抖阴社区

4

6.8K 280 23
                                        

သုံးရက်ရှိခဲ့လေပြီ။ တိမ်လွှာ နေရာတိုင်းလိုက်ရှာပေမယ့် ဘယ်လိုမှ မတွေ့ရတာကြောင့် အတော်လေးကို သောကများရပါသည်။ ဖခင်ဖြစ်သူ ဦးမိုးထက်ကို အကြောင်းကြားမိလေတော့ " ပြန်လာမှာပေါ့ ‌မိုးထက်ကောင်းကင်က ကလေးမဟုတ်ဘူး " ဟူသည့်စကားကို ကြားလိုက်ရသည်မို့ တိမ်လွှာစိတ်တိုကာ ဦးမိုးထက်အား ဘာမှထပ်အကြောင်းမကြားဖြစ်တော့ပေ။ သူ့ဘာသူသာ လိုက်ရှာနေမိသည်။

" ဟို...အကိုတိမ်လွှာမလား "

" မင်းက ဟိုကောင်လေးရဲ့... "

" ဟုတ်ကဲ့...ကျွန်တော် သက်တန့်ပါ "

" အော် "

တိမ်လွှာတစ်ယောက် ခေါင်းငြိမ့်ပြလိုက်ကာ သွားရန်အပြု သူ့လက်အားလာဆွဲကာ " ခန " ဟု ဆိုလာသည့်ကောင်လေးကြောင့် ရပ်သွားရသည်။

" အကိုမိုးထက်ကို လိုက်ရှာနေတာမလား "

" မင်းကဘယ်လိုသိတာလဲ "

" အကိုမိုးထက်က Gunနဲ့ အတူရှိနေတာပါ "

" ဘာကွ! "

စိတ်တိုသွားသည့် တိမ်လွှာဟာ မေးကြောတွေပင် ထောင်တက်လာသည်အထိပင်။

" စိတ်...စိတ်လျှော့ပါဗျ...သူတို့က မနက်ဖြန် သတင်းစာပွဲကို တက်ကြမှာပါ "

" အခု မင်းသူငယ်ချင်းကဘယ်မှာလဲ "

" အဲ့တာတော့ ကျွန်တော်လည်းမသိဘူးလေ...ဒါပေမယ့် သေချာတာက မနက်ဖြန်လာမယ်ပြောပြီး ထွက်သွားတာ "

တောက်ခ်!

ထွက်သွားသည့် တိမ်လွှာ့ကိုကြည့်လို့ သက်တန့်ကခေါင်းခါလေသည်။ အမှန်တော့ သူဘယ်အိမ်ခေါ်သွားသည်ကို သိပါသည်။ တမင်မပြောလိုက်ခြင်းပင်။ အကယ်၍ သူသာပြောလိုက်ရင် သူငယ်ချင်းဖြစ်သူနှင့် ထိုအကိုရန်ဖြစ်နိုင်သည်မို့ပင်ဖြစ်၏။

တောင်းပန်ပါတယ် အကိုမိုးထက်...

" ထမင်းလာစားဖို့ သွားပြောလိုက် "

မိုးထက်ကောင်းကင်ဟာ သုံးရက်လုံးစကားကောင်းကောင်းမပြောသလို အစားလည်းကောင်းကောင်းမစားသလို ကောင်းကောင်းအိပ်ခြင်းလည်းမရှိပေ။ သို့သော်လည်း ကောင်းကင်ဟာ အာဏာတစ်ခွင့်အား နည်းနည်းလေးတောင်စိတ်ဆိုးနေသည့် အမူအယာမျိုး မရှိခဲ့ပါ။

??? (???????????)Where stories live. Discover now