္ရွိၿပီး ေနာက္ဆုံးခ်ိန္က အတန္းမရွိတာမို႔ ဖက္တီးလည္း စိုင္းမင္းခန့္ေမာ္ရဲ႕စကားကို သေဘာတူလိုက္သည္။
ေက်ာင္းကေန လွည္းတန္းကို လမ္းေလွ်ာက္သြားၾကမည္ပင္။
_
ဖက္တီး ေက်ာင္းစစတက္တဲ့ေန႕ အခန္းထဲ ေဘးဘက္အစြန္ တတိယေျမာက္အတန္းမွာ တစ္ေယာက္တည္းထိုင္ေနမိသည္။ ကိုယ္သိတဲ့သူကလည္း တစ္ေယာက္မွမရွိ။ အတန္းထဲ လူကလည္း သိပ္မရွိေသးသည္မို႔ အားလုံးလည္း ကိုယ့္ဟာကိုယ္သာေနေနၾကသည္။
"ထိုင္မယ္ေနာ္ သူငယ္ခ်င္း"
အသံၾကားလို႔ ဖက္တီးေမာ့ၾကည့္မိေတာ့ ေက်ာပိုးအိတ္လြယ္ထားၿပီး သူ႕ကိုၿပဳံးျပေနတဲ့ ေကာင္ေလးတစ္ေယာက္ကို ျမင္လိုက္ရသည္။ အေဖာ္မရွိတဲ့ ဖက္တီးလည္း ခ်က္ခ်င္း ဝမ္းသာအားရပင္...
"ထိုင္ေလ...သူငယ္ခ်င္း တစ္ေယာက္တည္းပဲလား"
ဖက္တီးေမးေတာ့ ထိုေကာင္ေလးက ေခါင္းၿငိမ့္ျပသည္။ ထိုေကာင္ေလးက မ်က္မွန္ေလးနဲ႕ အသားျဖဴၿပီး ၾကည့္ေကာင္းတဲ့႐ုပ္ရည္ရွိ၏။ ပိန္ပိန္ပါးပါးပင္ျဖစ္ၿပီး အရပ္ကေတာ့ ရွည္ပါသည္။
"ငါက စိုင္းမင္းခန့္ေမာ္...မင္းနာမည္ကေရာ ဘယ္လိုေခၚလဲ"
"ဖက္...အဲ...လင္းဟန္သာစိုး"
ဖက္တီးလို႔ေယာင္ၿပီးထြက္မိေတာ့မည္ကို ထိန္းလိုက္ရသည္။
ဖက္တီးက အဝလြန္ေနတဲ့ ခႏၶာကိုယ္္ဟုတ္ဘဲ ျပည့္႐ုံသာျပည့္တာမို႔ ဖက္တီးဆိုတဲ့ နာမည္ေျပာင္ကိုလည္း ဒီကလူေတြ စဥ္းစားမိမည္မဟုတ္။ ငယ္ငယ္က တစ္တုတ္ေလးမို႔သာ ေခၚရင္းေခၚရင္း တစ္႐ြာလုံးရဲ႕ ပါးစပ္ဖ်ားမွာ ဖက္တီးျဖစ္ခဲ့ရသည္။
႐ြာက ငယ္နာမည္ႀကီး ဒီမွာ အေခၚမခံခ်င္ပါဘူး။
"မင္းက ဘယ္ကလာတာလဲ။ ငါက ၾကည့္ျမင္တိုင္ကပဲ။ ရွမ္းေခါက္ဆြဲဆိုင္ဖြင့္ထားတာ...ၾကည့္ျမင္တိုင္ေရာက္ရင္ လာစားေနာ္"
"ၾကည့္ျမင္တိုင္က ဘယ္နားလဲ"
ဖက္တီးက ရန္ကုန္က ၿမိဳ႕နယ္ေတြ သိပ္မသိတာမို႔ အူတူတူေလး ျပန္ေမးသည္။
"ၾကည့္ျမင္တိုင္ေလ...မင္းက ရန္ကုန္ကမဟုတ္ဘူးလား"
"အာ...မဟုတ္ဘူး ငါက အေပါင္က"
"အေပါင္က ဘယ္မွာလဲဟင္..."
အင္မတန္မွဗဟုသုတအေပါင္းနဲ႕ျပည့္စုံၾကတဲ့ လူႏွစ္ဦး ေတြ႕ၾကၿပီျဖစ္သည္။
"အဟားဟား..."
မင္းခန့္က သူ႕ဟာသူေမးၿပီးထရယ္၏။
"ငါတို႔ႏွစ္ေကာင္က တစ္ေယာက္ေနတဲ့ၿမိဳ႕တစ္ေယာက္မသိဘူးျဖစ္ေနတာေနာ္...ရယ္ရတယ္ အဟီး"
မင္းခန့္ေၾကာင့္ ဖက္တီးလည္းရယ္မိပါသည္။ သူငယ္ခ်င္းႏွစ္ေယာက္ အခုမွ သိၿပီး ငယ္ေပါင္းႀကီးေဖာ္ေတြလိုပင္ ရင္းႏွီးသြားၾက၏။
"အေပါင္ဆိုတာ ေပါင္ၿမိဳ႕ကိုေျပာတာပါ။ မြန္ျပည္နယ္ဘက္က။ မင္း ေမာ္လၿမိဳင္ကိုသိလား"
"ေအး သိတယ္ ေမာ္လၿမိဳင္ေတာ့..."
