抖阴社区

☆??.?*?????笔补谤迟-1

1.1K 127 2
                                    

လောကကြီးမှာလေ မဖြစ်သင့်ဆုံးအရာက ဘာလဲသိလား။ ပြတ်ပြီးသား ရည်းစားဟောင်းကြီးနဲ့ ပြန်တွဲတာဆိုတာပဲ။ မင်းတို့ သိကြလား။ ရည်းစားဟောင်းတွေဆိုတာ မကောင်းတဲ့ သတ္တဝါတွေ။ ပြန်ပြီး တွဲဖို့ဆိုတာလုံးဝလည်း မဖြစ်နိုင်သလို၊ ဖြစ်ဖို့လည်း မသင့်ဘူး။

အကယ်၍များ မင်းတို့ရဲ့ ရည်းစားဟောင်းတွေကသာ နောက်တစ်ခါ ပြန်တွဲမယ်လို့ပြောရင် ငါ့လိုမျိုး ခပ်ချေချေနေလိုက်။ သူတို့ကို မတူသလိုဆက်ဆံပြလိုက်။ အလိုလို နောက်ဆုတ်သွားလိမ့်မယ်။

ငါ့ရည်းစားဟောင်းလိုမျိုး ဘာပြောပြောမနာ မထုံတတ်တေး လုပ်ပြီး ပေကပ်နေရင်တော့ နီးရာမှာရှိတဲ့ တစ်ခုခုနဲ့ ဆွဲထုဆွဲရိုက်ပစ်လိုက်။

ပြောသာပြောရတာ မလုပ်ရဲရင်မလုပ်ကြနဲ့။ ငါတော့ ဒီမှာ စိတ်တိုတို‌နဲ့လုပ်မိလိုက်တာ ငါ့ရည်းစားဟောင်းရဲ့ ခေါင်းပေါက်သွားပြီ အီးဟီး။ မ‌ကျေနပ်လို့ ငါ့တရားစွဲရင် ငယ်ငယ်လေးနဲ့ ထောင်နန်းစံရမှာ။

"အီးဟီး တောင်းပန်ပါတယ်လို့၊ စိတ်တိုပြီး လုပ်မိလုပ်ရာ လုပ်မိတာပါ။ ငါ့ကို ရဲတိုင်ပြီး တရားတော့မစွဲလိုက်ပါနဲ့ ဆောင်းဟန်ဘင်းရယ်နော် နော်"

ဆေးရုံကုတင်ပေါ်မှာ လှဲခါ သူ့အသည်းအသက်ရဲ့ ထုချက်အပြင်းစားကြောင့် ဟန်ဘင်းမှာ ပတ်ချာလည်အောင် မူးနေသည်။ ဒီကြားထဲ သူ့ကို တရားမစွဲဖို့ ပေါက်ပေါက်ဖောက် တောင်းဆိုနေတဲ့ ‌ကောင်လေးကြောင့် ဆောင်းဟန်ဘင်းရဲ့ ခေါင်းကြီးက ပေါက်ထွက်သွားမလားဘဲ။

"တော်ပါတော့ ဟာအိုရယ်၊ ကိုယ် မင်းကိုတရားလည်းမစွဲဘူး ရဲလည်းမတိုင်ဘူး။ ဘာမှမလုပ်ပါဘူးကွာ"

ထိုသို့ပြောတော့ အခုနကနဲ့ မတူဘဲ တကယ်နော်ဆိုတဲ့ အသံစာစာလေးထွက်လာသည်။

"တကယ်ပြောတာပါဗျာ။ အခုတော့ ငြိမ်ငြိမ်လေးနေလေနော်၊ ကိုယ် ခေါင်းတအားမူးနေလို့ပါ"

ကျန်းဟာအိုအား လက်အုပ်ချီမတက် တောင်းပန်နေတဲ့ ဆောင်းဟန်ဘင်းက ဒီလိုကြတော့လည်း သနားစရာလေး ဟီးဟီး။ 

ဒါပေမယ့်လည်း သနားစရာမကောင်းပါဘူးနော် ဟွန်း။ သူဒီလောက်မကြိုက်ပါဘူး၊ ဝေးဝေးသွားနေပါလို့ ပြောလည်း တောက်တဲ့ကြီးလိုမျိုး တွယ်ကပ်နေတာ။

A Second Chance for Love~???~Where stories live. Discover now