ဒဏ္ဏာရီလာသရဲပုံ​ပြင်တွေကို ဇေ...

By Mochi_Lily_3012

237 33 2

စနေနေ့တိုင်း တစ်ပတ်တစ်ပိုင်း update ရှိပါမယ်ရှင့်။ BL Horror Survival။ ကြောက်ပေမဲ့လည်း ဆက်ဖတ်ချင် ၊ ကြောက်နေတ... More

Story Description
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅ ။
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အāĔĺĸ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း (၄၆) ။
အခန်း (၄၇) ။
အခန်း (၄၈) ။
အခန်း (၄၉) ။
အခန်း (၅၀) ။
အခန်း (၅၁) ။
အခန်း (၅၂) ။
အခန်း (၅၃) ။
အခန်း (၅၄) ။
အခန်း (၅၅) ။
အခန်း ၅၆ ။
အခန်း ၅၇ ။
အခန်း ၅၈
အခန်း ၅၉ ။

အခန်း ၂၁

3 0 0
By Mochi_Lily_3012


Unicode

အခန်း ၂၁ ။

"ဉာဏ်ကြီးရှင်လေး။"

ချင်ကျိုးက လင်ယိကို စိုက်ကြည့်ရင်း သူ့မှတ်စုကို မဖွင့်သည့်တိုင်အောင် လင်ယိ၏ မျက်နှာကို တွေ့လိုက်ပြီးနောက် သူ့မှတ်စုထဲက အဖြေက ထင်ရှားသွားသည်။

"မသေချာတဲ့ အရာတစ်ခုတော့ ရှိတယ်။" ချင်ကျိုးက ပြောသည်။ "ငါ ပြောစရာလိုသေးလား?"

လင်ယိသည် သူ့လက်ထဲတွင် စာတစ်စောင်ကို ကိုင်ထားသည်။ "စီနီယာ ပြောဖို့ မလိုပါဘူး၊ ကျွန်တော်သိတယ်"

သူတို့သည် ၇.၇မကောင်းဆိုးဝါးအား မကောင်းဆိုးဝါးဟာ သူတို့ထဲမှာ ရှိနေပြီး သူ (သို့) သူမ ဖြစ်သည်ဟု ပြောပြတော့မည်ဖြစ်သည်။

ဤသည်မှာ လူ့မှတ်ဉာဏ်တွင် မတွေ့နိုင်သော တုံ့ပြန်မှုဖြစ်သည်။ ၇.၇စည်းမျဉ်းကမ္ဘာစတည်းက မကောင်းဆိုးဝါးက တုပ၍မရသောအရာလည်း ဖြစ်သည်။

ထို့ကြောင့် မကောင်းဆိုးဝါးအား ဖော်ထုတ်နိုင်လိမ့်မည်။

သို့သော် ၇.၇မကောင်းဆိုးဝါးက ဒါကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ မသိသလိုမျိုး ၇.၇မကောင်းဆိုးဝါး ဘယ်လိုတုံ့ပြန်မယ်ဆိုတာကိုလည်း သူတို့နှစ်ယောက်လုံး မသိကြပေ။ မသေချာသည့် အချက်ကတော့ ၇.၇မကောင်းဆိုးဝါးရဲ့ တုံ့ပြန်မှုက သူတို့ကို ချက်ချင်းသတ်ပစ်မည်လားဆိုသည်ကိုပင်။ .

နောက်ဆုံးတွင်၊ ၇.၇မကောင်းဆိုးဝါးများအတွက်တော့၊ နှုတ်ပိတ်ရန် သတ်ဖြတ်ခြင်းအား သင်ယူရန် မလိုအပ်ချေ။

ချင်ကျိုးက ပြောလိုက်၏။ "မနက်စာ စားချိန်က ပြီးသွားပြီ၊ သူတို့ပြန်ရောက်သင့်ပြီ"

စကားပြောပြီးနောက် တတိယထပ်ရှိ စင်္ကြံတွင် ခြေသံများ ထွက်ပေါ်လာလေသည်။

ထို့နောက် အခန်း ၃၀၄ တံခါးပေါ်တွင် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့လေ၏။ ချင်းယန် ၏ အသံသည် အပြင်ဘက်မှ ထွက်ပေါ်လာသည်။ "အစ်ကိုလင်ယိ... အဆင်ပြေရဲ့လား"

သူတို့သည် ရွှိရှားကျီ၏ ရဲနေသောနှာခေါင်းနှင့် ရောင်နေသော မျက်နှာအား မနက်စာစားရင်း မြင်ပြီးဖြစ်လိမ့်မည်။ အနည်းငယ်မေးမြန်းပြီးနောက်တွင် ရွှိရှားကျီဟာ မနေ့ညက လင်ယိ၏ဗီရိုအား သူ့အခန်းထဲသို့ ရွှေ့ထားကြောင်းကို သိပြီးသားဖြစ်လိမ့်မည်။

ချင်ကျိုးသည် လင်ယိကိုကြည့်ကာ ခေါင်းကို အနည်းငယ်ညိမ့်ပြလိုက်သည်။ "သွားရအောင်"

လင်ယိ၏လက်ဖဝါးများက ချွေးများထွက်ကာ ချွေးများက မှတ်စုအတွင်းရှိ မှင်များကို ညစ်ညမ်းစေကာ ရေးသားထားသော စကားလုံးများကို ပြန့်သွားစေခဲ့သည်။

စာရွက်ပိုင်းလေးပေါ်တွင် ရေးသားထားသည်မှာ စကားလုံးနှစ်လုံးသာဖြစ်သည် - ချင်းယန်

"စီနီယာလည်း သတိထား။"

ချင်ကျိုးဟာ သူ တစ်ခုခုလုပ်မည်ဆိုတိုင်း ထိုသို့ပြောသည်ကိုတွေးရင်း သူလည်း ချင်ကျိုးကို ပြောဖို့ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီ။" ချင်ကျိုး ပြန်ဖြေလိုက်သည်။ ပထမဆုံးအကြိမ် မကောင်းဆိုးဝါးကို ရှာဖွေရသော လင်ယိနှင့်ယှဉ်လျှင် ချင်ကျိုးသည် အေးဆေးနေပြီး ညစာစားပွဲသို့ သွားနေသကဲ့သို့ပင် ခံစားနေရလေသည်။

လင်ယိလည်း ခေါင်းညိတ်ပြပြီး တံခါးဆီသို့ လျှောက်သွားလိုက်၏။

"ဉာဏ်ကြီးရှင်လေး။"

သူ့နောက်တွင်ရှိနေသော ချင်ကျိုးက သူ့ကို ထပ်ခေါ်သည်။

ထိုအခါ၌ လင်ယိက ချင်ကျိုးကို ပြန်လှည့်ကြည့်လိုက်၏။ "?"

"ထားလိုက်ပါတော့ ၊ ဒီနေရာကနေ ထွက်လို့ရချိန်ထိ မင်းရဲ့ကတိအတိုင်း တောင်းဖို့ကို စောင့်လိုက်ဦးမယ်။" ချင်ကျိုးက တံခါးဆီသို့ မေးဆတ်ပြသည်။ "သူက မင်းကို လိုက်ရှာနေရမယ့် ဒုက္ခကနေ လွတ်အောင် လုပ်ပေးလိုက်တာပဲ"

လင်ယိက ပြန်ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီလေ"

တံခါးကိုဖွင့်လိုက်ချိန်တွင် ချင်းယန်က အဝတွင် ရူးကြောင်ကြောင်နှင့်ရပ်နေသည်။ သူသည် နောက်တစ်ကြိမ်ခေါက်ရန်အတွက် လက်ကိုမြှောက်ထားသည်။

"ဒါက ၊ အာ၊ ကျွန်တော် ရွှိရှားကျီ ပြောတာကြားတယ်..." ချင်းယန်က သူ၏လည်ပင်းနောက်ကို လှမ်းကိုင်လိုက်သည်။ "အစ်ကိုလင်ယိ ၊ အစ်ကို အဆင်ပြေရဲ့လား"

"တော်တော်လေး အဆင်ပြေပါတယ်။" လင်ယိသည် ချင်းယန်ကိုကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ "ချင်းယန်၊ ငါ မင်းကို ပြောစရာရှိတယ်"

"ဟင်?" ချင်းယန်သည် လင်ယိကို လေးနက်သော မျက်နှာဖြင့် ကြည့်ကာ ပြောလိုက်၏။ "ပြောလေ၊ ဘာလဲ?"

လင်ယိက ပြောလိုက်သည်။ "မင်းအခန်းထဲ သွားပြီး စကားပြောရအောင်"

ချင်းယန်သည် အခန်း ၃၀၄ အတွင်းသို့ တစ်ချက်ကြည့်လိုက်ပြီး သူ့အကြည့်အောက်တွင် အခန်းပြင်သို့ ထွက်လာခဲ့သည်။ လင်ယိနှင့် တူညီသော အကွာအဝေးသို့ ရောက်သောအခါတွင် သူက လင်ယိ၏ ပုခုံးကို လက်ဖြင့် ပုတ်ကာ "သေချာမေးခဲ့" ဟု ပြောလေသည်။

ထို့နောက် ချင်းယန်ကို ကြည့်ကာ မေးသည်။ "မနက်စာကျန်သေးလား?"

"ဘာမေးမှာလဲ?" ချင်းယန် ဘာမှမသိတော့ချေ။ "မနက်စာက ကျန်သေးတယ်လေ၊ ခေါင်းဆောင်နဲ့ အကိုလင်ယိအတွက် ချန်ထားတယ်။"

ချင်ကျိုးက ဘာမှပြန်မပြောဘဲ လှည့်ထွက်သွားသည်။

ချင်းယန် ထူးဆန်းသလို ခံစားလိုက်ရပြီး ချင်ကျိုး ခပ်လှမ်းလှမ်းသို့ အရောက်တွင် လင်ယိကို အလျင်အမြန် မေးလိုက်သည်။ "အကို လင်ယိ၊ ဘာဖြစ်နေတာလဲ ၊ ဘာဖြစ်တာလဲ?"

လင်ယိက ပြောလိုက်၏။ "မင်းအခန်းထဲ သွားပြီး စကားပြောကြမယ်"

ချင်းယန်က ခဏတာစဉ်းစားလိုက်သည်။ "အိုကေ!"

ချင်းယန် ၏ အခန်း ၃၀၃သည် လင်ယိ ၏ အခန်း ၃၀၄ နှင့်ကပ်ရပ် ရှိနေသည်။ လင်ယိသည် ချင်းယန်နှင့်အတူ အခန်း ၃၀၃ သို့ မလိုက်သွားမီတွင် စောင့်ဆိုင်းနေခဲ့သည်။

အခန်း ၃၀၃ သို့ မ၀င်မီ လင်ယိသည် ချင်ကျိုးထွက်ခွာသွားသည့် ဦးတည်ရာဆီသို့ တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။

ချင်ကျိုးသည် အောက်ထပ်သို့ မဆင်းဘဲ ကျိုးလင်လင် ရှိရာ အခန်း ၃၀၁ သို့ ပြန်လှည့်သွားလေသည်။

ချင်းယန် တစ်ခုခုရိပ်မိသွားမည်ကို စိုးရိမ်သောကြောင့် လင်ယိက နောက်ထပ်မကြည့်ဝံ့တော့ဘဲ အခန်း ၃၀၃ ထဲသို့ ချင်းယန်နောက်မှ လိုက်ဝင်သွားခဲ့သည်။

အခန်း ၃၀၃ တံခါးဝမှာ ရပ်နေသည့် လင်ယိက စဉ်းစားပြီး တံခါးပိတ်ဖို့ ဆုံးဖြတ်လိုက်သည်။

အကယ်၍ ချင်းယန်သည် ၇.၇ မကောင်းဆိုးဝါးမဟုတ်ပါက တံခါးဖွင့်ထားမိခဲ့လျှင် ချင်းယန်၏ တုံ့ပြန်မှုကို တကယ့် ၇.၇မကောင်းဆိုးဝါးက သင်ခန်းစာယူနိုင်သွားမည်မှာ မကောင်းသောအရာပင်။

ဒါက သူတို့ရဲ့ နောက်ဆုံးအခွင့်အရေး၊ သူတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။

ကလစ်။

လင်ယိသည် အခန်း ၃၀၃ တံခါးကို ကိုယ်တိုင်ကိုယ်ကျ ပိတ်လိုက်ပြီးနောက်၌ ချင်းယန်နှင့် အလွန်နီးကပ်စွာ မနေရဲပေ။ ချင်းယန်သည်သာ ၇.၇မကောင်းဆိုးဝါးဖြစ်ခဲ့ပါက ယခု သူသည် မ‌ကောင်းဆိုးဝါးနှင့် နှစ်ယောက်ထဲ ရှိနေပြီး လင်ယိ၏ အခြေအနေမှာ ချင်ကျိုးထက် များစွာ အန္တရာယ်များလှပေသည်။ ၇.၇ မကောင်းဆိုးဝါးသည် လင်ယိကို အမြဲသတ်လိုသောကြောင့် ဖြစ်သည်။

"အစ်ကိုလင်ယိ?"

ချင်းယန်သည် လင်ယိဆီသို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ကာ သူ့မျက်နှာပေါ်တွင် စိုးရိမ်သော အမူအရာဖြင့် မေးလိုက်လေသည်။ "ဘာကိစ္စရှိလို့လဲ? ကျွန်တော့်ကို ကြောက်အောင်မလုပ်ပါနဲ့၊ တကယ်တော့ အစ်ကို ရယ်လိုက်လည်း အဆင်ပြေပါတယ်၊ အကိုကြီး ၊ ကျွန်တော်က သန်မာတယ်လို့ထင်ရပေမယ့် တကယ်တော့ တော်တော်ကြောက်တတ်တာ။ သတ္တိက အဲ့လောက်လေးပဲ ရှိတယ်။"

ပြောရင်းဖြင့် သူ၏ လက်ညိုးနှင့် လက်မကိုသုံးကာ အမူအရာလုပ်ပြလေသည်။

" ချင်းယန်" လင်ယိသည် ချင်းယန်၏အမူအရာကိုကြည့်ကာ ပြောလိုက်သည်။ "ဒါကိုမပြောခင် ငါ တောင်းဆိုစရာတစ်ခုရှိတယ်"

ချင်းယန် : "ဟင်? တောင်းဆိုစရာပါ ရှိသေးတာလား?"

အဲဒီအကြောင်းကို စဉ်းစားပြီးနောက် ချင်းယန် ပြောလိုက်သည်။ "ပြောလိုက်ပါ၊ ကျွန်တော့်အသက်ကို မထိခိုက်နိုင်ဘူးဆိုရင်တော့ ကျွန်တော် သေချာပေါက် လုပ်ပေးမှာပါ။"

ထို့နောက် လင်ယိက ပြောလိုက်လေသည်။ "စိတ်အေးအေးထားပြီး မအော်ပါနဲ့"

ချင်းယန်၏ နှလုံးသားနှင့် အသည်းများ တုန်လှုပ်သွားပြီး ဒီကိစ္စရဲ့ လေးနက်မှုကို သူ ခံစားလိုက်ရသည်။ စိတ်မရှည်စွာဖြင့် သူသည် လင်ယိထံသို့ ခြေလှမ်းအနည်းငယ်လှမ်းသွားလိုက်သည်။ "တော်တော် လေးနက်တာလား? ဒါဆို... ဒါဆို ကျွန်တော် အသက်ပြင်းပြင်းရှူပြီး စိတ်အခြေအနေကို အေးအေးထားလိုက်ဦးမယ်။"

ထိုသို့ပြောပြီးနောက် ချင်းယန်သည် ရပ်လိုက်ကာ လင်ယိနား ကပ်မနေတော့ပေ။

လင်ယိ၏ အကြည့်အောက်တွင် သူသည် အခန်းထဲကို နောက်ပြန်လှည့်ကြည့်ကာ ကုတင်ပေါ်တက်၍ ခေါင်းအုံးကို ကောက်ယူလိုက်သည်။

ခေါင်းအုံးကို လက်နှစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ်ကိုင်ထားပြီး စိုးရိမ်ပူပန်မှုများကို မျှဝေရန် ခေါင်းအုံးကို အသုံးပြုနေသည်။

ပြီးနောက် ချင်းယန်က ပြောလိုက်သည်။ "အစ်ကိုလင်ယိ၊ အဆင်သင့်ဖြစ်ပြီ ၊ ကျွန်တော် လက်ခံနိုင်မှာပါ။"

လင်ယိက အရင်ဆုံး မေးလိုက်၏။ "မင်း စည်းမျဉ်းလောကအကြောင်း ဘယ်လောက်သိလဲ?"

ချင်းယန်က ပြောသည်။ "ကျွန်တော် ဘာမှမသိဘူး။ ကျွန်တော်က စာမေးပွဲမှာလည်း အမှတ်မကောင်းဘူးလေ။ အဖေကဆို တစ်နိုင်ငံလုံးမှာ ကျွန်တော့်ကို လက်ခံမဲ့ ကျောင်းတစ်ကျောင်းမှ ရှိမှာ မဟုတ်ဘူးလို့တောင် ကျွန်တော့်ကို ပြောခဲ့တာလေ။ ကျွန်တော်က အမှိုက်ကောင်လိုတောင် ပြောခဲ့သေးတယ်။ ပြီးတော့ ဒီကျောင်းက ကျွန်တော့်ကို လက်ခံလိုက်တယ်လေ ၊ ဒီ သဘာ...သဘာဝလွန်..."

