Unicode
အခန်း (၃၆) ။
အိုယင်းက ချင်းယန်၏နောက်သို့လိုက်လာရင်း သူမလက်ထဲရှိသာမိုမီတာအား စိတ်လှုပ်ရှားစွာဖြင့် ကျစ်ကျစ်ဆုပ်ကိုင်ထားသည်။
ရုတ်တရတ် အိုယင်းက လင်ယိပြောပြထားသည်ကို သတိရသွားသည်။ သူက ၂-၆မကောင်းဆိုးဝါးမှာ မည်သူဆိုတာကို သိရှိပြီးသားဖြစ်သည်။ လင်ယိလိုအပ်ချက်မှာတော့ ၂-၆စည်းမျဥ်းကမ္ဘာ၏ မရဏစည်းမျဥ်းအဖြေကိုရှာဖွေရန်သာဖြစ်သည်။
ထို့နောက် သူမက ၇-၇မကောင်းဆိုးဝါးကို လင်ယိရင်ဆိုင်တွေ့ခဲ့ပုံအား ချင်ကျိုးပြောပြသည့်အကြောင်းကို စဥ်းစားလိုက်မိသည်။ ၇-၇မကောင်းဆိုးဝါးအား ၇-၇မကောင်းဆိုးဝါးတီထွင်ထားသောစည်းမျဥ်းကိုအသုံးပြုပြီး သုတ်သင်ခြင်းပဲဖြစ်သည်။
အိုယင်းက အသိစိတ်ပြန်ဝင်လာသည်။
သူမက ၂-၆ မကောင်းဆိုးဝါး၏သဲလွန်စကို ရှာဖွေဖို့ကြိုးစားနေတုန်း လင်ယိကတော့ မကောင်းဆိုးဝါးနှင့်ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို စဥ်းစားနေပြီဖြစ်သည်။ အကယ်၍ သူမသာ အလျင်စလို ရှာဖွေလိုက်ပါက လင်ယိ၏အစီအစဥ်ကို အနှောင့်အယှက်ဖြစ်သွားမလား?
အိုယင်း ရပ်တန့်လိုက်သည်။
သူမက အရှေ့တွင်ရှိနေသော ချင်းယန်အား ကြည့်လိုက်၏။
"လျိုယိ"
ချင်းယန်က သူမအား ပြန်လှည့်ကြည့်လိုက်သည်။
"ကမ္ဘာပေါ်မှာ ဘာသရဲမှမရှိဘူး။"
အိုယင်းက သက်ပြင်းချလိုက်သည်။ "နှုတ်ဆက်ပါတယ်"
ချင်းယန်၏တောင့်တင်းနေသော မျက်နှာအမူအရာမှာ ပြေလျော့သွားပြီး အိုယင်းအား ပြုံးပြလိုက်သည်။
ဘေးပတ်ဝန်းကျင်ရှိ သရဲတို့မှာလည်း အိုယင်းအား ကြည့်ကာ တစ်ပုံစံတည်းပြုံးပြနေကြသည်။
"ဗုန်း!"
ချင်းယန် မြေပြင်ပေါ်သို့ လဲကျသွားသည်။
မထင်မှတ်ထားသည့်ကိစ္စဖြစ်တာကြောင့် နောက်ကျောဖြင့် ရုတ်တရတ်လဲကျသွားရ၏။
"ချီးပဲ!"
ချင်းယန်က နာကျင်မှုပြည့်နေသောမျက်နှာထားဖြင့်ပြောသည်။
"ငါ့ဖင်လေးတော့ သွားပါပြီ"
_ _ _ _ _
လင်ယိမျက်လုံးပွင့်လာသည်။ သူက ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်တော့ အခန်းထဲတွင် အိုယင်းရော ချင်းယန်ရောကို မတွေ့ရတော့ပေ။ သူက အိပ်ယာပေါ်မှခုန်ဆင်းလိုက်သည်။ အပြင်ဖက်ရှိအခြေအနေအား သွားရောက်စစ်ဆေးဖို့ခြေလှမ်းလိုက်ချိန်မှာပဲ အပြင်ဖက်မှအခန်းက ပွင့်လာသည်။
အိုယင်းက ပင်ပန်းနွမ်းနယ်နေသော ချင်းယန်ကို တွဲလျက်ပြန်လာသည်။ လင်ယိကိုမြင်လိုက်ရတော့အိုယင်း ဝမ်းသာသွား၏။
"လင်ယိ နိုးပြီလား?"
"အင်း။"
"စီနီယာ အခြေအနေဘယ်လိုလဲ?"
အိုယင်းက ခေါင်းခါလိုက်သည်။ ထို့နောက် မနေ့ညကဖြစ်ပျက်ခဲ့သည့်ကိစ္စတို့အား လင်ယိကိုပြန်ပြောပြလိုက်သည်။
သူမက အိမ်မက်မှလန့်နိုးလာသကဲ့သို့ပင်။
ချင်းယန်မှာ လျိုယိ၏ပူးကပ်ခြင်းကိုခံထားရတာကြောင့် ၂-၆မကောင်းဆိုးဝါးကိုရှာဖို့အစီအစဥ်အားရပ်တန့်ခဲ့ရသည်။ လျိုယိ၏မေးခွန်းကိုဖြေပြီးနောက်မှာတော့ သူမနှင့်ချင်းယန်က ပထမထပ်ရှိမီးဖိုချောင်ထဲသို့သွားခဲ့ပြီး အံစာတုံးထဲသို့ ပြဒါးထည့်ရန် အကူအညီဖြစ်မည့်ပစ္စည်းကို သွားရှာခဲ့သည်။
၄င်းတို့က ပုစွန်အခွံ့နွှာရန်အဓိကအသုံးပြုသည့် ဓါးသေးသေးလေးတစ်ချောင်းအား ရှာတွေ့ခဲ့သည်။ ၄င်းတို့က ထိုဓါးဖြင့် အံစာတုံးကို ခွဲပစ်ဖို့ စီစဥ်ခဲ့လေ၏။
ထို့နောက် အံစာတုံးကို ပြန်ကပ်နိုင်ရန်လည်း ကော်အပျော့စားတစ်မျိုးအား ရှာတွေ့ခဲ့သည်။
၄င်းတို့ တတိယထပ်သို့ရောက်သွားချိန်တွင် အနီရောင်မိန်းမပျို၏အခန်းမှာ သော့ခတ်ထား၏။ သို့သော်ငြား ချင်းယန်က အိုယင်းကို လှည့်ကွက်တစ်ခုပြခဲ့သည်။ ချင်းယန်၏အဖေက သူ၏အိမ်သော့ကိုသိမ်းယူပြီး အိမ်ပေါ်မှနှင်ချလေ့ရှိတာကြောင့် ချင်းယန်မှာ သော့ခလောက်များအား မည်သို့ဖွင့်ရသည်ဆိုတာကို လေ့လာခဲ့လေသည်။
ချင်းယန်က ၄င်းတို့ယူလာသော ဓါးအသေးလေးအား အသုံးပြုပြီး သော့ခလောက်ကိုဖွင့်ရန်ကြိုးစားလေသည်။
"ချင်းယန် ကားမှောက်ဖူးတယ်မလား?"
အိုယင်းက ခန့်မှန်းလိုက်သည်။
ချင်းယန်က မကျေမနပ်ဖြင့် အော်လိုက်သည်။ "ဆုတောင်းလေ"
သို့သော် သူက ထပ်၍မှိုင်သွားပြီး "ဒါပေမယ့် ကျွန်တော့်ကြောင့်တော့ မှောက်ဖူးတယ်"
ချင်းယန်က တံခါးဖွင့်လိုက်ပြီး ၄င်းတို့နှစ်ယောက် အထဲသို့ဝင်သွားကြသည်။ အခန်းထဲတွင်တော့ အနီရောင်မိန်းမပျိုက အိပ်ပျော်နေလေ၏။ ထို့ကြောင့် ၄င်းတို့လည်း အံစာတုံးကိုသာ အရင်ဆုံးရှာဖွေခဲ့ကြသည်။ ခဏအကြာမှာတော့ ချင်းယန်၏အသက်ရှုသံမှာ ပုံမှန်မဟုတ်နေမှန်းကို အိုယင်းသတိထားလိုက်မိသည်။
ချင်းယန်မှာ ရုတ်တရတ် ရင်ဘတ်ထဲမှတင်းကြပ်လာပြီး အသက်ရှုဖို့ ခဲယဉ်းလာသည်။ ထိုအရာကိုမြင်သည့် အိုယင်းက ချင်းယန်မှာ လင်ယိပထမထပ်တွင် ထားခဲ့သောပြဒါးတို့ကို ရှုရှိုက်မိခဲ့ခြင်းသာဖြစ်ရမည်ဟု ခန့်မှန်းလိုက်မိသည်။ သူက ပြဒါးမှရသည့် အဆိပ်သင့်နေခြင်းဖြစ်၏။
အခြားနည်းလမ်းမရှိတော့ပေ။ အိုယင်းက ချင်းယန်အား အခန်းပြင်သို့ပြန်လည်ထုတ်ခေါ်သွားရင်း ထိုညတစ်ညလုံးကို သန့်စင်ခန်းထဲတွင်သာ အချိန်ကုန်ဆုံးခဲ့ရသည်။ ဗီလာတစ်ခုလုံးတွင် သန့်စင်ခန်းအတွင်းတွင်သာ အိတ်ဇောပန်ကာရှိသည်မို့ လေဝင်လေထွက်ကောင်းမွန်လေသည်။
လင်ယိမှာ နားထောင်နေရင်းဖြင့် သူ့ကိုယ်သူအပြစ်မကင်းသလိုခံစားလိုက်ရသည်။ သူက ဤအရှုပ်များအားလုံးကို စတင်ဖန်တီးခဲ့သူဖြစ်၏။
"ငါ့သာမိုမီတာကနေ ကျသွားခဲ့တာဖြစ်မယ်။"
လင်ယိမှာ ဘာကြောင့်သာမိုမီတာကို ပစ်ခဲ့သလဲဆိုတာကိုတော့ မမှတ်မိနိုင်တော့ပေ။ ထို့ကြောင့် ခန့်မှန်းရုံသာ မှန်းနိုင်၏။
"ငါ တောင်းပန်ပါတယ် ချင်းယန်"
ချင်းယန်ကတော့ စိတ်ထဲမထားပေ။
"ရပါတယ်။ ငါ့ခန္ဓာကိုယ်ကိုက အားနည်းတာပါ။"
အိုယင်းက လင်ယိအား နှစ်သိမ့်ပေးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ ငါတို့တွေ ဒီကနေ အသက်ရှင်လျက်ထွက်နိုင်ရင် လက်တွေ့လောကကို ဘာဒဏ်ရာမှပါသွားမှာမဟုတ်ဘူး။"
လင်ယိ ခေါင်းညိမ့်လိုက်သည်။
သူလည်း ဤစည်းကမ်းအား သိထားပါ၏။ ၇-၇စည်းမျဥ်းလောကတွင် ပန်းအိုးမိန်းကလေးဆီမှ လက်သည်းရှည်ကြီးဖြင့် အထိုးခံခဲ့ရသော်လည်း စည်းမျဥ်းလောကမှထွက်ခွာချိန်တွင်တော့ မည်သည့်ဒဏ်ရာမှရှိမနေတော့ချေ။
မည်သို့ပင်ဖြစ်စေ၊ ပြဒါးအား ရှင်းပစ်ရမည်ဖြစ်သည်။ ၄င်းတို့က ဤနေရာတွင် ဘယ်လောက်ကြာကြာနေရဦးမည်ဆိုတာမသေချာသေးပေ။ ထို့ကြောင့် ပြဒါးကိုမရှင်းထားပါက အန္တရာယ်ဖြစ်လာနိုင်သည်။
လင်ယိ : "စီနီယာ အရုဏ်တက်ပြီလား?"
လင်ယိက ဧည့်ခန်းထဲရှိပြဒါးအား သွား၍သန့်ရှင်းရေးလုပ်မည်ဖြစ်သည်။ မဟုတ်ပါက အခြားလူများ ရှုရှိုက်မိ၍ အဆိပ်သင့်သွားနိုင်လေ၏။
"မကြာခင် တက်တော့မယ်ထင်တယ်"
အိုယင်းက ပြောလိုက်သည်။
"ငါနဲ့ချင်းယန် သန့်စင်ခန်းထဲမှာရှိနေတုန်းက အနီရောင်မိန်းမပျိုထွက်သွားသံကြားတယ်။"
ဗီလာအတွင်းရှိ ပြတင်းပေါက်များအားလုံးမှာ အလင်းရောင်မထွင်းဖောက်နိုင်သောမှန်များဖြင့် ကာရံပိတ်စည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် မီးပိတ်ထားပါက ဗီလာတစ်ခုလုံးမှာ မှောင်မိုက်နေပြီး တစ်ယောက်ကိုတစ်ယောက်ပင် မြင်ရမည်မဟုတ်ချေ။
အိုယင်းဆိုလိုချင်သည်မှာ မနက်ခင်းရောက်ပြီဆိုတာသေချာဖို့ အနီရောင်မိန်းမပျိုက မနက်စာစားဖို့ခေါ်သည့်အချိန်ကို စောင့်နေသည့်သည်ဟု ပြောလိုခြင်းဖြစ်သည်။
လင်ယိကတော့ မနက်စာစားချိန်ဆိုလျှင် သန့်ရှင်းရေးလုပ်ဖို့အတွက် အရမ်းနောက်ကျသွားပြီဟုတွေး၏။ ထို့အပြင် အနီရောင်မိန်းမပျိုကလည်း ကြမ်းပြင်ပေါ်ကျနေသည့်ပြဒါးတို့အား တွေ့သွားနိုင်လေသည်။ အကယ်၍ အနီရောင်မိန်းမပျိုသာ ပြဒါးအဆိပ်သင့်ပြီး သေဆုံးသွားပါက NPC အားသတ်သည့်အမှုဖြင့် စည်းမျဥ်းချိုးဖောက်ရာကျသွားပေလိမ့်မည်။
သို့သော် လင်ယိ ဘာမှမပြောခင်မှာပဲ တံခါးခေါက်သံထွက်ပေါ်လာသည်။
"ဒေါက် ဒေါက် ဒေါက်"
အိုယင်း : "ချင်ကျိုးလား?"
