抖阴社区

" ?????????????????????? "(??)

11 0 0
                                    

Zawgyi

အခန်း_(၁၆)မင်းရဲ့အမည်နာမလေးတစ်ခုကိုတောင် ငါမှာ မြတ်နိုးမဆုံးဖြစ်ရတယ်

လီမေရုံသည် နေ့လည်စာစားပွဲအပြီး တာ့ဟန်ချွင်ချိုးနန်းတော်ကထွက်လာကာ အနီးအနားသို့လျှောက်ပတ်ကြည့်နေသည်။သူမလျှောက်သွားသည်မှာနန်းတော်၏တောင်ဖက်ဥယျာဉ်၊
အဲ့ဒီမှာ…သူမဘဝတစ်ခုလုံးနဲ့ဆက်
နွယ်နေသည့် မေ့လျော့သွားခဲ့သောအရာတစ်ခုက သူမအားပြန်လည်သတိရသွားစေသည်။
သူမရင်ဘတ်ထဲက တိတ်ဆိတ်သော
အသံတစ်ခုက ပြောသည်။

“ဒီနေရာ… ငါတစ်ကြိမ်ရှိခဲ့ဖူးတယ်…”

နန်းတော်ကျောက်တံခါးကြီးပေါ်က ရွှေလက်ရာပန်းချီရုပ်ပုံများအားလုံးသည် ယခင်ဘဝကအမှတ်တရတွေနဲ့ တစ်ထပ်ထပ်ပြန်လည်ပေါ်လာသည်။
နန်းတော်၏အရှေ့ဖက်တွင်ရှိသော
ခြောက်ထပ်ဆောင် အုတ်နီနန်းတော်ဟောင်းကြီးကလည်း ယခုအခါအသစ်ကြီးဖြစ်နေသည်။ အုတ်နီနံရံပေါ်တွင်ထွင်းထုထားသော ပန်းပုရုပ်လက်ရာများက နေရောင်ဖြင့် ရောင်ပြန်ကာ ပို၍ရုပ်ကြွကာအသက်ဝင်နေသယောင်။ နန်းဆောင် ဂိတ်တံခါးပေါက်ကြီးသည်လည်း ကျောက်ဖြူသားဖြင့်ဆောက်လုပ်ထားသဖြင့် နေရောင်၌ ဝင်းဝင်းလက်ကာတောက်ပနေသည်
နန်းတော်၏တောင်ဖက်တွင်ဥယျာဉ်တစ်ခုရှိသည်။ ထိုဥယျာဉ်ထဲ၌ ပန်းလေးတွေက နွေဉီးရနံ့နှင့်အတူ ငွားငွားစွင့်စွင့် ဖူးပွင့်နေကြသည်။
ဥယျာဉ်အလယ်မှာတော့ သဘာဝအလျောက် ဖြစ်တည်နေသည့် ရေကန်သေးသေးတစ်ခုရှိသည်။ ရေမျက်နှာပြင်ပေါ်ကနေ လျှပ်တိုက်ဖြတ်သန်းသွားကြသည့် ကြိုးကြာငှက်
လေးများကြောင့် နွေဉီးလေညှင်းလေမှုန်နဲ့အတူ ရေလှိုင်းသံသဲ့သဲ့ကိုကြားရသည်။

“ကြာပန်းတွေက ရေသာရှိရင်
ဘယ်မှာပဲဖြစ်ဖြစ် ပွင့်လန်းနိုင်တယ်…”

နွေဉီးလေက ကန်ရေပြင်ကို လှုပ်ရှားစေသလို သူမရင်ထဲက မထင်မှတ်တဲ့ခံစားချက်များကိုလည်း လှုပ်ရှားစေသည်။

“ တာ့ဟန်နန်းတော်က ဤဥယျာဉ်က တကယ်လှပတာပါလား
အဲ့ဒီတုန်းက ဒီအလှအပတွေကို… မခံစားနိုင်လောက်အောင် ငါ.နာကျင်နေခဲ့မိတာပဲ "

" ?????????????????????? "Where stories live. Discover now