"ကိုယ့်ကိုကြည့်ပြီး မင်းစိတ်တွေယိုင်နေပြီလား"
"ဟင် အင်း မ မဟုတ် ဦးက ဘယ်တုန်းက နိုးနေတာလဲ"
"အဟင်း ကိုယ်ပြောရင်မင်းရှက်သွားမှာပေါ့ "
"ဟင် ဘာကို ပြော..ပြောပါနော် "
သူ့စကားကိုကြားပြီးနောက် ကျောရိုးတစ်လျှောက် လျှပ်စီးသလို ပြေးသွားခဲ့ပြီး ပိုသိချင်လာတဲ့စိတ်က မီးလျှံလို တောက်လောင်နေတယ်။
"တိတိကျကျပြောရမယ်ဆိုရင် မင်းမနိုးခင်ကတည်းကပဲ အဲ့ဒီ့နောက် မင်းမျက်နှာလေးကို ကြည့်နေခဲ့တယ်ဆိုပါတော့ နောက်တော့ မင်းလည်းနိုးလာတယ်လေ အဲ့ဒါနဲ့ ကိုယ်လည်း "
"အာ ဦးစုတ် မကောင်းဘူး ဦးမကောင်းဘူး "
"ဟော အဟား ရှက်တာလည်းရှက်ပေါ့ ဘယ့်နှယ် ကိုယ့်ရင်ဘတ်ကြီးကိုလာလာထုနေတာ မတော်လို့ မင်းကိုချစ်မိနေတဲ့ကိုယ့်နှလုံးသားလေးတစ်ခုခုဖြစ်သွား ဘယ်လိုလုပ်မလဲ "
"နောက်ပြီး မင်းကိုယ့်ကို အခုလိုလုပ်မယ်ဆိုတာ ကြိုသိလို့လေ ဒါနဲ့ဆိုနှစ်ကြိမ်ရှိပြီ ဟုတ်တယ် မဟုတ်လား "
"မသိဘူးကွာ မသိဘူး "
"အွင့်! "
မျက်နှာတစ်ခုလုံး ပန်းရောင်စီးလျက် ရှက်ရွံ့ရွံ့ဖြင့် သူ့ရင်ဘတ်ကို တဘုန်းဘုန်းထုနေတဲ့ ကလေးမလေး။
ပါးပြင်နီမြန်းလာတိုင်း သူ့နှုတ်ခမ်းဖူးလေးက စွဲဆောင်မှုတွေ ဖြာထွက်နေပြီး ထုလိုက်တဲ့လက်သီးတွေက သူမနှုတ်ခမ်းလေးဆီ ဆွဲခေါ်နေသလို ချစ်အားပိုပြီး ဆတ်ခနဲငုံ့နမ်းလိုက်မိပါတော့၏။
"အဟင်း မောနင်းပါ ဘေဘီ "
" အာ ဦး မပြောမဆိုနဲ့ကွာ
လူကို လုပ်ချင်သလိုလုပ်နေတာကြီး ""အဟက်! ကိုယ်ကလား..ဒါဆို အစောက မျက်နှာတစ်ပြင်လုံးလိုက်ကလိနေတာဘယ်သူလဲ
လုပ်ချင်ရာလုပ်တာဘယ်သူလဲ ပြောပါအုံး "" ဦးကရော ဘာလို့
အိပ်ချင်ယောင်ဆောင်နေရတာလဲ ""ဒါကလား.. ကိုယ်မသိစဥ်အချိန်တွင်း ကိုယ်ချစ်ရတဲ့သူလေးရဲ့ တုံ့ပြန်မှုကိုသိချင်လို့ သိချင်လို့လေ"

YOU ARE READING
??? ???? [???????????? ??????????????](OC_ongoing)
Fantasy???????????????????????????? ???????????...????????????????????????? ??????????????? ?????????????????? ????????????????????????????????? ? ???????????????.. ?????????? ????????????????????????????? ????????????????.. ???????????????????????????????...
?????(??)
Start from the beginning