抖阴社区

????? (??)

3.2K 51 4
                                    

ဟင်အင်း မဟုတ်ဘူး အဲ့ဒီ့လိုမဖြစ်ရဘူး
ဦးခမ်းနားစည်းစိမ်။ရှင် ခါးကိုမချစ်ရဘူး။

အသံမထွက်ပေမယ့် သူမမျက်နှာအရောင်ကချက်ချင်းပြောင်းသွားခဲ့တယ်။တစ်စုံတစ်ခုကို တားမြစ်ချင်တဲ့နှုတ်ခမ်းလေးတွေက လှုပ်စိလှုပ်စိနဲ့ တကယ်တမ်း ဘာမှထွက်မလာခဲ့။

"အဟင်း ကိုယ်တကယ်ပဲထုတ်ပြောလိုက်မိပြီ"

"ဦးခမ်းနား နရီ..."

"နိုး နိုး မင်း ကိုယ့်ကိုချက်ချင်းအဖြေပြန်ပေးစရာ      
မလိုပါဘူး...ဘယ်ချိန်ဖြစ်ဖြစ်စောင့်နိုင်တာမို့
အချိန်ယူပြီး စဉ်းစားပါ"

သူ့ထံက ရှက်ပြုံးတစ်ခုနဲ့အတူ ဂုတ်ကိုပွတ်လိုက် ‌ဆံနွယ်တွေကိုဖွလိုက်နဲ့ အေးဆေးချင်ဟန်ဆောင်နေတဲ့မျက်နှာထက်မှာ သူမဆီက အဖြေကိုအတိအကျလိုချင်နေတာတော့ သေချာ၏။

အချစ်ဆိုတာက စိတ်နှလုံးသားနဲ့ တိုက်ရိုက်ပတ်သတ်နေတယ်။ချစ်ခြင်းမေတ္တာတွေ၊ယုံကြည်မှုတွေ ၊အပြန်အလှန်လေးစားမှုတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ခမ်းနားအတွက်တော့ လိုရင်းတိုရှင်းကိုပဲ ပြောသွားခဲ့သည်။

အဲ့ဒီ့အချိန်မှာ ခါးအနေနဲ့ ပျော်ရွှင်ရမှာလား ဝမ်းနည်းရမှာလားတောင်မသိတော့ဘူး။ရင်ထဲမှာ ထိတ်လန့်မှုတွေနဲ့ တချို့ခြောက်ခြားမှုတွေသာ ဖြစ်တည်နေ၏။

သူ့ရဲ့ချစ်ခြင်းက နရီချိုကိုချစ်တဲ့ ချစ်ခြင်းဖြစ်ပြီးတကယ်တမ်း သူမဟာ နရီချိုမဟုတ်ခဲ့ဘူး။

ရင်ထဲဆို့တက်လာကာ နှလုံးသားတစ်ခုလုံး ဆုတ်ဖြဲခံလိုက်ရသလို အသက်ရှူကြပ်လာခဲ့ရင်း ထိန်းချုပ်ထားတဲ့ကြားက မျက်ရည်ဝဲလာတာ ခံစားမိစဉ် တစ်ဖက်ကိုဆတ်ခနဲကျောပေးရပ်လိုက်သည်။

ထိုအခါ မျက်ရည်ကပေါက်ခနဲစီးဆင်းသွားပြီး ဒါဟာ အချစ်အတွက် ရင်နှင့်ခံစားပြီး ပထမဆုံးကျဖူးတဲ့မျက်ရည်တွေပင်။

"နရီ....ဟာ ဟိတ် !!"

ပခုံးလေးတလှုပ်လှုပ်မြင်တော့မှ တစ်ဖက်လှည့်ပြီး ကြိတ်ငိုနေတာသိလိုက်တဲ့ ခမ်းနားစည်းစိမ်။

"ကလေးမလေး မင်း မင်း ငိုနေတာလား "

ခမ်းနားပြာယာခတ်သွား၏။

??? ???? [???????????? ??????????????](OC_ongoing)Where stories live. Discover now