"အင္း ရန္ကုန္ကေနလာရင္ က်ိဳက္ထို၊ ဘီးလင္း၊ သထုံ၊ ဇင္းက်ိဳက္၊ ရင္းၿငိမ္၊ ေပါင္၊ မုတၱမ၊ ေမာ္လၿမိဳင္အဲ့လိုသြားတာ..."
"ဪ...သိၿပီ က်န္တာၾကားဖူးေပမဲ့ ရင္းၿငိမ္နဲ႕ ေပါင္ကို သိပ္မၾကားဖူးဘူးျဖစ္ေနတာ"
မင္းခန့္ေက်ာ္ရဲ႕စကားေၾကာင့္ ဖက္တီးက ေခါင္းညိတ္သည္။
"ဟုတ္တယ္ အေပါင္ကို သိပ္မၾကားဖူးၾကဘူး။ မင္းရဲ႕ ၾကည့္ျမင္တိုင္ကေရာ ရန္ကုန္ကပဲလား"
"ေအးဟုတ္တယ္ ဒီနဲ႕လည္းနီးတယ္။ မင္းကေရာ ဘယ္မွာေနတာလဲ ေက်ာင္းအေဆာင္မွာလား"
"မဟုတ္ဘူး ေျမာက္ဥကၠလာမွာေနတာ"
"ဟင္...တစ္ေယာက္တည္းလား"
မင္းခန့္ရဲ႕စကားကို ဖက္တီးက သတိလက္လြတ္စြာ ျပန္ေျဖလိုက္မိသည္။
"မဟုတ္ဘူး ငါ့ခ်စ္သူနဲ႕..."
"ဟမ္...!"
စိုင္းမင္းခန့္ေမာ္ရဲ႕ မ်က္ကလူးဆန္ျပာ ဟမ္!ဆိုတဲ့ အသံႀကီးေၾကာင့္ ဖက္တီး စကားမွားသြားၿပီမွန္း သိလိုက္ေသာ္လည္းေနာက္က်သြားရသည္။
"မင္း...မင္းအိမ္က ေကာင္မေလးနဲ႕တူတူေနခိုင္းတယ္ေပါ့။ ေကာင္မေလးဘက္ကေရာ...မိုက္တယ္ေနာ္"
အထင္စြတ္ႀကီးေနတဲ့ မင္းခန့္ေၾကာင့္ ဖက္တီး ဘာျပန္ေျပာရမလဲမသိ။ အဲ့လိုႀကီးအထင္လြဲေနတာကိုလည္း မႀကိဳက္ေခ်။
"ငါ့ ခ်စ္သူက ေကာင္ေလးပါ..."
"အမ္..."
မင္းခန့္တစ္ေယာက္ ဆြံ႕အသြား၏။
ေျပာၿပီးမွ ဖက္တီး ေနာင္တရခ်င္သြားသည္။ သူ႕သူငယ္ခ်င္းေတြျဖစ္တဲ့ ေကာင္းထက္တို႔ သူရတို႔လို နားလည္ေပးနိုင္ပါ့မလား စိတ္ပူလာ၏။
"မင္း ငါ့ကို မေပါင္းခ်င္ေတာ့လည္း ရတယ္ သူငယ္ခ်င္း"
ဖက္တီးေျပာေတာ့ မင္းခန့္မွာ အလန့္တၾကားပင္ လက္တကာကာျဖင့္ တားလာ၏။
"အဲ့ အဲ့လိုမဟုတ္ဘူး။ ငါက အံ့ဩသြားတာပါ။ မင္းက ၾကည့္လိုက္တာနဲ႕ ေဂးလို႔မထင္ရလို႔ေလ..."
"ဪ..."
"တကယ္ပါ။ ငါ့အစ္မက အဲ့တာေတြ အရမ္းႀကိဳက္တာ ဆိုလား အေသဖတ္တာ စာအုပ္ေတြလည္းစုတာ ငါရင္းႏွီးပါတယ္"
ထိုေတာ့မွ ဖက္တီးမွာ စိတ္သက္သာရာရ၏။
"ေအးပါ။ ငါက တစ္ခါတည္း ေျပာျပလိုက္တာ ေနာက္မွ သိရရင္က် မေကာင္းဘူးေလ"
"ရတယ္ ရတယ္ ဘာမွမျဖစ္ဘူး။ မင္းေကာင္ေလးက ဒီေက်ာင္းကပဲလား"
"မဟုတ္ဘူး ငါ့ထက္ႏွစ္ႏွစ္ႀကီးတယ္ Yuecoက second year"
"ဆယ္တန္းက်လိဳ႕လား ႏွစ္ႏွစ္ႀကီးၿပီး sec yearက"
"ခြီးးး"
မင္းခန့္ေက်ာ္ရဲ႕စကားေၾကာင့္ ဖက္တီးရယ္မိသည္။ စာညံံ့တဲ့ သုတထက္သူကို ပုံေဖာ္လို႔မရလို႔ပင္...
"မဟုတ္ပါဘူးကြာ...ေက်ာင္းအေျပာင္းအေ႐ႊ႕ေတြေၾကာင့္ တစ္ႏွစ္ေအာက္လိုက္ရတာမို႔"
"ဪ..."
