抖阴社区

15

4.9K 242 14
                                        

" Gun...ကိုယ် ထမင်းပြင်... "

" အသစ်လဲလိုက် ဒေါ်ချစ် "

" ကိုယ်မနေ့က မှားသွားပါတယ်...စိတ်မဆိုးပါနဲ့ နော်... "

Gun၏ ဘေးနားရောက်လာကာ ခါးကိုင်းလျက် ပြောနေသူ ကောင်းကင်ကြောင့် သက်တန့် သက်ပြင်းသာချမိတော့သည်။

" မရောက်ဖူးလို့ ပတ်ကြည့်ရုံပဲကိုဗျာ...ပြောမနေနဲ့တော့ အဲ့ဒီကောင်ကို...လာပါ ကိုမိုးထက်ရာ...ထမင်း စား ရအောင်လို့ "

" မကိုင်နဲ့ "

ကောင်းကင်၏ လက်မောင်းအား ကိုင်၍ ဒီဘက်သို့ထိုင်ရန် သက်တန့်ဟာ ခုံဖယ်ပေးလာသည်။ ထိုအချိန် Gunဟာ ထိုင်ခုံမှထကာ ကောင်းကင်၏ လက်ကို အားဖြင့် ဆွဲကာ သူ၏ ညာဘက်သို့ ပို့လိုက်၏။

" အဲ့နား ထိုင် "

" နွားမျိုး...အစကတည်းက ကောင်း... "

" ထမင်းစားမှာစား သက်တန့်... "

သက်တန့် Gunအား မျက်စောင်းထိုးလိုက်သည်။ ကောင်းကင်၏လက်အား ဆွဲစဉ်က သူ့အား စိုက်ကြည့်လိုက်သည့်အကြည့်က မသိရင် သတ်တော့မည့်ပုံစံနှင့် ဖြစ်နေခဲ့သည်။

" အကိုလေး...စာထည့်ပုံထဲမှာ ဒီစာလေးတွေ့လို့ရှင့် "

အိမ်အကူမလေးဟာ မြန်မာလိုသာပြော၍ စာတစ်စောင်အားကိုင်ကာ ရောက်လာသည်မို့ ကောင်းကင်အနည်းငယ်တော့ အံ့ဩသွားခဲ့သည်။ ထိုစာဟာ ဖေဖေ့ထံမှ မဖြစ်နိုင်သလို တိမ်လွှာ့ထံမှ ပို့ခြင်းလဲ မဖြစ်နိုင်သည်မို့။

" အကို့နာမည်နဲ့လား "

" ဟုတ်ပါတယ်ရှင့်... "

သူ့ကိုသူလက်ညှိုးထိုးပြလို့ သေချာမေးနေသူကြောင့် Gunဟာ ထိုစာကို ယူလိုက်ကာ ဖွင့်ဖတ်လိုက်တော့သည်။

" ကိုကိုဆိုပဲ "

" ဟမ်! "

" ကိုမိုးထက်ကိုလား "

အာဏာတစ်ခွင်၏ စကားကြောင့် ကောင်းကင်နှင့် သက်တန့်မှာ တအံ့တဩဖြစ်သွားရသည်။ ကောင်းကင်ဟာ ချက်ချင်း ဇိုင်းညယံဆိုသည့် ကောင်လေးအား သတိရသွားကာ မျက်လုံးအား စုံမှိတ်လျက် စိတ်ပျက်လက်ပြတ်ပုံဖြစ်သွားလေသည်။

??? (???????????)Where stories live. Discover now