ချင်ကျိုးမှာ မနက်တိုင်း သူ အန္တရာယ်ကင်းသလားဆိုတာကို လာရောက်စစ်ဆေးတတ်သည်ဟု လင်ယိက ပြောပြဖူးသည်။
သို့သော် လင်ယိက ခေါင်းခါလိုက်၏။
"မဟုတ်လောက်ပါဘူး"
ချင်ကျိုးက သံသယများနေကာ တစ်ယောက်တည်းနေချင်နေသည်။ အကယ်၍ သဲလွန်စရှာတွေ့ပါကလည်း လင်ယိဆီသို့ လာပြောပြလိမ့်မည်မဟုတ်ပေ။
အကယ်၍ ၂-၆ မကောင်းဆိုးဝါး၏သက်သေမဟုတ်ဘူးဆိုလျှင်ပေါ့။
ချင်းယန်က အိပ်ယာပေါ်သို့ တိတ်တဆိတ်ထိုင်ချလိုက်သည်။ လင်ယိကတော့ တံခါးသွားဖွင့်၏။
တံခါးဖွင့်လိုက်သည်နှင့် ဒေါသများဖြင့်ဆူပွက်နေသော အနီရောင်မိန်းမပျို၏မျက်နှာအား တွေ့လိုက်ရသည်။
"အဲ့တာ ရှင်လား!"
လင်ယိ နားမလည်ပေ။
"ဘာ?"
အနီရောင်မိန်းမပျိုက လင်ယိမျက်နှာပေါ်မှ တစ်ဖက်ခြမ်းသို့ ဖိအိပ်ထားသည့်အမှတ်ရာအား သတိထားလိုက်မိသည်။ သူမက အနောက်တွင်ရှိနေသည့် အိုယင်းနှင့်ချင်းယန်အား ကျော်ကြည့်လိုက်သည်။
"နင်တို့နှစ်ယောက်လား!"
အိုယင်း : "နင်ဘာတွေပြောနေတာလဲ ငါမသိဘူး"
"ဓါတ်ပုံ!"
အနီရောင်မိန်းမပျိုက အော်လိုက်သည်။
"ဘယ်သူ ငါ့ဓါတ်ပုံကို ခိုးသွားတာလဲ!"
အိုယင်း : "ဘာတွေဖြစ်နေလဲမသိပေမယ့် ငါတို့သုံးယောက်လုံးကတော့ တစ်ညလုံးအခန်းထဲမှာပဲ ရှိနေခဲ့တာပါ။ နင့်ဓါတ်ပုံအကြောင်း ဘာမှမသိဘူး။"
အိုယင်းက သူမ၏လက်နှစ်ဖက်အား ဆန့်တန်းပြလိုက်သည်။
"မယုံရင်လည်း လာရှာကြည့်လို့ရတယ်။ အခန်းကိုပါ ရှာချင်ရှာ။ ဒါက နင့်အိမ်ပဲလေ မဟုတ်ဘူးလား?"
အနီရောင်မိန်းမပျိုက အိုယင်းအား စိုက်ကြည့်ပြီးနောက် ချင်းယန်ဆီသို့ အကြည့်ပြောင်းသွားသည်။
"ငါ နင်တို့ကိုမဖမ်းမိပါစေနဲ့လို့သာ ဆုတောင်းနေကြ"
ပြောပြီးသည်နှင့် သူမက နောက်ထပ်အခန်းတစ်ခုဆီသို့ ထွက်သွားသည်။ လင်ယိကတော့ အခန်းဝတွင် မတ်တပ်ရပ်နေလျက် ချိန်းကျင်းနန်နှင့်ကျိုးချန်းတို့၏အခန်းတံခါးကို ထုနေသော အနီရောင်မိန်းမပျိုအား ကြည့်နေလေသည်။
ချိန်းကျင်းနန်က တံခါးဖွင့်လိုက်သည်နှင့် အနီရောင်မိန်းမပျိုမှာ ဇာတ်ညွှန်းကိုအလွတ်ကျက်ထားသကဲ့သို့ ထအော်လိုက်သည်။
"ရှင်မလား!"
ချိန်းကျင်းနန်မှာ အရုဏ်တက်အထိ ခက်ခက်ခဲခဲအသက်ရှင်ကျန်ခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် အခန်းတံခါးဖွင့်ဖွင့်ချင်း အနီရောင်မိန်းမပျိုကိုမြင်လိုက်ရတော့ ချက်ချင်းပဲဒေါပွသွားတော့၏။
"What the fuck!"
"ဘာတွေလာပြောနေတာလဲ?"
"နင် ငါ့ဓါတ်ပုံခိုးထားတယ်မလား!"
အနီရောင်မိန်းမပျိုမှာ ဒေါသထွက်လွန်းလို့ တုန်ပင်တုန်ယင်နေလေသည်။
အခန်းထဲမှ ချင်ကျိုးလည်း ထွက်လာသည်။
"ဘာဓါတ်ပုံလဲ? ဘာမှမတွေ့မိပါဘူး။"
လင်ယိက အခန်းဝတွင် မတ်တပ်ရပ်နေတုန်းဖြစ်သည်။ အနီရောင်မိန်းမပျိုက နောက်ထပ်အခန်းတစ်ခုအား တံခါးသွားခေါက်ပြန်၏။ ထိုအခန်းမှာ လိသျန်နှင့်စူးထျန်လဲတို့၏အခန်းဖြစ်သည်။
၄င်းတို့ကလည်း ဘာမှမတွေ့မိဘူးဟု ဆိုကြပြန်၏။
နောက်ဆုံးမှာတော့ အနီရောင်မိန်းမပျိုက ချင်ကျိုးအခန်းရှေ့သို့ရောက်လာသည်။
"ရှင်မလား!"
အနီရောင်မိန်းမပျိုအလွန်ဒေါသထွက်နေသည်ကိုကြည့်ခြင်းအားဖြင့် ထိုဓါတ်ပုံမှာ သူမအတွက် အရမ်းအရေးပါသည်ဆိုတာကို ခန့်မှန်းနိုင်လေသည်။
ချင်ကျိုးက အနီရောင်မိန်းမပျို၏မေးခွန်းအား ပြန်မဖြေခင် လင်ယိကိုလှမ်းကြည့်လိုက်သည်။ သူက ဤဓါတ်ပုံကိစ္စမှာ လင်ယိနှင့်တစ်ခုခုပက်သက်နေလိမ့်မည်ဟု သံသယရှိနေသည်။
လင်ယိကိုလှမ်းကြည့်ပြီးနောက်မှာတော့ အနီရောင်မိန်းကလေးအား ပြန်ကြည့်လိုက်သည်။
"ဟင့်အင်း"
အနီရောင်မိန်းမပျိုက ချင်ကျိုးအား အစိမ်းလိုက်ဝါးစားတော့မည့်အကြည့်တို့ဖြင့် ကြည့်လိုက်သည်။
"နင်တို့အားလုံး ငါ့ဆီမှာ အဖမ်းမခံရစေနဲ့"
"လင်ယိ"
အိုယင်းက လင်ယိကိုခေါ်လိုက်သဖြင့် လင်ယိလှည့်ကြည့်လိုက်သည်။
"စီနီယာ ကျွန်တော့်ကို ခေါ်တာလား?"
အိုယင်း : "တံခါးပိတ်လိုက်"
လင်ယိ တံခါးပိတ်လိုက်သည်။
အိုယင်းက ဓါတ်ပုံအား ထုတ်ပြလိုက်သည်။
"ငါ ယူလာတာ"
အိပ်ယာပေါ်ရှိ ချင်းယန်မှာ အံ့သြသွား၏။
"ကျွန်တော် ဘယ်လိုလုပ် မသိလိုက်တာလဲ?"
လင်ယိကတော့ အံ့သြမနေပါချေ။ "ကျွန်တော်ထင်သားပဲ"
မနေ့ညက အိုယင်းနှင့်ချင်းယန်မှာ အံစာတုံးကိုမပြုပြင်နိုင်ခဲ့သော်လည်း အနီရောင်မိန်းမပျို၏အခန်းထဲကိုတော့ ရောက်အောင်သွားနိုင်ခဲ့သည်။
"ကြည့်ကြည့်"
အိုယင်းက လင်ယိအား ဓါတ်ပုံလှမ်းပေးလိုက်သည်။
"သူ့အိပ်ယာဘေးက ဓါတ်ပုံဘောင်ထဲမှာရှိနေတာ"
လင်ယိက ဓါတ်ပုံအား ကြည့်လိုက်သည်။ ဓါတ်ပုံမှာ ၁၂လက်မလောက်ရှိမည်ဖြစ်၏။ ထို့ကြောင့် အိုယင်းက ဓါတ်ပုံဘောင်ကိုမယူဘဲ ဓါတ်ပုံကြီးပဲထုတ်ယူလာခဲ့ခြင်းဖြစ်သည်။
ဓါတ်ပုံမှာ လူတစ်စု၏ပုံဖြစ်သည်။ ပုံထဲတွင် လူ၁၃ယောက်ပါဝင်၏။
လင်ယိက နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။
အိုယင်းက ထိုဓါတ်ပုံကိုတွေ့ချိန်တွင် တစ်ခုခုထူးခြားတာရှိရမည်ဟူသော အတွေးဖြင့်ယူလာခဲ့ခြင်းဖြစ်သည်။ သို့သော် အိုယင်းက တွေးရုံရှိသေး၊ လင်ယိကတော့ ထူးဆန်းနေသည့်အရာကို သတိထားလိုက်မိပြီဖြစ်သည်။
ထိုပုံထဲတွင် လင်ယိမြင်ဖူးသော လူနှစ်ယောက်ပါဝင်သည်။ သို့သော်ငြား ဘယ်သူဘယ်ဝါဖြစ်သလဲဆိုတာကိုတော့ မရှင်းပြနိုင်ပေ။
ကစားနည်း၏ပထမဆုံးနေ့တွင် လူအုပ်ကြားထဲထိုင်နေသည့်သရဲနှစ်ကောင်မှာ ဓါတ်ပုံထဲတွင်ပါဝင်သည်။
တတိယမြောက်သရဲမှာတော့ မျက်နှာအား ဆံပင်များဖြင့်ဖုံးအုပ်ထားသော်လည်း ဓါတ်ပုံထဲတွင် ပါဝင်သည်ဆိုတာကို လင်ယိခန့်မှန်းမိလေသည်။ သူမက ဖြောင့်စင်းသောဆံပင်အနက်ရောင်ရှိသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။
....
ဆံပင်အရှည်ဖြင့်မိန်းကလေးမှာ ဓါတ်ပုံထဲတွင် ခေါင်းကိုအနည်းငယ်စောင်းထားပြီး ဘေးနားရှိနောက်ထပ်မိန်းကလေးတစ်ယောက်အား မှီလျက် ချိုသာစွာပြုံးနေသည်။
သူမမှီထားသည့်မိန်းကလေးမှာတော့ အနီရောင်မိန်းမပျိုဖြစ်သည်။ ဓါတ်ပုံထဲတွင် အနီရောင်မိန်းမပျိုမှာ ယခုကဲ့သို့ အနီရောင်တောက်တောက်ဝတ်စုံကို မဝတ်ဆင်ထားချေ။ သူမက အခြားသူများကဲ့သို့ပင် ကျောင်းယူနီဖောင်းကိုသာ ဝတ်ဆင်ထား၏။ သူမ၏မျက်နှာမှာလည်း အတော့်ကိုနုပျိုနေတုန်းဖြစ်သည်။ ကြည့်ရတာ ထိုဓါတ်ပုံမှာ ၄င်းတို့၏ကျောင်းတက်သည့်အရွယ်က ဓါတ်ပုံဖြစ်ဟန်တူသည်။
ဓါတ်ပုံကိုကြည့်ရုံဖြင့် ဆံပင်အရှည်ဖြင့်မိန်းကလေးမှာ အနီရောင်မိန်းကလေးဖြင့် ရင်းနှီးလိမ့်မည်ဆိုတာသိသာသည်။ သူမက အနီရောင်မိန်းကလေး၏ပခုံးကိုမှီလျက် လက်ချင်းလည်း ချိတ်ထားကြလေ၏။
အနီရောင်မိန်းမပျို၏အမူအရာမှာ အနည်းငယ်တောင့်တင်းနေသော်လည်း စက်ဆုပ်သည့်အမူအရာတော့မပြပေ။
လူကြောက်တတ်သည့်လင်ယိအတွက်တော့ ဤကဲ့သို့အမူအရာမျိုးအား ရင်းရင်းနှီးနှီးသိပါသည်။
ကိုယ့်အပေါ်ကောင်းသည့်လူတစ်ယောက်နှင့် နီးနီးကပ်ကပ်နေရသည့်အချိန်တွင် အဆင်မပြေဖြစ်နေသော်လည်း မငြင်းဆန်လိုသည့်အမူအရာဖြစ်သည်။
ထို့ကြောင့် အနီရောင်မိန်းမပျိုဖက်ကလည်း ဆံပင်အရှည်ဖြင့်မိန်းကလေးအား ရင်းနှီးလိမ့်မည်ဆိုတာသေချာသည်။
မဟုတ်ပါက သူမ၏လက်ကိုအထိခံမည်လည်းမဟုတ်သလို ထိုဓါတ်ပုံအား ဘောင်ဖြင့်အကျအနသိမ်းထားလိမ့်မည်လည်း မဟုတ်ပေ။
"သူတို့အားလုံးက ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ရမယ်"
အိုယင်းက ဆံပင်အရှည်ဖြင့်မိန်းကလေးကိုသာ အာရုံစိုက်နေသည့်လင်ယိအား ရှင်းပြလိုက်သည်။
"တကယ်လို့ အနီရောင်မိန်းမပျိုကသာ အဲ့မိန်းကလေးနဲ့ပဲရင်းနှီးတာဆိုရင် ဓါတ်ပုံထဲက သူတို့နှစ်ယောက်ပါတဲ့အပိုင်းကိုပဲ ညှပ်ပြီးသိမ်းထားလည်းရတာပဲ။"
"ဒါက တစ်ကိုယ်တည်းသီးသန့်နေတတ်တဲ့လူတွေ လုပ်တတ်တဲ့အရာပဲမဟုတ်လား?"