ထို႔ေနာက္...ဖက္တီးလည္း စိုင္းမင္းခန့္ေမာ္နဲ႕ ေပါင္းမိသြားၿပီး အေနာက္တန္းမွာလာထိုင္တဲ့ ယြန္းေမသူတို႔ ေ႐ႊစင္ထက္တို႔နဲ႕ပါ ေပါင္းမိသြား၏။
စိုင္းမင္းခန့္ေမာ္က ရွမ္းလူမ်ိဳးျဖစ္ၿပီး မိဘေတြက ဟိုပုံးၿမိဳ႕ဇာတိျဖစ္သည္။ သူကေတာ့ ေမြးကတည္းက ရန္ကုန္မွာ ေနလာသည္ဟုဆို၏။
အဲ့တာေၾကာင့္ မင္းခန့္က ရွမ္း႐ုပ္ေပါက္ေနၿပီး ရွမ္းသံမဝဲေပ။
ယြန္းေမသူက ရန္ကုန္ကပင္ျဖစ္ၿပီး ေျမာက္ဒဂုံကပင္။ ေ႐ႊစင္ထက္ကေတာ့ မႏၲေလးကျဖစ္ၿပီး ေက်ာင္းအေဆာင္မွာသာေန၏။
ေနာက္ၿပီး ေက်ာင္းတက္တာ တစ္လနီးပါးအၾကာမွာေတာ့ ေအာင္ေကာင္းစံဆိုသည့္ ေကာင္ေလးနဲ႕ပါ ခင္မင္သြားၾကသည္။
ေအာင္ေကာင္းစံက ေဂးပင္။ ပုဆိုးကို ေျခမ်က္စိထိဖုံးေအာင္ဝတ္ၿပီး ေပ်ာ့ေပ်ာ့ႏြဲ႕ႏြဲ႕ေလးနဲ႕တစ္ေယာက္တည္း သီးသန့္ေနတတ္သည့္ introvert ေလးျဖစ္၏။ ဖက္တီးတို႔ရဲ႕ အေရွ႕တန္း ေဘးဘက္အစြန္မွာ တစ္ေယာက္တည္းထိုင္၏။ သူနဲ႕တစ္တန္းထဲထိုင္တဲ့ ေကာင္ေတြကလည္း သူ႕ကို မေပါင္း။
သူကလည္း မေပါင္းပါေခ်။
ဖက္တီးတို႔က သတိထားမိလို႔ သြားေခၚခ်င္ေပမဲ့ ေအာင္ေကာင္းစံရဲ႕ ခပ္တည္တည္ေနတတ္တဲ့ မ်က္ႏွာေၾကာင့္ ေခ်တယ္လို႔ထင္ကာ စကားသြားမေျပာရဲ...။
သို႔ေပမဲ့ တစ္ရက္ ကန္တင္းမွာ...
"ဦးေလးေရ...ရွင္းမယ္!!!"
ေမသူက ေရးႀကီးသုပ္ျပာျဖင့္ အသံအိုးကြဲေအာင္ ေအာင္ေခၚေသာ္လည္း တစ္ေယာက္မွမလာ...
ေမဂ်ာဘာသာကိုေျဖရမည့္က်ဴတိုက ေန႕လယ္တစ္နာရီတြင္။ အခုပဲ ဆယ့္ႏွစ္ငါးဆယ္ျဖစ္ေနၿပီ။ အေဆာင္ကို ေျပးရအုံးမွာနဲ႕ အခ်ိန္မွီ႐ုံေလးသာ...
"ဟဲ့ အစ္ကိုလို႔ေခၚၾကည့္ ေမသူ"
"အစ္ကိုေရ ရွင္းမယ္ ဒီက...!"
ေမသူက မင္းခန့္ရဲ႕အႀကံအတိုင္း အစ္ကိုလို႔ေျပာင္းေခၚမွ ေလအလ်င္ျဖင့္ေရာက္လာေသာ ဦးေလးႀကီးပါပင္...
ထိုစဥ္ အခုမွ ကန္တင္းထဲဝင္လာတဲ့ ေအာင္ေကာင္းစံ။ စားပြဲထိုးေလးကို စားစရာတစ္ခုခုမွာေနပုံေပါက္၏။ ေန႕လယ္စာ စားခ်ိန္ကိုး...
"ဟဲ့ လင္းဟန္သာစိုး သူက အခုမွလာတာလား"
"ေအးေနာ္..."
ပိုက္ဆံရွင္းၿပီး ဖက္တီးတို႔အုပ္စု ထအထြက္မွာ အားလုံးက အခုမွ ဝင္လာတဲ့ေအာင္ေကာင္းစံကို ထူးဆန္းေန၏။
"က်ဴတိုရွိတာ သူမသိဘူးထင္တယ္..."
ေမသူ႕ေဘးကေ႐ႊစင္ကေျပာေတာ့ မင္းခန့္ကပါ
"သူ႕သြားေျပာၾကည့္လိုက္ရမလား"
"ေအး ေျပာၾကည့္တာေကာင္းမယ္..."
ဖက္တီးက မင္းခန့္စကားကို ဘာရယ္မဟုတ္ ေထာက္ခံေပးေတာ့ မင္းခန့္မွာ မ်က္ႏွာခ်ိဳေသြးလာၿပီး
"မင္းသြားေျပာ ဟီး..."
"ဟ!"