လင်ယိက ဖြည့်ပေးသည်။ "သဘာဝလွန်အင်ဂျင်နီယာတက္ကသိုလ်"

"ဟုတ်တယ်။ ဟုတ်တယ်။" ချင်းယန်က ပြောလိုက်သည်။ "ကျွန်တော့်အိမ်ကို ဒီကျောင်းကလက်ခံစာက ရောက်လာတာပဲ။ တကယ်လို့ ကျွန်တော့်မိဘတွေနဲ့သာ ရန်မဖြစ်ခဲ့ရင် ကျွန်တော်လည်း နိုင်ငံခြားသွားပြီးနေလောက်ပြီ။ ဒါပေမယ့် ကျွန်တော်လည်း ဒေါသထွက်ပြီး ဒီကိုလာခဲ့ရာကနေ ဒီကိစ္စထဲ ဝင်ပတ်သတ်မိတော့တာပဲ။"

"ဒီနေရာအကြောင်းကို အစ်ကို ကျွန်တော့်ကို အဲ့ညတုန်းကပြောခဲ့တဲ့ ဒါက ဂိမ်းတစ်ခုလိုပဲ၊ NPCတွေက လူသတ်နိုင်တယ်ဆိုတာကလွဲရင် ကျွန်တော် ဘာမှမသိဘူး။"

လင်ယိက ပြောသည်။ "ဒါက စည်းမျဉ်းလောကပဲ ၊ ကျောင်းသားသမဂ္ဂ နံပါတ် ၇.၇"

ချင်းယန် : "ပြီးတော့?"

လင်ယိက ဆက်ပြောသည်။ "အုပ်ချုပ်တဲ့ကမ္ဘာတစ်ခုစီမှာ ခေါင်းဆောင်တစ်ယောက်ရှိတယ်၊ ဒီက ခေါင်းဆောင်ကိုက ၇.၇မကောင်းဆိုးဝါးလို့ ခေါ်တယ်"

ဒီတစ်ကြိမ်မှာတော့ ချင်းယန် မေးတာကို မစောင့်ဘဲ လင်ယိက အရင်ပြောလိုက်သည်။ "ဒါက တကယ့် မကောင်းဆိုးဝါးပဲ၊ ဟုတ်တယ်၊ အဲ့တာက မင်းခေါင်းထဲမှာ အခု စိတ်ကူးယဉ်နေတာတွေပဲ"

"သေရော။"

ချင်းယန်သည် လင်ယိ၏တောင်းဆိုချက်ကို ချက်ချင်းသတိရသွားသည်။ သူသည် ပါးစပ်အား လက်ဖြင့်အုပ်ထားလိုက်ပြီး မေးလိုက်သည်။ "တကယ့် မကောင်းဆိုးဝါးလား?"

လင်ယိက ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်။"

"အဲ့တာက...ဘယ်မှာလဲ" ချင်းယန် က ခေါင်းအုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ လင်ယိက သူ ကြောက်ရွံ့နေသည်ကို မြင်နိုင်သည်။ သူ့လက်ဆစ်တွေတောင် ဖြူသွားသည်လေ။

"အဲဒါက..." လင်ယိက ချင်းယန်ကို စိုက်ကြည့်လိုက်သည်။ "ငါတို့ကြားမှာ။"

ချင်းယန်က နောက်ကလိုက်ပြောသည်။ "ကျွန်တော်တို့ကြားမှာ?"

"ဟုတ်တယ် ငါတို့ကြားမှာ။" လင်ယိက ပြောသည်။ "ငါတို့ထဲက တစ်ယောက်က မကောင်းဆိုးဝါးပဲ။"

.....................

တစ်ဖက်က အခန်း ၃၀၁တွင်..........

ကျိုးလင်လင်က ရုတ်တရက်ဝင်လာသော ချင်ကျိုးကို တွေ့လိုက်သောအခါ၌ အံ့အားသင့်သွားလေသည်။

"စီနီယာချင်?" ကျိုးလင်လင်က ချင်ကျိုးကို သံသယနှင့် ကြည့်လိုက်သည်။

ချင်ကျိုးသည် အခန်း ၃၀၁ကို တိုတိုတုတ်တုတ် ဝေ့ကြည့်လိုက်ပြီးနောက် ကျိုးလင်လင်အား ကြည့်လိုက်သည်။ "ကဲ မင်းလည်း စိတ်ငြိမ်သွားပြီဆိုတော့ ငါတို့ စကားပြောလို့ရမလား"

ကျိုးလင်လင် ခေါင်းငုံ့လိုက်သည်။ ချင်ကျိုးဟာ မနေ့တုံးက ပထမထပ်မှ အိမ်သာမှာ ဘာဖြစ်သွားတာလဲဆိုသည်ကို မေးဖို့ လာခဲ့သည်ကို ချင်ကျိုး၏စကားများမှ သူမ ခန့်မှန်းနိုင်ပေသည်။

သို့သော် ကျိုးလင်လင်က အဲဒါကို လုံးဝမတွေးချင်တော့ပေ ၊ ကြောက်စရာကောင်းလှသည်။

လီယင်း၏ သေဆုံးမှုသည် ဝမ်သွော့၏သေဆုံးခြင်းထက် ပိုကြောက်စရာကောင်းသည်။ ဝမ်သွော့၏သေဆုံးမှုသည် ထူးထူးဆန်းဆန်းဖြစ်သော်လည်း ထိုအချိန်က အခန်း ၁၀၃ ရှိ စားသောက်ခန့်တွင် လူများစွာ ရှိခဲ့သည်။

သို့သော် လီယင်း သေဆုံးသည့်နေရာတွင်တော့ သူမတစ်ဦးတည်းသာ ရှိခဲ့သည်။

ချင်ကျိုးဟာ ထိုင်နိုင်ပါက ဘယ်တော့မှ မတ်တပ်ရပ်မှာ မဟုတ်ချေ။ သူက ဧည့်သည်တစ်ယောက်ဖြစ်သော်လည်း အိမ်ရှင်တစ်ယောက်အသွင်ဖြင့် ထိုင်လိုက်ကာ ကျိုးလင်လင်ကိုကြည့်၍ ပြောလိုက်လေ၏။ "ဘာဖြစ်ခဲ့လဲဆိုတာကို ပြောပြပါ"

ကျိုးလင်လင် ခေါင်းယမ်းလိုက်သည်။

"ဂျူနီယာ ညီမ ကျိုးလင်လင်၊ မင်းက ဒီနှစ်မှာ ဒုတိယနှစ်တက်နေတာနော်၊ ​​ဒီနေရာနဲ့ ပတ်သက်ပြီး ထပ်ပြောပြစရာလိုသေးလား" ချင်ကျိုးသည် သူ့လက်ညိုး၏ ဒုတိယလက်ချောင်းဘေးရှိ လက်မကို ညင်သာစွာ ပွတ်သပ်လိုက်ရာ သူ့လေသံက ပေါ့ပါးခြင်းမရှိသလို လေးနက်နေပုံလည်း မပေါ်ပေ။ "မင်း ငါ့ကို မပြောရင်၊ နောက်သေမယ့်လူက မင်း ဖြစ်လိမ့်မယ်။"

ကျိုးလင်လင်က သူမမျက်နှာကို နာကျင်စွာ ဖုံးအုပ်လိုက်သည်။ "ဘာလို့လဲ၊ ဘာလို့ ကျွန်မကို ရွေးချယ်ခဲ့တာလဲ?"

သူမသည် သဘာဝလွန်အင်ဂျင်နီယာတက္ကသိုလ်ကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ "ကျွန်မ ဒီတက္ကသိုလ်ကို ဝင်ခွင့်မလျှောက်ဖူးပါဘူး၊ ဘာကြောင့် ကျွန်မကို ရွေးချယ်ခဲ့ရတာလဲ!"

"ငါတို့ အားလုံးက ရွေးချယ်ခံခဲ့ရတာပဲ။" ချင်ကျိုးက ပြောလိုက်သည်။ "ငါလည်း ဘာကြောင့် ငါ့ကို ရွေးချယ်ခဲ့တာလဲဆိုတာကို သိချင်ပါတယ်၊ ဒါပေမယ့် အဲဒီမတိုင်ခင်မှာ ပထမအချက်က ၇.၇စည်းမျဉ်းကမ္ဘာကနေ လွတ်မြောက်ဖို့ပဲ"

ကျိုးလင်လင်၏ လက်ချောင်းများကြားသို့ မျက်ရည်များ စီးကျလာကာ ချင်ကျိုးက သူမအား တစ်ရှူး ပေးလိုက်သည်။ "မင်းရဲ့ စိတ်ခံစားချက်ကို ထိန်းညှိဖို့ သုံးမိနစ်လောက်က လုံလောက်သင့်တယ်၊ မဟုတ်ရင် သဘာဝလွန်အင်ဂျင်နီယာတက္ကသိုလ်ရဲ့ ပထမနှစ်မှာ မင်း အလကားအချိန်ဖြုန်းခဲ့သလို ဖြစ်နေမယ်။"

"ကျေးဇူးတင်ပါတယ် စီနီယာ"

ကျိုးလင်လင်သည် တစ်ရှူးကိုယူကာ မျက်ရည်များကိုသုတ်လိုက်သည်။ "၇.၇ စည်းမျဉ်းလောကထဲ ရောက်ပြီးတော့ ကျွန်မနဲ့ လီယင်းက ခွဲမရဘူး။ မိန်းကလေးဆိုလို့ ကျွန်မတို့နှစ်ယောက်ပဲ ရှိတာလေ။ ဒီနေရာမှာရှိတဲ့လူအားလုံး ကိုယ့်ဘာသာဂရုစိုက်ရတာနဲ့တင် အလုပ်ရှုပ်နေတာကို သိတယ်။ ဒါကြောင့် ကျွန်မတို့တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုပြီး ဂရုစိုက်ပေးဖို့ သဘောတူခဲ့ကြတာ။"

ချင်ကျိုးက ကုလားထိုင်ရဲ့ နောက်ကျောကို မှီပြီး ပျင်းရိနေပုံရပေမယ့် တကယ်တော့ သူ့အာရုံက သူ့ခြေဖဝါးပေါ်မှာ ရှိနေဆဲပင်။ သူနှင့် ကျိုးလင်လင်သည် သိပ်မနီးသော်လည်း အရမ်းလည်း မဝေးပေ။ အခြေအနေတစ်ခုရှိလျှင် သူသည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်ပြီး ချက်ချင်းတုံ့ပြန်နိုင်သည်။

"မနေ့က ချွိကျားလျန် သေခဲ့တယ်။ လီယင်းနဲ့ ကျွန်မက တတိယထပ် အိမ်သာကို မသွားရဲဘူး။ ဒုတိယထပ်ကို သော့ခတ်ထားတော့ ကျွန်မတို့ ပထမထပ်က အိမ်သာကိုသုံးခဲ့ကြတယ်။"

ကျိုးလင်လင်က ပြန်တွေးလိုက်သည်။ "စီနီယာ၊ စီနီယာလည်း သိပါတယ်၊ ဒီမှာ အိမ်သာက အများသုံးပဲ၊ ကျား ၊ မ ခွဲထားတာ မရှိဘူး၊ ဒါကြောင့် လီယင်းနဲ့ ကျွန်မက တစ်ကြိမ်မှာ တစ်ယောက်ပဲသွားကြတာ၊ အဲ့လိုဆို တစ်ခြားတစ်ယောက်က အပြင်မှာ ရပ်စောင့်နေလို့ရတယ်လေ အဲ့တာဆို ရှင်တို့ ယောကျ်ားလေးတွေမဝင်..... အဲ့တာက အရှက်မကွဲချင်လို့ အဲ့လိုလုပ်ကြတာ။"

ချင်ကျိုး : "အင်း။"

ကျိုးလင်လင်က ဆက်ပြောသည်။ "ကျွန်မ မနေ့က အိမ်သာကို အရင်သုံးတာ၊ အပြင်မှာ လီယင်းက လှုပ်ရှားမှုအသံကျယ်ကြီးတွေကြားပြီး သူ အရမ်းကြောက်လို့ မြန်မြန်လုပ်ဖို့ ကျွန်မကို လှမ်းပြောနေတာ။"

ဤလှုပ်ရှားမှုသည် ချင်ကျိုးက ဒုတိယထပ်တံခါးကို ရိုက်ချိုးလိုက်သော အသံဖြစ်ရမည်။

"ကျွန်မလည်း သူ့ကို အထဲမှာ လာစောင့်ဖို့ပြောလိုက်တယ်၊ အခြေအနေအရတော့ ကြောက်စိတ်တွေ စိတ်ပူနေရတာတွေထက်တော့ အရှက်ကွဲတာကမှ သာသေးတယ်လေ။" ကျိုးလင်လင်က ပြောသည်။ "ဒါပေမယ့် လီယင်းက ဝင်မလာဘူး"

ချင်ကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ "ဘာလို့လဲ?"

ကျိုးလင်လင်က ဖြေသည်။ "ချင်းယန် ရောက်လာခဲ့လို့လေ။"

လက်ချောင်းများကို ပွတ်နေသည့် ချင်ကျိုး၏လှုပ်ရှားမှုမှာ ခဏတာရပ်တန့်သွားသည်။

ကျိုးလင်လင်က ဆက်ပြောလေသည်။ "ချင်းယန်လာတော့ သူက လီယင်းနဲ့ အပြင်မှာ စောင့်ပေးတယ်။ အဲ့တာနဲ့ ကျွန်မလည်း လီယင်းကို ဝင်လာဖို့ပြောမနေတော့ဘူး။ ကျွန်မပြီးသွားတော့ လီယင်းက တစ်လှည့်အိမ်သာကိုသုံးတယ်၊ ကျွန်မကတော့ အပြင်မှာစောင့်နေတာပေါ့။"

"ဒါပေမယ့် အပေါ်ကအသံတွေက ပိုပိုပြီးကျယ်လာတယ် ပြီးတော့ ချင်းယန်လည်း ဆက်ပြီးမအောင့်နိုင်တော့တဲ့ပုံပဲ။ ချင်းယန်ထွက်သွားတော့မလို့လုပ်နေတာကို ကျွန်မမြင်တော့ ကျွန်မလည်း ကြောက်နေခဲ့တာ။ ချင်းယန်က ကျွန်မကို အရင်ပြန်သွားဖို့ အကြံပေးတယ်။ သူ တစ်နေရာရာရှာပြီး ကိစ္စရှင်းပြီးသွားရင် သူ ဒီကိုပြန်လာပြီး လီယင်းကိုပြန်လာစောင့်ပေးမယ်ပြောတယ်။"

ချင်ကျိုးက ပြောလိုက်သည်။ "ဒီတော့ မင်းပြန်လာခဲ့တယ်ပေါ့။"

"ဟုတ်တယ်၊ ပြန်လာခဲ့တယ်။" ကျိုးလင်လင်ဟာ ဆို့နင့်နေသောအသံဖြင့် ပြောလိုက်သည်။

"ကျွန်မပြန်ရောက်တာ မကြာဘူး၊ လီယင်း တံခါးကိုလာခေါက်တဲ့အသံကြားရတာပဲ၊ သူက သိပ်နေမကောင်းလို့ အိပ်ရာထဲ ခဏလှဲနေမယ်လို့ ပြောတယ်။ သူက ညစာစားဖို့လည်း ကျွန်မနဲ့မလိုက်တော့ဘူးလို့ပြောတယ်။ ကျွန်မအထင်က လီယင်းက ကျွန်မသူ့ကိုမစောင့်လို့ စိတ်ဆိုးနေတယ်လို့ပေါ့။ ကျွန်မလည်း သူ့ကို ဂရုမစိုက်တာမဟုတ်ပါဘူးလို့ လီယင်းကို ရှင်းပြချင်တယ်။ သူနဲ့အတူ ချင်းယန်လည်း ရှိနေပြီး မှောင်လည်းမမှောင်သေးဘူးဆိုတော့ အန္တရာယ်မရှိနိုင်ဘူးလို့ပဲ ထင်ခဲ့တာ။ ဒါပေမယ့် ကျွန်မ သူ့အခန်းထဲကိုလိုက်သွားတော့ သူက အထဲမှာ ရှိမနေဘူးလေ။"

"သူ ညစာစားဖို့ အောက်ဆင်းသွားတယ်ပဲထင်ခဲ့တာ၊ အဲ့တာနဲ့ သူ့ကိုရှာဖို့ အခန်း၁၀၃ကို သွားခဲ့ပေမယ့် သူက အဲ့မှာလည်း ရှိမနေဘူး။ ကျွန်မ ပထမထပ်အိမ်သာဆီကို ပြန်ဆင်းသွားတော့မှ သူက ကျွန်မကို ကျောပေးပြီးရပ်နေတာကို တွေ့လိုက်ရတာပဲ..."