အိုယင်းက ဓါတ်ပုံကိုကြည့်၍ အနီရောင်မိန်းမပျို၏စရိုက်အား ခန့်မှန်းကြည့်လေသည်။ ဓါတ်ပုံထဲတွင် အားလုံးက သာမာန်ကျောင်းယူနီဖောင်းကိုသာဝတ်ဆင်ထားကြသော်လည်း မျက်နှာပေါ်ရှိအပြုံးများကြောင့် သာမာန်ထက်ပို၍ တက်ကြွနေကြသည်။ အနီရောင်မိန်းမပျိုက လွဲ၍။
အားလုံးက ကင်မရာကိုကြည့်ကာ ပိုစ့်အမျိုးမျိုးထုတ်နေကြသော်လည်း အနီရောင်မိန်းမပျိုကတော့ ကင်မရာကြောက်သည့်အလား အခြားတစ်ဖက်သို့သာ မျက်နှာလွှဲထားသည်။
ဤအပြုအမူမှာ ကင်မရာကြောက်တတ်သည့် လင်ယိနှင့် ဆင်တူလွန်းလှသည်။ လင်ယိအတွက်တော့ ဓါတ်ပုံရိုက်ရသည်မှာ နေရခက်စေ၏။
"လင်ယိ ဓါတ်ပုံနောက်ကိုကြည့်လိုက်"
လင်ယိက ဓါတ်ပုံ၏နောက်ကျောဖက်အား လှန်ကြည့်လိုက်သည်။ ပုံနောက်တွင် မွေးနေ့ဆုတောင်းတို့ရေးထားကြလေ၏။
"Happy Birthday သူငယ်ချင်း။ ချစ်တယ်!
"ပျော်စရာမွေးနေ့လေးဖြစ်ပါစေ"
"ငါတို့အတူတူဆင်နွှဲတဲ့ပထမဆုံးမွေးနေ့ပဲနော်။ ဒါပေမယ့် နောက်ဆုံးတော့ဖြစ်မှာမဟုတ်ပါဘူး။ နောက်နှစ်မွေးနေ့တွေအတွက်လည်း အမြဲတမ်းအတူရှိနေပေးမယ်။"
"နင်က ပြုံးခဲပေမယ့် ပြုံးတဲ့အချိန်တိုင်းတော့ အရမ်းလှတယ်။ များများပြုံးနော် ဘေဘီ!"
"ဒီနှစ်အတွင်း ဖြစ်ခဲ့တဲ့အကောင်းဆုံးအရာကတော့ နင်နဲ့တွေ့ဆုံခဲ့ရတာပဲ။"
"နင့်ကို အရမ်းအေးမယ်ထင်ခဲ့တာ။ အခုမှ အရမ်းချစ်ဖို့ကောင်းမှန်း သိတော့တယ်။"
လင်ယိက စာဖတ်နေတုန်းဖြစ်သည်။ အိုယင်းကတော့ ဘေးနားမှနေ၍ ဓါတ်ပုံကိုကြည့်နေလေ၏။
"မွေးနေ့ရှင်က အနီရောင်မိန်းမပျိုဖြစ်မယ်ထင်တယ်"
လင်ယိ : "အင်း"
၄င်းတို့နှစ်ယောက်မှာ အတွေးတူနေကြသည်။ ဓါတ်ပုံထဲတွင် အနီရောင်မိန်းမပျိုမှာ သူငယ်ချင်းအုပ်စု၏အလယ်တွင်ရှိနေရုံသာမက နောက်ကျောဖက်မှမွေးနေ့ဆုတောင်းတို့ကလည်း သူမအားညွှန်ပြနေကြသည်။
လင်ယိက စာဆက်ဖတ်လိုက်သည်။
"ငါနင်နဲ့ သူငယ်ချင်းဖြစ်ပြီးကတည်းက တစ်ယောက်တည်းမအိပ်ရဲတော့တာပဲ ဟား ဟား။ နင် ငါ့ကိုစောင့်ရှောက်ပေးရမယ် ဒါပဲ။"
"အိမ်မက်လိုပါပဲဟာ။ နင်နဲ့သူငယ်ချင်းဖြစ်လာလိမ့်မယ်လို့မထင်ထားဘူး။"
လင်ယိက အဓိကစကားလုံးတို့အား ပြန်၍စီစစ်လိုက်သည်။
"ပြုံးခဲတယ်။ ပထမဆုံးမွေးနေ့။ သူငယ်ချင်းအသစ်"
ဒါဆို သူတို့တွေ သူငယ်ချင်းဖြစ်တာမကြာသေးဘူးပဲ။
လင်ယိက ခေတ္တဆက်၍ စဥ်းစားလိုက်သည်။
သူ့ကိုယ်သူ ဥပမာအနေဖြင့်ကြည့်ပါက သူငယ်ချင်းတစ်ယောက်ဖြင့် ဤမျှလောက်ရင်းနှီးရန် အချိန်တစ်ခုကြာလိုအပ်လေသည်။ သူငယ်ချင်းမရှိသောလင်ယိအတွက်တောင်မှ ဤကြီးမားသောသံယောဇဥ်မှာ နှစ်ရက် သုံးရက်လောက် ရင်းနှီးမှုမှ မရရှိနိုင်မှန်း သိသည်။
သို့သော်ငြား အနီရောင်မိန်းမပျိုကတော့ ၄င်းတို့နှင့် သိကျွမ်းတာမကြာသေးဘဲ ဆံပင်အရှည်ဖြင့်မိန်းကလေးဆီမှ အထိခံသည်တဲ့လား...
အိုယင်း : "သူ့မှာ အရင်က တစ်ခါမှ သူငယ်ချင်းမရှိဖူးလို့များလား?"
လင်ယိက အိုယင်း၏စကားကြောင့် အနည်းငယ်တွေဝေသွားသည်။
အိုယင်း : "သူ့မှာ သူငယ်ချင်းမရှိဖူးတော့ ရလာတဲ့သူငယ်ချင်းတွေကို အရမ်းတန်ဖိုးထားတာနေမယ်"
လင်ယိ ခေါင်းညိမ့်လိုက်သည်။
"အဲ့ဒါလည်း ဖြစ်နိုင်တယ်"
အိပ်ယာပေါ်ရှိ ချင်းယန်ဆီမှ အာမေဠိတ်သံထွက်လာသည်။
"အနီရောင်မိန်းမပျိုက သူ့သူငယ်ချင်းတွေသေသွားတာကို လက်မခံနိုင်ဘဲ ငါတို့အပေါ်ကို လက်စားချေနေတာလား?"
"မနေ့က ကစားနည်းအဆုံးမှာ အနီရောင်မိန်းမပျိုက သေပြီးသားလူတွေ လက်စားချေလိမ့်မယ်လို့ ပြောခဲ့တယ်လေ။ မနေ့ညက ပြန်ရောက်လာတဲ့အထဲမှာ သူတို့လည်း ပါတယ်"
လင်ယိက ဓါတ်ပုံအား လက်ညိုးထိုးပြလိုက်သည်။
"သူက လက်စားချေမယ့်သရဲတွေနဲ့ပက်သက်တဲ့အကြောင်းကို ပြောဖို့ချန်ထားခဲ့တာပဲ။ အမှန်တကယ်က ဒီဗီလာမှာ သေဆုံးခဲ့တဲ့လူအားလုံးလို့ ပြောရမှာ။"
"ဒီဗီလာကို အနီရောင်မိန်းကလေးပိုင်တာလေ။ သူ့သူငယ်ချင်းတွေအားလုံးကတော့ ဗီလာထဲမှာသေသွားကြပေမယ့် သူကတော့ အခုထိအသက်ရှင်နေသေးတယ်။ မတော်တဆမှုဖြစ်ခဲ့ဖို့ဆိုတာ ရာခိုင်နှုန်းတော်တော်နည်းတယ်။ ကျွန်တော်တော့ သူ သတ်လိုက်တာများလားလို့တောင် သံသယဝင်မိတယ်။"
ချင်းယန်မှာ တုန်လှုပ်လာသည်။
"အနီရောင်မိန်းမပျိုက သူ့သူငယ်ချင်းတွေကိုသတ်လိုက်တယ်? သူတို့က ရင်းနှီးခဲ့တယ် မ..မဟုတ်ဘူးလား?"
အိုယင်းက ခေတ္တစဥ်းစားပြီးနောက် "လူတိုင်းမှာ တန်ဖိုးထားတဲ့ပုံစံအမျိုးမျိုးရှိတတ်ကြတယ်။ တချို့ကတော့ တစ်ဖက်လူကို ဂရုစိုက်ပေးပြီးတန်ဖိုးထားတတ်ပေမယ့် တချို့ကတော့ အစွန်းရောက်တဲ့အတွေးအခေါ်တွေရှိတတ်ကြတယ်။"
ချင်းယန် : "ယန်ဒယဲလိုမျိုးကိုပြောတာလား?"
(T/N - ယန်ဒယဲ = အပြင်ပန်းမှာတော့ ချစ်စရာကောင်းပြီး အတွင်းစိတ်ကတော့ အရမ်းအစွမ်းလမ်းကြီး၊ အစွန်းရောက်တဲ့လူမျိုးကိုပြောတာပါ။ ဥပမာ - crush က ကိုယ့်ကိုပြန်မကြိုက်လို့ တခြားလူနဲ့လည်းမကြိုက်နိုင်အောင် သတ်ပစ်လိုက်တဲ့ sweet but psycho လိုမိန်းကလေးကိုပြောတာပါ)
ချင်းယန်မှာ သူ၏ဦးနှောက်အား ပထမဆုံးအကြိမ်အဖြစ် အသုံးချကြည့်ရန် ကြိုးစားကြည့်သည်။
"သာမန်လူတွေက ယန်ဒယဲနဲ့သူငယ်ချင်းဖြစ်လာပြီး ယန်ဒယဲသတ်တာခံလိုက်ရတာလား။ ဘယ်လိုတောင် ကျောချမ်းစရာကောင်းတဲ့ဇာတ်လမ်းကြီးလဲ?"
ချင်းယန် : "အစ်ကိုလင်ယိ ငါပြောတာမှန်တယ်မလား?"
လင်ယိက ခေါင်းခါလိုက်သည်။ "ယန်ဒယဲမဟုတ်ဘူး"
ချင်းယန် : "အိုး"
အိုယင်း : "ဘာလို့ထင်လဲ?"
လင်ယိ : "မရဏစည်းမျဥ်းက ကမ္ဘာပေါ်မှာ သရဲရှိတယ်ဆိုတာကို ယုံကြည်ခြင်းပဲ။ စည်းမျဥ်းလောကတိုင်းရဲ့မရဏစည်းမျဥ်းက တစ်ခုနဲ့တစ်ခုတူညီကြတာမဟုတ်ဘူး။ အကယ်၍ အနီရောင်မိန်းမပျိုက ယန်ဒယဲဆိုရင်တောင်မှပဲ မနေ့ညက မရဏစည်းမျဥ်းနဲ့တော့ သက်ဆိုင်နေမယ်မထင်ဘူး။"
ချင်းယန်က ထပ်၍ခန့်မှန်းလိုက်သည်။
"သူ့သူငယ်ချင်းတွေက သရဲရှိတယ်လို့ယုံကြည်ကြလို့များ သတ်လိုက်တာလား?"
လင်ယိ : "မဟုတ်ဘူး"
ချင်းယန် အံ့သြသွားသည်။
လင်ယိ : "မရဏစည်းမျဥ်းတွေဆိုတာ NPCတွေအတွက် လိုအပ်တာမဟုတ်ဘူး။ သူတို့က သရဲတွေဆိုတာမှန်တယ်။ ဒါပေမယ့် သူတို့က NPC တွေလည်း ဟုတ်တယ်။ NPC တွေဆိုတာ လူတွေကြီးပဲမဟုတ်ဘူး။ ၇-၇ စည်းမျဥ်းလောကမှာ ပန်းအိုးမိန်းကလေးဆိုလည်း NPC ပဲလေ။"
လင်ယိက ဓါတ်ပုံထောင်ပြလိုက်သည်။
"သူတို့က ငါတို့ကို သတ်မယ့်လူတွေပဲ။ ရှင်းအောင်ပြောရရင် ငါတို့ကသာ သရဲရှိတယ်ဆိုတာကိုယုံကြည်လိုက်ရင် သူတို့က ငါတို့ကိုသတ်လိမ့်မယ်။ တစ်နည်းပြောရရင် ဓါတ်ပုံထဲကလူတွေက သရဲမရှိဘူးလို့ ယုံကြည်တဲ့လူတွေဖြစ်ပြီး အနီရောင်မိန်းမပျိုကမှ သရဲရှိတယ်ဆိုတာကို ယုံကြည်တဲ့လူပဲ"
ချင်းယန်က သုံးခါမြောက်ခန့်မှန်းပြန်သည်။ "သူ့သူငယ်ချင်းတွေက သရဲရှိတာကိုမယုံလို့ သူငယ်ချင်းတွေကိုသတ်လိုက်တာလား?"
ချင်းယန်မှာ လင်ယိဆီမှတုံ့ပြန်လာမည့်စကားကိုမစောင့်တော့ဘဲ သူ့ဘာသာသူ ညည်းညူလိုက်သည်။
"ထားလိုက်တော့။ ငါ့စကားငါတောင် နားမထောင်နိုင်တော့ဘူး။ ငါ့ဦးနှောက်က မကောင်းဘူးဆိုတာကို ငါ့ဟာငါ လက်ခံလိုက်ပါပြီ။"
လင်ယိက ချင်းယန်၏ညည်းညူသံကိုကြားတော့မှ တစ်စုံတစ်ခုအား သတိရသွားလေသည်။
"ချင်းယန် မင်းတော်လာပြီပဲ"
ချင်းယန်၏မျက်လုံးတို့ အရောင်တောက်လာသည်။
"ငါ မှန်လား?"