ဖက္တီး လက္ကနာရီကို ၾကည့္လိုက္မိသည္။ အခ်ိန္က နီးလာၿပီျဖစ္၏။ ေန႕လယ္စာစားခ်ိန္မို႔ ကန္တင္းက လူက်ေနၿပီး ေအာင္ေကာင္းစံမွာတာ ေတာ္ေတာ္နဲ႕ေရာက္မည္မဟုတ္ေသး...က်ိန္းေသပင္ သူ က်ဴတိုရွိတာ မသိေလာက္။
ဖက္တီးလည္း တစ္ဖက္သားကို ကူညီတယ္ပဲ သေဘာထားကာ...
"ေအာင္ေကာင္းစံ! ေအာင္ေကာင္းစံ"
ဖက္တီးက ေခၚေတာ့ ထိုင္ေနတဲ့ ေအာင္ေကာင္းစံက လွည့္ၾကည့္လာသည္။
"Paper1 က်ဴတိုစိတယ္ေနာ္သူငယ္ခ်င္း...တစ္နာရီ"
"ဟင္ ဟုတ္လား"
ေအာင္ေကာင္းစံ မ်က္လုံးျပဴးလာသည္။
"ေအး..."
"ဟယ္...ငါမသိဘူး။ ဘယ္လိုလုပ္ရမလဲ မွာထားတာေတြ"
"ထားခဲ့လိုက္ေတာ့ေလ...လာ သြားရေအာင္"
"ေအးေအး..."
ေအာင္ေကာင္းစံလည္း ေက်ာပိုးအိတ္ကိုလြယ္ ပုဆိုးကို ျပင္ဝတ္ၿပီး သူ႕ထီးေကာက္ကို ေကာက္ယူသည္။ ထို႔ေနာက္ ဖက္တီးတို႔အဖြဲ႕နဲ႕ပဲ Emajorေဆာင္ကို ေျပးရပါေတာ့သည္။
ေနာက္ေတာ့ ဖက္တီးတို႔က ကန္တင္းသြားမယ္ဆို ေရွ႕တန္းက ေအာင္ေကာင္းစံကိုပါ လိုက္မလားေမးရင္း ခင္သြားၾကတာပင္။ ခင္သြားေတာ့မွ ေအာင္ေကာင္းစံက သိပ္သေဘာေကာင္းမွန္း သိလိုက္ၾကရပါ၏။
_
_
_
သုတထက္သူတစ္ေယာက္ ဖြားဖြားသြားခိုင္းတဲ့ေကာ္ဖီဆိုင္တစ္ခုေရွ႕ကိုေရာက္ေနသည္။
ကားကို ပါကင္ထိုးၿပီး ပိုက္ဆံအိတ္နဲ႕ ဖုန္းကိုယူကာဆင္းလာလိုက္၏။ အေဖနဲ႕ ႐ုံးကို တစ္ခ်က္လိုက္သြားၿပီးမွ ေရာက္လာသည္မို႔ စတိုင္ပန္ေဘာင္းဘီနက္ျပာေရာင္နဲ႕ အျပာစင္းေလးေတြပါတဲ့ ပိုလိုရွပ္ အျဖဴေရာင္ကို ဝတ္ဆင္ထားသည္။ ရွပ္ကို ေဘာင္းဘီထဲထည့္ဝတ္ထားၿပီး သားေရခါးပါတ္အနက္ေရာင္ကိုလည္းပတ္ထား၏။
အဆီပိုမရွိဘဲ ႂကြက္သားေတြျဖင့္ ဖြံ႕ၿဖိဳးေနသည့္ ေယာက္်ားပ်ိဳတစ္ေယာက္၏ ခႏၶာကိုယ္ဟာ သိပ္ ဆြဲေဆာင္မႈရွိလွသည္။ က်ိန္းေသေပါက္ အေနာက္တိုင္းဆန္ဆန္ မ်က္ႏွာေခ်ာေခ်ာကလည္း သုတထက္သူ၏ ျပယုဂ္တစ္ခုပင္။
ဖြားဖြားက ကတ္ကတ္နဲ႕ေတြ႕ရမယ္လို႔ တစ္ခ်က္လႊတ္အမိန့္ခ်လိဳက္ေသာ္လည္း သုတကေတာ့ ေၾကာက္မေန။ ကတ္ကတ္ဟာ သုတငယ္ငယ္က အတူတူကစားခဲ့တဲ့ ကစားေဖာ္ကစားဖက္သူငယ္ခ်င္းတစ္ေယာက္ျဖစ္ၿပီး အဲ့ဒီထက္ဘာမွမပို။ ဖြားဖြားကသာ အတင္းလိုက္ေပးစားေနတာ...ကတ္ကတ္ကလည္း သုတအေပၚဘာစိတ္မွ ရွိမည္မဟုတ္။
အဲ့ေတာ့ သုတလည္း ထိုေကာင္ေလးနဲ႕မိတ္ေဆြေတြ ျပန္ေတြ႕တယ္လို႔သာ သေဘာထားၿပီး ခ်ိန္းထားတဲ့ ေကာ္ဖီဆိုင္ထဲဝင္လာလိုက္သည္။
