"ဒီနေ့တော့ နရီပဲမီးဖိုချောင်ဝင်လိုက်မယ်နော် ဦး
မေမေ့ကို နရီကိုယ်တိုင်ချက်ကျွေးချင်လို့ပါ "မနေ့က ကမ်းခြေမှာ တစ်နေ့လုံး ရေဆော့ပြီးနောက် အချိန်ကြာကြာလှုပ်ရှားမိတဲ့ ဒေါ်သိမ့်သိမ့်သူရဲ့ တစ်ကိုယ်လုံး ပြင်းထန်တဲ့ ကိုက်ခဲမှုကို ညဘက်မှာ စတင်ခံစားလာခဲ့တယ်။
အသက်ကြီးတဲ့သူဖြစ်တဲ့အတွက် ရေဆော့ခြင်းက သူမစိတ်ကိုမြှင့်တင်ပေးပါသော်လည်း အလွန်အရေးကြီးသည့်ခန္ဓာကိုယ်ပေါ်မှာတော့ ပြင်းထန်တဲ့ သက်ရောက်မှုဖြစ်စေသည်။
အခြေအနေက ပင်ပန်းလွန်း၍ အိပ်ယာပေါ်ကိုတောင် မထနိုင်ခဲ့။ထို့ကြောင့် သနပ်ခါးက သူမကိုယ်တိုင်ချက်ပြုတ်ပေးဖို့ ပြင်ဆင်လိုက်ခြင်းပင်။
"ဟုတ်ပါပြီဗျာ မေမေ့ကို ကလေးမကိုယ်တိုင်
ချက်ကျွေးချင်တာဆိုတော့ ကိုယ်ကရော
ကိုယ်ရောမပါဘူးလား ""ပါတာပေါ့ ဦးရဲ့ ...ဦးကရော ဘာကြိုက်လဲ
နရီဘာချက်ပေးရမလဲ ""အဟင်း ကိုယ်ကြိုက်တာ မင်း
ကိုယ်စားချင်တာမင်း "" အယ် "
"ဘယ်လိုလဲ ကျွေးမှာလား "
"အာ ဦးကတော့ နောက်နေပြန်ပါပြီ
ဒီကအတည်မှတ်လို့နားထောင်နေတာကို "သူမမျက်နှာနား တိုးကပ်ကာ ရွှန်းလဲ့ရီဝေနေ သည့် အကြည့်တို့ဖြင့် ပြောလာသည့်စကားတို့အဆုံးမှာတော့ မျက်လုံးတစ်ဖက်အားမှိတ်ပြလေ၏။
ထို့ကြောင့် သနပ်ခါး မင်သင်သွားကာ အထစ်ထစ် အငေါ့ငေါ့ဖြင့် မျက်နှာလေးရဲတက်လာရလေသည်။
မထင်မှတ်ဘဲပြုမူလိုက်သည့် ထိုလူကြီးရဲ့အမူအယာတို့အောက်မှာ သူမဟာအကြိမ်ကြိမ်ပြိုလဲနေရ၏။
"အဟမ်း အဟွတ် အဟွတ်! "
" အို ! "
အကြည်စိုက်နေကြသည့် ထူးထက်နှင့် ရှင်းသန့်တို့နှစ်ဦးနောက်သို့အေးမဆိုသူရောက်လာကာ ပြုံးစိပြုံးစိဖြင့် သတိပေးချောင်းသံဟန့်လိုက်မှဆတ်ခနဲဖြစ်သွားကြသည်။
အကြည်စိုက်နေကြသည့် သူတို့နှစ်ဦးနောက်သို့
အေးမဆိုသူရောက်လာကာ ပြုံးစိပြုံးစိမျက်နှာထားဖြင့် သတိပေးချောင်းဟန့်လိုက်တော့ ဆတ်ခနဲဖြစ်သွားကြလျက်။

YOU ARE READING
??? ???? [???????????? ??????????????](OC_ongoing)
Fantasy???????????????????????????? ???????????...????????????????????????? ??????????????? ?????????????????? ????????????????????????????????? ? ???????????????.. ?????????? ????????????????????????????? ????????????????.. ???????????????????????????????...