抖阴社区

????? (??)

3K 56 1
                                    

"လာပြီကွ ဝှီးး..ဝှီး..လေယာဥ်ကြီးလာပြီကွ "

"ကိုကို မီးငယ် လေယာဥ်ကြီးကိုကြည့် ဝှီးး
ကိုကို့ယာဥ်ကိုတိုက်မယ် "

ဧည့်ခန်းကြမ်းပြင်၌ကျကျနနထိုင်ကာ အရုပ်များဖြင့်ဆော့နေကြတဲ့အမြွာကလေးနှစ်ယောက်။

ခမ်းနား သူတို့လေးတွေဆီသွားလိုက်၍...

"သားနဲ့ သမီးက ဆော့နေကြတာလား "

"ဟာ ဖေဖေ "

"ဖေဖေကြီး လာလာ သားသားတို့နဲ့ဆော့မယ် "

"အင်း ဖေဖေအခုမအားသေးလို့
အားရင်ဆော့ကြမယ် ဟုတ်ပြီလား
အခုက ဖေဖေမှာစရာရှိလို့.."

မျက်လုံးလေးတွေ ကလယ်ကလယ်ဖြင့် သူ့ထံမှစကားတို့ကိုမျှော်လင့်စောင့်စားနေသည့် ကလေးနှစ်ဦး။

"မင်းတို့ အန်တီမေမေ နေမကောင်းဘူး
သူ့အခန်းရှေ့ဆူညံဆူညံသွားမလုပ်ရဘူးနော် တိုးတိုးတိတ်တိတ်ပဲဆော့ဟုတ်ပြီလား "

"ဟုတ်ကဲ့ ဖေဖေ "

" ဟုတ် ဖေဖေကြီး "

"အင်း အင်း လိမ်မာတယ် "

"အကိုလေး အကိုလေး ဘယ်သွားမလို့လဲ "

" ဩော မအေးမ နရီနေမကောင်းလို့လေ
ဆေးထွက်ဝယ်မလို့ "

"ဟုတ်လား ဒါဆို အေးမသွားကြည့်လိုက်မယ်နော် "

"အာ ရ ရတယ် သူအခုအိပ်နေတယ်ဗျ
ကျွန်တော် လိုမှခေါ်လိုက်ပါ့မယ် အခုတော့ သူကောင်းကောင်းအိပ်ပါစေ "

"ဟုတ် အကိုလေး "

အခန်းတွင်း စည်းခြားထားတာတွေနဲ့ တခြားအရာတွေကိုသာ အေးမမြင်လျှင် သူတို့နှစ်ဦးရဲ့ဆက်ဆံရေးကို အလွယ်တကူသိမြင်လျက် အဒေါ်ဖြစ်သူထံ ချက်ချင်းသတင်းပြန်ရောက်တော့မှာကို သိတာကြောင့် အခန်းထဲသို့ ပေးမဝင်ခြင်းဖြစ်သည်။

ခမ်းနားထွက်သွားသည်နှင့် အခြေအနေကြည့်ကာအေးမတစ်ယောက် ဒေါ်သိမ့်သိမ့်သူဆီသို့ ဖုန်းလှမ်းဆက်တော့၏။

"ဟယ်လို "

" ဟယ်လို အေးမ "

"မေမေကြီး မနေ့ကထဲက ဆက်မယ်ဆိုပြီး
အခွင့်မရတာနဲ့မဆက်ဖြစ်တာ  "

??? ???? [???????????? ??????????????](OC_ongoing)Where stories live. Discover now