抖阴社区

?????(??)

2.6K 54 1
                                    

"အင်း ဟင်း "

မနက်မိုးလင်း၏ နူးညံ့သော နေရောင်ခြည်များသည် မှန်ပြတင်းပေါက်ကို ဖြတ်သန်းကာ အိပ်နေသူတို့၏ အခန်းတွင်းသို့ နွေးထွေးစွာဖြာကျ၏။

ထိုအရာက တစ်ဦးနှင့်တစ်ဦးပွေ့ဖက်ကာ ချစ်စဖွယ် အိပ်မက်များအတွင်း နစ်မြုပ်နေတဲ့ သနပ်ခါးနဲ့ ခမ်းနားတို့ရဲ့အိပ်စက်မှုကို ‌နှောင့်ယှက်လိုက်တာကြောင့် သူမက ပထမဆုံးနိုးလာခဲ့သည်။

မျက်လုံးဖွင့်ကြည့်လိုက်တော့ နွေးထွေးပြီး တစ်ကိုယ်လုံးကိုလုံခြုံမှုပေးတဲ့ သူ့ရင်ခွင်ထဲရောက်နေတာကို   သိလိုက်ရ၏။

ညကတည်းက ရင်ခွင်ထဲ အတင်းဝင်အိပ်ခိုင်းတာ မနက်အထိ သူ့လက်တွေက မလျော့သေးဘူး။

အဟင်း... ဦးဆိုတဲ့လူ အိပ်နေတဲ့ပုံစံလေးက တကယ့်ကို ကလေးတစ်ယောက်နဲ့ တူနေပါရောလား။

ခါးသည် ခမ်းနားရဲ့မျက်နှာအား သေချာစူးစိုက်ကြည့်၍ ပြောလိုက်ခြင်းဖြစ်သည်။

စိတ်ထဲမှာ ဘာမှမရှိခင်က မနက်တိုင်းဟာ သာမန်အတိုင်းပါပဲ။ဒါပေမယ့် နှစ်ယောက်ရဲ့ခံစားချက်တွေဖလှယ်မိသွားတဲ့အခါတွင် ဘယ်ကနေလာမှန်းမသိတဲ့ရှက်စိတ်တွေ ဖုံးလာပြီး၊ မနက်ခင်းဟာ ရင်တဒိန်းဒိန်းနဲ့ အသစ်တစ်ခုဖြစ်နေခဲ့တယ်။

နှာတံသွယ်သွယ်လေးကို လက်ညှိုးနဲ့ ဖွဖွလေး ပွတ်မိသည်။ပြီးတော့ မျက်နှာတစ်ခုလုံးဆီ လက်တွေပြေးသွားလျက် မျက်လုံးတွေ၊ ပါးပြင်နဲ့ နှုတ်ခမ်းတွေကို နူးညံ့စွာ ထိတို့မိတိုင်း ကိုယ့်လက်တွေက သူ့ဆီမှာပဲ ညှိနေခဲ့၏။

နီးနီးကပ်ကပ်ရှိချိန်တိုင်း လက်ဖျားတွေယားသလိုခံစားမိပြီး  ထိတို့ချင်စိတ်တွေက မထိန်းနိုင်ဘဲ ဖြစ်လာမိတာ။

"ကိုယ့်ကိုဘယ်အချိန်ထိ စမ်းသပ်နေမှာလဲ"

"ဟင် အင် ဦး! "

ရုတ်တရက် ခမ်းနားမှမျက်လုံးမဖွင့်ဘဲ စကားထပြောလိုက်သည်မို့ လန့်ဖျပ်သွားလျက် လက်ကို
ရုတ်သိမ်းလိုက်မိသည်။

သို့သော် ထိုလက်ကို ပြန်ဆွဲဆုပ်ကိုင်ထား၍ မျက်လုံးတို့က တဖြည်းဖြည်း ပွင့်လာတဲ့ ခမ်းနားစည်းစိမ်။

??? ???? [???????????? ??????????????](OC_ongoing)Where stories live. Discover now