抖阴社区

" ?????????????????????? "(??)

16 1 0
                                    


Unicode

အခန်း_(၁၅)မင်းရှိရင် ငါ့ဘဝကတောင်ပံမဲ့တဲ့ငှက်လိုပဲ မလှုပ်ရှားနိုင်တော့ဘူး

မနက်ခင်းနေရောင်အောက်တွင်
တာ့ဟန်နန်းတော် ညီလာခံခန်းမကြီးအတွင်း  ချူနှင့်မဟာမိတ်လက်အခမ်းအနားအတွက် စီစဉ်သတ်မှတ်ထားသည့် နန်းဆောင်ကျယ်ကြီး၌ ဟန်တိုင်းပြည်၏ တော်ဝင်အမှူ့ထမ်းအဖွဲ့များ စုပေါင်းရပ်နေကြသည်။
မင်းသား၄)သည် တော်ဝင်မင်းသားတစ်ပါး၏အဆောင်အယောင်အပြည့်
တန်ဖိုးမြင့်သော ပိုးနုအဝတ်များဝတ်
ဆင်၍ ချူသံတမန်အဖွဲ့အား ခေါင်း
ဆောင်ကာ နန်းရင်ပြင်မှတစ်ဆင့် ညီ
လာခံခန်းမထဲသို့ တည်ငြိမ်ရဲရင့်စွာဝင်ရောက်လာသည်။
ချူအန်းနှင့် ချူမှ နန်းတွင်းအပျိုတော်၊ ကချေသည်မိန်းမပျိုတို့ကိုမြင်သည်နှင့် ရှန်ဇီကျင်း(ချင်ဝမ်)က ခပ်တိုးတိုးဆိုလာသည်။

" သူမတို့ တကယ်လှလိုက်တာကွာ
နော် ညီတော်၂)..!
" သူမတို့က လှပါတယ်
ဒါပေမဲ့ ညီတော့်မျက်လုံးထဲမှာတော့
တစ်စုံတစ်ယောက်သာလျင် အလှဆုံးပဲ ''

ရှန်ခယ်ဖုန်းကား သူ့ကို မသိမမြင်ချင်ယောင်ဆောင်နေသော.လီမေရုံကိုကြည့်ရင်းပြောလိုက်လေသည်။

" ချူမင်းသား(၄)လီယော
အရှင်မင်းကြီးကိုနှုတ်ခွန်းဆက်ပါတယ်
သက်တော်ရာကျော်ရှည်ပါစေ "

လီယောမှ စတင်ဦးဆောင်ကာ ဂါဝရပြုနှုတ်ဆက်လိုက်လျင် ချူအန်းအပါအဝင် လီမေရုံတို့သံတမန်အဖွဲ့သားတွေမှာလည်း သံပြိုင်ညီညာစွာ ဂါဝရပြုနှုတ်ဆက်လိုက်ကြသည်။
" အရှင်မင်းကြီးကို ဂါဝရပြုနှုတ်ခွန်း
ဆက်သပါတယ် သက်တော်ရာကျော်ရှည်ပါစေ "

_" အားလုံးပဲထကြပါ သက်သာသလိုနေကြပါ"
_" ကျေးဇူးတင်ပါတယ် မင်းကြီး "

" ?????????????????????? "Where stories live. Discover now