"လီယင်း၊ နင် ငါ့ကို စိတ်ဆိုးနေတာလား?"

ကျိုးလင်လင် အိမ်သာတံခါးရှေ့တွင်ရပ်၍ လီယင်းအား ထူးဆန်းစွာ မေးလိုက်သည်။ ပထမထပ်အိမ်သာ၏ မီးများသည် အကြောင်းတစ်ခုခုကြောင့် မထွန်းထားသည့်အပြင် မှောင်လည်းမှောင်နေလေပြီပင်။ ကျိုးလင်လင်သည် သူမကို လျစ်လျူရှုထားသည့် လီယင်း၏နောက်ကျောကိုသာ ရေးရေးလေးမြင်ရသည်။

"ငါ တမင်လုပ်တာမဟုတ်ပါဘူး။ ချင်းယန်က နင့်ကိုစောင့်ပေးနေမယ်လို့ ထင်ခဲ့လို့ပါ။ ငါတို့ သူနဲ့အတူရှိနေတာ ရက်နည်းနည်းလည်း ကြာပြီလေ။ အကုန်လုံးထဲမှာ ငါတို့ ချင်းယန်နဲ့ ပိုအဆင်ပြေကြတယ်မလား။ သူက ငါတို့ကို စောင့်ရှောက်ပေးပြီး နင်တောင်မှ သူက ကောင်းတဲ့လူတစ်ယောက်ပါလို့တောင် ပြောခဲ့သေးတယ်လေ။ အဲ့တာကြောင့် ငါ...ငါလည်း စိတ်ချခဲ့မိတာပါ..." ကျိုးလင်လင် များများပြောလေ ပိုပြီးအပြစ်ရှိသလို ခံစားလာရလေလေ ဖြစ်သည်။ သူမ အသက်ပြင်းပြင်းတစ်ကြိမ်ရှူလိုက်၏။ "ဟုတ်ပြီ၊ ငါ တောင်းပန်ပါတယ်။ နောက်တစ်ကြိမ်ထပ်မဖြစ်စေရဘူးလို့ ငါ ကတိပေးတယ်။ စိတ်မဆိုးပါနဲ့တော့နော် ၊ ဟုတ်ပြီလား?"

လီယင်းဟာ သူမကိုဆက်၍ လျစ်လျူရှုထားဆဲပင်။

ကျိုးလင်လင် အိမ်သာထဲသို့ ဝင်သွားခဲ့သည်။ အိမ်သာကြမ်းပြင်မှာ အလွန်ညစ်ပတ်နေသည်။ သူမအထဲသို့ဝင်လိုက်သည်နှင့် သူမဖိနပ်နှင့် ကြမ်းပြင်ထိတွေ့မှုကြောင့် "လျှပ် လျှပ်" ဆိုသော အသံတစ်ခု ထွက်နေကြစမြဲပင်။ သို့သော် ဤတစ်ကြိမ်တွင်တော့ ကျိုးလင်လင်၏ခြေလှမ်းများလှမ်းလိုက်တိုင်း "ပွက် ပွက်" ဆိုသော အသံတစ်ခုသာထွက်လာလေသည်။

အဲ့တာက ဗွက်ပေါ်တွင် လျှောက်နေရသလိုပင်။

သူမတစ်ခုခုမှားနေကြောင်း သတိပြုမိပြီး ရပ်လိုက်သည်။

ဖိနပ်များဝတ်ထားသည့်တိုင် သူမ၏ခြေထောက်အောက်မှ စေးကပ်မှုကို သူမ ခံစားနိုင်သေးသည်။

မည်သို့ပင်ဆိုစေ ၊ ကျိုးလင်လင်၏ အာရုံများသည် လီယင်းဆီတွင်သာ ရှိနေသည်။ သူမသည် ထူးဆန်းမှုများကို ခဏဘေးဖယ်ထားလိုက်သည်။

လီယင်း၏နောက်ကျောကိုစိုက်ကြည့်ရင်း သူမ ပြောလိုက်၏။

"စိတ်မဆိုးနဲ့တော့နော် လီယင်း၊ ညစာစားချိန်ရောက်ပြီလေ။ နင် နေ့လည်တုန်းက ဘာမှသိပ်မစားထားဘူးမလား ။ ဗိုက်မဆာဘူးလား?"

လီယင်းက တိတ်ဆိတ်နေဆဲပင်။

ထိုသို့ အချိန်အကြာကြီး လျစ်လျူရှုသည်ကိုခံလိုက်ရသည့် ကျိုးလင်လင်ထံတွင် တစ်ခုခုမှားနေပြီဟု ထင်သည့်စိတ်များက ပို၍ခိုင်မာလာလေသည်။

"အခု...အခုမှောင်လာပြီလေ။ ပြတင်းပေါက်ကနေ NPC ဝင်မလာနိုင်အောင်တားဖို့ဆိုရင် နင် အားရှိဖို့လိုတယ်လေ၊ ဟုတ်တယ်မလား?" ကျိုးလင်လင်၏ အသံမှာ တုန်ခါနေသော်လည်း လီယင်းကတော့ ဘာမျှပြန်မပြောသေးပေ။

ကျိုးလင်လင်လည်း ရှုပ်ထွေးပြီး အသံတိတ်သွားတော့သည်။

သူမ စကားပြောနေသည်ကို ရပ်လိုက်သည့်အချိန် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

တိတ်ဆိတ်လွန်း၍ ကျိုးလင်လင်ဟာ သူမ၏အသက်ရှူသံကိုပင် ကြားနိုင်လေ၏ - သို့သော် လီယင်း၏အသက်ရှူသံကိုတော့ မဟုတ်ချေ။

"လီ...လီယင်း၊ ငါ့ကိုမခြောက်ပါနဲ့၊ နော်?" ကျိုးလင်လင် ငိုလိုက်တော့သည်။ "မှောင်နေပြီ၊ ပြန်ကြရအောင်၊ ငါ့ကို စိတ်မဆိုးနေပါနဲ့တော့။"

ပြောရင်းဖြင့်၊ ကျိုးလင်လင်သည် သူမ၏သတ္တိများကို စုဆောင်းကာ လီယင်းအား ထိရန်ပြင်လိုက်သည်။ သူမလက်များကို ဖြည်းဖြည်းချင်းဆန့်ထုတ်ရင်း သူမလက်ချောင်းလေးများကို ဆန့်လိုက်သည်။ လီယင်း၏ ပုခုံးကိုထိရန် သူမ အားတော်တော်ယူလိုက်ရ၏။

ထို့နောက် ဖွဖွလေးသွားထိလိုက်သည်နှင့် -

ဘန်း!!!!

လီယင်းလဲကျလာသည်။

လီယင်းလဲကျသွားသည်နှင့် တစ်စုံတစ်ခုက ကျိုးလင်လင်အား လာစင်လေသည်။

ကျိုးလင်လင် သူမမျက်နှာကိုထိလိုက်ရာ သူမ၏လက်ချောင်းများသည်လည်း သူမခြေထောက်အောက်က စေးကပ်မှုမျိုးကို ခံစားလိုက်ရသည်။

ကျိုးလင်လင်ဟာ ထိုအရာ ဘာလဲဆိုသည်ကို သိနေလေ၏။

သူမပါးစပ်ဖွင့်လိုက်သော်လည်း အသံပင် ထွက်မလာတော့ချေ။

ထိုအချိန်တွင် အိမ်သာထဲမှ မီးများပွင့်လာလေသည်။

အခန်းထဲတွင် လင်းသွားပြီးနောက် လီယင်းသေနေသည်ကို ကျိုးလင်လင်မြင်လိုက်ရတော့သည်။ သူမသည် သူမဖိနပ်များအောက်ရှိ သွေးအိုင်ကြီးကို မြင်လိုက်ရသည်။

ထို့နောက် သူမ ဒုတိယအကြိမ်အော်လိုက်သည်။

အားးးးးးးးးးးးးးးးးးးးးးးးးးးး

......

"ကျွန်မ လီယင်းကို ထိခိုက်အောင်လုပ်ခဲ့မိတာလား?" ကျိုးလင်လင် နာကျင်စွာဖြင့် သူမမျက်နှာကိုဖုံးလိုက်သည်။

ထိုအရာဟာ သူမ မျက်နှာချင်းမဆိုင်နိုင်သည့်အရာဖြစ်ပြီး မနေ့က လင်ယိနှင့်ချင်ကျိုးတို့ သူမအား မည်သို့ပင်မေးပါစေ သူမ မဖြေနိုင်ခဲ့သည့်အရာဖြစ်သည်။

ယခု သူမ ပြောပြနေသည့်အချိန်တွင်ပင် မတည်ငြိမ်နေသေးပေ။ "စီနီယာ၊ အဲ့တာ ကျွန်မလား? ကျွန်မလားဟင်?"

"မင်း မဟုတ်ပါဘူး။" ချင်ကျိုးဟာ လင်ယိကို အတန်ကြာကြည့်နေပြီးနောက် ဖြေလိုက်သည်။

"လီယင်းကို သတ်ခဲ့တာက ၇.၇မကောင်းဆိုးဝါးပဲ။ လီယင်းတင် မဟုတ်ဘူး၊ ဝမ်သွော့ နဲ့ ချွိကျားလျန်၊ သူတို့တွေကိုလည်း ၇.၇မကောင်းဆိုးဝါးကပဲ သတ်ခဲ့တာ။"

ကျိုးလင်လင် ရုတ်တရက် ရပ်သွားကာ ချင်ကျိုးအား မျက်လုံးများထဲတွင် မျှော်လင့်ချက်များဖြင့် ကြည့်လိုက်သည်။

သူမသည် ၇.၇မကောင်းဆိုးဝါးက ဘာလဲဆိုသည်ကို မသိပေ။ သူမ ကြားဖူးသည်မှာ ၇.၇စည်းမျဉ်းလောကသာ ဖြစ်သည်။ သို့သော် ချင်ကျိုးဟာ လီယင်းကိုသတ်ခဲ့သူက ၇.၇မကောင်းဆိုးဝါးဖြစ်ပြီး သူမ မဟုတ်ကြောင်းပြောသည့်အတွက် ၇.၇မကောင်းဆိုးဝါး အမှန်တကယ်ရှိစေရန် သူမ မျှော်လင့်မိသည်။

ချင်ကျိုးက ပြောလိုက်သည်။ "၇.၇မကောင်းဆိုးဝါးဆိုတာက ၇.၇စည်းမျဉ်းလောကကို ဖန်တီးတဲ့သူပဲ။ မင်း သူ ဘယ်မှာလဲဆိုတာကို သိလား?"

ချင်ကျိုးဟာ ကျိုးလင်လင်၏ အမူအရာကို သေချာအာရုံစိုက်လိုက်သည်။

သူမ အလွန်အံ့အားသင့်နေသဖြင့် ကျိုးလင်လင်ဟာ ခဏတာမျှ ဘာစကားမှ မပြောနိုင်ချေ။

ချင်ကျိုးက ပြောသည်။ "ငါတို့နားမှာပဲ ရှိတယ်။ မင်း ငါ့ကို ဒီ့ထက်ပိုပြီး တိတိကျကျနဲ့ ရှင်းပြစေချင်လား?"

"ငါတို့ထဲကတစ်ယောက်က မကောင်းဆိုးဝါးပဲ။"

အချိန်အတန်ကြာပြီးနောက် ကျိုးလင်လင် တံတွေးမျိုချလိုက်သည်။ အလွန်ထိတ်လန့်နေသဖြင့် သူမ၏ မျက်ရည်များကိုသုတ်ဖို့ပင် မေ့နေလေသည်။ "၇.၇မကောင်းဆိုးဝါးက ကျွန်မတို့ထဲက တစ်ယောက်ပေါ့? ကျွန်မတို့ထဲက တစ်ယောက်? ကျွန်မတို့ ၈ယောက်ထဲက တစ်ယောက်လား?"

"မဟုတ်ဘူး၊ မှားတယ်။ လူတော်တော်များများသေကုန်ပြီ၊ ငါတို့ ၅ယောက်ပဲကျန်တော့တာ။" ရုတ်တရက် တစ်ခုခုကိုတွေးမိသွားပြီး ကျိုးလင်လင် ရုတ်ချည်းထရပ်လိုက်သည်။ "အဲ့တာက ချင်းယန်လား? လီယင်းနဲ့ နောက်ဆုံးတွေ့တဲ့လူက ချင်းယန်ပဲ။ ချင်းယန်က လီယင်းကိုသတ်ခဲ့တာ!"

ပြောရင်းဖြင့် ကျိုးလင်လင်ဟာ သူမပါးစပ်ကို လက်ဖြင့် ကာလိုက်သည်။ သူမ၏အသံဟာ သူမလက်ချောင်းများကြားထဲမှ တိုးဝှေ့ထွက်လာသည်။ "ချင်းယန်က ၇.၇မကောင်းဆိုးဝါးပဲ။ ကျွန်မတကယ်တော့...ကျွန်မတကယ်တော့ သူ့ကိုချင်းယန်နဲ့ စိတ်ချလက်ချထားခဲ့တာ ဒါပေမယ့် ကျွန်မက လီယင်းကို မကောင်းဆိုးဝါးလက်ထဲကို ထည့်ပေးခဲ့မိတာပဲ။"

ချင်ကျိုးဟာ ယခု ခုံနောက်မှီကို အားအကုန်ပို့၍ မှီထားလိုက်တော့သည်။ သူဟာ နောင်တရစွာဖြင့် ပြောလိုက်လေသည်။ "သူပဲ။"

မေးခွန်းများထပ်မေးရန် မလိုအပ်တော့ပေ။ ကျိုးလင်လင်၏ တုံ့ပြန်မှုမှာ ချင်ကျိုး၏စစ်ဆေးမှုကို အောင်မြင်သွားလေပြီ။

"မကောင်းဆိုးဝါးက ငါတို့ထဲမှာ ပုန်းနေတယ်" ဆိုသည့်စကားကို ကြားလိုက်ရချိန်တွင် မကောင်းဆိုးဝါး၏ တုံ့ပြန်မှုမှာ ကျိုးလင်လင်ကဲ့သို့ပင် ထိတ်လန့်တုန်လှုပ်၍ မယုံနိုင်သည့် အမူအရာကိုပြနိုင်ပေသည်။

သို့သော် လူတွေ၏ အခြေအနေတစ်ခုချင်းစီအတွက် တုံ့ပြန်မှုများကိုသာ အတုခိုးထားသည့် မကောင်းဆိုးဝါးများသည် လီယင်း၏သေဆုံးမှုနှင့် မကောင်းဆိုးဝါး၏တည်ရှိမှုကို ချိတ်ဆက်မိမည်မဟုတ်ချေ။

ထိုမကောင်းဆိုးဝါးသည် ကျိုးလင်လင်ကဲ့သို့သော အပြစ်ရှိသလိုခံစားနေရသည့် အမူအရာကိုလည်း ထုတ်ပြမည်မဟုတ်ပေ။ သူမ၏မျက်လုံးများကိုမှိတ်ပြီး အလွန်ရိုးသားစွာဖြင့် "လီယင်း၊ ငါ တောင်းပန်ပါတယ်။ ငါ တကယ်ကို တောင်းပန်ပါတယ်၊ ငါ နင့်ကို နာကျင်အောင် လုပ်ခဲ့မိတယ်..."

ချင်ကျိုးဟာ အလွန် နောင်တရနေသည်။

ကျိုးလင်လင်ထွက်သွားခြင်းကြောင့်သာ ၇.၇မကောင်းဆိုးဝါးက လီယင်းကို သတ်နိုင်ခဲ့တာကြောင့် နောင်တရနေမိ၏။ ထို့ပြင် အခန်း၃၀၃၌ လင်ယိနှင့်အတူရှိနေသူ ချင်းယန်မှာ ၇.၇မကောင်းဆိုးဝါးဖြစ်နေသောကြောင့် ပို၍ပင် နောင်တရနေမိသည်။

"ဉာဏ်ကြီးရှင်လေး..."

.........

အခန်း ၃၀၃၌..........

ချင်းယန် ထပ်ပြောပြန်သည်။ "ငါတို့ထဲမှာ?"

လင်ယိကလည်း ထပ်ပြောသည်။ "ဟုတ်တယ်။"

ချင်းယန် ထပ်ပြောသည်။ "ငါတို့ထဲမှာ?"

လင်ယိ သူ့ကို ကြည့်လိုက်သည်။ "၇.၇မကောင်းဆိုးဝါးက ငါတို့ထဲမှာ။"

ချင်းယန် ခေါင်းအုံးကို တင်းတင်းဖက်လိုက်သည်။ "၇.၇မကောင်းဆိုးဝါးက ငါတို့ထဲမှာ? ငါတို့ထဲမှာတဲ့လား?"

