Unicode + Zawgyi !!!!
Zawgyi is below Unicode.( Unicode)
" ဒေါ်လာ 6500 ! " ( မြန်မာငွေ သိန်းတစ်ရာ နီးပါး )
" ဒေါ်လာ 7000 ! "
" ဒေါ်လာ 7500 !"
" ဒေါ်လာ 8000 ! "
" ဒေါ်လာ 8500 ! "
" ဒေါ်လာ 9000 ! "
လေလံပွဲတစ်ခု ။ ထပ်ပြီး အတိအကျရှင်းလင်းရရင် ပန်းချီဆရာ ရှောင်းကျန့်ရဲ့ လက်ရာတချို့ကို လေလံတင်ရောင်းချနေတဲ့ ပွဲ ။
ရှောင်းကျန့်က ပန်းချီပညာကို ငယ်ငယ်လေးကတည်းက စိတ်၀င်စားခဲ့ပေမယ့် သူ့လက်ရာတွေကို ချမပြခဲ့ဘူး ။ စပြီး သူ့ပန်းချီတွေကို ချပြတာ သူ့အသက် ၂၅ နှစ် ။ အခု သူက ၂၇နှစ် ရှိပြီ ။ ပြီးတော့ ပန်းချီလောကမှာ သိပ်ကိုနာမည်ရနေတဲ့ လူတစ်ယောက် ဖြစ်နှင့်ပြီးနေပြီ ။
" ဒေါ်လာ 10000 ! "
ကောင်လေးတစ်ယောက်ရဲ့ အသံနောက်မှာ တဖြည်းဖြည်းနဲ့ ငြိမ်ကျသွားတဲ့ ခန်းမကြီး ။ ပြီးတော့ ထွက်ပေါ်လာတဲ့ အခမ်းအနားမှူး အမျိုးသမီးရဲ့ အသံ ။
" ဒေါ်လာ 10000 ထက် ပိုပေးနိုင်မယ့်သူ ရှိပါသလား ။ ဒေါ်လာ 10000 ထက် ပိုပေးနိုင်မယ့်သူ ရှိပါသလား ။ "
ထွက်မလာနိုင်ကြတော့သည့် အသံတွေကိုကြည့်ရင်း ရိပေါ် ၁စက္ကန့်တောင် မပြည့်အောင် ခနဲ့တဲ့တဲ့ပြုံးလိုက်၏ ။ သူက ၀မ်အိမ်တော်က တစ်ဦးတည်းသော သခင်လေးပဲ ။ ပိုက်ဆံဆိုတာ ဘာပြောပလောက်စရာလဲ ။ လိုချင်ရင်များ အေးဆေး ။
" အဲ့တာဆို ဒေါ်လာ 10000 နဲ့ ရောင်းချလိုက်ပါတော့မယ် ။
ဒေါ်လာ 10000 ပါ ။ "တူသေးသေးလေးနဲ့ ထုရိုက်နေသံက နား၀င်ပီယံ ရှိလှတယ် ။ သူက ပန်းချီတွေကို စိတ်၀င်စားပေမယ့် ပန်းချီမဆွဲတတ်တဲ့ သခင်လေးပဲ ။ အဆိုးဆုံးက စိတ်ရှည်ရှည်ထားရတာတွေ သူသိပ်မုန်းတယ် ။
" ဒေါ်လာ 10000 နဲ့ ရောင်းချလိုက်ပါပြီ ။ "
သုံးချက်ပြည့်သွားတဲ့ တူထုသံနောက်မှာ သူပိုင်ဆိုင်ပြီဖြစ်ကြောင်း ကြေညာဖို့မတ်တပ်ထရပ်ပြရတယ် ။ ဒါက လေလံပွဲတစ်ခုမှာ ၀ယ်ယူသူတွေ ၊ အဆင့်အတန်းမြင့် ဂုဏ်သရေရှိလူတွေရဲ့ ပြယုဂ်တစ်ခုပဲ ။

YOU ARE READING
Count 1,2,3
Fanfiction1 2 3 ??????? ???????????? ?????? ????????? ???????????? ?????????? ?