နောက်ကခွေးကြီးကလည်း တဝုတ်ဝုတ်အဆက်မပြတ်ဟောင်ရင်း ပြေးလိုက်လို့လာသည်။ ချိုင့်ကိုကလည်း ထားခဲ့လို့မဖြစ် ပြေးရတာကလည်း အဆင်မပြေတာကြောင့် မထူးတော့ဘူးဆိုပြီး စီးထားတဲ့ ဂွင်းထိုးဖိနပ်လေးကို ချွတ်ပြီး အသည်းအသန် ပြေးရတော့သည်။
ဆောင်းဟန်ဘင်းရဲ့ အိမ်ရှေ့ရောက်တော့ ခြံတံခါးကြီးက သော့ကြီးခတ်ထားလို့။ ဟို ခွေးများလိုက်လာသေးလားလို့ ကြည့်မိတော့ လိုက်မလာတော့ပါ။ အရိပ်အယောင်တောင်မရှိတော့ဘူး။ ဟူး တော်ပါသေးရဲ့။ အမောဆို့ပြီး သေမလိုတောင် ဖြစ်ကုန်တော့မယ်။
ကျစ် ဒီဆောင်းဟန်ဘင်းကလည်း ဘာလို့တံခါးကြီးကို သော့ခတ်ထားတာလဲမသိ၊ လူကမအော်နိုင်တော့ပါဘူးဆို။ အုတ်နံရံပေါ်ကနေ ကျော်ခွတာပဲကောင်းတယ်။ အရင်ကလည်း ကျော်နေကြဆိုတော့ ကိစ္စမရှိဘူး ဟီး။
"အီးယား ပေါင်တော့ပြဲပါပြီ၊ ဟာ ချိုင့် အပြင်မှာ ကျန်ခဲ့ပြီ"
အုတ်နံရံပေါ်က ကျော်ခွမယ်ဆိုပြီး ချိုင့်ကို မြေကြီးပေါ်ချခဲ့တာ။ ဟာ ကျန်းဟာအိုတို့ကတော့ လုပ်လိုက်ရင် တလွဲတွေချည်းပဲ။ တော်ကြာ သူများယူသွားမှဖြင့်။
"ဆောင်းဟန်ဘင်း တံခါးဖွင့်ဦး! ဆောင်းဟန်ဘင်း!"
ဟာအိုကလည်း အပြင်ဘက်နေ တံခါးကိုထုပြီး ကုန်းအော်၊ အထဲကလည်း ဂလုံဂလွမ်ဆိုပြီး အိုခွက်မှောက်သံတွေပလုံစီလို့။
"ဟင် ဟာအို၊ ဘယ်လိုလုပ် ခြံထဲကို ဝင်လာတာလဲ၊ ကိုယ် ခြံတံခါးကို သော့ခတ်ထားတာလေ"
"အုတ်နံရံပေါ်က ကျော်ခွလာတာ၊ အဲ့တာအသာထား ငါမင်းအတွက် ယူလာတဲ့ ဆန်ပြုတ်ချိုင့်ကြီး ခြံပြင်မှာ မေ့ကျန်ခဲ့လို့ သူများယူသွားပြီလားမသိ မြန်မြန်သွားကြည့်ပါဦး"
ဟုတ်ပြီ ခဏလေးဆိုပြီး အိမ်ထဲဝင်ပြီး သော့သွားယူတဲ့ ဆောင်းဟန်ဘင်းက ဂျိုင်းပြတ်စွပ်ကျယ်ကိုမှ ချည်ဘောင်းဘီ အကွက်အတိုနဲ့။ ခွီး ဘာစတိုင်လဲဟ။
"ဟာအိုရေ အပြင်မှာ ချိုင့်မရှိဘူးနော်"
ဟမ် ခဏလေးပဲရှိသေးတာကို ဘယ်လိုဖြစ်ပြီး ချိုင့်ကမရှိတော့တာလဲ။ သေချာစဉ်းစားကြည့်ရင် 5မိနစ်တောင်မကြာသေးတာကို။

YOU ARE READING
A Second Chance for Love~???~
FanfictionZhanghao's like, 'Love again isn't a must after a breakup.' And Sung Hanbin just sitting here like, 'Nah, gotta keep that heart game strong.' Sung Hanbin + Zhanghao
☆??.?*?????笔补谤迟-5
Start from the beginning