"ငါတို့ထဲက တစ်ယောက်က မကောင်းဆိုးဝါးပဲ။"

လင်ယိ ဘာမှထပ်မပြောတော့ချေ။ သူဟာ ၇.၇မကောင်းဆိုးဝါး၏တည်ရှိမှုကို ပြောပြခဲ့သည်မှာ ၁၀မိနစ်ကြာသွားပြီဖြစ်ပြီး ချင်းယန်ကတော့ "ငါတို့ထဲမှာ" ဆိုသည့်စကားကိုသာ ထပ်ခါတလဲလဲပြန်ပြောနေလေသည်။

လူများဟာ မယုံနိုင်စရာသတင်းကို ကြားလိုက်ပါက ဘာမှမတွေးနိုင်တော့သည်မှာ အမှန်ပင်။ သို့သော် ယခုတွင် ချင်းယန်၏ ကြောက်လန့်မှုနှင့် မယုံကြည်နိုင်မှုဟာ ကောင်းမွန်စွာ‌ရေးထားသော ပရိုဂရမ်တစ်ခုကဲ့သို့ ဖြစ်နေသည်ဟု လင်ယိခံစားနေရသည်။ ပို၍ သေချာစေရန် သူ ချင်းယန်ကို ဆက်၍မေးရပေဦးမည်။

"ချင်းယန်" လင်ယိက ပြောသည်။ "ငါ့ကို တာဝန်ကျခန်းထဲမှာ ပိတ်ထားတာ ဘယ်သူဆိုတာ မင်း ခန့်မှန်းနိုင်လား?"

ချင်းယန် သူ၏ခေါင်းကိုခါလိုက်သည်။ "အစ်ကိုလင်ယိ၊ ကျွန်တော့်မှာက တော်တော်နိမ့်တဲ့ IQ ရှိတာ။ ဒီတိုင်း ပြောပြလိုက်ပါ။ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး။"

လင်ယိက ပြောသည်။ "၇.၇မကောင်းဆိုးဝါးပဲ၊ သူ ဘာလို့ ငါ့ကိုပိတ်ထားလဲဆိုတာရော သိလား?"

ချင်းယန် ဆက်၍ ခေါင်းခါသည်။ "မသိဘူး။"

"ဘာလို့လဲဆိုတော့ ၇.၇မကောင်းဆိုးဝါးက ငါ့ကို သတ်ချင်နေလို့ပဲ။" လင်ယိဟာ ချင်းယန်၏ လှုပ်ရှားမှုတိုင်းကို အကဲခတ်နေလေသည်။ သူ ပြောလိုက်၏။ "ငါက ၇.၇မကောင်းဆိုးဝါးချမှတ်ထားတဲ့ မရဏစည်းမျဉ်းတွေကို တွေ့ခဲ့တဲ့သူပဲ၊ ပြီးတော့ ငါက ၇.၇စည်းမျဉ်းလောကကို ပျက်စီးအောင်လုပ်နိုင်တယ်လို့ သူ ထင်နေတယ်လေ ၊ ဒါကြောင့် သူက ငါ့ကို သတ်ချင်နေတာ။"

ချင်းယန် တွေးလိုက်ပြီး ပြောသည်။ "ကျွန်တော်အချိန်မှီရောက်လာတာ တော်သေးတာပေါ့။"

"အင်း"

လင်ယိဟာ ချင်းယန်၏စကားများကို ပြန်ချေပခြင်းမရှိပေ။ သူ ဆက်ပြောသည်။ "ငါ တာဝန်ကျခန်းထဲမှာတုန်းက ၇.၇မကောင်းဆိုးဝါးရဲ့ အသံကို ကြားလိုက်ရတယ်။ ဘယ်သူ့အသံဖြစ်မလဲလို့ မှန်းကြည့်။"

ချင်းယန် ခဏတာ ငြိမ်ကျသွားသည်။ "အစ်ကိုလင်ယိ၊ ကျွန်တော့်ဉာဏ်ရည်က ဟိုးအောက်ဆုံးမှာပါ။ အစ်ကို့ကိုလိမ်နေတာမဟုတ်ဘူး။ မဟုတ်ရင်၊ ကျွန်တော် ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ဆိုးဆိုးရွားရွားလည်း ဖြစ်ခဲ့မှာ မဟုတ်သလို ကျွန်တော်မိဘတွေနဲ့လည်း ရန်ဖြစ်ရမှာ မဟုတ်ဘူးလေ ၊ ပြီးတော့ ဒီလို ဆိုးရွားလွန်းတဲ့ တက္ကသိုလ်ကိုလည်း ရောက်လာမှာမဟုတ်ဘူး။ အစ်ကိုလင်ယိ ကျွန်တော့်ကို ခန့်မှန်းခိုင်းနေတာ ရပ်ပါတော့။ ကျွန်တော် ဘယ်တော့မှ အဖြေမှန်ရမှာမဟုတ်ဘူး။"

"အဲ့တာ မင်းအသံပဲ။" လင်ယိက ပြောလိုက်သည်။

ချင်းယန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ "ဟင်၊ ကျွန်တော့်အသံ?"

လင်ယိ ခေါင်းညိမ့်လိုက်သည်။ "အင်း ၊ မနေ့က စီနီယာက မင်းကို ငါ့အခန်းထဲခေါ်လာပြီး၊ မေးခွန်းတွေအများကြီးမေးတော့ မင်း စိတ်မရှည်တော့ဘူးနေမှာပေါ့။ ဟုတ်တယ်မလား?"

ချင်းယန် ပြောသည်။ "စိတ်မရှည်တာ မဟုတ်ပါဘူး။ ကျွန်တော်က အစ်ကို နဲ့ ခေါင်းဆောင်လုပ်နေတာကို ဖျက်ဆီးမိပြီ ထင်နေတာ။"

လင်ယိက ပြောသည်။ "ငါ မင်းကို ခုန်ခိုင်းခဲ့တယ်လေ။ ခန့်မှန်း...မေ့လိုက်တော့ ၊ မင်းကို ခန့်မှန်းခိုင်းမနေတော့ဘူး။ မင်းကို ခုန်ခိုင်းရတဲ့အကြောင်းရင်းက ၇.၇မကောင်းဆိုးဝါးက ငါ့ကိုသတ်ဖို့ ရွေးထားတဲ့ လက်နက်က တူချောင်းလေးဖြစ်နေလို့ပဲ။ တူတစ်ချောင်းသာ မင်း ကိုယ်က ပြုတ်ကျလာရင် အဲ့တာက မင်းက ၇.၇မကောင်းဆိုးဝါးဖြစ်တယ်လို့ ဆိုလိုတာပဲ။"

ချင်းယန် သူ့ကိုကြည့်လိုက်ပြီး ခဏကြာတော့ ပြောလိုက်သည်။ "အော် ဒါကြောင့်ကိုး။ ဒါဆို အစ်ကိုလင်ယိ အဆင်ပြေရဲ့လား?"

"ဒါပေမယ့် ဘာတူမှပြုတ်ကျမလာဘူး..." လင်ယိက ချင်းယန်ကို ကြည့်လိုက်သည်။ ချင်းယန်၏မျက်နာပေါ်မှ ကြောက်ရွံ့မှုများသည် သိချင်စိတ်များဖြင့် အစားထိုးလာသည့်အချိန်မှာပင် သူ စကားများကို ပြောင်းလိုက်သည်။ "ဒီတော့ မင်း တူကို ဘယ်နားဖွက်ခဲ့တာလဲ!"

ချင်းယန် သူ့ကိုငေးကြည့်နေသည်။

လင်ယိ ပြုံလိုက်ပြီး ပြောသည်။ "နောက်တာ"

ချင်းယန်လည်း ပြုံးလိုက်လေသည်။ "ဟားဟား၊ ထူးဆန်းလိုက်တဲ့ဟာသပဲ။ ကျွန်တော် မြောက်ဝင်ရိုးစွန်းရောက်နေတယ်တောင် ထင်သွားတယ်။"

"ဒါပေမယ့်..." လင်ယိ၏ အပြုံးများပျောက်ကွယ်သွားသည်။ "ငါနဲ့ စီနီယာချင်ကျိုးက မင်းကို ၇.၇မကောင်းဆိုးဝါးလို့ ထင်နေတုန်းပဲ။"

"ငါကလွဲရင် တခြားသူ ၇ယောက်၊ အဲ့ထဲမှာ မင်းတစ်ယောက်ထဲပဲ ငါ့ကို အစ်ကိုလင်ယိလို့ခေါ်တယ်။ တကယ့်ချင်းယန်အစစ်က သူနဲ့ရင်းနှီးတဲ့လူတွေကို ခေါ်တဲ့ပုံက 'အစ်ကို' ဖြစ်ရမယ်။ ပြီးတော့ ငါတစ်ယောက်ထဲကိုပဲ 'အစ်ကို'လို့ခေါ်ရတဲ့အကြောင်းရင်းကတော့ ချင်းယန်ရဲ့နောက်ဆုံးမှတ်ဉာဏ်ထဲမှာ ငါ ရှိနေခဲ့လို့ပဲ။ တည်းခိုခန်းတစ်ခုထဲမှာ ငါတို့အတူနေခဲ့ကြပြီး မင်းက ငါနဲ့သူကို့ ရင်းနှီးတယ်လို့ထင်နေတာလေ။"

"စီနီယာကလည်း ချင်းယန်ရဲ့ မှတ်ဉာဏ်ထဲမှာရှိခဲ့တာပဲ၊ ဒါပေမယ့် ချင်းယန်အစစ်က သူ့ကို တစ်ခါပဲမြင်ဖူးခဲ့တာ၊ ဒါကြောင့် မင်းက စီနီယာ့ကို 'အစ်ကို'လို့ မခေါ်တာ။"

လင်ယိဟာ ချင်းယန်၏ကြောက်ရွံ့မှုကို ထောက်ပြပြောဆိုသည်။ "မင်းပြောခဲ့တာ မင်းက သတ္တိမရှိဘူးလို့၊ ဒါပေမယ့် မင်း ဒုတိယထပ်က ဆူညံသံကိုကြားတော့ မင်းအခန်းထဲမှာထိုင်ပြီး ကိုယ့်အတွက်ကိုယ် စိတ်ပူနေရမယ့်အစား မင်းက ငါ့ကိုကယ်ဖို့ အပြင်ကိုထွက်လာတယ်။"

"ပြီးတော့ တံခါးနောက်မှာပုန်းနေတဲ့ အရာက ကြောက်ဖို့ကောင်းတယ်ဆိုပေမယ့်၊ ၇.၇စည်းမျဉ်းလောကမှာတော့ ပြတင်းပေါက်တွေက တံခါးတွေထက် ပိုကြောက်ဖို့ကောင်းတယ်လေ။"

"နောက်ဆုံး ၊ မင်းက တာဝန်ကျခန်းကိုလာပြီး ငါ့ကိုကယ်နိုင်တဲ့ထိ ငါ့ကိုဂရုစိုက်ရင်၊ မရဏစည်းမျဉ်းတွေ ငါ့ကိုပစ်မှတ်ထားနေတာကိုသိရဲ့သားနဲ့ နောက်နေ့မနက်ကျ ငါ့ဆီလာပြီး အသက်ရှင်နေသေးလားဆိုတာကို ဘာလို့မကြည့်တာလဲ?"

ဖြစ်နိုင်ချေနှင့် အမှန်တရားများကိုပြောပြီးနောက်တွင် လင်ယိက မေးလိုက်သည်။ "ချင်းယန်၊ မင်းက ၇.၇မကောင်းဆိုးဝါးလား?"

ချင်းယန်၏ ပါးနှစ်ဖက်ပေါ်မှာ သွေးရောင်များ မှိန်သွားသည်။ သူဟာ ဝမ်းနည်းသည့်အမူအရာပြချင်ဟန်ပေါ်သည်။ မည်သို့ပင်ဆိုစေ သူဟာ ယခု လင်ယိဆီတွင် မိသွားချေပြီ။

သို့သော် သူနှင့် ရင်းနှီးသောသူတစ်ယောက်ထံတွင် အမိခံလိုက်ရသည့်အတွက် စိတ်လည်းဆိုးသည်။

ချင်းယန်သည် စိတ်ဆိုးမှုနှင့် ဝမ်းနည်းမှုနှစ်ခုကိုမည်သို့ ဖော်ပြရမည်ကိုမသိချေ။ ထို့ကြောင့် သူ၏ ဘယ်ဘက်မျက်နှာတစ်ဝက်မှာ သူ့မျက်လုံးနှင့်အတူ ညိုးကျသွားပြီး ဝမ်းနည်းမှုကိုဖော်ပြနေသည်။ နောက်ညာဘက်မျက်နှာတွင်တော့ မျက်နှာမော့ပြီး မျက်လုံးများထဲတွင် ဒေါသများအပြည့်ဖြင့် လင်ယိကို စိုက်ကြည့်နေသည်။

မဆီလျော်သော အမူအရာက လင်ယိအား ခြေတစ်လှမ်းနောက်ဆုတ်သွားစေသည်။

သူသည် စစ်ဆေးမှုအတွက် အဖြေကို ရှာဖွေတွေ့ရှိသွားချေပြီ။

ချင်းယန်သည် ပုံပျက်ပန်းပျက် အမူအရာဖြင့် လင်ယိအား ကြည့်နေလေ၏။ သူ၏ အသံမှာ ထိုအမူအရာကြောင့် ထူးဆန်းစွာ ခက်ထန်နေပေသည်။ "အစ်ကိုလင်ယိ၊ ကျွန်တော်က ၇.၇မကောင်းဆိုးဝါးလို့ ပြောနေတာလား?"

Zawgyi

အခန္း ၂၁ ။

"ဉာဏ္ႀကီးရွင္ေလး။"

ခ်င္က်ိဳးက လင္ယိကို စိုက္ၾကည့္ရင္း သူ႔မွတ္စုကို မဖြင့္သည့္တိုင္ေအာင္ လင္ယိ၏ မ်က္ႏွာကို ေတြ႕လိုက္ၿပီးေနာက္ သူ႔မွတ္စုထဲက အေျဖက ထင္ရွားသြားသည္။

"မေသခ်ာတဲ့ အရာတစ္ခုေတာ့ ရွိတယ္။" ခ်င္က်ိဳးက ေျပာသည္။ "ငါ ေျပာစရာလိုေသးလား?"

လင္ယိသည္ သူ႔လက္ထဲတြင္ စာတစ္ေစာင္ကို ကိုင္ထားသည္။ "စီနီယာ ေျပာဖို႔ မလိုပါဘူး၊ ကြၽန္ေတာ္သိတယ္"

သူတို႔သည္ ၇.၇မေကာင္းဆိုးဝါးအား မေကာင္းဆိုးဝါးဟာ သူတို႔ထဲမွာ ရွိေနၿပီး သူ (သို႔) သူမ ျဖစ္သည္ဟု ေျပာျပေတာ့မည္ျဖစ္သည္။

ဤသည္မွာ လူ႔မွတ္ဉာဏ္တြင္ မေတြ႕ႏိုင္ေသာ တုံ႔ျပန္မႈျဖစ္သည္။ ၇.၇စည္းမ်ဥ္းကမာၻစတည္းက မေကာင္းဆိုးဝါးက တုပ၍မရေသာအရာလည္း ျဖစ္သည္။

ထို႔ေၾကာင့္ မေကာင္းဆိုးဝါးအား ေဖာ္ထုတ္ႏိုင္လိမ့္မည္။

သို႔ေသာ္ ၇.၇မေကာင္းဆိုးဝါးက ဒါကို ဘယ္လိုတုံ႔ျပန္ရမလဲဆိုတာ မသိသလိုမ်ိဳး ၇.၇မေကာင္းဆိုးဝါး ဘယ္လိုတုံ႔ျပန္မယ္ဆိုတာကိုလည္း သူတို႔ႏွစ္ေယာက္လုံး မသိၾကေပ။ မေသခ်ာသည့္ အခ်က္ကေတာ့ ၇.၇မေကာင္းဆိုးဝါးရဲ႕ တုံ႔ျပန္မႈက သူတို႔ကို ခ်က္ခ်င္းသတ္ပစ္မည္လားဆိုသည္ကိုပင္။ .