လင်ယိ : "အနီရောင်မိန်းမပျိုက သဘာဝလွန်အရာတွေနဲ့ပက်သက်ပြီး စိတ်အားထက်သန်တဲ့လူဖြစ်ရမယ်။"
ထိုရှုထောင့်အား သက်သေပြနေသည့်အရာတို့ အများကြီးရှိနေသည်။ ဥပမာ၊ အိပ်ယာအဆုံးတွင်ရှိသောမှန်၊ ထူးဆန်းသောမှိုမှရသည့် အစားအသောက်များ၊ ဗီလာထဲရှိ စက်ပစ္စည်းများ၊ ကြမ်းပြင်ပေါ်မှကြွတက်လာသောစားပွဲ၊ အလင်းမဖောက်နိုင်သောပြတင်းပေါက်များ၊ အစရှိသည်တို့မှာ ကြောက်စရာကောင်းသောပတ်ဝန်းကျင်အား ဖန်တီးရန် ပြုလုပ်ထားခြင်းသာဖြစ်ရမည်။
အရေးအကြီးဆုံးကတော့ "ငါနင်နဲ့ သူငယ်ချင်းဖြစ်ပြီးကတည်းက တစ်ယောက်တည်းမအိပ်ရဲတော့တာ"ဆိုသည့် မွေးနေ့ဆုတောင်းစာမှ ဖြစ်သည်။
အိုယင်းကလည်း လင်ယိကဲ့သို့ တွေးမိသည်။
"အဲ့လိုသဘာဝလွန်အရာတွေကို စွဲလမ်းနေလို့လည်း သူ့မှာ သူငယ်ချင်းမရှိတာဖြစ်နိုင်တယ်။ နောက်တော့ သူငယ်ချင်းတွေရသွားပြီး သူ့ရဲ့ဝါသနာကို ပြောပြခဲ့လိမ့်မယ်ထင်တယ်။"
"ဒါပေမယ့် ကျန်တဲ့လူတွေက စိတ်မဝင်စားခဲ့ဘူး။ တစ်ခါ နှစ်ခါ နားထောင်ရတာကိစ္စမရှိပေမယ့် ဆက်တိုက်ပြောလာရင်တော့ စိတ်အနှောင့်အယှက်ဖြစ်ရတယ်လေ။ အဲ့တာကြောင့် သူ့ဝါသနာကို သဘောမကျတဲ့သူငယ်ချင်းတွေအပေါ် အငြိုးထားပြီး သတ်ခဲ့တာဖြစ်နိုင်တယ်။"
လင်ယိက ဆက်ပြောလိုက်သည်။
"သူက သူ့အိမ်ကပါတီကို သူငယ်ချင်းတွေဖိတ်ခဲ့တယ်။ နောက်တော့ သရဲကစားနည်း ကစားခဲ့တယ်။ သူကိုယ်တိုင်ကတော့ သူငယ်ချင်းတွေ ယုံကြည်လာအောင်လို့ ကစားနည်းကိုတီထွင်သူအဖြစ်ရော၊ ကစားသူအဖြစ်ရော ဝင်ပါခဲ့တယ်။"
ချင်းယန်က တုန်ယင်နေသောအသံဖြင့်မေးလိုက်သည်။
"သရဲတွေပေါ်လာတုန်းက သူတို့လည်း ယုံခဲ့ကြမှာပဲလေ။ ဒါဆို သူ့ရဲ့ရည်ရွယ်ချက်ပြည့်သွားပြီမဟုတ်ဘူးလား? ဘာလို့ သူတို့ကို သတ်ပစ်ရတာလဲ?"
လင်ယိ : "အနီရောင်မိန်းမပျိုမှာ သရုပ်နှစ်ခုရှိတယ်။ တစ်ခုက သူငယ်ချင်းတွေနဲ့အတူ ကစားသမားအဖြစ် ကစားနေတယ်။ အဲ့တာကြောင့်လည်း ဒီလောကထဲကို လူ၁၃ယောက်အခေါ်ခံလာရပြီး ဒီဓါတ်ပုံထဲမှာလည်း လူ၁၃ယောက်ဖြစ်နေတာပဲ။
သူ့ရဲ့ နောက်ထပ်သရုပ်ကတော့ အနီရောင်ဝတ်ထားတဲ့သရဲပဲ။ သူက အဲ့ဒီသရဲအဖြစ်နဲ့ သူငယ်ချင်းတွေကို ခြောက်လှန့်ခဲ့တာပဲ။"
အိုယင်း ခေါင်းညိမ့်လိုက်သည်။
"အနီရောင်ဝတ်ပြီး သေဆုံးသွားတဲ့လူတွေက လက်စားချေတဲ့သရဲအဖြစ် ပြန်လာတတ်တယ်ဆိုတဲ့ဒဏ္ဌာရီရှိတယ်။ အဲ့ဒဏ္ဌာရီက မှန်နဲ့အိပ်ယာမျက်နှာချင်းဆိုင်မထားရဘူးဆိုတဲ့အဆိုအတိုင်းပဲ အရမ်းကို အစွဲကြီးနေပြီ။"
လင်ယိ : "ဒါပေမယ့် အခုတော့ သူက ငါတို့နဲ့အတူ ကစားသမားအဖြစ် လာမကစားဘူးပဲ။ ကြည့်ရတာ အနီရောင်အဝတ်တွေနဲ့ပက်သက်ပြီး အငြိုးကြီးကြီးရထားခဲ့တယ်ထင်တယ်။"
ချင်းယန် : "ဘာ...ဘာကိုဆိုလိုတာလဲ?"
လင်ယိ : "သူ့ရဲ့ လှည့်ကွက်တွေက သရုပ်မှန်ပေါ်သွားပြီလို့ဆိုလိုတာ။"
ချင်းယန်မှာ ကြက်သီးများတဖြန်းဖြန်းထလာသည်။
အိုယင်း : "ဒါဆို သူ့သရုပ်မှန်ပေါ်သွားလို့ သူငယ်ချင်းတွေကိုသတ်ပစ်လိုက်တာပေါ့။"
လင်ယိခေါင်းညိမ့်လိုက်သည်။
"အဲ့လိုဖြစ်ဖို့များတယ်"
လင်ယိမှာ သူ၏ခန့်မှန်းချက်ကိုပြောသည့်အခါတိုင်း ဖြစ်လောက်တယ်၊ ဖြစ်နိုင်တယ် ဟူသောစကားတို့ကို ထပ်ခါတလဲလဲသုံးတတ်သည်။ တကယ်တမ်းမှာတော့ သူ၏ခန့်မှန်းချက်များမှာ သက်သေနှင့်သဲလွန်စများအပေါ် မူတည်ထားခြင်းဖြစ်သည်။
ထို့ကြောင့် အိုယင်းကတော့ လင်ယိပြောသည့်စကားကို ယုံကြည်သည်။ ၂-၆ မကောင်းဆိုးဝါးဆိုသည်မှာလည်း လင်ယိပြောသည့်လူသာ ဖြစ်ရမည်ဟု တွေးထားလေ၏။
သို့သော်ငြား ဘယ်သူဘယ်ဝါဆိုတာကိုတော့ သူမလည်း မသိသေးပေ။
"ဒါဆို ဒါက သဲလွန်စအကုန်ပဲ"
"ဘာမှထပ်ဖြည့်စရာအချက်မရှိတော့ဘူးထင်တယ်"
အိုယင်းက လင်ယိအား ကြည့်လိုက်သည်။
သူမက လင်ယိနောက်တစ်ကြိမ် သုံးသပ်လိမ့်မည်ဟု ထင်ထားသော်လည်း လင်ယိဘက်မှ ဘာအသံမှထွက်မလာခဲ့ချေ။
အိုယင်း : " မင်းက ဓါတ်ပုံလေးတစ်ပုံကြည့်ရုံနဲ့တောင် အကုန်လုံးကိုဆက်ပြီးခန့်မှန်းနိုင်သေးတာပဲ။ လင်ယိ၊ ၂-၆ လောကရဲ့စည်းမျဥ်းအကြောင်းကို နင် သိပြီးနေပြီမဟုတ်လား?"
အိုယင်းက သူ့အား ထိမ်ချန်ထားသည်ဟု အထင်လွဲသွားမည်ကိုစိုးရိမ်၍ လင်ယိက အလျင်အမြန်ရှင်းပြလိုက်သည်။
"စီနီယာချင်ကျိုးက ကျွန်တော့်ကိုပြောဖူးတယ်။ ဒီလောကမှာ မသေချာတဲ့သဲလွန်စက ဘာမှအသုံးမဝင်ဘူး။ အချိန်ဖြုန်းတာပဲတဲ့။ ကျွန်တော် ဘာမှဖုံးကွယ်ထားဖို့ မရည်ရွယ်ခဲ့ပါဘူး။"
အိုယင်း ခေါင်းခါလိုက်သည်။
"ငါသိတယ်။ ဒါပေမယ့် ငါရော၊ ချင်းယန်ရော၊ နောက်ပြီး အခြားလူတွေအများကြီးရှိသေးတယ်။ ငါတို့က မတော်ပေမယ့်လည်း အသုံးတော့ဝင်ပါသေးတယ်။ အဲ့တာကြောင့် မင်းသာ ၂-၆ မကောင်းဆိုးဝါးကိုရှာနိုင်မယ်ဆိုရင် ခက်ခဲတော့မှာ မဟုတ်ဘူး။ မင်းက သေချာဖို့လိုတယ်လို့ ပြောခဲ့တယ်နော်။ ဒါပေမယ့် ဒီကိုလာပြီး သုံးရက်မြောက်မှာတင် အဓိကစည်းမျဥ်းကိုခန့်မှန်းနိုင်တဲ့ မင်းအတွက် ၂-၆မကောင်းဆိုးဝါးကိုရှာဖို့ဆိုတာ ဘယ်လောက်ခက်နိုင်မှာတဲ့လဲ?"
"နင်က မကောင်းဆိုးဝါးကိုအပြီးထုတ်ပစ်ချင်တာမလား?"
အိုယင်းက လင်ယိအား စိုက်ကြည့်လိုက်သည်။
"အဲ့တာကြောင့် ဓါတ်ပုံကိုမတွေ့ခင်အထိ မကောင်းဆိုးဝါးက ဘယ်သူလဲဆိုတဲ့ နင့်ရဲ့ခန့်မှန်းချက်ကိုမပြောသေးဘဲ သိမ်းထားခဲ့တာ။ ဘာလို့လဲဆိုတော့ မကောင်းဆိုးဝါးကိုဘယ်လိုထုတ်ပစ်ရမလဲဆိုတာကို မသိသေးလို့ဟုတ်တယ်မလား? ပြီးတော့ ငါတို့ကြားထဲမှာ နင့်ကို မသေချာအောင်လုပ်နေတဲ့တစ်ယောက်ရှိတယ်။ အဲ့တာ ကျိုးကောမလား?"
အိုယင်း : "လင်ယိ၊ ကျိုးကောက ၂-၆ မကောင်းဆိုးဝါးမလား?"
......
Zawgyi
အခန္း (၃၆) ။
အိုယင္းက ခ်င္းယန္၏ေနာက္သို႔လိုက္လာရင္း သူမလက္ထဲရွိသာမိုမီတာအား စိတ္လႈပ္ရွားစြာျဖင့္ က်စ္က်စ္ဆုပ္ကိုင္ထားသည္။
႐ုတ္တရတ္ အိုယင္းက လင္ယိေျပာျပထားသည္ကို သတိရသြားသည္။ သူက ၂-၆မေကာင္းဆိုးဝါးမွာ မည္သူဆိုတာကို သိရွိၿပီးသားျဖစ္သည္။ လင္ယိလိုအပ္ခ်က္မွာေတာ့ ၂-၆စည္းမ်ဥ္းကမာၻ၏ မရဏစည္းမ်ဥ္းအေျဖကိုရွာေဖြရန္သာျဖစ္သည္။
ထို႔ေနာက္ သူမက ၇-၇မေကာင္းဆိုးဝါးကို လင္ယိရင္ဆိုင္ေတြ႕ခဲ့ပုံအား ခ်င္က်ိဳးေျပာျပသည့္အေၾကာင္းကို စဥ္းစားလိုက္မိသည္။ ၇-၇မေကာင္းဆိုးဝါးအား ၇-၇မေကာင္းဆိုးဝါးတီထြင္ထားေသာစည္းမ်ဥ္းကိုအသုံးျပဳၿပီး သုတ္သင္ျခင္းပဲျဖစ္သည္။
အိုယင္းက အသိစိတ္ျပန္ဝင္လာသည္။
သူမက ၂-၆ မေကာင္းဆိုးဝါး၏သဲလြန္စကို ရွာေဖြဖို႔ႀကိဳးစားေနတုန္း လင္ယိကေတာ့ မေကာင္းဆိုးဝါးႏွင့္ဘယ္လိုရင္ဆိုင္ရမလဲဆိုတာကို စဥ္းစားေနၿပီျဖစ္သည္။ အကယ္၍ သူမသာ အလ်င္စလို ရွာေဖြလိုက္ပါက လင္ယိ၏အစီအစဥ္ကို အေႏွာင့္အယွက္ျဖစ္သြားမလား?
အိုယင္း ရပ္တန္႔လိုက္သည္။
သူမက အေရွ႕တြင္ရွိေနေသာ ခ်င္းယန္အား ၾကည့္လိုက္၏။
"လ်ိဳယိ"
ခ်င္းယန္က သူမအား ျပန္လွည့္ၾကည့္လိုက္သည္။
"ကမာၻေပၚမွာ ဘာသရဲမွမရွိဘူး။"
အိုယင္းက သက္ျပင္းခ်လိုက္သည္။ "ႏႈတ္ဆက္ပါတယ္"
ခ်င္းယန္၏ေတာင့္တင္းေနေသာ မ်က္ႏွာအမူအရာမွာ ေျပေလ်ာ့သြားၿပီး အိုယင္းအား ၿပဳံးျပလိုက္သည္။
ေဘးပတ္ဝန္းက်င္ရွိ သရဲတို႔မွာလည္း အိုယင္းအား ၾကည့္ကာ တစ္ပုံစံတည္းၿပဳံးျပေနၾကသည္။
"ဗုန္း!"
