抖阴社区

" ?????????????????????? "(??)

18 2 0
                                    

Unicode

အခန်း_(၁၈)နွေလယ်မှာ ရင်ခွင်ထဲတိုးဝင်လာတဲ့အနမ်းတစ်ခု

မင်္ဂလာဦးခန်းထဲ၌ ချူအန်းအားလာရောက်အဖော်ပြုပေးသော လီမေရုံမှာ
လက်နှစ်ဖက်ကိုအကြောင်းမဲ့ပွတ်ချေလျက် ကြောက်ရွံ့စိတ်လှုပ်ရှားနေဟန်တူသော ချူအန်းအားနှစ်သိမ့်ရန် သူမ၏အစ်မတော်လက်ကိုဆွဲကိုင်လိုက်လေသည်။

အစ်မတော်..!
နင့်လက်တွေအေးပြီး ချွေးစေတွေထွက်နေတယ်…
ဘာလဲ ကြောက်နေတာလား "

လီမေရုံ၏ခပ်တိုးတိုးမေးလာသော
စကားကြောင့် ချူအန်းက ရှက်ပြုံးလေးနှင့်ဆိုသည်။

“မကြောက်ပါဘူး တကယ်တော့..ငါ.
ငါ စိတ်လှုပ်ရှားနေတာပါ
ပြီးတော့..ရှက်မိတယ် "

ချူအန်း၏အပြစ်ကင်းစင်လှသော အမူအယာကြောင့် လီမေရုံမှာ သက်ပြင်းချလိုက်မိသည်။
(" ဒီလောက်အပြစ်ကင်းစင်လှတဲ့အစ်မတော်က ငါ့ကိုလုပ်ကြံသတ်ဖြတ်ချင်လောက်တဲ့အထိပြောင်းလဲသွားခဲ့တာက ရှန်ယ်ဖုန်းကြောင့်တဲ့လား ")
သူမမှာ ထိုသို့တွေးလိုက်မိသည်နှင့် ယခင်ဘဝက နာကျင်မှုတွေပါပြန်လည်အမှတ်ရလာကာ ချူအန်းအား ဆက်လက်မကြည်ရှု့နိုင်တော့ပါပေ။ ထို့ကြောင့် နှုတ်ဆက်ကာ ထိုနေရာမှထွက်လာခဲ့သည်။
အပြင်ဘက်တွင်တော့ ရှန်ဇီကျင်းတို့တွေ၏ သောက်စားပျော်ပါးနေသောအသံတွေဖြင့်ဆူညံနေသည်။

ဇီကျင်း..၊ ငါတို့က မင်းကိုသိတာကြာပြီ။ ဒီနေ့တော့  ငါတို့ထက်မိန်းမစောရသွားတဲ့ ယောင်္ကျားသားတစ်ယောက်အနေနဲ့ မင်းကို ဂုဏ်ပြုတယ်ကွာ "

" ?????????????????????? "Where stories live. Discover now