" ဟ မင်းတို့လင်မယားထတာစောလှကြည့်လား....... ပြီးတော့မနက်စာတောင်စားနေရော "
ညက အရီးအိမ်သွားအိပ်မယ်ဆိုကာ ရှောင်ပေးထားတဲ့ မောင်နှမနှစ်ယောက်ကိုယ့်အိမ်ကိုယ်ပြန်လာကြတော့သည်။ လက်ထဲမှာလည်းစားစရာတွေကိုင်လို့ပေါ့
" ထွေးလေး က အစောကြီးထဲကပြန်လာချင်တာ အစ်ကိုကြီးကတားနေလို့ အခုတော့မမကိုယ်တိုင်ထချက်နေရပြီ "
" မဟုတ်တာထွေးလေးရယ် မမချက်တတ်ပါတယ်.... .. မီးဖိုချောင်ထဲရှိတာလေးတွေတော့ယူသုံးလိုက်တယ်နော် ခွင့်မတောင်းပဲယူလိုက်မိတာ မမနှောင်းတောင်းပန်ပါတယ်"
" အို.... ဒါတွေပြောစရာမလိုပါဘူး။ ဒီမှာလည်း မုန့်စိမ်းပေါင်း၊ ပြန်ပေါင်းအိအိလေးနဲ့ အကျော်စုံလည်းဝယ်လားပါဗျာ....... ထွေးလေးရေထည့်ယူခဲ့ မနက်စာအတူတူစားကြတာပေါ့ "
ကိုသိန်းစကားကြောင့် ထွေးလေးလည်းမီးဖိုချောင်းဝင်၍ ဝယ်လာတာတွေထည့်ကာ ထမင်းနှစ်ပန်ကန်နဲ့အတူပြန်ထွက်လာတော့သည်။ ပါးစပ်ကလည်း ရှင်နှောင်းငယ်ကိုချီးကျူးရင်းပေါ့
" မမနှောင်းတို့ချက်တဲ့ထမင်းလေးကအိဆင်းနေတာပဲ တို့အစ်ကိုကြီးအက္ခရာကတော့မိန်းမရကံကောင်းချက် "
ဒီစကားကို မင်းအက္ခရာမောင်ကအပြည့်ဝထောက်ခံတဲ့မျက်နှာဘေးဖြင့် ဝယ်လာသမျှဘာမှမတို့မထိပဲ နှောင်းသူ့အတွက်ကြော်ပေးသည့်ကြက်ဥတောင်မပါနဲ့ ထမင်းကြော်ကိုသာ နောက်တစ်ရက်မသက်မရှင်ရတော့မည်အတိုင်းစားနေတော့သည်။
" အိမ်ကအစ်ကိုကြီးများ ဘယ်တော့မှထွေးလေးကို ယောင်းမတစ်ယောက်အိမ်ခေါ်လာပေးမလဲမသိ..... ဟူးးးး "
" ဟ... ငါ့ပါသာငါအေးဆေးနေပါရစေ။ "
လူပျိုကြီးကိုသိန်း၏မကျေမချမ်းအသံကြီးကြောင့် မနက်စာစားရင်း အားလုံးပွဲကြကုန်တော့သည်။
မနက်စာစားပြီးတော့ ရှင်နှောင်းငယ်ထွေးလေးနဲ့အတူ အနောက်ဝင်သွားပေမဲ့ မင်းအက္ခရာမောင်နဲ့ကိုသိန်းကတော့ အကြမ်းရည်သောက်ရင်း စကားပြောနေခဲ့သည်။
" ကိုသိန်း ကျုပ်မှာငွေငါးရာတော့ရှိသေးတယ် နှစ်ရာကိုတော့နှောင်းအတွက်လက်စွပ်လုပ်ပေးချင်တယ် ပြီးတော့နေဖို့နေရာအတွက်လည်းအဆင်ပြေမယ်နေရာအကြံပြုပါဦး ကိုသိန်းဆီမှာအမြဲတော့နေလို့မရဘူးလေဗျာ "

YOU ARE READING
???????????????
RomanceThis fic is not normal Uke is intersex Around 1940 Start date 26. 8. 2022 End date 14. 2 . 2023 My First Fic