抖阴社区

☆??.?*?????笔补谤迟-9

428 87 5
                                    

ဟန်ဘင်းက ဂျယ်ဂျူသွားမယ်လို့ပြောတဲ့ နေ့ကတည်းကစပြီး ဟာအိုဖုန်းထဲမှာ စားချင်တာတွေ၊ သွားချင်တာတွေမှန်သမျှကို တစ်ခုချင်းစီ listလုပ်ထားသည်။ ထို့အပြင် ရှန်ချွမ်းရွေ့ကိုပါ ဟာအိုနဲ့ တစ်ပါးတည်းအတူ ခေါ်သွားမည်ဖြစ်၍ သူ့ကိုလည်း စားချင်တာမှန်သမျှ ဆောင်းဟန်ဘင်းကရှင်းပေးမှာမို့ listနဲ့တကွ မှတ်ထားဖို့လည်း ပြောထားသည်။

ချွမ်းရွေ့ကို ဘာလို့ခေါ်တာလဲဆိုတော့ ဆောင်းဟန်ဘင်းကို မယုံလို့ပါ။ မတော်လို့ ဆောင်းဟန်ဘင်းက မလှိမ့်တပတ်လုပ်ပြီး ဟာအို့ကို ကားတင်ပြေးရင် ဘယ်လိုလုပ်မလဲ။ ဒါကြောင့်မို့ တစ်ခုခုဖြစ်ရင်တောင် အချစ်ရဆုံးသူငယ်ချင်း ရှန်ချွမ်းရွေ့ပါတယ်ဆိုတော့ ဟာအိုနည်းနည်းတော့ စိတ်သက်သာရတာပေါ့လေ။

မနက်ဖြန်ဆိုရင် သွားရတော့မှာဆိုတော့ ဟာအိုဒီနေ့ စာမဖတ်တော့ပါ။ ဟာအိုက စာဖတ်ရင် ထမင်းမေ့ဟင်းမေ့သည်အထိ ဖတ်တတ်တဲ့သူဆိုတော့ ဘယ်အချိန်ရောက်လို့ရောက်မှန်းမသိဖြစ်တတ်သည်။ ဒါကြောင့် ဒီနေ့သာသူစာဖတ်ရင် မနက်ဖြန်ဆို ထနိုင်မည်မထင်။ ထည့်စရာရှိတာတွေလည်း ထည့်ပြီးနေပြီဆို‌တော့ လောလောဆယ် ဟာအို့မှာက လုပ်စရာ အလုပ်ဘာမှမရှိ။ ဒီအချိန်ဆို အမြဲစာဖတ်နေကျလူက စာမဖတ်ရတော့ ပျင်းလို့လာသည်။

ဒီကြားထဲ ဖုန်းအမြဲတမ်းဆက်နေကျဖြစ်တဲ့ ဆောင်းဟန်ဘင်းကလည်း ဖုန်းမဆက်ပေ။ လွမ်းလို့လားဆိုတော့ မဟုတ်ပါဘူးနော်။ သူဒီနေ့တကယ်ကို ပျင်းနေတော့ကျ မဆက်ပါဘဲ ခါတိုင်း စာအုပ်ဖတ်ပြီးသာယာနေတဲ့ အချိန်ကျတော့ ဖုန်းဆက်သည်။ ဆောင်းဟန်ဘင်း သောက်ကျင့်တစက်မှ မကောင်းဘူး။ အကျင့်ပုတ်ကောင်!

ပျင်းလွန်းလို့ ကုတင်ပေါ် ခုန်တက်ပြီး ‌အရင်ရည်းစားဖြစ်ခဲ့စဉ်တုန်းက ဆောင်းဟန်ဘင်းပေးခဲ့ဖူးတဲ့ ဟမ်းစတားအရုပ်ကြီးကို အမြင်ကပ်ကပ်နဲ့ လက်သီးနဲ့ ဆယ်ချက်လောက်ထိုးပစ်လိုက်တယ်။ ဒီမှာပျင်းနေပါတယ်ဆို ဖုန်းလည်းမဆက်ဘူး။

ဘာလို့ အရင်မဆက်လည်း လာမမေးနဲ့။ မဆက်ချင်ပါဘူး ဘယ့်နှယ် ဟာအိုသာ အရင်စဆက်လိုက်မယ်ဆိုရင် ဆောင်းဟန်ဘင်းက ဘယ်လို ထင်မလဲ ပြော။ သူ့ကိုလွမ်းလို့ ဆက်တယ်ဆိုပြီး ထင်ချင်ရာထင်နေမှာပေါ့။ အမလေး ကျန်းဟာအိုတို့ အဲ့လိုမျိုးတော့ အဖြစ်မခံချင်ပါ။ ပျင်းနေလည်း ဆောင်းဟန်ဘင်းပေးထားတဲ့ အရုပ်ကြီးကို သူအမှတ်နဲ့ ထိုင်ရန်တွေ့နေမှာပေါ့။

A Second Chance for Love~???~Where stories live. Discover now