抖阴社区

?????(?)

6.3K 100 1
                                    

“ ကဲ ပြောပါဦး အစအဆုံးလေး ရှင်းပြပါဦး “

ဒါဟာပထမဆုံးအကြိမ်လည်းမဟုတ်။

ထိုမတိုင်ခင်မှာလည်း သမီးရှင်တွေကိုယ်တိုင်ကသဘောကျနှစ်သက်ခဲ့လို့ လူကြီးချင်းတွေ့ဆုံကြချိန်မှာလည်း လက်မခံနိုင်တဲ့အပြုအမူတွေကြောင့် နှစ်ဖက်လုံး မျက်စိမျက်နှာပျက်ခဲ့ရတယ်။

တိုက်ဆိုင်မှုတစ်ခုအနေနဲ့ မေ့မေ့ပျောက်ပျောက်ရှိခဲ့ပေမယ့် ဒုတိယအကြိမ်မှာလည်း ထိုနည်းတူပင်။

“ဘာကိုလဲ ဒေါ်လေး “

“ဒါနဲ့ဆို ဘယ်နှယောက်ရှိပြီလဲ                               
ဘယ်နှခါရှိပြီလဲ ခမ်းနား..မင်း                               
တခြားမိသားစုတွေနဲ့ မဝင်ဆန့်ချင်ဘူး                      
ဆိုရင်တောင် သိမ့်တို့က ဒေါ်လေးတို့နဲ့ ဆွေမျိုးရင်းချာနေလာခဲ့တဲ့ မိသားစုတွေ"

"သမီးလေးနရီချိုဆိုတာလည်း ခေတ်ပေါ်          
ကလက်တတ်တတ်ဆန်တဲ့ မိန်းကလေးမျိုးလည်း     မဟုတ်...သားအနေနဲ့ မလုပ်ခဲ့သင့်ဘူး"

လေသံကတည်ငြိမ်နေပေမယ့် ဒေါသရိပ်တွေပါ‌လာတာကြောင့် သူ့အနေနဲ့ငြင်းဆန်မယ့်အစား မသိကျိုးကျွံသာပြုနေလိုက်သည်။

“ဒေါ်လေးဘာပြောလဲနားမလည်ဘူး "

သူမဟုတ်သလိုပင် ပြုမူနေတသည့်တူဖြစ်သူ ခမ်းနားစည်းစိမ်ကိုကြည့်လျက် ဒေါသအစား သက်ပြင်းတို့သာ အကြိမ်ကြိမ်ချလိုက်ပါသည်။

တစ်နေ့သောမနက်ခင်းလေးမှာပေါ့။
ဆောင်းလယ်ကာလဖြစ်လို့ ပတ်ဝန်းကျင်မှာမြူနှင်းတွေနဲ့ဖုံးပိတ်ပြီးတိတ်ဆိတ်နေတဲ့အချိန် ခြံရှေ့က      
လူခေါ်ဘဲလ်သံက ထွက်ပေါ်လာတယ်။။

ထိုမတိုင်ခင်ထဲက နိုးနေတဲ့ သူမလည်း ဆင်းသွားခဲ့ပြီးနောက်က တွေ့လိုက်ရတာက အနှီးထုပ်လေးနဲ့     မွေးခါစ ကလေးလေးနှစ်ယောက်။

ပြီးတော့ သူတို့လေးတွေကို ပွေ့ချီရင်း ချမ်းခိုင်တုန်နေတဲ့ အသက်နှစ်ဆယ်ကျော်အရွယ် ကောင်ငယ်လေးတစ်ဦး။

သိလိုက်ရတာက သူတို့လေးတွေဟာ အနှစ်နှစ်            အလလ အဆက်အသွယ်ပြတ်သွားခဲ့တဲ့ ညီမ‌ဖြစ်သူရဲ့ကလေးတွေဖြစ်ပြီး တနည်းအားဖြင့်  သူမနဲ့တူ မြေးတော်စပ်နေကြတာပင်။

??? ???? [???????????? ??????????????](OC_ongoing)Where stories live. Discover now