抖阴社区

☆??.?*?????笔补谤迟-1

Start from the beginning
                                    

အရင်ရက်တွေကတော့ ဘာမှမဖြစ်ပါဘူး။ ဒီတိုင်း အော်ပြီး နှင်ထုတ်တာပဲရှိတာ။ ဒါပေမယ့် ဒီနေ့ကတော့ မတူဘူး။ ဟာအိုမှာ နိုးကတည်းက စိတ်ကြည်လင်နေတာမဟုတ်။ စားချင်တဲ့ နို့ပူတင်းလည်း မစားရသလို၊ မာမားကလည်း အစောကြီးလာနှိုးသည်။ နောက်ပြီး ဟာအို့အား တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ဆိုပြီး ဆူပူနေသည်။

ပြီးတော့လေ ဘယ်သူနဲ့ ယှဉ်လဲသိကြလား။ ဆောင်းဟန်ဘင်း! ရည်းစားဟောင်းကြီး ဆောင်းဟန်ဘင်းနဲ့ ယှဉ်ပြီးတော့ကို ကိုယ့်သားကိုယ် ပျစ်ပျစ်နှစ်နှစ်ကြီးပြောနေတာ။

လူပဲ ကိုယ့်ကို တခြားသူနဲ့ လာယှဉ်ရင် ဘယ်ကြိုက်မတုန်း။ ဟုတ်တယ်မလား။ စဉ်းစားကြည့်ဗျာ။ ဆောင်းဟန်ဘင်းနေရာ ရှန်ချွမ်းရွေ့နဲ့ ယှဉ်ပြောမယ်ဆိုရင်တောင် နေသာသေး။ ဘာလို့ဆို ရှန်ချွမ်းရွေ့ကလည်း ကျန်းဟာအိုနဲ့ သူမသာ ကိုယ်မသာ။

ရည်းစားဟောင်းနဲ့ကို လာယှဉ်လို့ မကြိုက်တာ။ ပိစိသေးသေးလေးပဲ ပြန်ပြောမိပါတယ်။ ထိပ်ကို ယောင်းမကြီးနဲ့ ဂွက် ခနဲမြည်အောင် ခေါက်ပစ်တာ။ အဲ့သည်လိုနဲ့ပဲ ခေါင်းကို ပွတ်ပြီး လမ်းထိပ်အထွက်‌ ဆောင်းဟန်ဘင်းက suitအပြည့်နဲ့ သူ့ရဲ့ BMW ကားအမည်းကြီးကို မှီပြီး ကျန်းဟာအိုအား ပြုံးပြနေသည်။

အဲ့အပြုံးတွေကို သိ‌တာပေါ့။ လှောင်ပြုံးကြီး။ ဟာအို တစ်ခုခုဖြစ်ပြီဆိုရင် သူ့မျက်နှာက ကြောင်ခြစ်ရာလား၊ ကြောင်ကုတ်ရာလား အဲ့အရာကြီး ပေါ်သည်အထိကို ပြုံးပြတာ။

"အိုး ကိုယ့်အသည်းလေး မျက်နှာက ဆူပုတ်နေပဲ၊ ဘာဖြစ်လာတာတုန်း"

မမေးနဲ့ မဖြေဘူး။ ငါအရမ်း ဒေါသထွက်နေတာကို မင်းမြင်လား။ လာမပြုံးပြစမ်းနဲ့။ ငါမင်းကို ဆွဲထိုးမိတော့မယ်လို့ အား။

"ဟော စကားလေးတော့ ပြန်ပြောဦးလေကွာ။ တစ်ယောက်တည်းပြောနေရတော့ အရူးကြီးကျရော"

"........."

"အား ကျန်းဟာအိုတို့ ဘာလို့ အဲ့လောက်တောင် ချစ်ဖို့ကောင်းနေတာလဲကွာ"

ရုတ်တရက်ကြီး ထအော်ပြီး ဟာအို့ပါးကို ဂျုံနယ်သလိုလာနယ်တဲ့ ဆောင်းဟန်ဘင်းကြောင့် လူက တောင့်တောင့်ကြီး။ နောက်မှ မျက်နှာတွေရော နားရွက်ကားကားလေးတွေကပါ နီရဲလာသည်။

A Second Chance for Love~???~Where stories live. Discover now