抖阴社区

?????(??)

1.4K 44 1
                                    

ကျွီ~~~

တံခါးကိုအသာလေးတွန်းဖွင့်ကြည့်လိုက်တော့ အခန်းထောင့်မှာ ခေါင်းငိုက်စိုက်ကျငြိမ်သက်နေတဲ့ ခမ်းနားစည်းစိမ်ကိုတွေ့လိုက်ရပါသည်။

မနေ့ညထဲကနေ အခုမနက်ထိ တစ်နေရာထဲမှာပဲရှိနေတာကြောင့် အထဲဝင်သွားလိုက်ကာ အနားသို့တိုးကပ်သွားရင်း...

"သား ခမ်းနား ထ ထ ကြမ်းပြင်ကအေးတယ်       
အိပ်ယာပေါ်သွားအိပ်ချေ သွား "

"ဟင်း အင်း ဘယ်သူလဲကွာ ဟူး "

"အိုး ဒီအနံ့က "

မျက်စိစုံမှိတ်ပြောနေတဲ့ သူ့ထံက အရက်နံ့တွေမွှန်ထူနေသည်။ဘေးကိုကြည့်လိုက်တော့ ဗီဒိုထဲမှာ အလှထည့်ထားတဲ့ အရက်ပုလင်းတွေက ဒီမှာရှိနေကာအကုန်လုံးက အခွံလွတ်တွေချည်း။

ဒီကောင်လေး ညက တစ်ညလုံးမအိပ်ဘဲ အရက်တွေချည်းထိုင်သောက်နေခဲ့တယ်လား။

အဖြစ်အပျက်တွေက မြန်ဆန်လွန်းလို့ သူမကိုယ်တိုင် လည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားခဲ့ရသည်။

ကြီးကြီးမားမားတွေဖြစ်လာမလား စိုးရိမ်စိတ်နဲ့ အခန်းရှေ့ရောက်သွားချိန်မှာ သနပ်ခါးကထွက်လာခဲ့တာပင်။

"အဟင့် မေမေ "

သူမကိုမြင်တာနဲ့ ရှိုက်ကြီးတငင်ငိုချလိုက်တာကြောင့် ထင်ထားတာထက် အခြေအနေတွေဆိုးခဲ့မှန်းသိလိုက်ရပါသည်။

"သူ သူသိသွားပြီ "

"ဘယ်လို..ဘယ်လိုသိသွားတာလဲ သမီး "

"ဟင်အင်း အဲ့ဒါတော့ခါးမသိဘူး                   
ဒါပေမဲ့ ဦးက ခါးကိုမုန်းသွားပြီတဲ့                            
သူ ခါးကိုတောင် မမြင်ချင်တော့ဘူးပြောတယ်"

"အိုကွယ် သားကအဲ့လိုပဲပြောလား"

"အဟင့် ခါး ခါးဘာဆက်လုပ်ရမှန်းမသိတော့ဘူး"

ကိုယ့်ကိုယ်ကိုယ် နာကျင်ရကောင်းမှန်းတောင် သိရဲ့လားမသိ။သွေးထွက်နေတဲ့ ခြေထောက်ကို ဒေါ်သိမ့်သိမ့်သူမှ စိုးရိမ်တကြီးငုံ့ကြည့်ရင်း...

"သမီး..ခြေထောက်မှာ‌လည်းသွေးတွေနဲ့ပါလား      
လာ လာ အရင်ဆုံးထိုင်ပြီးဆေးထည့်ရအောင်နော်"

??? ???? [???????????? ??????????????](OC_ongoing)Where stories live. Discover now