Unicode
အခန်း_(၁၁) မင်းရယ်မောနေချိန်မှာ နွေဦးပန်းတွေရဲ့အလှတောင် ညှိုးမှိန်သွားလေရဲ့
နံနက်ဦး.. နွေလလယ်ရာသီ၏ အနည်ငယ်ပူနွေးသော လေညှင်းသစ်က သူမ၏အခန်းပြတင်းကနေ မျက်နှာ
ပေါ်သို့ နူးညံ့စွာလာရောက်ထိတွေ့သည်။
နွေဦးကုန်လွန်သွားပြီး ခြောက်သွေ့သွားသည့် သစ်ရွက်ကြွေများနှင့်အတူအနံ့အသက်အသစ်တစ်ခုကိုသယ်ဆောင်လာသည်။
လီမေရုံတစ်ယောက် မျက်လုံးမဖွင့်သေးပဲ ထိုလေကို တဝကြီးရှူသွင်းလိုက်သည်။" သခင်မလေး..! အိပ်ယာထပါတော့
လက်ထောက်သံတမန်စောင့်နေတယ် "လီချွမ်တစ်ယောက် ပြတင်းပေါက်တံခါးတွေလိုက်လံဖွင့်ကာ သူမအား အသံစာစာဖြင့်နှိုးနေသည်ကိုမြင်ရသည်။
" သူကတော့နော် တကယ်ပါပဲ
အိမ်ရှင်တွေတောင်မနိုးသေးဘူး အစောကြီး ရောက်လာပြီ ငါ့ကို အရမ်းခိုင်းစားချင်နေတာ
အိပ်ကောင်းခြင်းမအိပ်ရပါလား "လီမေရုံမှာ ဤသို့ မကျေမနပ် ပွစိပွစိရေရွတ်လျက် မျက်နှာသစ်ကိုယ်လက်သန့်စင်ရတော့သည်။
အိမ်မကြီးဘက်ရောက်တော့ ဥယျာဉ်ထဲမှာစောင့်နေတယ်ဟုဆိုလာသဖြင့် ထိုနေရာသို့ထွက်လာခဲ့မိသည်။
ထိုအခါ သူမတို့ဧည့်ခန်းဆောင်မနီးမဝေးရှိ ဥယျာဉ်ထဲ၌ ရှန်ခယ်ဖုန်းကို ကိုယ်ကျပ်သိုင်းဝတ်စုံအနက်ရောင်ဖြင့် တွေ့မြင်လိုက်ရာ ထိုလူ၏မြင့်မားသောအရပ်အမောင်းနှင့် တောင့်တင်းကျစ်လစ်သောခန္တာကိုယ်တို့ကြောင့် ငေးကနဲပင်ဖြစ်မိသွားရသည်။
သူမအနားသို့ရောက်သည်နှင့် ထိုလူကပြုံး၍ကြည့်ကာ ပြောလာသည်။" ငါကြည့်နေတာ ဒီရက်တွေ မင်းတို့အိမ်တော်ကို မကြာခဏရောက်ပေမယ့် မင်းညီမဆိုတာကို တစ်ခါမှမတွေ့မိဘူး
လီဝမ်ရုံ..! မင်းက မင်းညီမအလှလေးမို့ ဝှက်ထားတာများလား "

YOU ARE READING
" ?????????????????????? "
Romance" ??????? " ?????? ???????????????? ???????? ????????????????? ???????????????????????????????????????? ????????? ??????????????????? ???????????????????????????????? ????? ??????????????? ???????? ??????????????????? ???????????? ??? ?????? ??????...