抖阴社区

?????????????????????? "(?)

45 2 0
                                        

Unicode

အခန်း_(၅)ရှင်က ကျွန်မရဲ့လွတ်ချလို့မရနိုင်တဲ့ အိပ်မက်တစ်ခုပါပဲ

ညနေခင်းနေရောင်ခြည်အောက်ရှိ စစ်ရေးလေ့ကျင့်ကွင်း၌ မြင်းခွာသံများမှာ မြေပြင်သို့ဆူညံစွာ ရိုက်ခတ်နေသည်။
လီမေရုံသည် အုန်းခွံရောင်မြင်းပေါ်တွင် စီးနင်းလိုက်ပါလျက် လက်မှ လေးနှင့်မြှားကိုကိုင်ကာ ပစ်မှတ်အား ထိရောက်စွာပစ်ခတ်ရန် အာရုံစိုက်လျက်ရှိနေသည်။

" ဝှီးးးး ဒုတ်.."

မြှားသည် လေကိုခွင်းကာ ပစ်မှတ်ကိုထိသွားသော်လည်း အလယ်ဗဟိုကိုလွဲချော်သွားသည်။
ထိုအခါ ပုကျင်းယွင်သည် လက်တစ်ဖက်ဖြင့် ခါးကိုထောက်ထားပြီး ကြည့်နေရာမှ လှမ်း၍ပြောလိုက်လေ
သည်။

"မြေပြင်မှာမြှားပစ်တာနဲ့ မြင်းစီးပြီး မြှပစ်တာက မတူဘူး
အာရုံစိုက်ပြီး ထပ်ကြိုးစား"

"ကျွန်မ နားလည်ပါပြီ!"

လီမေရုံသည် ထိုသို့ဆိုလျက် မြင်းကိုခြေထောက်ဖြင့် အသာထိ၍ မြင်းဇက်ကြိုးကိုထိန်းကာပြန်လှည့်လိုက်သည်။
သူမသည် ချွေးစိုစိုဖြင့်ပင် မြင်းကိုစီးကာ တစ်ကြိမ်ထပ်မံကြိုးစားလိုက်ပြန်သည်။
မြင်းသည် အရှိန်ဖြင့်ပြေးထွက်သွားသည်နှင့် ချက်ချင်း သူမသည် လက်ကမြှားကို ပစ်လွှတ်လိုက်လေသည်။
ထိုအခါ မြှားသည် လေကိုခွင်းကာ ပန်းတိုင်ပေါ်မှာ ပစ်မှတ်ဗဟိုသို့တိကျစွာစိုက်ဝင်သွားတော့သည်။
ပုကျင်းယွင်မှာ မျက်နှာတစ်ချက်ပြုံးယောင်သမ်းသွားလျက် ဤနှယ်ချီးမွမ်းလိုက်သည်။

"ဒါပဲ... ဒါပဲ ကောင်းတယ်
ငါတို့ရုံအာ တော်တယ်"

" သခင်မလေး အရမ်းတော်တယ် "

လီချွမ်သည်လည်း ဝမ်းသာအားရချီးကျူးလိုက်လေသည်။
ထိုအခါမှ လီမေရုံ၏ မျက်နှာဝယ် ဂုဏ်ယူကျေနပ်သောအပြုံးလေးထွက်ပေါ်လျက် " ငါက သေချာမလုပ်လို့ပါ
စိတ်သာနှစ်လိုက်ရင် ဘာမဆိုလုပ်နိုင်ပါတယ် "ဟု ခပ်ကြွားကြွားပြောဆိုလိုက်လေသည်။

" ဒါပေါ့ မှန်ပါတယ်
ငါတို့သခင်မလေးသာအတော်ဆုံးပဲ "

" ဟားးးဟားးးဟားးး "

" ?????????????????????? "Where stories live. Discover now