ခ်င္းယန္ ေျမျပင္ေပၚသို႔ လဲက်သြားသည္။
မထင္မွတ္ထားသည့္ကိစၥျဖစ္တာေၾကာင့္ ေနာက္ေက်ာျဖင့္ ႐ုတ္တရတ္လဲက်သြားရ၏။
"ခ်ီးပဲ!"
ခ်င္းယန္က နာက်င္မႈျပည့္ေနေသာမ်က္ႏွာထားျဖင့္ေျပာသည္။
"ငါ့ဖင္ေလးေတာ့ သြားပါၿပီ"
_ _ _ _ _
လင္ယိမ်က္လုံးပြင့္လာသည္။ သူက ပတ္ဝန္းက်င္ကိုေဝ့ၾကည့္လိုက္ေတာ့ အခန္းထဲတြင္ အိုယင္းေရာ ခ်င္းယန္ေရာကို မေတြ႕ရေတာ့ေပ။ သူက အိပ္ယာေပၚမွခုန္ဆင္းလိုက္သည္။ အျပင္ဖက္ရွိအေျခအေနအား သြားေရာက္စစ္ေဆးဖို႔ေျခလွမ္းလိုက္ခ်ိန္မွာပဲ အျပင္ဖက္မွအခန္းက ပြင့္လာသည္။
အိုယင္းက ပင္ပန္းႏြမ္းနယ္ေနေသာ ခ်င္းယန္ကို တြဲလ်က္ျပန္လာသည္။ လင္ယိကိုျမင္လိုက္ရေတာ့အိုယင္း ဝမ္းသာသြား၏။
"လင္ယိ ႏိုးၿပီလား?"
"အင္း။"
"စီနီယာ အေျခအေနဘယ္လိုလဲ?"
အိုယင္းက ေခါင္းခါလိုက္သည္။ ထို႔ေနာက္ မေန႔ညကျဖစ္ပ်က္ခဲ့သည့္ကိစၥတို႔အား လင္ယိကိုျပန္ေျပာျပလိုက္သည္။
သူမက အိမ္မက္မွလန္႔ႏိုးလာသကဲ့သို႔ပင္။
ခ်င္းယန္မွာ လ်ိဳယိ၏ပူးကပ္ျခင္းကိုခံထားရတာေၾကာင့္ ၂-၆မေကာင္းဆိုးဝါးကိုရွာဖို႔အစီအစဥ္အားရပ္တန္႔ခဲ့ရသည္။ လ်ိဳယိ၏ေမးခြန္းကိုေျဖၿပီးေနာက္မွာေတာ့ သူမႏွင့္ခ်င္းယန္က ပထမထပ္ရွိမီးဖိုေခ်ာင္ထဲသို႔သြားခဲ့ၿပီး အံစာတုံးထဲသို႔ ျပဒါးထည့္ရန္ အကူအညီျဖစ္မည့္ပစၥည္းကို သြားရွာခဲ့သည္။
၄င္းတို႔က ပုစြန္အခြံ႕ႏႊာရန္အဓိကအသုံးျပဳသည့္ ဓါးေသးေသးေလးတစ္ေခ်ာင္းအား ရွာေတြ႕ခဲ့သည္။ ၄င္းတို႔က ထိုဓါးျဖင့္ အံစာတုံးကို ခြဲပစ္ဖို႔ စီစဥ္ခဲ့ေလ၏။
ထို႔ေနာက္ အံစာတုံးကို ျပန္ကပ္ႏိုင္ရန္လည္း ေကာ္အေပ်ာ့စားတစ္မ်ိဳးအား ရွာေတြ႕ခဲ့သည္။
၄င္းတို႔ တတိယထပ္သို႔ေရာက္သြားခ်ိန္တြင္ အနီေရာင္မိန္းမပ်ိဳ၏အခန္းမွာ ေသာ့ခတ္ထား၏။ သို႔ေသာ္ျငား ခ်င္းယန္က အိုယင္းကို လွည့္ကြက္တစ္ခုျပခဲ့သည္။ ခ်င္းယန္၏အေဖက သူ၏အိမ္ေသာ့ကိုသိမ္းယူၿပီး အိမ္ေပၚမွႏွင္ခ်ေလ့ရွိတာေၾကာင့္ ခ်င္းယန္မွာ ေသာ့ခေလာက္မ်ားအား မည္သို႔ဖြင့္ရသည္ဆိုတာကို ေလ့လာခဲ့ေလသည္။
ခ်င္းယန္က ၄င္းတို႔ယူလာေသာ ဓါးအေသးေလးအား အသုံးျပဳၿပီး ေသာ့ခေလာက္ကိုဖြင့္ရန္ႀကိဳးစားေလသည္။
"ခ်င္းယန္ ကားေမွာက္ဖူးတယ္မလား?"
အိုယင္းက ခန္႔မွန္းလိုက္သည္။
ခ်င္းယန္က မေက်မနပ္ျဖင့္ ေအာ္လိုက္သည္။ "ဆုေတာင္းေလ"
သို႔ေသာ္ သူက ထပ္၍မႈိင္သြားၿပီး "ဒါေပမယ့္ ကြၽန္ေတာ့္ေၾကာင့္ေတာ့ ေမွာက္ဖူးတယ္"
ခ်င္းယန္က တံခါးဖြင့္လိုက္ၿပီး ၄င္းတို႔ႏွစ္ေယာက္ အထဲသို႔ဝင္သြားၾကသည္။ အခန္းထဲတြင္ေတာ့ အနီေရာင္မိန္းမပ်ိဳက အိပ္ေပ်ာ္ေနေလ၏။ ထို႔ေၾကာင့္ ၄င္းတို႔လည္း အံစာတုံးကိုသာ အရင္ဆုံးရွာေဖြခဲ့ၾကသည္။ ခဏအၾကာမွာေတာ့ ခ်င္းယန္၏အသက္ရႈသံမွာ ပုံမွန္မဟုတ္ေနမွန္းကို အိုယင္းသတိထားလိုက္မိသည္။
ခ်င္းယန္မွာ ႐ုတ္တရတ္ ရင္ဘတ္ထဲမွတင္းၾကပ္လာၿပီး အသက္ရႈဖို႔ ခဲယဥ္းလာသည္။ ထိုအရာကိုျမင္သည့္ အိုယင္းက ခ်င္းယန္မွာ လင္ယိပထမထပ္တြင္ ထားခဲ့ေသာျပဒါးတို႔ကို ရႈရႈိက္မိခဲ့ျခင္းသာျဖစ္ရမည္ဟု ခန္႔မွန္းလိုက္မိသည္။ သူက ျပဒါးမွရသည့္ အဆိပ္သင့္ေနျခင္းျဖစ္၏။
အျခားနည္းလမ္းမရွိေတာ့ေပ။ အိုယင္းက ခ်င္းယန္အား အခန္းျပင္သို႔ျပန္လည္ထုတ္ေခၚသြားရင္း ထိုညတစ္ညလုံးကို သန္႔စင္ခန္းထဲတြင္သာ အခ်ိန္ကုန္ဆုံးခဲ့ရသည္။ ဗီလာတစ္ခုလုံးတြင္ သန္႔စင္ခန္းအတြင္းတြင္သာ အိတ္ေဇာပန္ကာရွိသည္မို႔ ေလဝင္ေလထြက္ေကာင္းမြန္ေလသည္။
လင္ယိမွာ နားေထာင္ေနရင္းျဖင့္ သူ႔ကိုယ္သူအျပစ္မကင္းသလိုခံစားလိုက္ရသည္။ သူက ဤအရႈပ္မ်ားအားလုံးကို စတင္ဖန္တီးခဲ့သူျဖစ္၏။
"ငါ့သာမိုမီတာကေန က်သြားခဲ့တာျဖစ္မယ္။"
လင္ယိမွာ ဘာေၾကာင့္သာမိုမီတာကို ပစ္ခဲ့သလဲဆိုတာကိုေတာ့ မမွတ္မိႏိုင္ေတာ့ေပ။ ထို႔ေၾကာင့္ ခန္႔မွန္း႐ုံသာ မွန္းႏိုင္၏။
"ငါ ေတာင္းပန္ပါတယ္ ခ်င္းယန္"
ခ်င္းယန္ကေတာ့ စိတ္ထဲမထားေပ။
"ရပါတယ္။ ငါ့ခႏၶာကိုယ္ကိုက အားနည္းတာပါ။"
အိုယင္းက လင္ယိအား ႏွစ္သိမ့္ေပးလိုက္သည္။
"ဘာမွမျဖစ္ပါဘူး။ ငါတို႔ေတြ ဒီကေန အသက္ရွင္လ်က္ထြက္ႏိုင္ရင္ လက္ေတြ႕ေလာကကို ဘာဒဏ္ရာမွပါသြားမွာမဟုတ္ဘူး။"
လင္ယိ ေခါင္းညိမ့္လိုက္သည္။
သူလည္း ဤစည္းကမ္းအား သိထားပါ၏။ ၇-၇စည္းမ်ဥ္းေလာကတြင္ ပန္းအိုးမိန္းကေလးဆီမွ လက္သည္းရွည္ႀကီးျဖင့္ အထိုးခံခဲ့ရေသာ္လည္း စည္းမ်ဥ္းေလာကမွထြက္ခြာခ်ိန္တြင္ေတာ့ မည္သည့္ဒဏ္ရာမွရွိမေနေတာ့ေခ်။
မည္သို႔ပင္ျဖစ္ေစ၊ ျပဒါးအား ရွင္းပစ္ရမည္ျဖစ္သည္။ ၄င္းတို႔က ဤေနရာတြင္ ဘယ္ေလာက္ၾကာၾကာေနရဦးမည္ဆိုတာမေသခ်ာေသးေပ။ ထို႔ေၾကာင့္ ျပဒါးကိုမရွင္းထားပါက အႏၲရာယ္ျဖစ္လာႏိုင္သည္။
လင္ယိ : "စီနီယာ အ႐ုဏ္တက္ၿပီလား?"
လင္ယိက ဧည့္ခန္းထဲရွိျပဒါးအား သြား၍သန္႔ရွင္းေရးလုပ္မည္ျဖစ္သည္။ မဟုတ္ပါက အျခားလူမ်ား ရႈရႈိက္မိ၍ အဆိပ္သင့္သြားႏိုင္ေလ၏။
"မၾကာခင္ တက္ေတာ့မယ္ထင္တယ္"
အိုယင္းက ေျပာလိုက္သည္။
"ငါနဲ႔ခ်င္းယန္ သန္႔စင္ခန္းထဲမွာရွိေနတုန္းက အနီေရာင္မိန္းမပ်ိဳထြက္သြားသံၾကားတယ္။"
ဗီလာအတြင္းရွိ ျပတင္းေပါက္မ်ားအားလုံးမွာ အလင္းေရာင္မထြင္းေဖာက္ႏိုင္ေသာမွန္မ်ားျဖင့္ ကာရံပိတ္စည္းထားျခင္းျဖစ္သည္။ ထို႔ေၾကာင့္ မီးပိတ္ထားပါက ဗီလာတစ္ခုလုံးမွာ ေမွာင္မိုက္ေနၿပီး တစ္ေယာက္ကိုတစ္ေယာက္ပင္ ျမင္ရမည္မဟုတ္ေခ်။
အိုယင္းဆိုလိုခ်င္သည္မွာ မနက္ခင္းေရာက္ၿပီဆိုတာေသခ်ာဖို႔ အနီေရာင္မိန္းမပ်ိဳက မနက္စာစားဖို႔ေခၚသည့္အခ်ိန္ကို ေစာင့္ေနသည့္သည္ဟု ေျပာလိုျခင္းျဖစ္သည္။
လင္ယိကေတာ့ မနက္စာစားခ်ိန္ဆိုလွ်င္ သန္႔ရွင္းေရးလုပ္ဖို႔အတြက္ အရမ္းေနာက္က်သြားၿပီဟုေတြး၏။ ထို႔အျပင္ အနီေရာင္မိန္းမပ်ိဳကလည္း ၾကမ္းျပင္ေပၚက်ေနသည့္ျပဒါးတို႔အား ေတြ႕သြားႏိုင္ေလသည္။ အကယ္၍ အနီေရာင္မိန္းမပ်ိဳသာ ျပဒါးအဆိပ္သင့္ၿပီး ေသဆုံးသြားပါက NPC အားသတ္သည့္အမႈျဖင့္ စည္းမ်ဥ္းခ်ိဳးေဖာက္ရာက်သြားေပလိမ့္မည္။
သို႔ေသာ္ လင္ယိ ဘာမွမေျပာခင္မွာပဲ တံခါးေခါက္သံထြက္ေပၚလာသည္။
"ေဒါက္ ေဒါက္ ေဒါက္"
အိုယင္း : "ခ်င္က်ိဳးလား?"
ခ်င္က်ိဳးမွာ မနက္တိုင္း သူ အႏၲရာယ္ကင္းသလားဆိုတာကို လာေရာက္စစ္ေဆးတတ္သည္ဟု လင္ယိက ေျပာျပဖူးသည္။
သို႔ေသာ္ လင္ယိက ေခါင္းခါလိုက္၏။
"မဟုတ္ေလာက္ပါဘူး"
ခ်င္က်ိဳးက သံသယမ်ားေနကာ တစ္ေယာက္တည္းေနခ်င္ေနသည္။ အကယ္၍ သဲလြန္စရွာေတြ႕ပါကလည္း လင္ယိဆီသို႔ လာေျပာျပလိမ့္မည္မဟုတ္ေပ။
အကယ္၍ ၂-၆ မေကာင္းဆိုးဝါး၏သက္ေသမဟုတ္ဘူးဆိုလွ်င္ေပါ့။
ခ်င္းယန္က အိပ္ယာေပၚသို႔ တိတ္တဆိတ္ထိုင္ခ်လိုက္သည္။ လင္ယိကေတာ့ တံခါးသြားဖြင့္၏။
တံခါးဖြင့္လိုက္သည္ႏွင့္ ေဒါသမ်ားျဖင့္ဆူပြက္ေနေသာ အနီေရာင္မိန္းမပ်ိဳ၏မ်က္ႏွာအား ေတြ႕လိုက္ရသည္။
"အဲ့တာ ရွင္လား!"