ဒီေန႕က Sundayျဖစ္ၿပီး ဟန္သာေလးက သူငယ္ခ်င္းေတြနဲ႕ ႐ုပ္ရွင္သြားၾကည့္ဖို႔ခ်ိန္းထားသည္ဟုဆိုကာ Driverဦးေလးထြန္းနဲ႕ ထြက္သြား၏။ အစကေတာ့ သုတလိုက္ပို႔မလို႔လုပ္ေပမဲ့ ဟန္သာက "သူငယ္ခ်င္းေတြနဲ႕သြားမွာကို ကိုကိုက ဘာလိုက္လုပ္မို႔လဲ" ဆိုေတာ့ လြတ္လြတ္လပ္လပ္သာ သြားေစလိုက္သည္။
ဟန္သာ့ကိုခ်စ္ၿပီး သဝန္္တိုေပမဲ့ အသက္(၁၇)အ႐ြယ္ေကာင္ေလးကို ေနရာတကာလိုက္မခ်ဳပ္ခ်ယ္ခ်င္။ လူငယ္ပီပီ ေပ်ာ္ေပ်ာ္ေနေစခ်င္ပါသည္။ ဒါေၾကာင့္ ဒီေန႕အားေနသည္မို႔ ႐ုံးကအျပန္ ဖြားဖြားက အခိုင္းေတာ္ရွိေတာ့လည္း ေရာက္လာရသည္ပင္။ သုတက ဟန္သာ့ကို ငယ္သူငယ္ခ်င္းတစ္ေယာက္နဲ႕သြားေတြ႕အုံးမည္ဟုစာပို႔လိုက္ေတာ့ ကေလးေလးက သူငယ္ခ်င္း ေတြနဲ႕ ႐ုပ္ရွင္႐ုံေမွာင္မဲမဲထဲ ရိုက္ထားတဲ့ပုံကိုပို႔လာ၏။
သူ႐ုပ္ရွင္႐ုံထဲမွာပါေပါ့ေလ...။
ခ်စ္စရာေကာင္းတဲ့ေကာင္ေလးအတြက္ ေကာ္ဖီဆိုင္ကျပန္ရင္ Cheese cakeေလးဝယ္သြားေပးအုံးမွပါ...
သုတေကာ္ဖီဆိုင္ထဲဝင္လာေတာ့ ကတ္ကတ္ကို သိပ္မရွာလိုက္ရ။ ေထာင့္ဆုံးနားကဝိုင္းေလးမွာ မွန္ၾကည့္ကာ lip balm ေလးကို ထုတ္ဆိုးေနသည့္ေကာင္ေလးတစ္ေယာက္။ အနက္ေရာင္ဂ်င္းေပါင္တိုေလးနဲ႕ ခါးေပၚေနသည့္ crop topေလးကို ဝတ္ဆင္ထား၏။ ကတ္ကတ္ရဲ႕ပုံစံေလးက ၾကည့္လိုက္တာနဲ႕ ႏူးႏူးညံ့ညံ့လွလွပပေလးေနမွန္းသိသာေနပါသည္။ ဆံပင္တိုတိုေခါင္းလုံးလုံးေလးနဲ႕ ခ်စ္စရာေကာင္ေလးက ငယ္ငယ္ကအတိုင္းပင္။
"ကတ္ကတ္..."
သုတက ေခၚလိုက္ေတာ့ ကတ္ကတ္က မ်က္လုံးဝိုင္းေလးမ်ားျဖင့္လွည့္ၾကည့္လာ၏။
"ကိုကို!"
ကတ္ကတ္ရဲ႕ေခၚသံေၾကာင့္ သုတမ်က္ေမွာင္ႀကဳံ႕လိုက္မိသည္။ အဲ့လိုေခၚတာ သိပ္ေတာ့မႀကိဳက္လွပါ။ ဟန္သာ့ေခၚသံတစ္ခုတည္းကိုသာ ၾကားခ်င္မိသည္။ ဒါေပမဲ့လည္း ကတ္ကတ္က ငယ္ငယ္ကတည္းက ေခၚေနၾကမို႔ ေခၚလိုက္တာပဲျဖစ္မည္မို႔...အဲ့ေလာက္ထိ sensitiveျဖစ္ေနဖို႔မလိုပါေခ်။
"ကိုႀကီးလို႔ပဲေခၚပါ ကတ္ကတ္ရဲ႕! မေတြ႕ရတာၾကာၿပီေနာ္..."
သုတက ေျပာရင္းပင္ မ်က္ႏွာခ်င္းဆိုင္က တစ္ဖက္ခုံမွာ ဝင္ထိုင္လိုက္သည္။
သုတရဲ႕စကားေၾကာင့္ ကတ္ကတ္က ႏႈတ္ခမ္းေလးဆူလိုက္ကာ
"အို...ကိုကိုကလည္း ကတ္ကတ္က ငယ္ငယ္ကတည္းက ဒီလိုပဲေခၚလာတာကို"
"အင္း..."
