"ကိုယ်ဘယ်တုန်းက အဲ့လိုလုပ်ဖူးလို့လဲကွာ"
"စကားမရှည်ပါနဲ့၊ ကတိနော်"
လက်သန်းလေး ရှေ့ထုတ်ပေးလာသူကြောင့် ဟန်ဘင်းခပ်ဖွဖွပြုံးမိသည်။ အရင်အတိုင်းပဲ ကျန်းဟာအိုလေးက ဘာမှမပြောင်းလဲသွားဘူး။ ခေါင်းလုံးလုံးလေးကို ခပ်ဖွဖွလေးပွတ်ပေးမိရင် ထတော့ မထိုးလောက်ဘူးမလား။ ဟန်ဘင်းမျက်လုံးထဲမှာ ခုပုံစံနဲ့ ကျန်းဟာအိုလေးက အရမ်းကိုချစ်ဖို့ကောင်းလွန်းနေသည်။
"ဆောင်းဟန်ဘင်း! မင်းမျက်လုံးကြီးကျွတ်ကျပြီး ငါ့မျက်နှာပေါ်လည်း လာကပ်နေဦးမယ်"
ဟာအိုလေးကလေ ရုပ်ကလေးချစ်ဖို့ကောင်းသလောက် အပြောက အရမ်းဆိုးတာပဲ။ ဒါပေမယ့်လဲ သူကတော့ ဗွေမယူပါဘူးနော်။ ကျန်းဟာအိုလေး သူ့အပေါ် ဘယ်လိုပင်ပြုမူဆက်ဆံနေပါစေ ချစ်နေတုန်းပဲ။ ဘယ်သောအခါမှ အချစ်မလျော့။
"မကပ်ပါဘူးကွာ၊ ကိုယ်က ဒီတိုင်း ချစ်ဖို့ကောင်းလို့ ကြည့်မိတာပါ"
"ဘာ ဘာကိုချစ်ဖို့ကောင်းတာလဲ~~~ပေါက်ကရတွေပြောမနေနဲ့ ကတိသာလုပ်စမ်းပါ၊ ငါငြောင်းနေပြီလို့"
"ဟုတ်ပါပြီ၊ ကတိ ကတိ"
"အေး ကတိဖျက်လို့ကတော့ ငါနဲ့တွေ့မှာနော် ဆောင်းဟန်ဘင်း"
ထိုသို့ ကတိလုပ်တိုင်း အမြဲ ကြိမ်းဝါးတတ်တဲ့ ကောင်လေးကြောင့် ဟန်ဘင်းမှာလည်း ထုံးစံအတိုင်း လက်မြှောက်အရှုံးပေး၍ ကြောက်ပါကြောင်း ပြရသည်။ မဟုတ်ရင် ကောက်တာ။
"ဟန်ဘင်း မင်းဖုန်းငါ့ကိုပေး စားစရာတွေမှာမလို့"
"ဟမ် ကိုယ့်ပိုက်ဆံနဲ့လား၊ တစ်ယောက်တစ်ဝက်မဟုတ်ဘူးလား"
ဒီ! ငါပြောလိုက်ရ မကောင်းရှိတော့မယ်။ black cardကြီး ပိုင်ဆိုင်ထားပြီးတော့ မုန့်လေးဝယ်ကျွေးဖို့တောင် ကပ်စီးနည်းနေသေးတယ်။ ဟာအို့မှာလည်း ပိုက်ဆံရှိပါတယ်နော်။ အခုကတော့မရှိဘူးလေ။ ဒီလိုဖြစ်မယ်မထင်တော့ ယူမလာမိတာပေါ့။ ဒီလိုမှန်းသိရင် လိုလိုပိုပိုဆိုပြီးယူလာခဲ့ပါတယ်ကွာ။
"ဘာလဲ မင်းကငါ့တစ်ယောက်စာကိုတောင် ဝယ်မကျွေးချင်ဘူးပေါ့၊ အရင်ကတော့ ဘာဘဲဖြစ်ဖြစ် မင်းပဲရှင်းပေမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား"

YOU ARE READING
A Second Chance for Love~???~
FanfictionZhanghao's like, 'Love again isn't a must after a breakup.' And Sung Hanbin just sitting here like, 'Nah, gotta keep that heart game strong.' Sung Hanbin + Zhanghao
☆??.?*?????笔补谤迟-6
Start from the beginning