အခုဟာအိုမှာတော့ မာမားက ဆောင်းဟန်ဘင်းအတွက်ဆိုပြီး ပြုတ်ပေးလိုက်တဲ့ ဆန်ပြုတ်ချိုင့်ကြီး ကိုင်ပြီး တစ်ဖက်လမ်းကို သွားနေရတာဖြစ်သည်။ မာမားဟာ သူကိုယ်တိုင်သွားပို့လို့ရပါရဲ့နဲ့ ဟာအို့ကို ပို့ခိုင်းတော့ စိတ်ကမကြည်လင်တော့။ မြင်နေရတဲ့ အရာမှန်သမျှက ဒေါသထွက်စရာတွေချည်း။
"ဟဲ့ ခွေး! သွားစမ်း ငါ့ရှေ့ကနေဖယ် ချိုင့်နဲ့ ကောက်ပေါက်ပစ်မှာနော် ဘာလာကြည့်နေတာလဲ အောင်မာ ဒီခွေး ငါဒီလောက်ပြောနေတာကို အမြှီးလာနံ့ပြနေတယ်"
ချိုင့်ကြီးလေပေါ်မြှောက်လိုက်တော့ အထဲက ဆန်ပြုတ်တွေက ဘေးကိုစီးကျလာပြီး ဟာအို့လက်ပေါ်ပေကျံကုန်သည်။ မာမားက ဆောင်းဟန်ဘင်း ပူပူနွေးနွေးစားလို့ရအောင်ဆိုပြီး ခုလေးမှ မီးဖိုပေါ်ကချပေးလိုက်တာ။ အိုက်ယား သူ့လက်ကလေးတော့ အပူလောင်ပါပြီ။
အဲ့တာ အရှေ့က ခွေးအစုတ်ပလုတ်ကြောင့်။ သူ့ဘာသာသွားနေတာအကောင်းကို အဲ့ခွေးက သူ့အရှေ့ကနေပိတ်ရပ်ပြီး လမ်းလယ်ခေါင်တည့်တည့်မှာ အိပ်နေသည်လေ။ နဂိုကတည်းက ဒေါသကထွက်နေပါတယ်ဆို ဒီခွေးက ပိုဆွပေးနေတာ။
နေဦး တွေ့ဦးမယ်။ ဟာအို့ကို မခန့်လေးစား လုပ်တဲ့ ခွေးစုတ်။
"ဟိတ်ကောင် ဒီမှာမြင်လား တုတ် မသေချင်ရင် ဖယ်ပေး"
ဟာအိုပြောနေတာကို မကြားချင်ယောင်ဆောင်တာလား၊ နားမလည်တာလားတော့မသိ ဟိုဘက်တောင်လှည့်ပြီး အိပ်လိုက်သေးသည်။ စိတ်မရှည်တာနဲ့ မြေပေါ်ကို ရွှမ်းခနဲရိုက်လိုက်တော့ ခွေးစုတ်က လန့်သွားပြီး ဟာအို့အား သွားကြီးဖြဲပြသည်။
"ဟ လာရီပြနေတာလား ရီပြမနေနဲ့ ဘေးဖယ် ရှူး"
ထပ်ပြီး တုတ်နဲ့ရိုက်မလို့ ရွယ်လိုက်တော့ ခွေးကြီးက တဝုတ်ဝုတ်နဲ့ ဟောင်ပြီး ဟာအို့ကို လိုက်ဆွဲတော့သည်။
"အား မာမားရေ! ဟန်ဘင်းရေ! ချွမ်းရွေ့ရေ ကယ်ပါဦးလို့! ခွေးလိုက်ဆွဲလို့ ကယ်ကြပါဦးဗျို့ အီးဟီး"
ဟာအိုချိုင့်ကြီးကိုင်ပြီး ပြေးရတာ သိပ်တော့မလွယ်ကူလှ။ ထားခဲ့ဖို့ကျတော့လည်း အဆင်မပြေ။ မာတာမိခင်က ဆောင်းဟန်ဘင်းမှ သူ့ချက်ထားတာကို မစားရင် မဖြစ်ဘူးဆိုတဲ့ ပုံစံနဲ့ သေချာချက်ပြုတ်ပေးနေတော့ သူ့ကြောင့် ဟိုတစ်ယောက် မစားရရင် မာမားစိတ်မကောင်းဖြစ်သွားရမှာ။ သားတစ်ယောက်အနေနဲ့တော့ မာမားကို စိတ်မကောင်းမဖြစ်စေချင်။ ဆောင်းဟန်ဘင်းကို စားစေချင်လို့တော့ မထင်နဲ့။ ဒီကဖြင့် စေတနာကိုမရှိတာ။

YOU ARE READING
A Second Chance for Love~???~
FanfictionZhanghao's like, 'Love again isn't a must after a breakup.' And Sung Hanbin just sitting here like, 'Nah, gotta keep that heart game strong.' Sung Hanbin + Zhanghao