သုတ ထပ္ေျပာမေနေတာ့။ အခုတစ္ေခါက္ေတြ႕ၿပီး ေနာက္မေတြ႕ရေအာင္ တစ္ခါတည္းအျပတ္ဖ်က္လိုက္တာပဲေကာင္းမည္။ ဖြားဖြားက အန္တီသီတာနဲ႕ စကားေတြေျပာၿပီး သူတို႔ကို ေစ့စပ္ဖို႔ျပင္ဆင္ေနတာေတြ ကတ္ကတ္လည္း သိေလာက္မည္ပင္။
ဖြားဖြားကေတာ့ တကယ္ကို မေမးမျမန္း။ ကတ္ကတ္မွာလည္း သူ႕လို ခ်စ္သူရွိေနရင္ ဘယ္လိုလုပ္မလဲ။
Waiterေလးေရာက္လာေတာ့ သုတက espresso တစ္ခြက္မွာလိုက္ၿပီး ကတ္ကတ္က strawberry mikshakeမွာလိုက္၏။ ၿပီးေတာ့ သုတက waiterေလးအား cheese cakeႏွစ္တုံးေလာက္ ပါဆယ္ထုတ္ထားေပးဖို႔ေျပာလိုက္သည္။ ဆိုင္က လူက်ေနေတာ့ ကုန္သြားမွာစိုးလို႔ပင္။
ဆိုင္ေလးက vintageဆန္ကာ decorationေလးလည္း ေတာ္ေတာ္လွတာမို႔ ဟန္သာ့ကိုေခၚလာအုံးမည္ဟုလည္း သုတေတြးလိုက္မိသည္။ တကယ္ပါ။ ဟန္သာေလးက အခ်ိန္တိုင္းသုတရဲ႕ စိတ္ထဲမွာ...
"ကိုကို...ဖြားဖြားေျပာတဲ့ ကိစၥဘယ္လိုသေဘာရလဲ"
ကတ္ကတ္ဆီက စကားသံကိုၾကားမွ သုတအေတြးတို႔ျပန္စုမိ၏။
"အင္း ဟုတ္တယ္ ကတ္ကတ္... ကိုယ္အဲ့တာ ကတ္ကတ္ကိုေျပာမလို႔။ ဖြားဖြားက လုပ္လိုက္ရင္ဘုမသိ ဘမသိ။ ကတ္ကတ္မွာ ခ်စ္သူေတြဘာေတြရွိေနရင္ တကယ္အားနာစရာေတြပါကြာ"
"ကတ္ကတ္မွာ ခ်စ္သူမရွိေသးပါဘူး"
ကတ္ကတ္က "ကိုကို႔ကိုေစာင့္ေနတာေလ"လို႔ ေျပာလိုက္ရင္ျဖင့္ ကိုကိုလန့္သြားမလားမသိ။
"ဟုတ္လား...အင္း ငယ္ေသးတာကိုး။ ကိုယ့္မွာေတာ့ ခ်စ္သူရွိတယ္။ ဖြားဖြားကေတာ့ ထုံးစံအတိုင္းဘယ္သေဘာတူမလဲ။ ကတ္ကတ္နဲ႕စီစဥ္ခ်င္တာကိုပဲၾကည့္။ ကိုယ္က ဖြားဖြားဘာေျပာေျပာ နားေထာင္မွာမဟုတ္ေပမဲ့ ကတ္ကတ္ကိုလည္း အားနာလို႔ပါ။ အက်ိဳးအေၾကာင္းေျပာျပခ်င္တာ..."
ကတ္ကတ္က အခုပဲ Waiterေလးလာခ်သြားေပးတဲ့ အေအးခြက္ကပိုက္ကေလးကို လက္ဖ်ားေလးျဖင့္ အသာေမႊရင္း မ်က္လုံးကေလးပင့္ကာ သုတကိုေျပာ၏။
"ကိုကိုက အဲ့ေကာင္ေလးကို ရည္႐ြယ္ထားတာေသခ်ာၿပီေပါ့"
"ဘာကိုေျပာခ်င္တာလဲ ကတ္ကတ္"
သုတ စကားကိုနားမလည္တာမဟုတ္။ အဲ့လိုေမးလိုက္တဲ့ ကတ္ကတ္ကို နားမလည္တာပင္။
"မဟုတ္ပါဘူး။ ခ်စ္သူရည္းစားဆိုတာက တြဲတာက ဒီတိုင္းတြဲတာပဲေလ အခ်ိန္တန္ရင္ျပတ္မွာပဲ ကိုကိုက သူနဲ႕ အဆုံးထိသြားနိုင္ဖို႔ေသခ်ာလို႔လား"
ကတ္ကတ္ရဲ႕ စကားေၾကာင့္ သုတၿပဳံးမိသည္။ ေမးတဲ့ပုံကို မႏွစ္ၿမိဳ႕ေပမဲ့ ဒီကေလးဟာ...ေတာ္ေတာ္စကားအေျပာဆို မတတ္တာပဲဟုသာ ေကာက္ခ်ခ်က္မိ၏။
"အင္း...ကိုယ္က ေသခ်ာတယ္..."
"ဪ..."
ေပါင္ေပၚကလြယ္အိတ္ကိုကိုင္ထားတဲ့ ကတ္ကတ္ရဲ႕လက္တစ္ဖက္ဟာ ခပ္တင္းတင္းျဖစ္သြား၏။
မ်က္ႏွာမွာေတာ့ ခ်ိဳခ်ိဳသာသာပင္ သုတကိုၿပဳံးျပကာ...
"ေကာင္းပါတယ္...အားက်ပါတယ္ေနာ္ အဲ့ေကာင္ေလးကို။ ကတ္ကတ္လည္း အဲ့လိုအခ်စ္ခံခ်င္တာ..."
