ဟန်ဘင်း ဒီနေ့တော့ ခါတိုင်းလို အိမ်မှာ အေးဆေးနားလို့မရတော့ပေ။ သူ ကုမ္ပဏီကိုမသွားတာ ဒီနေ့နဲ့ဆို နှစ်ပတ်မြောက်ရှိနေပြီဖြစ်သည်။ ဆေးရုံတက်ရတာနဲ့ ကိုယ်တိုင်ကလည်း ပင်ပန်းနေတော့ နားရက်ယူလိုက်တာနဲ့တင် ထိုမျှကြာသွားတာဖြစ်သည်။
ကုမ္ပဏီကလည်း မသွားလို့မဖြစ်ပေ။ အတွင်းရေးမှူးဖြစ်တဲ့ သူ့ရဲ့အကိုကြီး ကင်မ်ဂျီဝန်းကိုလည်း အားနာလှနေပါပြီ။ သူဆေးရုံတက်နေရတဲ့နေ့ကတည်းကစပြီး ကုမ္ပဏီအလုပ်မှန်သမျှ သူနဲ့မဆိုင်သလိုပင် ပစ်ထားခဲ့တာ။ ဂျီဝန်းဟျောင်းကပဲ ရှယ်ယာရှင်အစည်းအဝေးကအစ စာရင်းဇယားကအဆုံး တာဝန်ယူထားရတာ။ ဒါကြောင့် ဒီနေ့ ဟန်ဘင်း ကုမ္ပဏီကိုမသွားလို့ကို မဖြစ်ချေ။
"ဟင်း မသွားရတာကြာတော့လည်း သွားတောင်မသွားချင်တော့ဘူး"
ကုတ်အင်္ကျီဝတ်နေရင်း သတိရသွားသည်က ဟာအို့ကို သွားတွေ့ရင်ကောင်းမလားသူ၍ပင်။ လန့်တော့လည်း လန့်သား။ ဘာလို့ဆို ဟိုတစ်ခေါက်က ကုမ္ပဏီမသွားခင် သွားတွေ့ရာကနေ အခုလိုတွေ ကမောက်ကမဖြစ်ကုန်သည်လေ။
ဟာအို့မျက်နှာလေးမှ မတွေ့ရလျှင်လည်း ဒီနေ့အဖို့ ဟန်ဘင်းအတွက် မိုတီတစိုးတစိမျှရှိမည်မထင်။ လက်မှာပတ်ထားတဲ့ နာရီကိုတစ်ချက်ကြည့်လိုက်တော့ အခုမှ မနက် ခုနှစ်နာရီခွဲပဲရှိသေးသည်။ ဒီအချိန်ဆို ညဉ့်နက်မှအိပ်တတ်တဲ့ ကောင်ငယ်လေးက နိုးဦးမည်မဟုတ်ပေ။ နိုးနေတာထက်စာရင် အိပ်နေသည်က ဟန်ဘင်းအတွက်ပိုပြီး စိတ်ချရသည်။
ဒါကြောင့်မလို့ မနက်စာစားပြီးသည်နှင့် ဟာအို့အိမ်ကို သွားဖို့ ဟန်ဘင်းဆုံးဖြတ်လိုက်သည်။
~~~
ဟာအို့အိမ်ရှေ့ရောက်တော့ ဟာအို့ရဲ့ပါပါးက ခြံထဲမှာ ကိုယ်လက်လှုပ်ရှားပြီး လေ့ကျင့်ခန်းလုပ်လို့နေသည်။ ဟန်ဘင်း တံခါးဘေးမှာရှိတဲ့ ခေါင်းလောင်းကလေးကို အသာလှုပ်ရမ်းလိုက်တော့ ပါးက သူ့ကိုမြင်သွားပုံရသည်။ လက်အသာလှမ်းပြပြီး ပြုံးပြလာသည်။
"သားဟန်ဘင်း ဟာအို့ဆီလာတာလား"
"ဟုတ်တယ်၊ ပါး ကျွန်တော်က ဟာအို့မျက်နှာလေးကိုမှ မတွေ့ရရင် မနေနိုင်ဘူးလေ"

YOU ARE READING
A Second Chance for Love~???~
FanfictionZhanghao's like, 'Love again isn't a must after a breakup.' And Sung Hanbin just sitting here like, 'Nah, gotta keep that heart game strong.' Sung Hanbin + Zhanghao