ေနာက္ဆုံးတြင္၊ ၇.၇မေကာင္းဆိုးဝါးမ်ားအတြက္ေတာ့၊ ႏႈတ္ပိတ္ရန္ သတ္ျဖတ္ျခင္းအား သင္ယူရန္ မလိုအပ္ေခ်။

ခ်င္က်ိဳးက ေျပာလိုက္၏။ "မနက္စာ စားခ်ိန္က ၿပီးသြားၿပီ၊ သူတို႔ျပန္ေရာက္သင့္ၿပီ"

စကားေျပာၿပီးေနာက္ တတိယထပ္ရွိ စႀကႍတြင္ ေျခသံမ်ား ထြက္ေပၚလာေလသည္။

ထို႔ေနာက္ အခန္း ၃၀၄ တံခါးေပၚတြင္ တံခါးေခါက္သံ ထြက္ေပၚလာခဲ့ေလ၏။ ခ်င္းယန္ ၏ အသံသည္ အျပင္ဘက္မွ ထြက္ေပၚလာသည္။ "အစ္ကိုလင္ယိ... အဆင္ေျပရဲ႕လား"

သူတို႔သည္ ႐ႊိရွားက်ီ၏ ရဲေနေသာႏွာေခါင္းႏွင့္ ေရာင္ေနေသာ မ်က္ႏွာအား မနက္စာစားရင္း ျမင္ၿပီးျဖစ္လိမ့္မည္။ အနည္းငယ္ေမးျမန္းၿပီးေနာက္တြင္ ႐ႊိရွားက်ီဟာ မေန႔ညက လင္ယိ၏ဗီ႐ိုအား သူ႔အခန္းထဲသို႔ ေ႐ႊ႕ထားေၾကာင္းကို သိၿပီးသားျဖစ္လိမ့္မည္။

ခ်င္က်ိဳးသည္ လင္ယိကိုၾကည့္ကာ ေခါင္းကို အနည္းငယ္ညိမ့္ျပလိုက္သည္။ "သြားရေအာင္"

လင္ယိ၏လက္ဖဝါးမ်ားက ေခြၽးမ်ားထြက္ကာ ေခြၽးမ်ားက မွတ္စုအတြင္းရွိ မွင္မ်ားကို ညစ္ညမ္းေစကာ ေရးသားထားေသာ စကားလုံးမ်ားကို ျပန႔္သြားေစခဲ့သည္။

စာ႐ြက္ပိုင္းေလးေပၚတြင္ ေရးသားထားသည္မွာ စကားလုံးႏွစ္လုံးသာျဖစ္သည္ - ခ်င္းယန္

"စီနီယာလည္း သတိထား။"

ခ်င္က်ိဳးဟာ သူ တစ္ခုခုလုပ္မည္ဆိုတိုင္း ထိုသို႔ေျပာသည္ကိုေတြးရင္း သူလည္း ခ်င္က်ိဳးကို ေျပာဖို႔ဆုံးျဖတ္လိုက္သည္။

"ေကာင္းၿပီ။" ခ်င္က်ိဳး ျပန္ေျဖလိုက္သည္။ ပထမဆုံးအႀကိမ္ မေကာင္းဆိုးဝါးကို ရွာေဖြရေသာ လင္ယိႏွင့္ယွဥ္လွ်င္ ခ်င္က်ိဳးသည္ ေအးေဆးေနၿပီး ညစာစားပြဲသို႔ သြားေနသကဲ့သို႔ပင္ ခံစားေနရေလသည္။

လင္ယိလည္း ေခါင္းညိတ္ျပၿပီး တံခါးဆီသို႔ ေလွ်ာက္သြားလိုက္၏။

"ဉာဏ္ႀကီးရွင္ေလး။"

သူ႔ေနာက္တြင္ရွိေနေသာ ခ်င္က်ိဳးက သူ႔ကို ထပ္ေခၚသည္။

ထိုအခါ၌ လင္ယိက ခ်င္က်ိဳးကို ျပန္လွည့္ၾကည့္လိုက္၏။ "?"

"ထားလိုက္ပါေတာ့ ၊ ဒီေနရာကေန ထြက္လို႔ရခ်ိန္ထိ မင္းရဲ႕ကတိအတိုင္း ေတာင္းဖို႔ကို ေစာင့္လိုက္ဦးမယ္။" ခ်င္က်ိဳးက တံခါးဆီသို႔ ေမးဆတ္ျပသည္။ "သူက မင္းကို လိုက္ရွာေနရမယ့္ ဒုကၡကေန လြတ္ေအာင္ လုပ္ေပးလိုက္တာပဲ"

လင္ယိက ျပန္ေခါင္းညိတ္ျပလိုက္သည္။ "ေကာင္းၿပီေလ"

တံခါးကိုဖြင့္လိုက္ခ်ိန္တြင္ ခ်င္းယန္က အဝတြင္ ႐ူးေၾကာင္ေၾကာင္ႏွင့္ရပ္ေနသည္။ သူသည္ ေနာက္တစ္ႀကိမ္ေခါက္ရန္အတြက္ လက္ကိုေျမႇာက္ထားသည္။

"ဒါက ၊ အာ၊ ကြၽန္ေတာ္ ႐ႊိရွားက်ီ ေျပာတာၾကားတယ္..." ခ်င္းယန္က သူ၏လည္ပင္းေနာက္ကို လွမ္းကိုင္လိုက္သည္။ "အစ္ကိုလင္ယိ ၊ အစ္ကို အဆင္ေျပရဲ႕လား"

"ေတာ္ေတာ္ေလး အဆင္ေျပပါတယ္။" လင္ယိသည္ ခ်င္းယန္ကိုၾကည့္ကာ အသက္ျပင္းျပင္းရႉလိုက္သည္။ "ခ်င္းယန္၊ ငါ မင္းကို ေျပာစရာရွိတယ္"

"ဟင္?" ခ်င္းယန္သည္ လင္ယိကို ေလးနက္ေသာ မ်က္ႏွာျဖင့္ ၾကည့္ကာ ေျပာလိုက္၏။ "ေျပာေလ၊ ဘာလဲ?"

လင္ယိက ေျပာလိုက္သည္။ "မင္းအခန္းထဲ သြားၿပီး စကားေျပာရေအာင္"

ခ်င္းယန္သည္ အခန္း ၃၀၄ အတြင္းသို႔ တစ္ခ်က္ၾကည့္လိုက္ၿပီး သူ႔အၾကည့္ေအာက္တြင္ အခန္းျပင္သို႔ ထြက္လာခဲ့သည္။ လင္ယိႏွင့္ တူညီေသာ အကြာအေဝးသို႔ ေရာက္ေသာအခါတြင္ သူက လင္ယိ၏ ပုခုံးကို လက္ျဖင့္ ပုတ္ကာ "ေသခ်ာေမးခဲ့" ဟု ေျပာေလသည္။

ထို႔ေနာက္ ခ်င္းယန္ကို ၾကည့္ကာ ေမးသည္။ "မနက္စာက်န္ေသးလား?"

"ဘာေမးမွာလဲ?" ခ်င္းယန္ ဘာမွမသိေတာ့ေခ်။ "မနက္စာက က်န္ေသးတယ္ေလ၊ ေခါင္းေဆာင္နဲ႔ အကိုလင္ယိအတြက္ ခ်န္ထားတယ္။"

ခ်င္က်ိဳးက ဘာမွျပန္မေျပာဘဲ လွည့္ထြက္သြားသည္။

ခ်င္းယန္ ထူးဆန္းသလို ခံစားလိုက္ရၿပီး ခ်င္က်ိဳး ခပ္လွမ္းလွမ္းသို႔ အေရာက္တြင္ လင္ယိကို အလ်င္အျမန္ ေမးလိုက္သည္။ "အကို လင္ယိ၊ ဘာျဖစ္ေနတာလဲ ၊ ဘာျဖစ္တာလဲ?"

လင္ယိက ေျပာလိုက္၏။ "မင္းအခန္းထဲ သြားၿပီး စကားေျပာၾကမယ္"

ခ်င္းယန္က ခဏတာစဥ္းစားလိုက္သည္။ "အိုေက!"

ခ်င္းယန္ ၏ အခန္း ၃၀၃သည္ လင္ယိ ၏ အခန္း ၃၀၄ ႏွင့္ကပ္ရပ္ ရွိေနသည္။ လင္ယိသည္ ခ်င္းယန္ႏွင့္အတူ အခန္း ၃၀၃ သို႔ မလိုက္သြားမီတြင္ ေစာင့္ဆိုင္းေနခဲ့သည္။

အခန္း ၃၀၃ သို႔ မ၀င္မီ လင္ယိသည္ ခ်င္က်ိဳးထြက္ခြာသြားသည့္ ဦးတည္ရာဆီသို႔ တည္ၿငိမ္စြာ စိုက္ၾကည့္လိုက္သည္။

ခ်င္က်ိဳးသည္ ေအာက္ထပ္သို႔ မဆင္းဘဲ က်ိဳးလင္လင္ ရွိရာ အခန္း ၃၀၁ သို႔ ျပန္လွည့္သြားေလသည္။

ခ်င္းယန္ တစ္ခုခုရိပ္မိသြားမည္ကို စိုးရိမ္ေသာေၾကာင့္ လင္ယိက ေနာက္ထပ္မၾကည့္ဝံ့ေတာ့ဘဲ အခန္း ၃၀၃ ထဲသို႔ ခ်င္းယန္ေနာက္မွ လိုက္ဝင္သြားခဲ့သည္။

အခန္း ၃၀၃ တံခါးဝမွာ ရပ္ေနသည့္ လင္ယိက စဥ္းစားၿပီး တံခါးပိတ္ဖို႔ ဆုံးျဖတ္လိုက္သည္။

အကယ္၍ ခ်င္းယန္သည္ ၇.၇ မေကာင္းဆိုးဝါးမဟုတ္ပါက တံခါးဖြင့္ထားမိခဲ့လွ်င္ ခ်င္းယန္၏ တုံ႔ျပန္မႈကို တကယ့္ ၇.၇မေကာင္းဆိုးဝါးက သင္ခန္းစာယူႏိုင္သြားမည္မွာ မေကာင္းေသာအရာပင္။

ဒါက သူတို႔ရဲ႕ ေနာက္ဆုံးအခြင့္အေရး၊ သူတို႔ရဲ႕ တစ္ခုတည္းေသာ အခြင့္အေရးျဖစ္သည္။

ကလစ္။

လင္ယိသည္ အခန္း ၃၀၃ တံခါးကို ကိုယ္တိုင္ကိုယ္က် ပိတ္လိုက္ၿပီးေနာက္၌ ခ်င္းယန္ႏွင့္ အလြန္နီးကပ္စြာ မေနရဲေပ။ ခ်င္းယန္သည္သာ ၇.၇မေကာင္းဆိုးဝါးျဖစ္ခဲ့ပါက ယခု သူသည္ မ‌ေကာင္းဆိုးဝါးႏွင့္ ႏွစ္ေယာက္ထဲ ရွိေနၿပီး လင္ယိ၏ အေျခအေနမွာ ခ်င္က်ိဳးထက္ မ်ားစြာ အႏၲရာယ္မ်ားလွေပသည္။ ၇.၇ မေကာင္းဆိုးဝါးသည္ လင္ယိကို အၿမဲသတ္လိုေသာေၾကာင့္ ျဖစ္သည္။

"အစ္ကိုလင္ယိ?"

ခ်င္းယန္သည္ လင္ယိဆီသို႔ ေျခလွမ္းအနည္းငယ္လွမ္းလိုက္ကာ သူ႔မ်က္ႏွာေပၚတြင္ စိုးရိမ္ေသာ အမူအရာျဖင့္ ေမးလိုက္ေလသည္။ "ဘာကိစၥရွိလို႔လဲ? ကြၽန္ေတာ့္ကို ေၾကာက္ေအာင္မလုပ္ပါနဲ႔၊ တကယ္ေတာ့ အစ္ကို ရယ္လိုက္လည္း အဆင္ေျပပါတယ္၊ အကိုႀကီး ၊ ကြၽန္ေတာ္က သန္မာတယ္လို႔ထင္ရေပမယ့္ တကယ္ေတာ့ ေတာ္ေတာ္ေၾကာက္တတ္တာ။ သတၱိက အဲ့ေလာက္ေလးပဲ ရွိတယ္။"

ေျပာရင္းျဖင့္ သူ၏ လက္ညိဳးႏွင့္ လက္မကိုသုံးကာ အမူအရာလုပ္ျပေလသည္။

" ခ်င္းယန္" လင္ယိသည္ ခ်င္းယန္၏အမူအရာကိုၾကည့္ကာ ေျပာလိုက္သည္။ "ဒါကိုမေျပာခင္ ငါ ေတာင္းဆိုစရာတစ္ခုရွိတယ္"

ခ်င္းယန္ : "ဟင္? ေတာင္းဆိုစရာပါ ရွိေသးတာလား?"

အဲဒီအေၾကာင္းကို စဥ္းစားၿပီးေနာက္ ခ်င္းယန္ ေျပာလိုက္သည္။ "ေျပာလိုက္ပါ၊ ကြၽန္ေတာ့္အသက္ကို မထိခိုက္ႏိုင္ဘူးဆိုရင္ေတာ့ ကြၽန္ေတာ္ ေသခ်ာေပါက္ လုပ္ေပးမွာပါ။"

ထို႔ေနာက္ လင္ယိက ေျပာလိုက္ေလသည္။ "စိတ္ေအးေအးထားၿပီး မေအာ္ပါနဲ႔"

ခ်င္းယန္၏ ႏွလုံးသားႏွင့္ အသည္းမ်ား တုန္လႈပ္သြားၿပီး ဒီကိစၥရဲ႕ ေလးနက္မႈကို သူ ခံစားလိုက္ရသည္။ စိတ္မရွည္စြာျဖင့္ သူသည္ လင္ယိထံသို႔ ေျခလွမ္းအနည္းငယ္လွမ္းသြားလိုက္သည္။ "ေတာ္ေတာ္ ေလးနက္တာလား? ဒါဆို... ဒါဆို ကြၽန္ေတာ္ အသက္ျပင္းျပင္းရႉၿပီး စိတ္အေျခအေနကို ေအးေအးထားလိုက္ဦးမယ္။"

ထိုသို႔ေျပာၿပီးေနာက္ ခ်င္းယန္သည္ ရပ္လိုက္ကာ လင္ယိနား ကပ္မေနေတာ့ေပ။

လင္ယိ၏ အၾကည့္ေအာက္တြင္ သူသည္ အခန္းထဲကို ေနာက္ျပန္လွည့္ၾကည့္ကာ ကုတင္ေပၚတက္၍ ေခါင္းအုံးကို ေကာက္ယူလိုက္သည္။

ေခါင္းအုံးကို လက္ႏွစ္ဖက္ျဖင့္ တင္းတင္းက်ပ္က်ပ္ကိုင္ထားၿပီး စိုးရိမ္ပူပန္မႈမ်ားကို မွ်ေဝရန္ ေခါင္းအုံးကို အသုံးျပဳေနသည္။

ၿပီးေနာက္ ခ်င္းယန္က ေျပာလိုက္သည္။ "အစ္ကိုလင္ယိ၊ အဆင္သင့္ျဖစ္ၿပီ ၊ ကြၽန္ေတာ္ လက္ခံႏိုင္မွာပါ။"

လင္ယိက အရင္ဆုံး ေမးလိုက္၏။ "မင္း စည္းမ်ဥ္းေလာကအေၾကာင္း ဘယ္ေလာက္သိလဲ?"

ခ်င္းယန္က ေျပာသည္။ "ကြၽန္ေတာ္ ဘာမွမသိဘူး။ ကြၽန္ေတာ္က စာေမးပြဲမွာလည္း အမွတ္မေကာင္းဘူးေလ။ အေဖကဆို တစ္ႏိုင္ငံလုံးမွာ ကြၽန္ေတာ့္ကို လက္ခံမဲ့ ေက်ာင္းတစ္ေက်ာင္းမွ ရွိမွာ မဟုတ္ဘူးလို႔ေတာင္ ကြၽန္ေတာ့္ကို ေျပာခဲ့တာေလ။ ကြၽန္ေတာ္က အမႈိက္ေကာင္လိုေတာင္ ေျပာခဲ့ေသးတယ္။ ၿပီးေတာ့ ဒီေက်ာင္းက ကြၽန္ေတာ့္ကို လက္ခံလိုက္တယ္ေလ ၊ ဒီ သဘာ...သဘာဝလြန္..."

လင္ယိက ျဖည့္ေပးသည္။ "သဘာဝလြန္အင္ဂ်င္နီယာတကၠသိုလ္"

"ဟုတ္တယ္။ ဟုတ္တယ္။" ခ်င္းယန္က ေျပာလိုက္သည္။ "ကြၽန္ေတာ့္အိမ္ကို ဒီေက်ာင္းကလက္ခံစာက ေရာက္လာတာပဲ။ တကယ္လို႔ ကြၽန္ေတာ့္မိဘေတြနဲ႔သာ ရန္မျဖစ္ခဲ့ရင္ ကြၽန္ေတာ္လည္း ႏိုင္ငံျခားသြားၿပီးေနေလာက္ၿပီ။ ဒါေပမယ့္ ကြၽန္ေတာ္လည္း ေဒါသထြက္ၿပီး ဒီကိုလာခဲ့ရာကေန ဒီကိစၥထဲ ဝင္ပတ္သတ္မိေတာ့တာပဲ။"

"ဒီေနရာအေၾကာင္းကို အစ္ကို ကြၽန္ေတာ့္ကို အဲ့ညတုန္းကေျပာခဲ့တဲ့ ဒါက ဂိမ္းတစ္ခုလိုပဲ၊ NPCေတြက လူသတ္ႏိုင္တယ္ဆိုတာကလြဲရင္ ကြၽန္ေတာ္ ဘာမွမသိဘူး။"

လင္ယိက ေျပာသည္။ "ဒါက စည္းမ်ဥ္းေလာကပဲ ၊ ေက်ာင္းသားသမဂၢ နံပါတ္ ၇.၇"

ခ်င္းယန္ : "ၿပီးေတာ့?"