လင္ယိ နားမလည္ေပ။
"ဘာ?"
အနီေရာင္မိန္းမပ်ိဳက လင္ယိမ်က္ႏွာေပၚမွ တစ္ဖက္ျခမ္းသို႔ ဖိအိပ္ထားသည့္အမွတ္ရာအား သတိထားလိုက္မိသည္။ သူမက အေနာက္တြင္ရွိေနသည့္ အိုယင္းႏွင့္ခ်င္းယန္အား ေက်ာ္ၾကည့္လိုက္သည္။
"နင္တို႔ႏွစ္ေယာက္လား!"
အိုယင္း : "နင္ဘာေတြေျပာေနတာလဲ ငါမသိဘူး"
"ဓါတ္ပုံ!"
အနီေရာင္မိန္းမပ်ိဳက ေအာ္လိုက္သည္။
"ဘယ္သူ ငါ့ဓါတ္ပုံကို ခိုးသြားတာလဲ!"
အိုယင္း : "ဘာေတြျဖစ္ေနလဲမသိေပမယ့္ ငါတို႔သုံးေယာက္လုံးကေတာ့ တစ္ညလုံးအခန္းထဲမွာပဲ ရွိေနခဲ့တာပါ။ နင့္ဓါတ္ပုံအေၾကာင္း ဘာမွမသိဘူး။"
အိုယင္းက သူမ၏လက္ႏွစ္ဖက္အား ဆန္႔တန္းျပလိုက္သည္။
"မယုံရင္လည္း လာရွာၾကည့္လို႔ရတယ္။ အခန္းကိုပါ ရွာခ်င္ရွာ။ ဒါက နင့္အိမ္ပဲေလ မဟုတ္ဘူးလား?"
အနီေရာင္မိန္းမပ်ိဳက အိုယင္းအား စိုက္ၾကည့္ၿပီးေနာက္ ခ်င္းယန္ဆီသို႔ အၾကည့္ေျပာင္းသြားသည္။
"ငါ နင္တို႔ကိုမဖမ္းမိပါေစနဲ႔လို႔သာ ဆုေတာင္းေနၾက"
ေျပာၿပီးသည္ႏွင့္ သူမက ေနာက္ထပ္အခန္းတစ္ခုဆီသို႔ ထြက္သြားသည္။ လင္ယိကေတာ့ အခန္းဝတြင္ မတ္တပ္ရပ္ေနလ်က္ ခ်ိန္းက်င္းနန္ႏွင့္က်ိဳးခ်န္းတို႔၏အခန္းတံခါးကို ထုေနေသာ အနီေရာင္မိန္းမပ်ိဳအား ၾကည့္ေနေလသည္။
ခ်ိန္းက်င္းနန္က တံခါးဖြင့္လိုက္သည္ႏွင့္ အနီေရာင္မိန္းမပ်ိဳမွာ ဇာတ္ၫႊန္းကိုအလြတ္က်က္ထားသကဲ့သို႔ ထေအာ္လိုက္သည္။
"ရွင္မလား!"
ခ်ိန္းက်င္းနန္မွာ အ႐ုဏ္တက္အထိ ခက္ခက္ခဲခဲအသက္ရွင္က်န္ခဲ့ရျခင္းျဖစ္သည္။ ထို႔ေၾကာင့္ အခန္းတံခါးဖြင့္ဖြင့္ခ်င္း အနီေရာင္မိန္းမပ်ိဳကိုျမင္လိုက္ရေတာ့ ခ်က္ခ်င္းပဲေဒါပြသြားေတာ့၏။
"What the fuck!"
"ဘာေတြလာေျပာေနတာလဲ?"
"နင္ ငါ့ဓါတ္ပုံခိုးထားတယ္မလား!"
အနီေရာင္မိန္းမပ်ိဳမွာ ေဒါသထြက္လြန္းလို႔ တုန္ပင္တုန္ယင္ေနေလသည္။
အခန္းထဲမွ ခ်င္က်ိဳးလည္း ထြက္လာသည္။
"ဘာဓါတ္ပုံလဲ? ဘာမွမေတြ႕မိပါဘူး။"
လင္ယိက အခန္းဝတြင္ မတ္တပ္ရပ္ေနတုန္းျဖစ္သည္။ အနီေရာင္မိန္းမပ်ိဳက ေနာက္ထပ္အခန္းတစ္ခုအား တံခါးသြားေခါက္ျပန္၏။ ထိုအခန္းမွာ လိသ်န္ႏွင့္စူးထ်န္လဲတို႔၏အခန္းျဖစ္သည္။
၄င္းတို႔ကလည္း ဘာမွမေတြ႕မိဘူးဟု ဆိုၾကျပန္၏။
ေနာက္ဆုံးမွာေတာ့ အနီေရာင္မိန္းမပ်ိဳက ခ်င္က်ိဳးအခန္းေရွ႕သို႔ေရာက္လာသည္။
"ရွင္မလား!"
အနီေရာင္မိန္းမပ်ိဳအလြန္ေဒါသထြက္ေနသည္ကိုၾကည့္ျခင္းအားျဖင့္ ထိုဓါတ္ပုံမွာ သူမအတြက္ အရမ္းအေရးပါသည္ဆိုတာကို ခန္႔မွန္းႏိုင္ေလသည္။
ခ်င္က်ိဳးက အနီေရာင္မိန္းမပ်ိဳ၏ေမးခြန္းအား ျပန္မေျဖခင္ လင္ယိကိုလွမ္းၾကည့္လိုက္သည္။ သူက ဤဓါတ္ပုံကိစၥမွာ လင္ယိႏွင့္တစ္ခုခုပက္သက္ေနလိမ့္မည္ဟု သံသယရွိေနသည္။
လင္ယိကိုလွမ္းၾကည့္ၿပီးေနာက္မွာေတာ့ အနီေရာင္မိန္းကေလးအား ျပန္ၾကည့္လိုက္သည္။
"ဟင့္အင္း"
အနီေရာင္မိန္းမပ်ိဳက ခ်င္က်ိဳးအား အစိမ္းလိုက္ဝါးစားေတာ့မည့္အၾကည့္တို႔ျဖင့္ ၾကည့္လိုက္သည္။
"နင္တို႔အားလုံး ငါ့ဆီမွာ အဖမ္းမခံရေစနဲ႔"
"လင္ယိ"
အိုယင္းက လင္ယိကိုေခၚလိုက္သျဖင့္ လင္ယိလွည့္ၾကည့္လိုက္သည္။
"စီနီယာ ကြၽန္ေတာ့္ကို ေခၚတာလား?"
အိုယင္း : "တံခါးပိတ္လိုက္"
လင္ယိ တံခါးပိတ္လိုက္သည္။
အိုယင္းက ဓါတ္ပုံအား ထုတ္ျပလိုက္သည္။
"ငါ ယူလာတာ"
အိပ္ယာေပၚရွိ ခ်င္းယန္မွာ အံ့ၾသသြား၏။
"ကြၽန္ေတာ္ ဘယ္လိုလုပ္ မသိလိုက္တာလဲ?"
လင္ယိကေတာ့ အံ့ၾသမေနပါေခ်။ "ကြၽန္ေတာ္ထင္သားပဲ"
မေန႔ညက အိုယင္းႏွင့္ခ်င္းယန္မွာ အံစာတုံးကိုမျပဳျပင္ႏိုင္ခဲ့ေသာ္လည္း အနီေရာင္မိန္းမပ်ိဳ၏အခန္းထဲကိုေတာ့ ေရာက္ေအာင္သြားႏိုင္ခဲ့သည္။
"ၾကည့္ၾကည့္"
အိုယင္းက လင္ယိအား ဓါတ္ပုံလွမ္းေပးလိုက္သည္။
"သူ႔အိပ္ယာေဘးက ဓါတ္ပုံေဘာင္ထဲမွာရွိေနတာ"
လင္ယိက ဓါတ္ပုံအား ၾကည့္လိုက္သည္။ ဓါတ္ပုံမွာ ၁၂လက္မေလာက္ရွိမည္ျဖစ္၏။ ထို႔ေၾကာင့္ အိုယင္းက ဓါတ္ပုံေဘာင္ကိုမယူဘဲ ဓါတ္ပုံႀကီးပဲထုတ္ယူလာခဲ့ျခင္းျဖစ္သည္။
ဓါတ္ပုံမွာ လူတစ္စု၏ပုံျဖစ္သည္။ ပုံထဲတြင္ လူ၁၃ေယာက္ပါဝင္၏။
လင္ယိက ႏႈတ္ခမ္းကို တင္းတင္းေစ့ထားသည္။
အိုယင္းက ထိုဓါတ္ပုံကိုေတြ႕ခ်ိန္တြင္ တစ္ခုခုထူးျခားတာရွိရမည္ဟူေသာ အေတြးျဖင့္ယူလာခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ အိုယင္းက ေတြး႐ုံရွိေသး၊ လင္ယိကေတာ့ ထူးဆန္းေနသည့္အရာကို သတိထားလိုက္မိၿပီျဖစ္သည္။
ထိုပုံထဲတြင္ လင္ယိျမင္ဖူးေသာ လူႏွစ္ေယာက္ပါဝင္သည္။ သို႔ေသာ္ျငား ဘယ္သူဘယ္ဝါျဖစ္သလဲဆိုတာကိုေတာ့ မရွင္းျပႏိုင္ေပ။
ကစားနည္း၏ပထမဆုံးေန႔တြင္ လူအုပ္ၾကားထဲထိုင္ေနသည့္သရဲႏွစ္ေကာင္မွာ ဓါတ္ပုံထဲတြင္ပါဝင္သည္။
တတိယေျမာက္သရဲမွာေတာ့ မ်က္ႏွာအား ဆံပင္မ်ားျဖင့္ဖုံးအုပ္ထားေသာ္လည္း ဓါတ္ပုံထဲတြင္ ပါဝင္သည္ဆိုတာကို လင္ယိခန္႔မွန္းမိေလသည္။ သူမက ေျဖာင့္စင္းေသာဆံပင္အနက္ေရာင္ရွိသည့္ မိန္းကေလးတစ္ေယာက္ျဖစ္သည္။
....
ဆံပင္အရွည္ျဖင့္မိန္းကေလးမွာ ဓါတ္ပုံထဲတြင္ ေခါင္းကိုအနည္းငယ္ေစာင္းထားၿပီး ေဘးနားရွိေနာက္ထပ္မိန္းကေလးတစ္ေယာက္အား မွီလ်က္ ခ်ိဳသာစြာၿပဳံးေနသည္။
သူမမွီထားသည့္မိန္းကေလးမွာေတာ့ အနီေရာင္မိန္းမပ်ိဳျဖစ္သည္။ ဓါတ္ပုံထဲတြင္ အနီေရာင္မိန္းမပ်ိဳမွာ ယခုကဲ့သို႔ အနီေရာင္ေတာက္ေတာက္ဝတ္စုံကို မဝတ္ဆင္ထားေခ်။ သူမက အျခားသူမ်ားကဲ့သို႔ပင္ ေက်ာင္းယူနီေဖာင္းကိုသာ ဝတ္ဆင္ထား၏။ သူမ၏မ်က္ႏွာမွာလည္း အေတာ့္ကိုႏုပ်ိဳေနတုန္းျဖစ္သည္။ ၾကည့္ရတာ ထိုဓါတ္ပုံမွာ ၄င္းတို႔၏ေက်ာင္းတက္သည့္အ႐ြယ္က ဓါတ္ပုံျဖစ္ဟန္တူသည္။
ဓါတ္ပုံကိုၾကည့္႐ုံျဖင့္ ဆံပင္အရွည္ျဖင့္မိန္းကေလးမွာ အနီေရာင္မိန္းကေလးျဖင့္ ရင္းႏွီးလိမ့္မည္ဆိုတာသိသာသည္။ သူမက အနီေရာင္မိန္းကေလး၏ပခုံးကိုမွီလ်က္ လက္ခ်င္းလည္း ခ်ိတ္ထားၾကေလ၏။
အနီေရာင္မိန္းမပ်ိဳ၏အမူအရာမွာ အနည္းငယ္ေတာင့္တင္းေနေသာ္လည္း စက္ဆုပ္သည့္အမူအရာေတာ့မျပေပ။
လူေၾကာက္တတ္သည့္လင္ယိအတြက္ေတာ့ ဤကဲ့သို႔အမူအရာမ်ိဳးအား ရင္းရင္းႏွီးႏွီးသိပါသည္။
ကိုယ့္အေပၚေကာင္းသည့္လူတစ္ေယာက္ႏွင့္ နီးနီးကပ္ကပ္ေနရသည့္အခ်ိန္တြင္ အဆင္မေျပျဖစ္ေနေသာ္လည္း မျငင္းဆန္လိုသည့္အမူအရာျဖစ္သည္။
ထို႔ေၾကာင့္ အနီေရာင္မိန္းမပ်ိဳဖက္ကလည္း ဆံပင္အရွည္ျဖင့္မိန္းကေလးအား ရင္းႏွီးလိမ့္မည္ဆိုတာေသခ်ာသည္။
မဟုတ္ပါက သူမ၏လက္ကိုအထိခံမည္လည္းမဟုတ္သလို ထိုဓါတ္ပုံအား ေဘာင္ျဖင့္အက်အနသိမ္းထားလိမ့္မည္လည္း မဟုတ္ေပ။
"သူတို႔အားလုံးက ရင္းႏွီးတဲ့သူငယ္ခ်င္းေတြျဖစ္ရမယ္"
အိုယင္းက ဆံပင္အရွည္ျဖင့္မိန္းကေလးကိုသာ အာ႐ုံစိုက္ေနသည့္လင္ယိအား ရွင္းျပလိုက္သည္။
"တကယ္လို႔ အနီေရာင္မိန္းမပ်ိဳကသာ အဲ့မိန္းကေလးနဲ႔ပဲရင္းႏွီးတာဆိုရင္ ဓါတ္ပုံထဲက သူတို႔ႏွစ္ေယာက္ပါတဲ့အပိုင္းကိုပဲ ညႇပ္ၿပီးသိမ္းထားလည္းရတာပဲ။"
"ဒါက တစ္ကိုယ္တည္းသီးသန္႔ေနတတ္တဲ့လူေတြ လုပ္တတ္တဲ့အရာပဲမဟုတ္လား?"
