抖阴社区

☆??.?*?????笔补谤迟-5

Start from the beginning
                                    

"ဟုတ်လို့လား သေချာရှာကြည့်ပါဦး"

ဟန်ဘင်းမှာ သူဘောင်းဘီတိုဝတ်ထားတာကိုမေ့ပြီး ကုန်းကုန်းကွကွနဲ့ မြောင်းထဲထိပါ ကုန်းရှာရင်း ဗြိခနဲ ပြဲသံကြီးကြောင့် ‌ဟာ ခနဲဖြစ်သွားရသည်။ ဘေးဘီဝဲယာကြည့်လိုက်တော့ ခွေးတစ်ကောင်အပြင်မရှိတာမို့ နောက်ကအပြဲနေရာကြီးကို လက်နဲ့အုပ်ပြီး အိမ်ထဲအမြန်ပြေးဝင်ရသည်။ ဟာအိုမေးတာလည်း မဖြေနိုင်တော့ဘဲနဲ့ပေါ့။

"ဆောင်းဟန်ဘင်း မတွေ့~~~ဟမ် ဘာဖြစ်တာတုန်း တင်ပါးနောက်ကိုလည်း လက်နဲ့ပိတ်လို့၊ ချီးထွက်ကြတာတော့ မဟုတ်ဘူးမလား"

ဟာအိုလည်း ချိုင့်ကို သတိမရတော့ဘဲ ဆောင်းဟန်ဘင်းနောက်ကိုသာ အမြန်ပြေးလိုက်ရတော့သည်။ အခန်းတံခါးကိုပါ ပိတ်သွားတာကြောင့် ဟာအို နှာခေါင်းလေးရှုံ့ပြီး အိမ်ရှေ့ခန်းက ဆိုဖာပေါ်သာ သွားထိုင်နေလိုက်တော့တယ်။

ဘာဖြစ်သွားတာလဲမသိ ဟာအိုထင်သလိုတော့ ဟိုဟာထွက်ကျလို့မဟုတ်ဘူးမလား။ ဆောင်းဟန်ဘင်းကဖြင့် အသက်ငယ်ငယ်လေးပဲရှိပါသေးတယ် အဲ့လိုမျိုး မနိုင်တာတွေမရှိလောက်ပါဘူးလေနော်။ သူ့မာမားတောင်မှ တခါမှ အဲ့လိုမျိုး လက်ကြီးနဲ့ပိတ်ပြီး အိမ်သာထဲမဝင်ဖူးပါဘူး။

ဟာအိုလည်း ဆောင်းဟန်ဘင်းဘာဖြစ်မှန်းမသိတာကြောင့် ဖြစ်နိုင်တာတွေ လက်ချိုးရေရင်း စောင့်နေပြီး ခဏအကြာမှာတော့ ဆောင်းဟန်ဘင်းက မျက်နှာတွေရော နားရွက်တွေရော နီရဲလျက်သားနဲ့ အပြင်သို့ထွက်လာသည်။ အဝတ်က လဲလိုက်ပြီထင်ပါရဲ့။ အပျော့သားဘောင်းဘီအမဲရောင်နဲ့ အစောနကစွပ်ကျယ်မဟုတ်တော့ဘဲ တီရှပ်အဖြူရောင်ဖြစ်သွားသည်။

"ဆောင်းဟန်ဘင်း ဘာဖြစ်တာလဲ ဝမ်းလျှောနေလို့လား၊ မျက်နှာတွေကရော ဘာလို့နီနေတာလဲ နေမကောင်းဘူးလား"

ဆိုဖာပေါ်ထိုင်နေရာကနေ အနားရောက်လာပြီး နဖူးစမ်းလိုက်ပါးစမ်းလိုက်နဲ့ ဟာအိုက ဟန်ဘင်းကို အမြင်ကပ်တယ်၊ ကြည့်မရဘူးဆိုတာကို မေ့သွားတာလားမသိပါဘူး။

"အဟီး မဟုတ်~~အာ ဟုတ်တယ်၊ ကိုယ်နေလို့မကောင်းဘူး ဟာအိုရယ် ခေါင်းကလည်းအတော်မူးနေတာ"

A Second Chance for Love~???~Where stories live. Discover now