လင္ယိက ဆက္ေျပာသည္။ "အုပ္ခ်ဳပ္တဲ့ကမာၻတစ္ခုစီမွာ ေခါင္းေဆာင္တစ္ေယာက္ရွိတယ္၊ ဒီက ေခါင္းေဆာင္ကိုက ၇.၇မေကာင္းဆိုးဝါးလို႔ ေခၚတယ္"

ဒီတစ္ႀကိမ္မွာေတာ့ ခ်င္းယန္ ေမးတာကို မေစာင့္ဘဲ လင္ယိက အရင္ေျပာလိုက္သည္။ "ဒါက တကယ့္ မေကာင္းဆိုးဝါးပဲ၊ ဟုတ္တယ္၊ အဲ့တာက မင္းေခါင္းထဲမွာ အခု စိတ္ကူးယဥ္ေနတာေတြပဲ"

"ေသေရာ။"

ခ်င္းယန္သည္ လင္ယိ၏ေတာင္းဆိုခ်က္ကို ခ်က္ခ်င္းသတိရသြားသည္။ သူသည္ ပါးစပ္အား လက္ျဖင့္အုပ္ထားလိုက္ၿပီး ေမးလိုက္သည္။ "တကယ့္ မေကာင္းဆိုးဝါးလား?"

လင္ယိက ေခါင္းညိတ္လိုက္၏။ "ဟုတ္တယ္။"

"အဲ့တာက...ဘယ္မွာလဲ" ခ်င္းယန္ က ေခါင္းအုံးကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္လိုက္သည္။ လင္ယိက သူ ေၾကာက္႐ြံ႕ေနသည္ကို ျမင္ႏိုင္သည္။ သူ႔လက္ဆစ္ေတြေတာင္ ျဖဴသြားသည္ေလ။

"အဲဒါက..." လင္ယိက ခ်င္းယန္ကို စိုက္ၾကည့္လိုက္သည္။ "ငါတို႔ၾကားမွာ။"

ခ်င္းယန္က ေနာက္ကလိုက္ေျပာသည္။ "ကြၽန္ေတာ္တို႔ၾကားမွာ?"

"ဟုတ္တယ္ ငါတို႔ၾကားမွာ။" လင္ယိက ေျပာသည္။ "ငါတို႔ထဲက တစ္ေယာက္က မေကာင္းဆိုးဝါးပဲ။"

.....................

တစ္ဖက္က အခန္း ၃၀၁တြင္..........

က်ိဳးလင္လင္က ႐ုတ္တရက္ဝင္လာေသာ ခ်င္က်ိဳးကို ေတြ႕လိုက္ေသာအခါ၌ အံ့အားသင့္သြားေလသည္။

"စီနီယာခ်င္?" က်ိဳးလင္လင္က ခ်င္က်ိဳးကို သံသယႏွင့္ ၾကည့္လိုက္သည္။

ခ်င္က်ိဳးသည္ အခန္း ၃၀၁ကို တိုတိုတုတ္တုတ္ ေဝ့ၾကည့္လိုက္ၿပီးေနာက္ က်ိဳးလင္လင္အား ၾကည့္လိုက္သည္။ "ကဲ မင္းလည္း စိတ္ၿငိမ္သြားၿပီဆိုေတာ့ ငါတို႔ စကားေျပာလို႔ရမလား"

က်ိဳးလင္လင္ ေခါင္းငုံ႔လိုက္သည္။ ခ်င္က်ိဳးဟာ မေန႔တုံးက ပထမထပ္မွ အိမ္သာမွာ ဘာျဖစ္သြားတာလဲဆိုသည္ကို ေမးဖို႔ လာခဲ့သည္ကို ခ်င္က်ိဳး၏စကားမ်ားမွ သူမ ခန႔္မွန္းႏိုင္ေပသည္။

သို႔ေသာ္ က်ိဳးလင္လင္က အဲဒါကို လုံးဝမေတြးခ်င္ေတာ့ေပ ၊ ေၾကာက္စရာေကာင္းလွသည္။

လီယင္း၏ ေသဆုံးမႈသည္ ဝမ္ေသြာ့၏ေသဆုံးျခင္းထက္ ပိုေၾကာက္စရာေကာင္းသည္။ ဝမ္ေသြာ့၏ေသဆုံးမႈသည္ ထူးထူးဆန္းဆန္းျဖစ္ေသာ္လည္း ထိုအခ်ိန္က အခန္း ၁၀၃ ရွိ စားေသာက္ခန႔္တြင္ လူမ်ားစြာ ရွိခဲ့သည္။

သို႔ေသာ္ လီယင္း ေသဆုံးသည့္ေနရာတြင္ေတာ့ သူမတစ္ဦးတည္းသာ ရွိခဲ့သည္။

ခ်င္က်ိဳးဟာ ထိုင္ႏိုင္ပါက ဘယ္ေတာ့မွ မတ္တပ္ရပ္မွာ မဟုတ္ေခ်။ သူက ဧည့္သည္တစ္ေယာက္ျဖစ္ေသာ္လည္း အိမ္ရွင္တစ္ေယာက္အသြင္ျဖင့္ ထိုင္လိုက္ကာ က်ိဳးလင္လင္ကိုၾကည့္၍ ေျပာလိုက္ေလ၏။ "ဘာျဖစ္ခဲ့လဲဆိုတာကို ေျပာျပပါ"

က်ိဳးလင္လင္ ေခါင္းယမ္းလိုက္သည္။

"ဂ်ဴနီယာ ညီမ က်ိဳးလင္လင္၊ မင္းက ဒီႏွစ္မွာ ဒုတိယႏွစ္တက္ေနတာေနာ္၊ ​​ဒီေနရာနဲ႔ ပတ္သက္ၿပီး ထပ္ေျပာျပစရာလိုေသးလား" ခ်င္က်ိဳးသည္ သူ႔လက္ညိဳး၏ ဒုတိယလက္ေခ်ာင္းေဘးရွိ လက္မကို ညင္သာစြာ ပြတ္သပ္လိုက္ရာ သူ႔ေလသံက ေပါ့ပါးျခင္းမရွိသလို ေလးနက္ေနပုံလည္း မေပၚေပ။ "မင္း ငါ့ကို မေျပာရင္၊ ေနာက္ေသမယ့္လူက မင္း ျဖစ္လိမ့္မယ္။"

က်ိဳးလင္လင္က သူမမ်က္ႏွာကို နာက်င္စြာ ဖုံးအုပ္လိုက္သည္။ "ဘာလို႔လဲ၊ ဘာလို႔ ကြၽန္မကို ေ႐ြးခ်ယ္ခဲ့တာလဲ?"

သူမသည္ သဘာဝလြန္အင္ဂ်င္နီယာတကၠသိုလ္ကို ရည္ၫႊန္းေနျခင္း ျဖစ္သည္။ "ကြၽန္မ ဒီတကၠသိုလ္ကို ဝင္ခြင့္မေလွ်ာက္ဖူးပါဘူး၊ ဘာေၾကာင့္ ကြၽန္မကို ေ႐ြးခ်ယ္ခဲ့ရတာလဲ!"

"ငါတို႔ အားလုံးက ေ႐ြးခ်ယ္ခံခဲ့ရတာပဲ။" ခ်င္က်ိဳးက ေျပာလိုက္သည္။ "ငါလည္း ဘာေၾကာင့္ ငါ့ကို ေ႐ြးခ်ယ္ခဲ့တာလဲဆိုတာကို သိခ်င္ပါတယ္၊ ဒါေပမယ့္ အဲဒီမတိုင္ခင္မွာ ပထမအခ်က္က ၇.၇စည္းမ်ဥ္းကမာၻကေန လြတ္ေျမာက္ဖို႔ပဲ"

က်ိဳးလင္လင္၏ လက္ေခ်ာင္းမ်ားၾကားသို႔ မ်က္ရည္မ်ား စီးက်လာကာ ခ်င္က်ိဳးက သူမအား တစ္ရႉး ေပးလိုက္သည္။ "မင္းရဲ႕ စိတ္ခံစားခ်က္ကို ထိန္းညႇိဖို႔ သုံးမိနစ္ေလာက္က လုံေလာက္သင့္တယ္၊ မဟုတ္ရင္ သဘာဝလြန္အင္ဂ်င္နီယာတကၠသိုလ္ရဲ႕ ပထမႏွစ္မွာ မင္း အလကားအခ်ိန္ျဖဳန္းခဲ့သလို ျဖစ္ေနမယ္။"

"ေက်းဇူးတင္ပါတယ္ စီနီယာ"

က်ိဳးလင္လင္သည္ တစ္ရႉးကိုယူကာ မ်က္ရည္မ်ားကိုသုတ္လိုက္သည္။ "၇.၇ စည္းမ်ဥ္းေလာကထဲ ေရာက္ၿပီးေတာ့ ကြၽန္မနဲ႔ လီယင္းက ခြဲမရဘူး။ မိန္းကေလးဆိုလို႔ ကြၽန္မတို႔ႏွစ္ေယာက္ပဲ ရွိတာေလ။ ဒီေနရာမွာရွိတဲ့လူအားလုံး ကိုယ့္ဘာသာဂ႐ုစိုက္ရတာနဲ႔တင္ အလုပ္ရႈပ္ေနတာကို သိတယ္။ ဒါေၾကာင့္ ကြၽန္မတို႔တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္ရႈၿပီး ဂ႐ုစိုက္ေပးဖို႔ သေဘာတူခဲ့ၾကတာ။"

ခ်င္က်ိဳးက ကုလားထိုင္ရဲ႕ ေနာက္ေက်ာကို မွီၿပီး ပ်င္းရိေနပုံရေပမယ့္ တကယ္ေတာ့ သူ႔အာ႐ုံက သူ႔ေျခဖဝါးေပၚမွာ ရွိေနဆဲပင္။ သူႏွင့္ က်ိဳးလင္လင္သည္ သိပ္မနီးေသာ္လည္း အရမ္းလည္း မေဝးေပ။ အေျခအေနတစ္ခုရွိလွ်င္ သူသည္ သူ႔ကိုယ္သူ ထိန္းခ်ဳပ္ႏိုင္ၿပီး ခ်က္ခ်င္းတုံ႔ျပန္ႏိုင္သည္။

"မေန႔က ခြၽိက်ားလ်န္ ေသခဲ့တယ္။ လီယင္းနဲ႔ ကြၽန္မက တတိယထပ္ အိမ္သာကို မသြားရဲဘူး။ ဒုတိယထပ္ကို ေသာ့ခတ္ထားေတာ့ ကြၽန္မတို႔ ပထမထပ္က အိမ္သာကိုသုံးခဲ့ၾကတယ္။"

က်ိဳးလင္လင္က ျပန္ေတြးလိုက္သည္။ "စီနီယာ၊ စီနီယာလည္း သိပါတယ္၊ ဒီမွာ အိမ္သာက အမ်ားသုံးပဲ၊ က်ား ၊ မ ခြဲထားတာ မရွိဘူး၊ ဒါေၾကာင့္ လီယင္းနဲ႔ ကြၽန္မက တစ္ႀကိမ္မွာ တစ္ေယာက္ပဲသြားၾကတာ၊ အဲ့လိုဆို တစ္ျခားတစ္ေယာက္က အျပင္မွာ ရပ္ေစာင့္ေနလို႔ရတယ္ေလ အဲ့တာဆို ရွင္တို႔ ေယာက်္ားေလးေတြမဝင္..... အဲ့တာက အရွက္မကြဲခ်င္လို႔ အဲ့လိုလုပ္ၾကတာ။"

ခ်င္က်ိဳး : "အင္း။"

က်ိဳးလင္လင္က ဆက္ေျပာသည္။ "ကြၽန္မ မေန႔က အိမ္သာကို အရင္သုံးတာ၊ အျပင္မွာ လီယင္းက လႈပ္ရွားမႈအသံက်ယ္ႀကီးေတြၾကားၿပီး သူ အရမ္းေၾကာက္လို႔ ျမန္ျမန္လုပ္ဖို႔ ကြၽန္မကို လွမ္းေျပာေနတာ။"

ဤလႈပ္ရွားမႈသည္ ခ်င္က်ိဳးက ဒုတိယထပ္တံခါးကို ႐ိုက္ခ်ိဳးလိုက္ေသာ အသံျဖစ္ရမည္။

"ကြၽန္မလည္း သူ႔ကို အထဲမွာ လာေစာင့္ဖို႔ေျပာလိုက္တယ္၊ အေျခအေနအရေတာ့ ေၾကာက္စိတ္ေတြ စိတ္ပူေနရတာေတြထက္ေတာ့ အရွက္ကြဲတာကမွ သာေသးတယ္ေလ။" က်ိဳးလင္လင္က ေျပာသည္။ "ဒါေပမယ့္ လီယင္းက ဝင္မလာဘူး"

ခ်င္က်ိဳးက မ်က္ေမွာင္ၾကဳတ္လိုက္သည္။ "ဘာလို႔လဲ?"

က်ိဳးလင္လင္က ေျဖသည္။ "ခ်င္းယန္ ေရာက္လာခဲ့လို႔ေလ။"

လက္ေခ်ာင္းမ်ားကို ပြတ္ေနသည့္ ခ်င္က်ိဳး၏လႈပ္ရွားမႈမွာ ခဏတာရပ္တန႔္သြားသည္။

က်ိဳးလင္လင္က ဆက္ေျပာေလသည္။ "ခ်င္းယန္လာေတာ့ သူက လီယင္းနဲ႔ အျပင္မွာ ေစာင့္ေပးတယ္။ အဲ့တာနဲ႔ ကြၽန္မလည္း လီယင္းကို ဝင္လာဖို႔ေျပာမေနေတာ့ဘူး။ ကြၽန္မၿပီးသြားေတာ့ လီယင္းက တစ္လွည့္အိမ္သာကိုသုံးတယ္၊ ကြၽန္မကေတာ့ အျပင္မွာေစာင့္ေနတာေပါ့။"

"ဒါေပမယ့္ အေပၚကအသံေတြက ပိုပိုၿပီးက်ယ္လာတယ္ ၿပီးေတာ့ ခ်င္းယန္လည္း ဆက္ၿပီးမေအာင့္ႏိုင္ေတာ့တဲ့ပုံပဲ။ ခ်င္းယန္ထြက္သြားေတာ့မလို႔လုပ္ေနတာကို ကြၽန္မျမင္ေတာ့ ကြၽန္မလည္း ေၾကာက္ေနခဲ့တာ။ ခ်င္းယန္က ကြၽန္မကို အရင္ျပန္သြားဖို႔ အႀကံေပးတယ္။ သူ တစ္ေနရာရာရွာၿပီး ကိစၥရွင္းၿပီးသြားရင္ သူ ဒီကိုျပန္လာၿပီး လီယင္းကိုျပန္လာေစာင့္ေပးမယ္ေျပာတယ္။"

ခ်င္က်ိဳးက ေျပာလိုက္သည္။ "ဒီေတာ့ မင္းျပန္လာခဲ့တယ္ေပါ့။"

"ဟုတ္တယ္၊ ျပန္လာခဲ့တယ္။" က်ိဳးလင္လင္ဟာ ဆို႔နင့္ေနေသာအသံျဖင့္ ေျပာလိုက္သည္။

"ကြၽန္မျပန္ေရာက္တာ မၾကာဘူး၊ လီယင္း တံခါးကိုလာေခါက္တဲ့အသံၾကားရတာပဲ၊ သူက သိပ္ေနမေကာင္းလို႔ အိပ္ရာထဲ ခဏလွဲေနမယ္လို႔ ေျပာတယ္။ သူက ညစာစားဖို႔လည္း ကြၽန္မနဲ႔မလိုက္ေတာ့ဘူးလို႔ေျပာတယ္။ ကြၽန္မအထင္က လီယင္းက ကြၽန္မသူ႔ကိုမေစာင့္လို႔ စိတ္ဆိုးေနတယ္လို႔ေပါ့။ ကြၽန္မလည္း သူ႔ကို ဂ႐ုမစိုက္တာမဟုတ္ပါဘူးလို႔ လီယင္းကို ရွင္းျပခ်င္တယ္။ သူနဲ႔အတူ ခ်င္းယန္လည္း ရွိေနၿပီး ေမွာင္လည္းမေမွာင္ေသးဘူးဆိုေတာ့ အႏၲရာယ္မရွိႏိုင္ဘူးလို႔ပဲ ထင္ခဲ့တာ။ ဒါေပမယ့္ ကြၽန္မ သူ႔အခန္းထဲကိုလိုက္သြားေတာ့ သူက အထဲမွာ ရွိမေနဘူးေလ။"

"သူ ညစာစားဖို႔ ေအာက္ဆင္းသြားတယ္ပဲထင္ခဲ့တာ၊ အဲ့တာနဲ႔ သူ႔ကိုရွာဖို႔ အခန္း၁၀၃ကို သြားခဲ့ေပမယ့္ သူက အဲ့မွာလည္း ရွိမေနဘူး။ ကြၽန္မ ပထမထပ္အိမ္သာဆီကို ျပန္ဆင္းသြားေတာ့မွ သူက ကြၽန္မကို ေက်ာေပးၿပီးရပ္ေနတာကို ေတြ႕လိုက္ရတာပဲ..."

"လီယင္း၊ နင္ ငါ့ကို စိတ္ဆိုးေနတာလား?"

