抖阴社区

3

4.1K 421 20
                                    

(UNICODE)

ဒီနေ့က သူတို့တွဲတာ ခြောက်လပြည့် ။ ရုပ်ရှင်ကြည့်ဖို့ bookingတင်ထားပြီးသားမို့ mallကို ရောက်နေတယ် ။ နှစ်ယောက်တည်းတော့ မဟုတ်ဘူး ။ အဖော်သုံးယောက်နဲ့ ။

ကျိချန်း နဲ့ ကျိယန်ကိုပါ ခေါ်လာပြီးမှ ရုပ်ရှင်ရုံအ၀မှာ ဟောက်ရွှမ်းကိုတွေ့တာနဲ့ တစ်ခါတည်း ခေါ်တော့ ကျိယန်မျက်နှာက မှုန်ကုပ်ကုပ် ။ ကျိချန်းကတော့ မသိချင်ယောင်ဆောင်လို့ ။ ရိပေါ်နဲ့ ရှောင်းကျန့်က ခိုးခိုးပြီး ရယ်နေတယ် ။

လက်မှတ်တွေ ဝေတော့လည်း ကျိချန်းက ရှောင်းကျန့်ရဲ့ဘေး ထောင့်ဆုံးခုံကို ယူပြီး ရိပေါ်ရဲ့ဘေးမှာ ကျိယန်တို့ နှစ်ယောက်ကို ထားလိုက်တယ် ။ ဒါကို မှုန်ကုပ်နေတဲ့ ကျိယန်က အခုထိ မသိသေးဘူး ။ သူတို့ သုံးယောက် ကြံစည်ပြီး ရုပ်ရှင်စပြမှ ရုံထဲ၀င်ရင် ကျိယန်နေရာလဲလို့ မရမှာမို့ မုန့်ဆိုင်ထဲမှာသာ အချိန်ဆွဲနေကြတယ် ။

" ကိုကို့ .."

" ဟင် ?"

" ၀င်ရ‌အောင်လေ ပြတော့မယ် ။ "

" ကျိယန် ခဏနေဦး ။ ကိုကိုဒီမှာ အတွင်းရေးမှူးက ဖိုင်တွေပို့နေလို့ ။ ဆယ်မိနစ်နေရင် သွားမယ် ။ "

" ၀မ်ရိပေါ် ! "

" ဟင် ?"

" ကျန့်ကောရယ် မင်းရယ် ငါရယ် ၀င်နှင့်ရအောင် "

" ကျန့်ကော .. ဝင်ချင်ပြီလား "

" မ၀င်သေးဘူး ရိပေါ် ။ ကောကော အိမ်သာသွားဦးမှာ ။ မင်းတို့ သူငယ်ချင်းနှစ်ယောက် ၀င်ချင်၀င်နှင့်လေ "
(မ၀င်နဲ့လို့ မျက်စပစ်ရင်း ပြုံးပြီးပြော)

" ကျွန်တော်လည်း အိမ်သာ သွားချင်သေးတယ် ။ ဟောက်ရွှမ်း မင်း ကျိယန် ရုံထဲစောသွားချင်တာ လိုက်သွားပေးလိုက်ပါလား "

" ငါလား .. ရတယ်လေ ။ သွားရအောင် ။ "

" ရတယ် မသွားတော့ဘူး ။ တူတူပဲသွားမယ် ။ အိမ်သာသွားမယ်ဆို သွား မကြာနဲ့ ။ "

ကျိယန်စကားကို နာခံကြတဲ့ ရိပေါ်နဲ့ ရှောင်းကျန့်က အိမ်သာ အမည်ခံနောက် mall ကို တစ်ပတ် ပတ်နေကြတယ် ။ phone cover ဆင်တူလေးတောင် ရှောင်းကျန့်သဘောကျလို့ ဝယ်ခဲ့ရသေးတယ် ။ သေချာပေါက် ရိပေါ်ထက်ရှောင်းကျန့်က ကလေးပိုဆန်တယ် ။ တချို့သော အခြေအနေတွေမှာ အကြီးတစ်ယောက် အနေနဲ့ ကူညီ နားလည် ဦးဆောင်ပေးတာကလွဲရင်ပေါ့ ။

Count 1,2,3Where stories live. Discover now