"ဟားဟား ခွေးလိုက်ဆွဲတာဟုတ်လား၊ သူ့ဘာသာသူအိပ်နေတာကို သွားလုပ်တော့ အဆွဲခံရပြီပေါ့"
အမလေး ဟာအိုခွေးလိုက်ဆွဲခံရတဲ့အကြောင်းပြောမိတာကို ဗိုက်ကိုင်ပြီး တဟားဟားနဲ့ရီလို့ကို မပြီးတော့ဘူး။ သူကလည်းသူပါပဲ။ သွားပြောပြမိတာကိုး။
"ဆောင်းဟန်ဘင်း! မင်းငါ့ကိုလှောင်နေတာ တော်ရုံပဲကောင်းတယ်နော်"
အံကြိတ်သံနဲ့ပြောလာတဲ့ ကောင်လေးကြောင့် ဆောင်းဟန်ဘင်းမှာ သူ့ပါးစပ်လေးသူ လက်ကလေးနဲ့အုပ်ပြီး ပိတ်ထားရသည်။ စိတ်ကလက်တဆစ်နဲ့ဟာအိုက စိတ်တိုပြီဆိုရင် ဘာမှထိန်းမရတော့ဘဲ လုပ်မိလုပ်ရာလုပ်တတ်တာ။ ကြောက်တယ်ရယ်။ ဆောင်းဟန်ဘင်းဟာ ကျန်းဟာအိုကလေးကို ချစ်ကြောက်ရိုသေပါတယ်လို့။ နောက်တစ်ခေါက်တော့ ဆေးရုံကိုထပ်ပြီးတော့ မသွားချင်တော့ဘူးလေနော်။
ဒီတစ်ခေါက်သာ သူ့ခေါင်းကိုထပ်ပြီး ထုရင် ကိုမာတွေဘာတွေဝင်ပြီး အတိတ်တွေဘာတွေတောင် မေ့သွားနိုင်လောက်တယ်။ အမလေး နောက်တစ်ခါ ကျန်းဟာအိုလေး ဒေါသထွက်စေမယ့် အလုပ် ဆောင်းဟန်ဘင်းတို့ ဘယ်တော့မှမလုပ်။
"ဟာအို ကိုယ်တို့ ဇီးရိုးကိုလာနဲ့ ကြက်ကြော်စားကြမလား"
"ဝိုး မဆိုးဘူး ကောင်းသား၊ ဒါနဲ့ မင်းက ဆန်ပြုတ်မသောက်ဘူးလား~~~အာ ဟုတ်သား ဆန်ပြုတ်ဂျိုင့်ကြီး ပျောက်သွားပြီကို"
သူ့ကြောင့်ပျောက်သွားရတယ်ဆိုပြီး စိတ်မကောင်းဖြစ်နေတဲ့ ဟာအိုလေးက ဟန်ဘင်းကို နှုတ်ခမ်းလေးမဲ့ပြပြီး ပြောရှာသည်။
"ဘာမှမဖြစ်ပါဘူးကွာ၊ ကိုယ်လည်း ဆန်ပြုတ်မကြိုက်ဘူး ထားလိုက်နော်"
"အွန်းပါ ဒါပေမယ့် မာမားကို မပြောရဘူးနော် အဲ့အကြောင်း၊ မာမားက မင်းကိုစားစေချင်လို့ သေချာလုပ်ပေးထားတာ~~~ငါ့ကြောင့် မင်းမသောက်လိုက်ရဘူးဆိုရင် ငါ့ကိုရိုက်မှာသိလား မပြောရဘူးနော်"
အန်တီဆီက အဆူခံရမှာကျတော့ ကြောက်တယ်။ ခိုင်းလိုက်တိုင်းလည်း အမြဲတလွဲလေးတွေချည်းပဲ လုပ်တတ်တဲ့ ဟာအိုလေးက အန်တီရိုက်ချင်ရင်လည်း ရိုက်ချင်စရာပါ။ ဒါပေမယ့် ရိုက်လို့မရပါဘူး။ ဆောင်းဟန်ဘင်းက ဒိုင်းကြီးသဖွယ် ကာကွယ်ပေးထားတာမို့ပါ။

YOU ARE READING
A Second Chance for Love~???~
FanfictionZhanghao's like, 'Love again isn't a must after a breakup.' And Sung Hanbin just sitting here like, 'Nah, gotta keep that heart game strong.' Sung Hanbin + Zhanghao