ပင်ပန်းနေသူကောင်းကင်ဟာ တစ်လမ်းလုံးအိပ်ပျော်လာသည်မို့ Gun ကုတင်ပေါ်သို့ပွေ့သိပ်ရတော့သည်။ မနေ့ကအိမ်မပြန်ဖြစ်ပဲ သူရန်ကုန်ကိုပဲ မောင်းလာဖြစ်သွားသည်။ မကြာခင် ထိုလူ့မွေးနေ့ရောက်လာမှာဖြစ်တာကြောင့် သူပတ်လိုက်ပို့ပေးနေခြင်းဖြစ်သည်။ Night ကိုဖမ်းဖို့ သူပြင်သစ်ကိုသွားရမည်။ အန္တရာယ်များသည်မို့ ဒီတစ်ခါတော့ ခေါ်လို့မဖြစ်၍ မသွားခင် သူထိုလူနဲ့ ပတ်သွားချင်သည်။ ပြောမရဘူးလေ၊ ထိုလူနဲ့သူ့ရဲ့ နောက်ဆုံးတွေ့ဆုံခြင်းလဲဖြစ်သွားနိုင်တယ်။
" ဟင်... "
နိုးလာချိန် မရင်းနှီးသည့် မျက်နှာကျက်ကြောင့် ကောင်းကင် အံ့ဩသွားရသည်။ မနေ့ကတိရစ္ဆာဥယျာဉ်ကအပြန် မှောင်သွားတာကြောင့် သူအိပ်ပျော်သွားခြင်းဖြစ်သည်။
" ဒါက ဘယ်နေရာကိုရောက်... "
ဘေးဘီကြည့်မိတော့ Gunကိုမြင်လိုက်ရတာကြောင့် ပြောမည့်စကားများပင် ဆက်မထွက်လာတော့။ ပင်ပန်းနေပုံရသည့် ကောင်လေးဟာ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေတာကြောင့် သူပါပြန်ကပ်အိပ်လိုက်ပြီး ကောင်ငယ်လေး၏ဆံသားများကိုသပ်တင်ကာ နှဖူးအား တစ်ချက်နမ်းလိုက်သည်။ ပြီးသည်နှင့် ကောင်ငယ်လေး၏ပါးပြင်အား ထိကိုင်လိုက်သည်မှာ ခပ်ဖွဖွလေး။
" ကောင်လေးနဲ့ဆို...ဘယ်နေရာပဲဖြစ်ဖြစ် ရပါတယ် "
ကောင်းကင်ဟာ ပြောပြီး ပြုံးသွားကာ လက်ကို ပြန်ရုတ်ရန်ပြင်လိုက်သည်နှင့် သူ၏လက်ကိုပြန်ဆွဲထားသော ကောင်ငယ်လေးကြောင့် ကောင်းကင်လန့်သွားရ၏။
" ဆက်ထိ... "
" ဟင် "
" ကျုပ်ကိုဆက်ထိနေ "
" ဘာကို... "
" နေလို့ ကောင်းလို့ "
ကောင်းကင်လက်ကိုလွှတ်မပေးပဲ သူ၏ပါးပေါ်တင်ကာ မျက်လုံးပြန်မှိတ်သွားသူကြောင့် ကောင်းကင် သူ၏လက်ကို ရုန်းရန်ပြင်လိုက်သည်နှင့်။
" ငြိမ်ငြိမ်နေ "
ကောင်းကင်ဟာ ချက်ချင်းငြိမ်ကျသွားကာ ကောင်ငယ်လေးဘေးသူပါဝင်၍ ပြန်အိပ်လိုက်တော့လေသည်။

YOU ARE READING
???
Fantasy??????????????? ???????????????? ?? fiction ?????? Unconditionally ???????????????????????????? Plot?????????? Kiss - S1 Father Sky - S2 Son Start...11.02.2025 End....