အိုယင္းက ဓါတ္ပုံကိုၾကည့္၍ အနီေရာင္မိန္းမပ်ိဳ၏စ႐ိုက္အား ခန္႔မွန္းၾကည့္ေလသည္။ ဓါတ္ပုံထဲတြင္ အားလုံးက သာမာန္ေက်ာင္းယူနီေဖာင္းကိုသာဝတ္ဆင္ထားၾကေသာ္လည္း မ်က္ႏွာေပၚရွိအၿပဳံးမ်ားေၾကာင့္ သာမာန္ထက္ပို၍ တက္ႂကြေနၾကသည္။ အနီေရာင္မိန္းမပ်ိဳက လြဲ၍။
အားလုံးက ကင္မရာကိုၾကည့္ကာ ပိုစ့္အမ်ိဳးမ်ိဳးထုတ္ေနၾကေသာ္လည္း အနီေရာင္မိန္းမပ်ိဳကေတာ့ ကင္မရာေၾကာက္သည့္အလား အျခားတစ္ဖက္သို႔သာ မ်က္ႏွာလႊဲထားသည္။
ဤအျပဳအမူမွာ ကင္မရာေၾကာက္တတ္သည့္ လင္ယိႏွင့္ ဆင္တူလြန္းလွသည္။ လင္ယိအတြက္ေတာ့ ဓါတ္ပုံ႐ိုက္ရသည္မွာ ေနရခက္ေစ၏။
"လင္ယိ ဓါတ္ပုံေနာက္ကိုၾကည့္လိုက္"
လင္ယိက ဓါတ္ပုံ၏ေနာက္ေက်ာဖက္အား လွန္ၾကည့္လိုက္သည္။ ပုံေနာက္တြင္ ေမြးေန႔ဆုေတာင္းတို႔ေရးထားၾကေလ၏။
"Happy Birthday သူငယ္ခ်င္း။ ခ်စ္တယ္!
"ေပ်ာ္စရာေမြးေန႔ေလးျဖစ္ပါေစ"
"ငါတို႔အတူတူဆင္ႏႊဲတဲ့ပထမဆုံးေမြးေန႔ပဲေနာ္။ ဒါေပမယ့္ ေနာက္ဆုံးေတာ့ျဖစ္မွာမဟုတ္ပါဘူး။ ေနာက္ႏွစ္ေမြးေန႔ေတြအတြက္လည္း အၿမဲတမ္းအတူရွိေနေပးမယ္။"
"နင္က ၿပဳံးခဲေပမယ့္ ၿပဳံးတဲ့အခ်ိန္တိုင္းေတာ့ အရမ္းလွတယ္။ မ်ားမ်ားၿပဳံးေနာ္ ေဘဘီ!"
"ဒီႏွစ္အတြင္း ျဖစ္ခဲ့တဲ့အေကာင္းဆုံးအရာကေတာ့ နင္နဲ႔ေတြ႕ဆုံခဲ့ရတာပဲ။"
"နင့္ကို အရမ္းေအးမယ္ထင္ခဲ့တာ။ အခုမွ အရမ္းခ်စ္ဖို႔ေကာင္းမွန္း သိေတာ့တယ္။"
လင္ယိက စာဖတ္ေနတုန္းျဖစ္သည္။ အိုယင္းကေတာ့ ေဘးနားမွေန၍ ဓါတ္ပုံကိုၾကည့္ေနေလ၏။
"ေမြးေန႔ရွင္က အနီေရာင္မိန္းမပ်ိဳျဖစ္မယ္ထင္တယ္"
လင္ယိ : "အင္း"
၄င္းတို႔ႏွစ္ေယာက္မွာ အေတြးတူေနၾကသည္။ ဓါတ္ပုံထဲတြင္ အနီေရာင္မိန္းမပ်ိဳမွာ သူငယ္ခ်င္းအုပ္စု၏အလယ္တြင္ရွိေန႐ုံသာမက ေနာက္ေက်ာဖက္မွေမြးေန႔ဆုေတာင္းတို႔ကလည္း သူမအားၫႊန္ျပေနၾကသည္။
လင္ယိက စာဆက္ဖတ္လိုက္သည္။
"ငါနင္နဲ႔ သူငယ္ခ်င္းျဖစ္ၿပီးကတည္းက တစ္ေယာက္တည္းမအိပ္ရဲေတာ့တာပဲ ဟား ဟား။ နင္ ငါ့ကိုေစာင့္ေရွာက္ေပးရမယ္ ဒါပဲ။"
"အိမ္မက္လိုပါပဲဟာ။ နင္နဲ႔သူငယ္ခ်င္းျဖစ္လာလိမ့္မယ္လို႔မထင္ထားဘူး။"
လင္ယိက အဓိကစကားလုံးတို႔အား ျပန္၍စီစစ္လိုက္သည္။
"ၿပဳံးခဲတယ္။ ပထမဆုံးေမြးေန႔။ သူငယ္ခ်င္းအသစ္"
ဒါဆို သူတို႔ေတြ သူငယ္ခ်င္းျဖစ္တာမၾကာေသးဘူးပဲ။
လင္ယိက ေခတၱဆက္၍ စဥ္းစားလိုက္သည္။
သူ႔ကိုယ္သူ ဥပမာအေနျဖင့္ၾကည့္ပါက သူငယ္ခ်င္းတစ္ေယာက္ျဖင့္ ဤမွ်ေလာက္ရင္းႏွီးရန္ အခ်ိန္တစ္ခုၾကာလိုအပ္ေလသည္။ သူငယ္ခ်င္းမရွိေသာလင္ယိအတြက္ေတာင္မွ ဤႀကီးမားေသာသံေယာဇဥ္မွာ ႏွစ္ရက္ သုံးရက္ေလာက္ ရင္းႏွီးမႈမွ မရရွိႏိုင္မွန္း သိသည္။
သို႔ေသာ္ျငား အနီေရာင္မိန္းမပ်ိဳကေတာ့ ၄င္းတို႔ႏွင့္ သိကြၽမ္းတာမၾကာေသးဘဲ ဆံပင္အရွည္ျဖင့္မိန္းကေလးဆီမွ အထိခံသည္တဲ့လား...
အိုယင္း : "သူ႔မွာ အရင္က တစ္ခါမွ သူငယ္ခ်င္းမရွိဖူးလို႔မ်ားလား?"
လင္ယိက အိုယင္း၏စကားေၾကာင့္ အနည္းငယ္ေတြေဝသြားသည္။
အိုယင္း : "သူ႔မွာ သူငယ္ခ်င္းမရွိဖူးေတာ့ ရလာတဲ့သူငယ္ခ်င္းေတြကို အရမ္းတန္ဖိုးထားတာေနမယ္"
လင္ယိ ေခါင္းညိမ့္လိုက္သည္။
"အဲ့ဒါလည္း ျဖစ္ႏိုင္တယ္"
အိပ္ယာေပၚရွိ ခ်င္းယန္ဆီမွ အာေမဠိတ္သံထြက္လာသည္။
"အနီေရာင္မိန္းမပ်ိဳက သူ႔သူငယ္ခ်င္းေတြေသသြားတာကို လက္မခံႏိုင္ဘဲ ငါတို႔အေပၚကို လက္စားေခ်ေနတာလား?"
"မေန႔က ကစားနည္းအဆုံးမွာ အနီေရာင္မိန္းမပ်ိဳက ေသၿပီးသားလူေတြ လက္စားေခ်လိမ့္မယ္လို႔ ေျပာခဲ့တယ္ေလ။ မေန႔ညက ျပန္ေရာက္လာတဲ့အထဲမွာ သူတို႔လည္း ပါတယ္"
လင္ယိက ဓါတ္ပုံအား လက္ညိဳးထိုးျပလိုက္သည္။
"သူက လက္စားေခ်မယ့္သရဲေတြနဲ႔ပက္သက္တဲ့အေၾကာင္းကို ေျပာဖို႔ခ်န္ထားခဲ့တာပဲ။ အမွန္တကယ္က ဒီဗီလာမွာ ေသဆုံးခဲ့တဲ့လူအားလုံးလို႔ ေျပာရမွာ။"
"ဒီဗီလာကို အနီေရာင္မိန္းကေလးပိုင္တာေလ။ သူ႔သူငယ္ခ်င္းေတြအားလုံးကေတာ့ ဗီလာထဲမွာေသသြားၾကေပမယ့္ သူကေတာ့ အခုထိအသက္ရွင္ေနေသးတယ္။ မေတာ္တဆမႈျဖစ္ခဲ့ဖို႔ဆိုတာ ရာခိုင္ႏႈန္းေတာ္ေတာ္နည္းတယ္။ ကြၽန္ေတာ္ေတာ့ သူ သတ္လိုက္တာမ်ားလားလို႔ေတာင္ သံသယဝင္မိတယ္။"
ခ်င္းယန္မွာ တုန္လႈပ္လာသည္။
"အနီေရာင္မိန္းမပ်ိဳက သူ႔သူငယ္ခ်င္းေတြကိုသတ္လိုက္တယ္? သူတို႔က ရင္းႏွီးခဲ့တယ္ မ..မဟုတ္ဘူးလား?"
အိုယင္းက ေခတၱစဥ္းစားၿပီးေနာက္ "လူတိုင္းမွာ တန္ဖိုးထားတဲ့ပုံစံအမ်ိဳးမ်ိဳးရွိတတ္ၾကတယ္။ တခ်ိဳ႕ကေတာ့ တစ္ဖက္လူကို ဂ႐ုစိုက္ေပးၿပီးတန္ဖိုးထားတတ္ေပမယ့္ တခ်ိဳ႕ကေတာ့ အစြန္းေရာက္တဲ့အေတြးအေခၚေတြရွိတတ္ၾကတယ္။"
ခ်င္းယန္ : "ယန္ဒယဲလိုမ်ိဳးကိုေျပာတာလား?"
(T/N - ယန္ဒယဲ = အျပင္ပန္းမွာေတာ့ ခ်စ္စရာေကာင္းၿပီး အတြင္းစိတ္ကေတာ့ အရမ္းအစြမ္းလမ္းႀကီး၊ အစြန္းေရာက္တဲ့လူမ်ိဳးကိုေျပာတာပါ။ ဥပမာ - crush က ကိုယ့္ကိုျပန္မႀကိဳက္လို႔ တျခားလူနဲ႔လည္းမႀကိဳက္ႏိုင္ေအာင္ သတ္ပစ္လိုက္တဲ့ sweet but psycho လိုမိန္းကေလးကိုေျပာတာပါ)
ခ်င္းယန္မွာ သူ၏ဦးေႏွာက္အား ပထမဆုံးအႀကိမ္အျဖစ္ အသုံးခ်ၾကည့္ရန္ ႀကိဳးစားၾကည့္သည္။
"သာမန္လူေတြက ယန္ဒယဲနဲ႔သူငယ္ခ်င္းျဖစ္လာၿပီး ယန္ဒယဲသတ္တာခံလိုက္ရတာလား။ ဘယ္လိုေတာင္ ေက်ာခ်မ္းစရာေကာင္းတဲ့ဇာတ္လမ္းႀကီးလဲ?"
ခ်င္းယန္ : "အစ္ကိုလင္ယိ ငါေျပာတာမွန္တယ္မလား?"
လင္ယိက ေခါင္းခါလိုက္သည္။ "ယန္ဒယဲမဟုတ္ဘူး"
ခ်င္းယန္ : "အိုး"
အိုယင္း : "ဘာလို႔ထင္လဲ?"
လင္ယိ : "မရဏစည္းမ်ဥ္းက ကမာၻေပၚမွာ သရဲရွိတယ္ဆိုတာကို ယုံၾကည္ျခင္းပဲ။ စည္းမ်ဥ္းေလာကတိုင္းရဲ႕မရဏစည္းမ်ဥ္းက တစ္ခုနဲ႔တစ္ခုတူညီၾကတာမဟုတ္ဘူး။ အကယ္၍ အနီေရာင္မိန္းမပ်ိဳက ယန္ဒယဲဆိုရင္ေတာင္မွပဲ မေန႔ညက မရဏစည္းမ်ဥ္းနဲ႔ေတာ့ သက္ဆိုင္ေနမယ္မထင္ဘူး။"
ခ်င္းယန္က ထပ္၍ခန္႔မွန္းလိုက္သည္။
"သူ႔သူငယ္ခ်င္းေတြက သရဲရွိတယ္လို႔ယုံၾကည္ၾကလို႔မ်ား သတ္လိုက္တာလား?"