"ကတ္ကတ္က ငယ္ငယ္ေလးရွိေသးတာပဲ ေတြ႕မွာပါ"
အဲ့တာကေတာ့ သုတ စိတ္ရင္းပင္။ ကိုယ္ငယ္ငယ္က ညီအရင္းေလးလို ရင္းႏွီးခဲ့ရတဲ့ေကာင္ေလးကို ေပ်ာ္႐ႊင္ေစခ်င္တာ အမွန္ပင္ျဖစ္ပါသည္။
"ဖြားဖြား အဲ့ကိစၥထပ္ေျပာရင္ ကတ္ကတ္က ျငင္းေပးပါ့မယ္ကိုကို"
"နားလည္ေပးလို႔ ေက်းဇူးပါကတ္ကတ္"
"ဟုတ္ကဲ့...ကိုကို႔ေကာင္ေလးနဲ႕ ႀကဳံရင္မိတ္ဆက္ေပးေလ..."
"အင္း ကတ္ကတ္...သူက သိပ္ခ်စ္ဖို႔ေကာင္းတာ... ကတ္ကတ္ထက္ေတာ့တစ္ႏွစ္ငယ္တယ္"
သိပ္မပူေတာ့ဘဲ အနည္းငယ္ေႏြးသြားၿပီျဖစ္တဲ့ ေကာ္ဖီခြက္ကိုကိုင္ကာ သုတ ျဖည္းညင္းစြာ ေကာ္ဖီတစ္ငုံကို အရသာခံေသာက္လိုက္၏။ စိတ္က ဟန္သာ့ဆီျပန္ေရာက္သြားတာမို႔ တစ္ခ်က္ၿပဳံးမိျပန္ပါသည္။ ထို႔ေနာက္...ကတ္ကတ္ဆီျပန္ၾကည့္ကာ...
"မမႏွင္းႏွင္းေရာ အဆင္ေျပလား"
"ဟုတ္ မမက ေဆးေက်ာင္းတက္ေနတာေလ..."
"ဟုတ္လား ကတ္ကတ္ေရာ ဘာတက္ေနတာလဲ"
"ကတ္ကတ္က YUမွာ Emajor sec yearေလ ကိုကိုရဲ႕"
ကတ္ကတ္ရဲ႕စကားေၾကာင့္ သုတက ဝမ္းသာစြာ...
"ဟာ ဟုတ္လား! ကိုယ္ေကာင္ေလးက first year ကေလ..."
ကတ္ကတ္စိတ္ကို မနည္းဆြဲဆန့္ထားရသည္။ ကိုကိုကေလ...စကားဆယ္ခြန္းေျပာရင္ ကိုးခြန္းေလာက္က သူ႕ေကာင္ေလးဆိုတာခ်ည္းပဲ။
အျမင္ကတ္လိုက္တာ အဲ့ေကာင္ေလးကို!
ဒါေပမဲ့ ကတ္ကတ္ရဲ႕ မ်က္ႏွာလွလွေလးကေတာ့ ၿပဳံးေနဆဲပင္။
"နာမည္ ဘယ္လိုေခၚလဲ ကိုကို"
"လင္းဟန္သာစိုးတဲ့ ၾကားဖူးလား"
"ဪ...ၾကားေတာ့မၾကားဖူးဘူး ကိုကို။ သူမွန္းသိတဲ့အခါက် ႏႈတ္ဆက္လိုက္ပါ့မယ္"
ဘယ္လိုပုံလည္း သိခ်င္တာ...ပုံေတာင္းၾကည့္လို႔ရေပမဲ့ သူ႕ခ်စ္သူကိုအမႊန္းတင္ေနမယ့္ ကိုကို႔ကို ကတ္ကတ္မျမင္ခ်င္ေတာ့...
"ကဲ! ကိုယ္သြားလိုက္အုံးမယ္ ကတ္ကတ္ေရာ ကားပါလား မပါရင္ ကိုယ္ကားငွားေပးလိုက္မလို႔"
သုတ လိုက္ပို႔ေပးဖို႔က ႏွစ္ေယာက္တည္းျဖစ္ေနတာထက္ lover seat မွာ ဟန္သာကလြဲၿပီး တျခား သူစိမ္းကို မတင္ခ်င္လို႔ပင္။
"ရတယ္ ကိုကို ကတ္ကတ္မွာ ကားပါတယ္။ သူငယ္ခ်င္းေတြနဲ႕လည္း ခ်ိန္းထားေတာ့ မျပန္ေသးဘူး"
"ဪဟုတ္ၿပီ အဲ့တာဆို ကိုယ္သြားၿပီ။ ဖြားဖြားကို ျငင္းေပးမယ္ဆိုလို႔လည္း ေက်းဇူးပါေနာ္"
"ဟုတ္ကဲ့ ကိုကို"
ကတ္ကတ္ကို ႏႈတ္ဆက္ၿပီးေနာက္...သုတက ေကာင္တာမွာ cheese cakeပါဆယ္မွာထားတာကို ဝင္ယူကာ ထိုင္သြားတဲ့ဝိုင္းအတြက္ ပိုက္ဆံရွင္းၿပီး ဆိုင္ထဲကေနထြက္သြား၏။
ထြက္သြားတဲ့ကိုကို႔ေက်ာျပင္ကိုၾကည့္ကာ ကတ္ကတ္ လက္သီးတို႔ကို တင္းၾကပ္စြာဆုပ္မိၿပီး ေအာက္ႏႈတ္ခမ္းကိုလည္း နာနာေလးဖိကိုက္မိသည္။
