ရိုက်ကူးရေးလုပ်နေပုံရသည်မို့ ကောင်းကင်နေရာလွတ်ရှာကာ ထိုင်နေလိုက်သည်။ ကြော်ညာအတူရိုက်ရမည်ကို သုံးရက်လုံးပေါ်မလာသူ ထိုကောင်ငယ်လေးကြောင့် သူလည်း shooting ချိန်တွေကို စုံစမ်းကာ ဓာတ်ပုံ သီးသန့်ရိုက်ကူးချိန်အားရွေး၍ လိုက်လာရခြင်းဖြစ်သည်။ ထိုကောင်လေးအလုပ်ရှုပ်မည်ကိုသိသော်လည်း သူကရိုက်မည်ပြောထားသည့်အပြင် ထိုနေ့ကတည်းက ချက်လက်မှတ်နဲ့ ငွေလက်ခံရလိုက်သည်မို့ ပိုက်ဆံအလကားယူမိတာမျိုး မဖြစ်ချင်တာကြောင့် ထိုကောင်လေးကို အကျိုးအကြောင်းမေးဖို့သူရောက်လာခြင်းဖြစ်သည်။
ဓာတ်ပုံရိုက်ကူးနေသည့်တစ်ချိန်လုံး မိုးထက် ကောင်လေးကိုသေချာစိုက်ကြည့်မိသည်။ မပြုံးမရယ်ဖြစ်၍ တည်ငြိမ်နေသောပုံစံများနှင့် ဖြစ်နေသော်လည်း မျက်လုံး၊ မျက်ခုံး၊ နှုတ်ခမ်း၊ နှာခေါင်း အားလုံးက အမြဲပြုံးရယ်နေတတ်တဲ့ သူ့ရဲ့အိပ်မက်ထဲက ကလေးလေးနှင့်သိပ်ကိုတူလှသည်။ ဘာကြောင့်ထိုအိပ်မက်ကို မက်လဲ သူမသိပေမယ့် ထိုကလေးလေးက သူ့အတွက် အနွေးထွေးဆုံးလေးဖြစ်နေခဲ့သည်။
ဖခင်၏ချစ်ခြင်း၊ မုန်းခြင်းမခံရသည့်အပြင် နွေးထွေးခြင်းကိုပင် သူမခံစားခဲ့ရ။ ထို့ကြောင့် ကောင်းကင်ဟာ ညရောက်ပြီး အိပ်ပျော်ဖို့သာအမြဲဆုတောင်းခဲ့ရသည်။ ဖခင်၏လုပ်ငန်းတွေကို လက်လွှဲယူချင်စိတ်မရှိတဲ့သူဟာ Fanများသာ ရှိလာခဲ့ရင် သူ့အတွက် အနွေးဓာတ်များ ရနိုင်လောက်မလားဟူ၍ တွေးမိခြင်းကြောင့် သူဒီအနုပညာလောကကို စပြီးအခြေချခဲ့မိသော်လည်း ပျော်ရွှင်ခဲ့ရသည့်အချိန်ကပိုများခဲ့ရသည်။ ညတိုင်းမက်တတ်သည့် အိပ်မက်ထဲကကလေးကတော့ အားလုံးနဲ့မတူပဲ အမြဲအနွေးဓာတ်လေးပေးတတ်သည်။
ကောင်းကင် ထိုကောင်လေးကိုစတွေ့တုန်းက အိပ်မက်ထဲကကလေးနဲ့တူနေသည့်ရုပ်ရည်ကြောင့်လားတော့မသိ သူအနွေးဓာတ်ငွေ့ငွေ့ကိုခံစားမိလိုက်သည်။ စကားပြောပုံကငြင်သာခြင်းမရှိစွာပြောဆိုနေပြီး သူ့အိပ်မက်ထဲကကလေးလေးကအမြဲရယ်နေတတ်ပေမယ့် ထိုကောင်လေးကတော့ မျက်နှာတည်နေသော်လည်း သူထိုကောင်လေးကို အိပ်မက်ထဲက ကလေးလေးပဲဖြစ်နိုင်လောက်တယ်လို့ ထင်နေမိသည်။ ထိုနေ့ကပထမဆုံးမြင်ဖူးပေမယ့် နှစ်တွေအတော်ကြာ ဝေးကွာနေရသူအားတွေ့ရှိလိုက်ရသလို ခံစားလိုက်ရသည့် သူ၏ခံစားချက်ကြောင့် သူကိုယ်တိုင်လည်းနားမလည်အောင်ထိဖြစ်ရသည်။ ထို့အပြင် ထူးခြားသည့်နောက်တစ်ချက်က သူမသိလိုက်ခင်မှာပင် ထိုကောင်လေးကိုသူ....

YOU ARE READING
??? (???????????)
Fantasy??????????????? ???????????????? ?? fiction ?????? Unconditionally ???????????????????????????? Plot?????????? Kiss - S1 Father Sky - S2 Son Start...11.02.2025 End....