လင္ယိ : "မဟုတ္ဘူး"
ခ်င္းယန္ အံ့ၾသသြားသည္။
လင္ယိ : "မရဏစည္းမ်ဥ္းေတြဆိုတာ NPCေတြအတြက္ လိုအပ္တာမဟုတ္ဘူး။ သူတို႔က သရဲေတြဆိုတာမွန္တယ္။ ဒါေပမယ့္ သူတို႔က NPC ေတြလည္း ဟုတ္တယ္။ NPC ေတြဆိုတာ လူေတြႀကီးပဲမဟုတ္ဘူး။ ၇-၇ စည္းမ်ဥ္းေလာကမွာ ပန္းအိုးမိန္းကေလးဆိုလည္း NPC ပဲေလ။"
လင္ယိက ဓါတ္ပုံေထာင္ျပလိုက္သည္။
"သူတို႔က ငါတို႔ကို သတ္မယ့္လူေတြပဲ။ ရွင္းေအာင္ေျပာရရင္ ငါတို႔ကသာ သရဲရွိတယ္ဆိုတာကိုယုံၾကည္လိုက္ရင္ သူတို႔က ငါတို႔ကိုသတ္လိမ့္မယ္။ တစ္နည္းေျပာရရင္ ဓါတ္ပုံထဲကလူေတြက သရဲမရွိဘူးလို႔ ယုံၾကည္တဲ့လူေတြျဖစ္ၿပီး အနီေရာင္မိန္းမပ်ိဳကမွ သရဲရွိတယ္ဆိုတာကို ယုံၾကည္တဲ့လူပဲ"
ခ်င္းယန္က သုံးခါေျမာက္ခန္႔မွန္းျပန္သည္။ "သူ႔သူငယ္ခ်င္းေတြက သရဲရွိတာကိုမယုံလို႔ သူငယ္ခ်င္းေတြကိုသတ္လိုက္တာလား?"
ခ်င္းယန္မွာ လင္ယိဆီမွတုံ႔ျပန္လာမည့္စကားကိုမေစာင့္ေတာ့ဘဲ သူ႔ဘာသာသူ ညည္းညဴလိုက္သည္။
"ထားလိုက္ေတာ့။ ငါ့စကားငါေတာင္ နားမေထာင္ႏိုင္ေတာ့ဘူး။ ငါ့ဦးေႏွာက္က မေကာင္းဘူးဆိုတာကို ငါ့ဟာငါ လက္ခံလိုက္ပါၿပီ။"
လင္ယိက ခ်င္းယန္၏ညည္းညဴသံကိုၾကားေတာ့မွ တစ္စုံတစ္ခုအား သတိရသြားေလသည္။
"ခ်င္းယန္ မင္းေတာ္လာၿပီပဲ"
ခ်င္းယန္၏မ်က္လုံးတို႔ အေရာင္ေတာက္လာသည္။
"ငါ မွန္လား?"
လင္ယိ : "အနီေရာင္မိန္းမပ်ိဳက သဘာဝလြန္အရာေတြနဲ႔ပက္သက္ၿပီး စိတ္အားထက္သန္တဲ့လူျဖစ္ရမယ္။"
ထိုရႈေထာင့္အား သက္ေသျပေနသည့္အရာတို႔ အမ်ားႀကီးရွိေနသည္။ ဥပမာ၊ အိပ္ယာအဆုံးတြင္ရွိေသာမွန္၊ ထူးဆန္းေသာမႈိမွရသည့္ အစားအေသာက္မ်ား၊ ဗီလာထဲရွိ စက္ပစၥည္းမ်ား၊ ၾကမ္းျပင္ေပၚမွႂကြတက္လာေသာစားပြဲ၊ အလင္းမေဖာက္ႏိုင္ေသာျပတင္းေပါက္မ်ား၊ အစရွိသည္တို႔မွာ ေၾကာက္စရာေကာင္းေသာပတ္ဝန္းက်င္အား ဖန္တီးရန္ ျပဳလုပ္ထားျခင္းသာျဖစ္ရမည္။
အေရးအႀကီးဆုံးကေတာ့ "ငါနင္နဲ႔ သူငယ္ခ်င္းျဖစ္ၿပီးကတည္းက တစ္ေယာက္တည္းမအိပ္ရဲေတာ့တာ"ဆိုသည့္ ေမြးေန႔ဆုေတာင္းစာမွ ျဖစ္သည္။
အိုယင္းကလည္း လင္ယိကဲ့သို႔ ေတြးမိသည္။
"အဲ့လိုသဘာဝလြန္အရာေတြကို စြဲလမ္းေနလို႔လည္း သူ႔မွာ သူငယ္ခ်င္းမရွိတာျဖစ္ႏိုင္တယ္။ ေနာက္ေတာ့ သူငယ္ခ်င္းေတြရသြားၿပီး သူ႔ရဲ႕ဝါသနာကို ေျပာျပခဲ့လိမ့္မယ္ထင္တယ္။"
"ဒါေပမယ့္ က်န္တဲ့လူေတြက စိတ္မဝင္စားခဲ့ဘူး။ တစ္ခါ ႏွစ္ခါ နားေထာင္ရတာကိစၥမရွိေပမယ့္ ဆက္တိုက္ေျပာလာရင္ေတာ့ စိတ္အေႏွာင့္အယွက္ျဖစ္ရတယ္ေလ။ အဲ့တာေၾကာင့္ သူ႔ဝါသနာကို သေဘာမက်တဲ့သူငယ္ခ်င္းေတြအေပၚ အၿငိဳးထားၿပီး သတ္ခဲ့တာျဖစ္ႏိုင္တယ္။"
လင္ယိက ဆက္ေျပာလိုက္သည္။
"သူက သူ႔အိမ္ကပါတီကို သူငယ္ခ်င္းေတြဖိတ္ခဲ့တယ္။ ေနာက္ေတာ့ သရဲကစားနည္း ကစားခဲ့တယ္။ သူကိုယ္တိုင္ကေတာ့ သူငယ္ခ်င္းေတြ ယုံၾကည္လာေအာင္လို႔ ကစားနည္းကိုတီထြင္သူအျဖစ္ေရာ၊ ကစားသူအျဖစ္ေရာ ဝင္ပါခဲ့တယ္။"
ခ်င္းယန္က တုန္ယင္ေနေသာအသံျဖင့္ေမးလိုက္သည္။
"သရဲေတြေပၚလာတုန္းက သူတို႔လည္း ယုံခဲ့ၾကမွာပဲေလ။ ဒါဆို သူ႔ရဲ႕ရည္႐ြယ္ခ်က္ျပည့္သြားၿပီမဟုတ္ဘူးလား? ဘာလို႔ သူတို႔ကို သတ္ပစ္ရတာလဲ?"
လင္ယိ : "အနီေရာင္မိန္းမပ်ိဳမွာ သ႐ုပ္ႏွစ္ခုရွိတယ္။ တစ္ခုက သူငယ္ခ်င္းေတြနဲ႔အတူ ကစားသမားအျဖစ္ ကစားေနတယ္။ အဲ့တာေၾကာင့္လည္း ဒီေလာကထဲကို လူ၁၃ေယာက္အေခၚခံလာရၿပီး ဒီဓါတ္ပုံထဲမွာလည္း လူ၁၃ေယာက္ျဖစ္ေနတာပဲ။
သူ႔ရဲ႕ ေနာက္ထပ္သ႐ုပ္ကေတာ့ အနီေရာင္ဝတ္ထားတဲ့သရဲပဲ။ သူက အဲ့ဒီသရဲအျဖစ္နဲ႔ သူငယ္ခ်င္းေတြကို ေျခာက္လွန္႔ခဲ့တာပဲ။"
အိုယင္း ေခါင္းညိမ့္လိုက္သည္။
"အနီေရာင္ဝတ္ၿပီး ေသဆုံးသြားတဲ့လူေတြက လက္စားေခ်တဲ့သရဲအျဖစ္ ျပန္လာတတ္တယ္ဆိုတဲ့ဒဏၭာရီရွိတယ္။ အဲ့ဒဏၭာရီက မွန္နဲ႔အိပ္ယာမ်က္ႏွာခ်င္းဆိုင္မထားရဘူးဆိုတဲ့အဆိုအတိုင္းပဲ အရမ္းကို အစြဲႀကီးေနၿပီ။"
လင္ယိ : "ဒါေပမယ့္ အခုေတာ့ သူက ငါတို႔နဲ႔အတူ ကစားသမားအျဖစ္ လာမကစားဘူးပဲ။ ၾကည့္ရတာ အနီေရာင္အဝတ္ေတြနဲ႔ပက္သက္ၿပီး အၿငိဳးႀကီးႀကီးရထားခဲ့တယ္ထင္တယ္။"
ခ်င္းယန္ : "ဘာ...ဘာကိုဆိုလိုတာလဲ?"
လင္ယိ : "သူ႔ရဲ႕ လွည့္ကြက္ေတြက သ႐ုပ္မွန္ေပၚသြားၿပီလို႔ဆိုလိုတာ။"
ခ်င္းယန္မွာ ၾကက္သီးမ်ားတျဖန္းျဖန္းထလာသည္။
အိုယင္း : "ဒါဆို သူ႔သ႐ုပ္မွန္ေပၚသြားလို႔ သူငယ္ခ်င္းေတြကိုသတ္ပစ္လိုက္တာေပါ့။"
လင္ယိေခါင္းညိမ့္လိုက္သည္။
"အဲ့လိုျဖစ္ဖို႔မ်ားတယ္"
လင္ယိမွာ သူ၏ခန္႔မွန္းခ်က္ကိုေျပာသည့္အခါတိုင္း ျဖစ္ေလာက္တယ္၊ ျဖစ္ႏိုင္တယ္ ဟူေသာစကားတို႔ကို ထပ္ခါတလဲလဲသုံးတတ္သည္။ တကယ္တမ္းမွာေတာ့ သူ၏ခန္႔မွန္းခ်က္မ်ားမွာ သက္ေသႏွင့္သဲလြန္စမ်ားအေပၚ မူတည္ထားျခင္းျဖစ္သည္။
ထို႔ေၾကာင့္ အိုယင္းကေတာ့ လင္ယိေျပာသည့္စကားကို ယုံၾကည္သည္။ ၂-၆ မေကာင္းဆိုးဝါးဆိုသည္မွာလည္း လင္ယိေျပာသည့္လူသာ ျဖစ္ရမည္ဟု ေတြးထားေလ၏။
သို႔ေသာ္ျငား ဘယ္သူဘယ္ဝါဆိုတာကိုေတာ့ သူမလည္း မသိေသးေပ။
"ဒါဆို ဒါက သဲလြန္စအကုန္ပဲ"
"ဘာမွထပ္ျဖည့္စရာအခ်က္မရွိေတာ့ဘူးထင္တယ္"
အိုယင္းက လင္ယိအား ၾကည့္လိုက္သည္။
သူမက လင္ယိေနာက္တစ္ႀကိမ္ သုံးသပ္လိမ့္မည္ဟု ထင္ထားေသာ္လည္း လင္ယိဘက္မွ ဘာအသံမွထြက္မလာခဲ့ေခ်။
အိုယင္း : " မင္းက ဓါတ္ပုံေလးတစ္ပုံၾကည့္႐ုံနဲ႔ေတာင္ အကုန္လုံးကိုဆက္ၿပီးခန္႔မွန္းႏိုင္ေသးတာပဲ။ လင္ယိ၊ ၂-၆ ေလာကရဲ႕စည္းမ်ဥ္းအေၾကာင္းကို နင္ သိၿပီးေနၿပီမဟုတ္လား?"
အိုယင္းက သူ႔အား ထိမ္ခ်န္ထားသည္ဟု အထင္လြဲသြားမည္ကိုစိုးရိမ္၍ လင္ယိက အလ်င္အျမန္ရွင္းျပလိုက္သည္။
"စီနီယာခ်င္က်ိဳးက ကြၽန္ေတာ့္ကိုေျပာဖူးတယ္။ ဒီေလာကမွာ မေသခ်ာတဲ့သဲလြန္စက ဘာမွအသုံးမဝင္ဘူး။ အခ်ိန္ျဖဳန္းတာပဲတဲ့။ ကြၽန္ေတာ္ ဘာမွဖုံးကြယ္ထားဖို႔ မရည္႐ြယ္ခဲ့ပါဘူး။"
အိုယင္း ေခါင္းခါလိုက္သည္။
"ငါသိတယ္။ ဒါေပမယ့္ ငါေရာ၊ ခ်င္းယန္ေရာ၊ ေနာက္ၿပီး အျခားလူေတြအမ်ားႀကီးရွိေသးတယ္။ ငါတို႔က မေတာ္ေပမယ့္လည္း အသုံးေတာ့ဝင္ပါေသးတယ္။ အဲ့တာေၾကာင့္ မင္းသာ ၂-၆ မေကာင္းဆိုးဝါးကိုရွာႏိုင္မယ္ဆိုရင္ ခက္ခဲေတာ့မွာ မဟုတ္ဘူး။ မင္းက ေသခ်ာဖို႔လိုတယ္လို႔ ေျပာခဲ့တယ္ေနာ္။ ဒါေပမယ့္ ဒီကိုလာၿပီး သုံးရက္ေျမာက္မွာတင္ အဓိကစည္းမ်ဥ္းကိုခန္႔မွန္းႏိုင္တဲ့ မင္းအတြက္ ၂-၆မေကာင္းဆိုးဝါးကိုရွာဖို႔ဆိုတာ ဘယ္ေလာက္ခက္ႏိုင္မွာတဲ့လဲ?"
"နင္က မေကာင္းဆိုးဝါးကိုအၿပီးထုတ္ပစ္ခ်င္တာမလား?"
အိုယင္းက လင္ယိအား စိုက္ၾကည့္လိုက္သည္။
"အဲ့တာေၾကာင့္ ဓါတ္ပုံကိုမေတြ႕ခင္အထိ မေကာင္းဆိုးဝါးက ဘယ္သူလဲဆိုတဲ့ နင့္ရဲ႕ခန္႔မွန္းခ်က္ကိုမေျပာေသးဘဲ သိမ္းထားခဲ့တာ။ ဘာလို႔လဲဆိုေတာ့ မေကာင္းဆိုးဝါးကိုဘယ္လိုထုတ္ပစ္ရမလဲဆိုတာကို မသိေသးလို႔ဟုတ္တယ္မလား? ၿပီးေတာ့ ငါတို႔ၾကားထဲမွာ နင့္ကို မေသခ်ာေအာင္လုပ္ေနတဲ့တစ္ေယာက္ရွိတယ္။ အဲ့တာ က်ိဳးေကာမလား?"
အိုယင္း : "လင္ယိ၊ က်ိဳးေကာက ၂-၆ မေကာင္းဆိုးဝါးမလား?"
......