ကိုကိုက ခ်စ္သူရွိေနၿပီတဲ့...။
ငယ္ငယ္ကတည္းက ဖြားဖြားထားတို႔အိမ္မွာ သြားေဆာ့ရင္း သိခဲ့ရတဲ့ကိုကို႔ကို ကတ္ကတ္ သေဘာက်ခဲ့ရတာ...ကိုကို႔ဆီသြားခ်င္လို႔ ေမေမ ဖြားဖြားထားတို႔အိမ္သြားတိုင္း ငိုယိုၿပီး လိုက္သြားရတာကို...။ အၿမဲတမ္း အဲ့အိမ္ကိုအလည္သြားရင္ မမကသာမပါရင္မပါမယ္ ကတ္ကတ္ကေတာ့ပါၿပီးသားပင္။
တစ္ရက္ အဲ့အိမ္ေရာက္ေတာ့ ကိုကို႔ကိုမေတြ႕ေတာ့ ကတ္ကတ္ ငိုလိုက္ရတာ...ကိုကိုက ႐ြာကို အၿပီးေျပာင္းသြားတာတဲ့။ ကတ္ကတ္လက္မခံနိုင္ပါဘူး။ ကတ္ကတ္က ကိုကိုနဲ႕ကစားဖို႔ ေစာင့္ေနမွာ...ကိုကို ျပန္မလာမခ်င္း။
ငယ္ငယ္ကေတာ့ ကစားေဖာ္ကိုကိုမရွိလို႔ ဝမ္းနည္းခဲ့ေပမဲ့ တျဖည္းျဖည္းႀကီးလာတဲ့ထိ ကတ္ကတ္ ကိုကို႔ကို မေမ့နိုင္ခဲ့ပါ။ အဲ့ေတာ့မွ ကိုကို႔ကို ခ်စ္ေနမိမွန္း ကတ္ကတ္ ကိုယ့္ကိုယ္ကိုယ္ သိခဲ့ရပါသည္။
လြန္ခဲ့တဲ့ တစ္ပတ္က ေမေမက ကိုကိုျပန္ေရာက္ေနတယ္ေျပာေတာ့ ကတ္ကတ္မွာေပ်ာ္လိုက္သည္ျဖစ္ခ်င္းပင္။ ေနာက္ေန႕မွာပဲ ေမေမက ဖြားဖြားထားနဲ႕ ဖုန္းအၾကာႀကီးေျပာျဖစ္၏။ ကိုကိုနဲ႕ ကတ္ကတ္ကို ေစ့စပ္ေပးမလို႔တဲ့ ကတ္ကတ္မွာ အိပ္လို႔ေတာင္မေပ်ာ္...။
ကိုကိုက ဆယ္တန္းၿပီးတုန္းကလည္း ရန္ကုန္မွာလာေနသြားေသးေပမဲ့ တစ္ေနကုန္ အလုပ္သြားေနတာမို႔ ကတ္ကတ္တို႔မသိလိုက္။ ေရွ႕ႏွစ္ကလည္း ေမေမက Europeေရာက္ေနေတာ့ ဖြားဖြားထားတို႔အိမ္မသြားျဖစ္။ ဒီႏွစ္မွသာျမန္မာျပည္ျပန္ေရာက္ၿပီး ဖြားဖြားထားဆီသြားရင္း ကိုကိုနဲ႕ဆုံျဖစ္ေတာ့သည္။
ကိုကိုက ကတ္ကတ္ထက္တစ္ႏွစ္ႀကီးတာမို႔ အခုဆို အသက္(၁၉)ရွိေနေလာက္ၿပီ။ အသက္(၇)ႏွစ္အ႐ြယ္ထိကိုကို႔ကိုသာ ျမင္ဖူးခဲ့တာမို႔ အသက္(၁၉)ႏွစ္အ႐ြယ္ ကိုကို႔က ဘယ္လိုပုံျဖစ္ေနမလဲဆိုတာ ကတ္ကတ္တအားရင္ခုန္ေနမိသည္။ ေမေမကေတာ့ ေခ်ာတယ္လို႔ေျပာတာပဲ။
ဒီေန႕ ေကာ္ဖီဆိုင္ထဲဝင္လာတဲ့ ကိုကိုက ကတ္ကတ္ကိုေခၚေတာ့ ေမာ့ၾကည့္မိလိုက္တာ...
ကိုကိုက...
တအားေခ်ာတာပဲ။
အရပ္အရွည္ႀကီးကိုမွ ထြားလြန္းတဲ့ခႏၶာကိုယ္နဲ႕ ရင္အုပ္က်ယ္ႀကီးေၾကာင့္ ကတ္ကတ္ အဲ့ဒီရင္ခြင္ႀကီးထဲ တိုးဝင္ပစ္ခ်င္တာ အႀကိမ္ႀကိမ္အခါခါပင္...
ဒါေပမဲ့ ကိုကို႔မွာ ခ်စ္သူရွိေနၿပီတဲ့။
ကတ္ကတ္ရဲ႕ လက္သီးဆုပ္ေလးက ပိုမိုတင္းၾကပ္သြားသည္။
ခ်စ္သူတဲ့! တစ္သတ္လုံးမျပတ္ေတာ့မယ့္အတိုင္းပဲ။ မုန္းလိုက္တာ...! ကိုကို ကတ္ကတ္ကို ခ်စ္လာေအာင္ ဘယ္လိုလုပ္ရမလဲ...။
**
AN// Fic Cover Photoေလး Changeထားတယ္ေနာ္...။ ပုံအၾကည္ရရင္ လာတင္ေပးပါ့မယ္ရွင့္🤍
ဟဲဟဲ...ဇာတ္လမ္းက ခုမွစမွာ!