၅ နှစ်ကြာပြီးနောက်
အချိန်တွေပြောင်း ရာသီတွေအလီလီပြောင်းခဲ့တာ အခုဆို ရှင်နှောင်းငယ်ဟာ အသက်၃၀ကေျာ်လာခဲ့ပြီး မောင်ဟာအခုမှအရွယ်ကောင်းလေးဖြစ်နေဆဲပေါ့
အခုလည်းအလုပ်ကပြန်မရောက်သေးတဲ့မောင့်ကိုဖွယ်ဖွယ်ရာရာချက်ပြုတ်ပြီး ရှင်နှောင်းငယ်စောင့်နေခဲ့သည်။
ညနေငါးနာရီထိုးရင် ဘယ်ကိုရောက်ရောက်မောင်ဟာ အိမ်ကိုရောက်အောင်ပြန်ရောက်အောင်လာဆဲပင်
ကလေးတွေကတော့ သူ့အဖိုးအဖွားတွေဆီမှာတစ်လှည့်စီနေရင်း တစ်ခါတစ်လေမှမောင်နဲ့နှောင်းရဲ့သီးသန့်အိမ်လေးကိုရောက်ဖြစ်သည်။ ဒါကိုပဲမောင်ကသိပ်ကျေနပ်လျက်နဲ့ပေါ့
တစ်ဖြည်းဖြည်းဇရာထောင်းလာတဲ့နှောင်းကို မောင်ဟာဘယ်အချိန်မှငြိုငြင်မှူမပြခဲ့ပေ ရှင်နှောင်းငယ်အတွက်တော့မောင်ဟာအရာရာဆိုတာထက်ပိုပါသည်။
" နှောင်း "
လူကအိမ်ထဲမရောက်သေးဘူး အသံအရင်ကြားသည်။ ဘယ်လောက်ပြောပြောမောင်ဟာအခုထိကလေးဆန်နေဆဲ
" မောင် နှောင်းကမီးဖိုချောင်မှာ "
" ဒီမှာအရှုပ်ထုတ်တွေပါတယ် "
" မောင်.... ကလေးတွေကိုဘယ်လိုပြောလိုက်တာလဲ "
နှောင်းကညူးညူးစူးစူးလေးပြောတော့ မောင်ဟာအနားကိုအမြန်ရောက်လာပြီး နှောင်းရဲ့ပါးကိုမွှေးကြူးရင်း အသံတိတ်ချော့မြူနေပါလေသည်။ နှောင်းခါးသွယ်သွယ်လေးကိုလည်းဖက်ထားဖို့မမေ့
" မောင်က ချစ်စနိုးနဲ့ပြောတာပါကွာ.... နှောင်းမကြိုက်ရင်မောင်မပြောတော့ပါဘူး....နော်..... မျက်စောင်းကြီးနဲ့မကြည့်ပါနဲ့ကွာ ဒီမောင်ရင်တွေနာရအောင်လို့ "
နှောင်းကဘယ်စိတ်နဲ့မှတင်းခံထားလျက်ပါမလည်း ပြုံးလျက်မောင်ကိုကြည့်ရင်း
" ရေချိုးပြီးဆင်းလာခဲ့ "
" ေနှာင်းကမောင်နဲ့အတူမလိုက်ဘူးလား"
" ကလေးတွေရှိတယ်လေ မောင်ရယ် "
" ကိုသိန်းနဲ့ထွေးလေးရှိပါတယ်ကွာ လာပါ..
နှောင်းမှရေမချိုးပေးရင် မောင်ရေမချိုးချင်တော့ဘူးနော် "

YOU ARE READING
???????????????
RomanceThis fic is not normal Uke is intersex Around 1940 Start date 26. 8. 2022 End date 14. 2 . 2023 My First Fic