"အေးပါကွာ၊ မင်းမပြောလည်း ပါးသိပါတယ်"
အဟဲ မြင်ကြလား။ ယောက္ခထီးကြီးကလည်း ဟန်ဘင်းကိုဆို ဘာအပြစ်မှမမြင်ဘူး။ ဆောင်းဟန်ဘင်းက အချစ်ခံလေးကွ။
"အဟီး ကျွန်တော်က ပြောပြတာပါ၊ အော် ဒါနဲ့ ဟာအို အိပ်တုန်းမလား"
"ဟုတ်တယ်သားရေ အိပ်တုန်း၊ မျက်နှာလေးကိုမှ မတွေ့ရမနေနိုင်ရင် အိပ်ခန်းတံခါးကို ခပ်ဖွဖွဖွင့်ပြီးသာ ဝင်ကြည့်သွား။ ပါးတော့ လမ်းသွားလျှောက်လိုက်ဦးမယ်"
"ဟုတ်ကဲ့ ပါး၊ ဂရုစိုက်သွားပါဗျ"
အဟဲအဟဲ ဒီနေ့မနက်လေးကတော့ ကုမ္ပဏီသွားရတာကလွဲလို့ အကုန်သာယာချက်။ ကိုယ့်ကောင်လေးရဲ့ အခန်းကို ယောက္ခထီးရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ဝင်တာကွ။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိတယ်။ အစောကြီးကတည်းက တစ်ဖက်မိဘတွေရဲ့ ကြည်ဖြူခြင်းကို ခံထားရတာလေ။ ကျန်တာ အားလုံး အိုစခေ၊ ကျန်းဟာအိုလေးနဲ့ပဲ မအိုခေသေးတာ။
"မာမား ဘာတွေလုပ်နေတာလဲဗျ"
ကိုယ့်ဘာသာကိုယ်ဆို ကျန်းဟာအိုလေး အခန်းဆီ တန်းတန်းမတ်မတ်သွားမှာဆိုပေမယ့် မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေတဲ့ ဟာအို့မာမားကိုမြင်တဲ့အခါမှာတော့ ဆောင်းဟန်ဘင်းရဲ့ ခြေလှမ်းတွေရပ်တန့်သွားရသည်။ မနှုတ်ဆက်လို့မကောင်းဘူးမလား။ ပြီးတော့ အလုပ်ရှုပ်နေတဲ့ မာမားက သူဝင်လာတာကိုလည်း မသိပေ။ ဟန်ဘင်းအစား သူခိုးဆိုရင်တော့ ကိုယ်ကျိုးနည်းရချေရဲ့။
"ဟော သားဟန်ဘင်းလေး နေကောင်းသွားပြီလား"
"ဟုတ်ကဲ့ ကောင်းသွားပြီဗျ၊ ဒါနဲ့ မာမားဘာတွေလုပ်နေတာလဲ"
"ဒီမှာလေ ဟာအို စားဖို့ မာမားကိုယ်တိုင်ပူတင်းလုပ်ပေးနေတာ၊ သားသိတဲ့အတိုင်းပဲ အဲ့ကလေးက ပူတင်းမစားရရင်ကိုမနေနိုင်တာ"
မာမားပြောတာလည်း ဟုတ်ပါရဲ့။ ကျန်းဟာအိုလေးက ပူတင်းကို အရမ်းကြိုက်တာပါ။ ဘယ်လောက်တောင် ကြိုက်သလဲဆိုရင်တော့ ကျွန်တော် ဆောင်းဟန်ဘင်းနဲ့တောင် အလဲအထပ်လုပ်နိုင်တဲ့အထိကို ကြိုက်ပါသည်။

YOU ARE READING
A Second Chance for Love~???~
FanfictionZhanghao's like, 'Love again isn't a must after a breakup.' And Sung Hanbin just sitting here like, 'Nah, gotta keep that heart game strong.' Sung Hanbin + Zhanghao
☆??.?*?????笔补谤迟-7
Start from the beginning