" ပြင်သစ်ကို ကိုယ်အခုမှ ပထမဆုံးရောက်ဖူးတာ...အရမ်းလှတာပဲ "
" ဒီနိုင်ငံအတွင်းမှာ ခင်ဗျား လျှောက်လည်ချင်လည်...ကျုပ်အလုပ်ကို မလိုက်ခဲ့နဲ့...သက်တန့် Royal Houseကို ခေါ်သွားလိုက် "
" ဟိတ်ကောင်! အခုမှရောက်တာလေ...လျှောက်လည်ဆိုပြီး အိမ်ကြီးဆီ ပြန်ခိုင်းနေတာလား! "
" ရော့ ဒီဖုန်းကိုင်...ခင်ဗျားဖုန်း ကျုပ်ကိုပေး "
သက်တန့်၏စကားကို နားမထောင်သည့်အပြင် မကြားသည့်ပုံစံနှင့် ကောင်းကင်ဘက်သို့သာ လှည့်၍ Gunဟာ စကားပြောနေခဲ့သည်။ ကောင်းကင်ထံမှ ဖုန်းကို တောင်းနေသူအား သက်တန့်က ဂြိုလ်ကြည့်ကြည့်လိုက်သည်။ Gun ကောင်းကင်ကို ပေးလိုက်သည့်ဖုန်းဟာ သူတို့ အဖွဲ့သာသုံးသည့် နေရာပြ GPS. Auto တပ်ဆင်ထားသည့် ဖုန်းဖြစ်သည်။ လိုင်းဆွဲအားအလွန်ကောင်းသည်မို့ အရမ်းကို တောခေါင်ခေါင်နေရာသာမဟုတ်လျှင် ဖုန်းအချိန်မရွေးခေါ်လို့ရသည်။
ဒီဖုန်းကို သူတို့အဖွဲ့ဝင်တွေသာ သုံးခွင့်ရပြီး နိုင်ငံတော်၏ထောက်ခံချက်ရ ကာကွယ်ရေးဖုန်းတစ်ခုလို့ပင်ပြောရမည်။ ဒီဖုန်းကို Gunဘာလို့ ကိုမိုးထက်ကို ပေးလဲဆိုတာ သက်တန့်အတော်လေးသိချင်နေမိသည်။
" ကိုမိုးထက်...Gunကို ခနခေါ်သွားမယ်နော် "
ကောင်းကင်ဟာ ပြုံးလျက် ခေါ်သွားလေ ဆိုသည့်ပုံစံနှင့် ခေါင်းငြိမ့်ပြလာသည်။ သက်တန့် Gunအား ကိုမိုးထက်နှင့် ခပ်လှမ်းလှမ်းနေရာသို့ ခေါ်လာလိုက်သည်။
" အဲ့ဖုန်းက အဖွဲ့ဝင်မဟုတ်ရင် ကိုင်ခွင့်မရှိဘူးလေ နွား... "
" ငါသိတယ် "
" သိရင် ဘာလို့... "
" ငါ့ဟာပေးတာ "
" ဟာ!! မင်းဖုန်းက ပိုမပေးသင့်တာလေ...မင်းက အလိုအပ်ဆုံးနော် Gun "
" ငါသိတယ် "
" အေး! မင်းသိနေလိုက်! "
တကယ်ကို ဒီဖုန်းကို Gunဟာ အဆောင်ထားသင့်ဆုံးပင်။ ဒီဖုန်းတွေကို လူထုကိုတောင် ချပြခွင့်မရှိ၊ လျှို့ဝှက်၍သာ သုံးစွဲရသည်။ သူတို့အဖွဲ့အတွက် အရေးကြုံတိုင်း ထိုဖုန်းလေးဟာ နေရာကိုပြသပေးသလို အချိန်မရွေးဆက်သွယ်နိုင်သည်။ ထို့ကြောင့်လဲ သူတို့အဖွဲ့ထဲရှိလူတိုင်း ဆောင်ထားမှကို အဆင်ပြေသည့်ဖုန်းဖြစ်သည်။ ထိုမျှလောက်ထိ အရေးကြီးသည့်ဖုန်းကို Gun ဘာကြောင့် ကိုမိုးထက်ကိုပေးသလဲဆိုတာ သက်တန့် နည်းနည်းမှကိုနားမလည်ဖြစ်ရသည်။

YOU ARE READING
??? (???????????)
Fantasy??????????????? ???????????????? ?? fiction ?????? Unconditionally ???????????????????????????? Plot?????????? Kiss - S1 Father Sky - S2 Son Start...11.02.2025 End....