က်ိဳးလင္လင္ အိမ္သာတံခါးေရွ႕တြင္ရပ္၍ လီယင္းအား ထူးဆန္းစြာ ေမးလိုက္သည္။ ပထမထပ္အိမ္သာ၏ မီးမ်ားသည္ အေၾကာင္းတစ္ခုခုေၾကာင့္ မထြန္းထားသည့္အျပင္ ေမွာင္လည္းေမွာင္ေနေလၿပီပင္။ က်ိဳးလင္လင္သည္ သူမကို လ်စ္လ်ဴရႈထားသည့္ လီယင္း၏ေနာက္ေက်ာကိုသာ ေရးေရးေလးျမင္ရသည္။

"ငါ တမင္လုပ္တာမဟုတ္ပါဘူး။ ခ်င္းယန္က နင့္ကိုေစာင့္ေပးေနမယ္လို႔ ထင္ခဲ့လို႔ပါ။ ငါတို႔ သူနဲ႔အတူရွိေနတာ ရက္နည္းနည္းလည္း ၾကာၿပီေလ။ အကုန္လုံးထဲမွာ ငါတို႔ ခ်င္းယန္နဲ႔ ပိုအဆင္ေျပၾကတယ္မလား။ သူက ငါတို႔ကို ေစာင့္ေရွာက္ေပးၿပီး နင္ေတာင္မွ သူက ေကာင္းတဲ့လူတစ္ေယာက္ပါလို႔ေတာင္ ေျပာခဲ့ေသးတယ္ေလ။ အဲ့တာေၾကာင့္ ငါ...ငါလည္း စိတ္ခ်ခဲ့မိတာပါ..." က်ိဳးလင္လင္ မ်ားမ်ားေျပာေလ ပိုၿပီးအျပစ္ရွိသလို ခံစားလာရေလေလ ျဖစ္သည္။ သူမ အသက္ျပင္းျပင္းတစ္ႀကိမ္ရႉလိုက္၏။ "ဟုတ္ၿပီ၊ ငါ ေတာင္းပန္ပါတယ္။ ေနာက္တစ္ႀကိမ္ထပ္မျဖစ္ေစရဘူးလို႔ ငါ ကတိေပးတယ္။ စိတ္မဆိုးပါနဲ႔ေတာ့ေနာ္ ၊ ဟုတ္ၿပီလား?"

လီယင္းဟာ သူမကိုဆက္၍ လ်စ္လ်ဴရႈထားဆဲပင္။

က်ိဳးလင္လင္ အိမ္သာထဲသို႔ ဝင္သြားခဲ့သည္။ အိမ္သာၾကမ္းျပင္မွာ အလြန္ညစ္ပတ္ေနသည္။ သူမအထဲသို႔ဝင္လိုက္သည္ႏွင့္ သူမဖိနပ္ႏွင့္ ၾကမ္းျပင္ထိေတြ႕မႈေၾကာင့္ "လွ်ပ္ လွ်ပ္" ဆိုေသာ အသံတစ္ခု ထြက္ေနၾကစၿမဲပင္။ သို႔ေသာ္ ဤတစ္ႀကိမ္တြင္ေတာ့ က်ိဳးလင္လင္၏ေျခလွမ္းမ်ားလွမ္းလိုက္တိုင္း "ပြက္ ပြက္" ဆိုေသာ အသံတစ္ခုသာထြက္လာေလသည္။

အဲ့တာက ဗြက္ေပၚတြင္ ေလွ်ာက္ေနရသလိုပင္။

သူမတစ္ခုခုမွားေနေၾကာင္း သတိျပဳမိၿပီး ရပ္လိုက္သည္။

ဖိနပ္မ်ားဝတ္ထားသည့္တိုင္ သူမ၏ေျခေထာက္ေအာက္မွ ေစးကပ္မႈကို သူမ ခံစားႏိုင္ေသးသည္။

မည္သို႔ပင္ဆိုေစ ၊ က်ိဳးလင္လင္၏ အာ႐ုံမ်ားသည္ လီယင္းဆီတြင္သာ ရွိေနသည္။ သူမသည္ ထူးဆန္းမႈမ်ားကို ခဏေဘးဖယ္ထားလိုက္သည္။

လီယင္း၏ေနာက္ေက်ာကိုစိုက္ၾကည့္ရင္း သူမ ေျပာလိုက္၏။

"စိတ္မဆိုးနဲ႔ေတာ့ေနာ္ လီယင္း၊ ညစာစားခ်ိန္ေရာက္ၿပီေလ။ နင္ ေန႔လည္တုန္းက ဘာမွသိပ္မစားထားဘူးမလား ။ ဗိုက္မဆာဘူးလား?"

လီယင္းက တိတ္ဆိတ္ေနဆဲပင္။

ထိုသို႔ အခ်ိန္အၾကာႀကီး လ်စ္လ်ဴရႈသည္ကိုခံလိုက္ရသည့္ က်ိဳးလင္လင္ထံတြင္ တစ္ခုခုမွားေနၿပီဟု ထင္သည့္စိတ္မ်ားက ပို၍ခိုင္မာလာေလသည္။

"အခု...အခုေမွာင္လာၿပီေလ။ ျပတင္းေပါက္ကေန NPC ဝင္မလာႏိုင္ေအာင္တားဖို႔ဆိုရင္ နင္ အားရွိဖို႔လိုတယ္ေလ၊ ဟုတ္တယ္မလား?" က်ိဳးလင္လင္၏ အသံမွာ တုန္ခါေနေသာ္လည္း လီယင္းကေတာ့ ဘာမွ်ျပန္မေျပာေသးေပ။

က်ိဳးလင္လင္လည္း ရႈပ္ေထြးၿပီး အသံတိတ္သြားေတာ့သည္။

သူမ စကားေျပာေနသည္ကို ရပ္လိုက္သည့္အခ်ိန္ အခန္းတစ္ခုလုံး တိတ္ဆိတ္သြားေတာ့သည္။

တိတ္ဆိတ္လြန္း၍ က်ိဳးလင္လင္ဟာ သူမ၏အသက္ရႉသံကိုပင္ ၾကားႏိုင္ေလ၏ - သို႔ေသာ္ လီယင္း၏အသက္ရႉသံကိုေတာ့ မဟုတ္ေခ်။

"လီ...လီယင္း၊ ငါ့ကိုမေျခာက္ပါနဲ႔၊ ေနာ္?" က်ိဳးလင္လင္ ငိုလိုက္ေတာ့သည္။ "ေမွာင္ေနၿပီ၊ ျပန္ၾကရေအာင္၊ ငါ့ကို စိတ္မဆိုးေနပါနဲ႔ေတာ့။"

ေျပာရင္းျဖင့္၊ က်ိဳးလင္လင္သည္ သူမ၏သတၱိမ်ားကို စုေဆာင္းကာ လီယင္းအား ထိရန္ျပင္လိုက္သည္။ သူမလက္မ်ားကို ျဖည္းျဖည္းခ်င္းဆန႔္ထုတ္ရင္း သူမလက္ေခ်ာင္းေလးမ်ားကို ဆန႔္လိုက္သည္။ လီယင္း၏ ပုခုံးကိုထိရန္ သူမ အားေတာ္ေတာ္ယူလိုက္ရ၏။

ထို႔ေနာက္ ဖြဖြေလးသြားထိလိုက္သည္ႏွင့္ -

ဘန္း!!!!

လီယင္းလဲက်လာသည္။

လီယင္းလဲက်သြားသည္ႏွင့္ တစ္စုံတစ္ခုက က်ိဳးလင္လင္အား လာစင္ေလသည္။

က်ိဳးလင္လင္ သူမမ်က္ႏွာကိုထိလိုက္ရာ သူမ၏လက္ေခ်ာင္းမ်ားသည္လည္း သူမေျခေထာက္ေအာက္က ေစးကပ္မႈမ်ိဳးကို ခံစားလိုက္ရသည္။

က်ိဳးလင္လင္ဟာ ထိုအရာ ဘာလဲဆိုသည္ကို သိေနေလ၏။

သူမပါးစပ္ဖြင့္လိုက္ေသာ္လည္း အသံပင္ ထြက္မလာေတာ့ေခ်။

ထိုအခ်ိန္တြင္ အိမ္သာထဲမွ မီးမ်ားပြင့္လာေလသည္။

အခန္းထဲတြင္ လင္းသြားၿပီးေနာက္ လီယင္းေသေနသည္ကို က်ိဳးလင္လင္ျမင္လိုက္ရေတာ့သည္။ သူမသည္ သူမဖိနပ္မ်ားေအာက္ရွိ ေသြးအိုင္ႀကီးကို ျမင္လိုက္ရသည္။

ထို႔ေနာက္ သူမ ဒုတိယအႀကိမ္ေအာ္လိုက္သည္။

အားးးးးးးးးးးးးးးးးးးးးးးးးးးး

......

"ကြၽန္မ လီယင္းကို ထိခိုက္ေအာင္လုပ္ခဲ့မိတာလား?" က်ိဳးလင္လင္ နာက်င္စြာျဖင့္ သူမမ်က္ႏွာကိုဖုံးလိုက္သည္။

ထိုအရာဟာ သူမ မ်က္ႏွာခ်င္းမဆိုင္ႏိုင္သည့္အရာျဖစ္ၿပီး မေန႔က လင္ယိႏွင့္ခ်င္က်ိဳးတို႔ သူမအား မည္သို႔ပင္ေမးပါေစ သူမ မေျဖႏိုင္ခဲ့သည့္အရာျဖစ္သည္။

ယခု သူမ ေျပာျပေနသည့္အခ်ိန္တြင္ပင္ မတည္ၿငိမ္ေနေသးေပ။ "စီနီယာ၊ အဲ့တာ ကြၽန္မလား? ကြၽန္မလားဟင္?"

"မင္း မဟုတ္ပါဘူး။" ခ်င္က်ိဳးဟာ လင္ယိကို အတန္ၾကာၾကည့္ေနၿပီးေနာက္ ေျဖလိုက္သည္။

"လီယင္းကို သတ္ခဲ့တာက ၇.၇မေကာင္းဆိုးဝါးပဲ။ လီယင္းတင္ မဟုတ္ဘူး၊ ဝမ္ေသြာ့ နဲ႔ ခြၽိက်ားလ်န္၊ သူတို႔ေတြကိုလည္း ၇.၇မေကာင္းဆိုးဝါးကပဲ သတ္ခဲ့တာ။"

က်ိဳးလင္လင္ ႐ုတ္တရက္ ရပ္သြားကာ ခ်င္က်ိဳးအား မ်က္လုံးမ်ားထဲတြင္ ေမွ်ာ္လင့္ခ်က္မ်ားျဖင့္ ၾကည့္လိုက္သည္။

သူမသည္ ၇.၇မေကာင္းဆိုးဝါးက ဘာလဲဆိုသည္ကို မသိေပ။ သူမ ၾကားဖူးသည္မွာ ၇.၇စည္းမ်ဥ္းေလာကသာ ျဖစ္သည္။ သို႔ေသာ္ ခ်င္က်ိဳးဟာ လီယင္းကိုသတ္ခဲ့သူက ၇.၇မေကာင္းဆိုးဝါးျဖစ္ၿပီး သူမ မဟုတ္ေၾကာင္းေျပာသည့္အတြက္ ၇.၇မေကာင္းဆိုးဝါး အမွန္တကယ္ရွိေစရန္ သူမ ေမွ်ာ္လင့္မိသည္။

ခ်င္က်ိဳးက ေျပာလိုက္သည္။ "၇.၇မေကာင္းဆိုးဝါးဆိုတာက ၇.၇စည္းမ်ဥ္းေလာကကို ဖန္တီးတဲ့သူပဲ။ မင္း သူ ဘယ္မွာလဲဆိုတာကို သိလား?"

ခ်င္က်ိဳးဟာ က်ိဳးလင္လင္၏ အမူအရာကို ေသခ်ာအာ႐ုံစိုက္လိုက္သည္။

သူမ အလြန္အံ့အားသင့္ေနသျဖင့္ က်ိဳးလင္လင္ဟာ ခဏတာမွ် ဘာစကားမွ မေျပာႏိုင္ေခ်။

ခ်င္က်ိဳးက ေျပာသည္။ "ငါတို႔နားမွာပဲ ရွိတယ္။ မင္း ငါ့ကို ဒီ့ထက္ပိုၿပီး တိတိက်က်နဲ႔ ရွင္းျပေစခ်င္လား?"

"ငါတို႔ထဲကတစ္ေယာက္က မေကာင္းဆိုးဝါးပဲ။"

အခ်ိန္အတန္ၾကာၿပီးေနာက္ က်ိဳးလင္လင္ တံေတြးမ်ိဳခ်လိုက္သည္။ အလြန္ထိတ္လန႔္ေနသျဖင့္ သူမ၏ မ်က္ရည္မ်ားကိုသုတ္ဖို႔ပင္ ေမ့ေနေလသည္။ "၇.၇မေကာင္းဆိုးဝါးက ကြၽန္မတို႔ထဲက တစ္ေယာက္ေပါ့? ကြၽန္မတို႔ထဲက တစ္ေယာက္? ကြၽန္မတို႔ ၈ေယာက္ထဲက တစ္ေယာက္လား?"

"မဟုတ္ဘူး၊ မွားတယ္။ လူေတာ္ေတာ္မ်ားမ်ားေသကုန္ၿပီ၊ ငါတို႔ ၅ေယာက္ပဲက်န္ေတာ့တာ။" ႐ုတ္တရက္ တစ္ခုခုကိုေတြးမိသြားၿပီး က်ိဳးလင္လင္ ႐ုတ္ခ်ည္းထရပ္လိုက္သည္။ "အဲ့တာက ခ်င္းယန္လား? လီယင္းနဲ႔ ေနာက္ဆုံးေတြ႕တဲ့လူက ခ်င္းယန္ပဲ။ ခ်င္းယန္က လီယင္းကိုသတ္ခဲ့တာ!"

ေျပာရင္းျဖင့္ က်ိဳးလင္လင္ဟာ သူမပါးစပ္ကို လက္ျဖင့္ ကာလိုက္သည္။ သူမ၏အသံဟာ သူမလက္ေခ်ာင္းမ်ားၾကားထဲမွ တိုးေဝွ႔ထြက္လာသည္။ "ခ်င္းယန္က ၇.၇မေကာင္းဆိုးဝါးပဲ။ ကြၽန္မတကယ္ေတာ့...ကြၽန္မတကယ္ေတာ့ သူ႔ကိုခ်င္းယန္နဲ႔ စိတ္ခ်လက္ခ်ထားခဲ့တာ ဒါေပမယ့္ ကြၽန္မက လီယင္းကို မေကာင္းဆိုးဝါးလက္ထဲကို ထည့္ေပးခဲ့မိတာပဲ။"

ခ်င္က်ိဳးဟာ ယခု ခုံေနာက္မွီကို အားအကုန္ပို႔၍ မွီထားလိုက္ေတာ့သည္။ သူဟာ ေနာင္တရစြာျဖင့္ ေျပာလိုက္ေလသည္။ "သူပဲ။"

ေမးခြန္းမ်ားထပ္ေမးရန္ မလိုအပ္ေတာ့ေပ။ က်ိဳးလင္လင္၏ တုံ႔ျပန္မႈမွာ ခ်င္က်ိဳး၏စစ္ေဆးမႈကို ေအာင္ျမင္သြားေလၿပီ။

"မေကာင္းဆိုးဝါးက ငါတို႔ထဲမွာ ပုန္းေနတယ္" ဆိုသည့္စကားကို ၾကားလိုက္ရခ်ိန္တြင္ မေကာင္းဆိုးဝါး၏ တုံ႔ျပန္မႈမွာ က်ိဳးလင္လင္ကဲ့သို႔ပင္ ထိတ္လန႔္တုန္လႈပ္၍ မယုံႏိုင္သည့္ အမူအရာကိုျပႏိုင္ေပသည္။

သို႔ေသာ္ လူေတြ၏ အေျခအေနတစ္ခုခ်င္းစီအတြက္ တုံ႔ျပန္မႈမ်ားကိုသာ အတုခိုးထားသည့္ မေကာင္းဆိုးဝါးမ်ားသည္ လီယင္း၏ေသဆုံးမႈႏွင့္ မေကာင္းဆိုးဝါး၏တည္ရွိမႈကို ခ်ိတ္ဆက္မိမည္မဟုတ္ေခ်။

ထိုမေကာင္းဆိုးဝါးသည္ က်ိဳးလင္လင္ကဲ့သို႔ေသာ အျပစ္ရွိသလိုခံစားေနရသည့္ အမူအရာကိုလည္း ထုတ္ျပမည္မဟုတ္ေပ။ သူမ၏မ်က္လုံးမ်ားကိုမွိတ္ၿပီး အလြန္႐ိုးသားစြာျဖင့္ "လီယင္း၊ ငါ ေတာင္းပန္ပါတယ္။ ငါ တကယ္ကို ေတာင္းပန္ပါတယ္၊ ငါ နင့္ကို နာက်င္ေအာင္ လုပ္ခဲ့မိတယ္..."

