抖阴社区

☆??.?*?????笔补谤迟-9

Start from the beginning
                                    

ဘယ်လောက်မှ မကြာလိုက်ပါဘူး စားပွဲပေါ်တင်ထားတဲ့ ဖုန်းလေးက အသံမြည်လာတဲ့အခါ အိပ်ရာထက်က စူပုတ်ပုတ်နဲ့ ကျန်းဟာအိုရဲ့မျက်နှာလေးက ချက်ချင်းဆိုသလို ကြည်လင်လို့လာသည်။ သွားကိုင်လိုက်တော့ ခေါ်ဆိုသူက ဆောင်းဟန်ဘင်းမဟုတ်တဲ့အခါ ဟာအိုတစ်ယောက် ပြန်၍စူပုတ်လို့သွားပြန်သည်။

"ပြော ချွမ်းရွေ့ ဘာကိစ္စရှိလို့လဲ"

"လေသံကလည်း မာချက်ပဲ၊ ဆောင်းဟန်ဘင်းနဲ့သာဆို အဲ့လိုဟုတ်မယ်မထင်"

"ဟျောင့် သေချင်လို့ ရန်လာစနေတာလား၊ ကိစ္စမရှိရင် ငါအိပ်တော့မယ် အိပ်ချင်နေပြီ"

"နေပါဦးဟ၊ ပြောစရာရှိလို့~~~မနက်ဖြန်အတွက် မင်းဘာဝတ်မှာလဲ"

မနက်ဖြန်ဘာဝတ်မှာလဲကိုတောင် ကိစ္စရပ်ကြီးတစ်ခုလို ဖုန်းဆက်ပြီး ပြောနေတဲ့ ရှန်ချွမ်းရွေ့ကို ဟာအိုနည်းနည်းလေးမှ မသင်္ကာပါ။ ခါတိုင်းလည်း သူကြိုက်ရာသူဝတ်၊ ကိုယ်ကြိုက်တာကိုယ်ဝတ်နေတာကို။ ခုမှ အထူးအဆန်းဘာထဖြစ်တာ။

"ဒီတိုင်းပဲ ဘောင်းဘီနဲ့အင်္ကျီပေါ့ကွ။ အထူးအဆန်းနဲ့ ဘာတွေမေးနေတာလဲ"

"မဟုတ်ဘူး ငါမနက်ဖြန် အသစ်ဝယ်ထားတဲ့ အင်္ကျီရယ်၊ မျက်မှန်ရယ်နဲ့ အပြီလန်းမလို့။ မင်းတစ်ယောက်တည်း အဘိုးကြီးပုံပေါက်ပြီး မလန်းဘဲနေမှာဆိုးလို့ မေးကြည့်တာ"

အောင်မာ သူကပဲ ငါ့ကိုအဘိုးကြီးပုံလို့ပြော‌ရသေးတယ်။ ကျန်းဟာအိုတို့က မရွှိုင်းချင်လို့ ရိုးရိုးလေးပဲဝတ်တာ။ ရှန်ချွမ်းရွေ့လို့ ဝတ်လိုက်ရင် ဆောင်းဟန်ဘင်းတင်မကဘဲ တလောကလုံးက လူတွေကြွေသွားမှာဆိုးလို့။

"ဒီလိုလုပ် ငါမင်းကို ဆင်တူမျက်မှန်တစ်စုံပေးမယ်၊ ဝယ်နေရင်း မင်းကိုသတိရသွားတာနဲ့ ဂျယ်ဂျူသွားရင်း တက်မယ်ဆိုပြီး ဝယ်ခဲ့တာ"

"အဟား ရှန်ချွမ်းရွေ့တို့ တအားထူးဆန်းနေတယ်၊ ဘာဘဲဖြစ်ဖြစ်ပါ ငါ့သူငယ်ချင်းက တကူးတကတောင် ဝယ်လာရတာဆိုတော့ ဆင်တူတက်လိုက်ပါ့မယ်"

"ဟမ့် အေးပါ၊ အော် ဒါနဲ့ ငါလိုက်မှာကို မင်းချစ်ချစ်သိလား"

A Second Chance for Love~???~Where stories live. Discover now