ခ်င္က်ိဳးဟာ အလြန္ ေနာင္တရေနသည္။

က်ိဳးလင္လင္ထြက္သြားျခင္းေၾကာင့္သာ ၇.၇မေကာင္းဆိုးဝါးက လီယင္းကို သတ္ႏိုင္ခဲ့တာေၾကာင့္ ေနာင္တရေနမိ၏။ ထို႔ျပင္ အခန္း၃၀၃၌ လင္ယိႏွင့္အတူရွိေနသူ ခ်င္းယန္မွာ ၇.၇မေကာင္းဆိုးဝါးျဖစ္ေနေသာေၾကာင့္ ပို၍ပင္ ေနာင္တရေနမိသည္။

"ဉာဏ္ႀကီးရွင္ေလး..."

.........

အခန္း ၃၀၃၌..........

ခ်င္းယန္ ထပ္ေျပာျပန္သည္။ "ငါတို႔ထဲမွာ?"

လင္ယိကလည္း ထပ္ေျပာသည္။ "ဟုတ္တယ္။"

ခ်င္းယန္ ထပ္ေျပာသည္။ "ငါတို႔ထဲမွာ?"

လင္ယိ သူ႔ကို ၾကည့္လိုက္သည္။ "၇.၇မေကာင္းဆိုးဝါးက ငါတို႔ထဲမွာ။"

ခ်င္းယန္ ေခါင္းအုံးကို တင္းတင္းဖက္လိုက္သည္။ "၇.၇မေကာင္းဆိုးဝါးက ငါတို႔ထဲမွာ? ငါတို႔ထဲမွာတဲ့လား?"

"ငါတို႔ထဲက တစ္ေယာက္က မေကာင္းဆိုးဝါးပဲ။"

လင္ယိ ဘာမွထပ္မေျပာေတာ့ေခ်။ သူဟာ ၇.၇မေကာင္းဆိုးဝါး၏တည္ရွိမႈကို ေျပာျပခဲ့သည္မွာ ၁၀မိနစ္ၾကာသြားၿပီျဖစ္ၿပီး ခ်င္းယန္ကေတာ့ "ငါတို႔ထဲမွာ" ဆိုသည့္စကားကိုသာ ထပ္ခါတလဲလဲျပန္ေျပာေနေလသည္။

လူမ်ားဟာ မယုံႏိုင္စရာသတင္းကို ၾကားလိုက္ပါက ဘာမွမေတြးႏိုင္ေတာ့သည္မွာ အမွန္ပင္။ သို႔ေသာ္ ယခုတြင္ ခ်င္းယန္၏ ေၾကာက္လန႔္မႈႏွင့္ မယုံၾကည္ႏိုင္မႈဟာ ေကာင္းမြန္စြာ‌ေရးထားေသာ ပ႐ိုဂရမ္တစ္ခုကဲ့သို႔ ျဖစ္ေနသည္ဟု လင္ယိခံစားေနရသည္။ ပို၍ ေသခ်ာေစရန္ သူ ခ်င္းယန္ကို ဆက္၍ေမးရေပဦးမည္။

"ခ်င္းယန္" လင္ယိက ေျပာသည္။ "ငါ့ကို တာဝန္က်ခန္းထဲမွာ ပိတ္ထားတာ ဘယ္သူဆိုတာ မင္း ခန႔္မွန္းႏိုင္လား?"

ခ်င္းယန္ သူ၏ေခါင္းကိုခါလိုက္သည္။ "အစ္ကိုလင္ယိ၊ ကြၽန္ေတာ့္မွာက ေတာ္ေတာ္နိမ့္တဲ့ IQ ရွိတာ။ ဒီတိုင္း ေျပာျပလိုက္ပါ။ ခန္႔မွန္းႏိုင္မွာ မဟုတ္ဘူး။"

လင္ယိက ေျပာသည္။ "၇.၇မေကာင္းဆိုးဝါးပဲ၊ သူ ဘာလို႔ ငါ့ကိုပိတ္ထားလဲဆိုတာေရာ သိလား?"

ခ်င္းယန္ ဆက္၍ ေခါင္းခါသည္။ "မသိဘူး။"

"ဘာလို႔လဲဆိုေတာ့ ၇.၇မေကာင္းဆိုးဝါးက ငါ့ကို သတ္ခ်င္ေနလို႔ပဲ။" လင္ယိဟာ ခ်င္းယန္၏ လႈပ္ရွားမႈတိုင္းကို အကဲခတ္ေနေလသည္။ သူ ေျပာလိုက္၏။ "ငါက ၇.၇မေကာင္းဆိုးဝါးခ်မွတ္ထားတဲ့ မရဏစည္းမ်ဥ္းေတြကို ေတြ႕ခဲ့တဲ့သူပဲ၊ ၿပီးေတာ့ ငါက ၇.၇စည္းမ်ဥ္းေလာကကို ပ်က္စီးေအာင္လုပ္ႏိုင္တယ္လို႔ သူ ထင္ေနတယ္ေလ ၊ ဒါေၾကာင့္ သူက ငါ့ကို သတ္ခ်င္ေနတာ။"

ခ်င္းယန္ ေတြးလိုက္ၿပီး ေျပာသည္။ "ကြၽန္ေတာ္အခ်ိန္မွီေရာက္လာတာ ေတာ္ေသးတာေပါ့။"

"အင္း"

လင္ယိဟာ ခ်င္းယန္၏စကားမ်ားကို ျပန္ေခ်ပျခင္းမရွိေပ။ သူ ဆက္ေျပာသည္။ "ငါ တာဝန္က်ခန္းထဲမွာတုန္းက ၇.၇မေကာင္းဆိုးဝါးရဲ႕ အသံကို ၾကားလိုက္ရတယ္။ ဘယ္သူ႔အသံျဖစ္မလဲလို႔ မွန္းၾကည့္။"

ခ်င္းယန္ ခဏတာ ၿငိမ္က်သြားသည္။ "အစ္ကိုလင္ယိ၊ ကြၽန္ေတာ့္ဉာဏ္ရည္က ဟိုးေအာက္ဆုံးမွာပါ။ အစ္ကို႔ကိုလိမ္ေနတာမဟုတ္ဘူး။ မဟုတ္ရင္၊ ကြၽန္ေတာ္ ေကာလိပ္ဝင္ခြင့္စာေမးပြဲမွာ ဆိုးဆိုး႐ြား႐ြားလည္း ျဖစ္ခဲ့မွာ မဟုတ္သလို ကြၽန္ေတာ္မိဘေတြနဲ႔လည္း ရန္ျဖစ္ရမွာ မဟုတ္ဘူးေလ ၊ ၿပီးေတာ့ ဒီလို ဆိုး႐ြားလြန္းတဲ့ တကၠသိုလ္ကိုလည္း ေရာက္လာမွာမဟုတ္ဘူး။ အစ္ကိုလင္ယိ ကြၽန္ေတာ့္ကို ခန႔္မွန္းခိုင္းေနတာ ရပ္ပါေတာ့။ ကြၽန္ေတာ္ ဘယ္ေတာ့မွ အေျဖမွန္ရမွာမဟုတ္ဘူး။"

"အဲ့တာ မင္းအသံပဲ။" လင္ယိက ေျပာလိုက္သည္။

ခ်င္းယန္ ပါးစပ္အေဟာင္းသားျဖစ္သြားသည္။ "ဟင္၊ ကြၽန္ေတာ့္အသံ?"

လင္ယိ ေခါင္းညိမ့္လိုက္သည္။ "အင္း ၊ မေန႔က စီနီယာက မင္းကို ငါ့အခန္းထဲေခၚလာၿပီး၊ ေမးခြန္းေတြအမ်ားႀကီးေမးေတာ့ မင္း စိတ္မရွည္ေတာ့ဘူးေနမွာေပါ့။ ဟုတ္တယ္မလား?"

ခ်င္းယန္ ေျပာသည္။ "စိတ္မရွည္တာ မဟုတ္ပါဘူး။ ကြၽန္ေတာ္က အစ္ကို နဲ႔ ေခါင္းေဆာင္လုပ္ေနတာကို ဖ်က္ဆီးမိၿပီ ထင္ေနတာ။"

လင္ယိက ေျပာသည္။ "ငါ မင္းကို ခုန္ခိုင္းခဲ့တယ္ေလ။ ခန႔္မွန္း...ေမ့လိုက္ေတာ့ ၊ မင္းကို ခန္႔မွန္းခိုင္းမေနေတာ့ဘူး။ မင္းကို ခုန္ခိုင္းရတဲ့အေၾကာင္းရင္းက ၇.၇မေကာင္းဆိုးဝါးက ငါ့ကိုသတ္ဖို႔ ေ႐ြးထားတဲ့ လက္နက္က တူေခ်ာင္းေလးျဖစ္ေနလို႔ပဲ။ တူတစ္ေခ်ာင္းသာ မင္း ကိုယ္က ျပဳတ္က်လာရင္ အဲ့တာက မင္းက ၇.၇မေကာင္းဆိုးဝါးျဖစ္တယ္လို႔ ဆိုလိုတာပဲ။"

ခ်င္းယန္ သူ႔ကိုၾကည့္လိုက္ၿပီး ခဏၾကာေတာ့ ေျပာလိုက္သည္။ "ေအာ္ ဒါေၾကာင့္ကိုး။ ဒါဆို အစ္ကိုလင္ယိ အဆင္ေျပရဲ႕လား?"

"ဒါေပမယ့္ ဘာတူမွျပဳတ္က်မလာဘူး..." လင္ယိက ခ်င္းယန္ကို ၾကည့္လိုက္သည္။ ခ်င္းယန္၏မ်က္နာေပၚမွ ေၾကာက္႐ြံ႕မႈမ်ားသည္ သိခ်င္စိတ္မ်ားျဖင့္ အစားထိုးလာသည့္အခ်ိန္မွာပင္ သူ စကားမ်ားကို ေျပာင္းလိုက္သည္။ "ဒီေတာ့ မင္း တူကို ဘယ္နားဖြက္ခဲ့တာလဲ!"

ခ်င္းယန္ သူ႔ကိုေငးၾကည့္ေနသည္။

လင္ယိ ၿပဳံလိုက္ၿပီး ေျပာသည္။ "ေနာက္တာ"

ခ်င္းယန္လည္း ၿပဳံးလိုက္ေလသည္။ "ဟားဟား၊ ထူးဆန္းလိုက္တဲ့ဟာသပဲ။ ကြၽန္ေတာ္ ေျမာက္ဝင္႐ိုးစြန္းေရာက္ေနတယ္ေတာင္ ထင္သြားတယ္။"

"ဒါေပမယ့္..." လင္ယိ၏ အၿပဳံးမ်ားေပ်ာက္ကြယ္သြားသည္။ "ငါနဲ႔ စီနီယာခ်င္က်ိဳးက မင္းကို ၇.၇မေကာင္းဆိုးဝါးလို႔ ထင္ေနတုန္းပဲ။"

"ငါကလြဲရင္ တျခားသူ ၇ေယာက္၊ အဲ့ထဲမွာ မင္းတစ္ေယာက္ထဲပဲ ငါ့ကို အစ္ကိုလင္ယိလို႔ေခၚတယ္။ တကယ့္ခ်င္းယန္အစစ္က သူနဲ႔ရင္းႏွီးတဲ့လူေတြကို ေခၚတဲ့ပုံက 'အစ္ကို' ျဖစ္ရမယ္။ ၿပီးေတာ့ ငါတစ္ေယာက္ထဲကိုပဲ 'အစ္ကို'လို႔ေခၚရတဲ့အေၾကာင္းရင္းကေတာ့ ခ်င္းယန္ရဲ႕ေနာက္ဆုံးမွတ္ဉာဏ္ထဲမွာ ငါ ရွိေနခဲ့လို႔ပဲ။ တည္းခိုခန္းတစ္ခုထဲမွာ ငါတို႔အတူေနခဲ့ၾကၿပီး မင္းက ငါနဲ႔သူကို႔ ရင္းႏွီးတယ္လို႔ထင္ေနတာေလ။"

"စီနီယာကလည္း ခ်င္းယန္ရဲ႕ မွတ္ဉာဏ္ထဲမွာရွိခဲ့တာပဲ၊ ဒါေပမယ့္ ခ်င္းယန္အစစ္က သူ႔ကို တစ္ခါပဲျမင္ဖူးခဲ့တာ၊ ဒါေၾကာင့္ မင္းက စီနီယာ့ကို 'အစ္ကို'လို႔ မေခၚတာ။"

လင္ယိဟာ ခ်င္းယန္၏ေၾကာက္႐ြံ႕မႈကို ေထာက္ျပေျပာဆိုသည္။ "မင္းေျပာခဲ့တာ မင္းက သတၱိမရွိဘူးလို႔၊ ဒါေပမယ့္ မင္း ဒုတိယထပ္က ဆူညံသံကိုၾကားေတာ့ မင္းအခန္းထဲမွာထိုင္ၿပီး ကိုယ့္အတြက္ကိုယ္ စိတ္ပူေနရမယ့္အစား မင္းက ငါ့ကိုကယ္ဖို႔ အျပင္ကိုထြက္လာတယ္။"

"ၿပီးေတာ့ တံခါးေနာက္မွာပုန္းေနတဲ့ အရာက ေၾကာက္ဖို႔ေကာင္းတယ္ဆိုေပမယ့္၊ ၇.၇စည္းမ်ဥ္းေလာကမွာေတာ့ ျပတင္းေပါက္ေတြက တံခါးေတြထက္ ပိုေၾကာက္ဖို႔ေကာင္းတယ္ေလ။"

"ေနာက္ဆုံး ၊ မင္းက တာဝန္က်ခန္းကိုလာၿပီး ငါ့ကိုကယ္ႏိုင္တဲ့ထိ ငါ့ကိုဂ႐ုစိုက္ရင္၊ မရဏစည္းမ်ဥ္းေတြ ငါ့ကိုပစ္မွတ္ထားေနတာကိုသိရဲ႕သားနဲ႔ ေနာက္ေန႔မနက္က် ငါ့ဆီလာၿပီး အသက္ရွင္ေနေသးလားဆိုတာကို ဘာလို႔မၾကည့္တာလဲ?"

ျဖစ္ႏိုင္ေခ်ႏွင့္ အမွန္တရားမ်ားကိုေျပာၿပီးေနာက္တြင္ လင္ယိက ေမးလိုက္သည္။ "ခ်င္းယန္၊ မင္းက ၇.၇မေကာင္းဆိုးဝါးလား?"

ခ်င္းယန္၏ ပါးႏွစ္ဖက္ေပၚမွာ ေသြးေရာင္မ်ား မွိန္သြားသည္။ သူဟာ ဝမ္းနည္းသည့္အမူအရာျပခ်င္ဟန္ေပၚသည္။ မည္သို႔ပင္ဆိုေစ သူဟာ ယခု လင္ယိဆီတြင္ မိသြားေခ်ၿပီ။

သို႔ေသာ္ သူႏွင့္ ရင္းႏွီးေသာသူတစ္ေယာက္ထံတြင္ အမိခံလိုက္ရသည့္အတြက္ စိတ္လည္းဆိုးသည္။

ခ်င္းယန္သည္ စိတ္ဆိုးမႈႏွင့္ ဝမ္းနည္းမႈႏွစ္ခုကိုမည္သို႔ ေဖာ္ျပရမည္ကိုမသိေခ်။ ထို႔ေၾကာင့္ သူ၏ ဘယ္ဘက္မ်က္ႏွာတစ္ဝက္မွာ သူ႔မ်က္လုံးႏွင့္အတူ ညိဳးက်သြားၿပီး ဝမ္းနည္းမႈကိုေဖာ္ျပေနသည္။ ေနာက္ညာဘက္မ်က္ႏွာတြင္ေတာ့ မ်က္ႏွာေမာ့ၿပီး မ်က္လုံးမ်ားထဲတြင္ ေဒါသမ်ားအျပည့္ျဖင့္ လင္ယိကို စိုက္ၾကည့္ေနသည္။

မဆီေလ်ာ္ေသာ အမူအရာက လင္ယိအား ေျခတစ္လွမ္းေနာက္ဆုတ္သြားေစသည္။

သူသည္ စစ္ေဆးမႈအတြက္ အေျဖကို ရွာေဖြေတြ႕ရွိသြားေခ်ၿပီ။

ခ်င္းယန္သည္ ပုံပ်က္ပန္းပ်က္ အမူအရာျဖင့္ လင္ယိအား ၾကည့္ေနေလ၏။ သူ၏ အသံမွာ ထိုအမူအရာေၾကာင့္ ထူးဆန္းစြာ ခက္ထန္ေနေပသည္။ "အစ္ကိုလင္ယိ၊ ကြၽန္ေတာ္က ၇.၇မေကာင္းဆိုးဝါးလို႔ ေျပာေနတာလား?"

Continue Reading

You'll Also Like

207K 16.9K 130
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၃)" MM Translation "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္..... ေကာင္းမြန္ေသာ အိ...
5K 438 29
This is not my own story. It's just a translation.
41.4K 4.4K 36
Eng name- Phoenix Hairpin Eng translator- Musings of a small town woman (from Otaku translation) Original author- Xun Zhao Shi Luo De Ai Qing Total e...
432K 26.2K 62
Maya X Rudra (Professor X Student) → MAYA RAICHAND, a 21-year-old college student, is the cherished youngest daughter of her family. Loved and spo...