( Unicode )
~ Li Group ရဲ့ သား မင်္ဂလာညစာစားပွဲ ~
Li Groupက သူတို့နှင့်မိတ်ဖက် လုပ်ငန်းစုဖြစ်သည် ။ Wang Group , Song Group နှင့် Li Group ဆိုတာက စီးပွားရေးလောကမှာ ထိပ်သီး ၃ခုပင် ။
ပြိုင်ဆိုင်နေတတ်သည့် သဘောတရားတွေကြားက ထိုးဖောက်ကာ Group သုံးခုက မိတ်ဖက်ဖြစ်နေသည် ။ ဥက္ကဌတွေက ငယ်သူငယ်ချင်းသုံးဦး ဖြစ်သောကြောင့် ။
သားတွေအလှည့်ကျ Wang နဲ့ Song ဖြစ်တဲ့ ရိပေါ်နဲ့ ကျိယန်က သူငယ်ချင်းဖြစ်ခဲ့ပေမယ့် Li Group ၏ သားကတော့ သူတို့ထက် ၆နှစ်မျှကြီးကာ သားကို နိုင်ငံခြား ပို့လွှတ်ခဲ့၍ ရင်းနှီးမှုအားနည်းလှသည် ။ ကျိချန်းနှင့်သာ အသက်မတိမ်းမယိမ်းသဖြင့် အနည်းငယ် ပိုရင်းနှီး၏ ။
ဒီပွဲကိုလာတာဟာ စီးပွားရေးကြောင့်ရော လူမှုရေးကြောင့်ပါ နှစ်ခုလုံးမှန်သည် ။ အဖေတို့က နေ့လည်က မင်္ဂလာပွဲကို သွားပြီးပြီမှန်သော်ငြား သားချင်းဖြစ်တဲ့ သူတို့က မသွားမဖြစ် ။ ထို့ကြောင့် ကျိချန်းကော ၊ ကျိယန် နှင့် ရိပေါ်တို့ အတူ ဒီမင်္ဂလာညစာစားပွဲကို တက်ရခြင်းဖြစ်သည် ။
" ကော .. ကျွန်တော် ရိပေါ်နဲ့ပဲ အတူနေနေမယ် ။
အစ်ကိုLiနဲ့က ကောပဲ သွားနေလိုက်တော့နော် ။ မျက်နှာမပျက်အောင်သာ လိုက်လာတာ .. သိပ်ပြီးမခင်တော့လေ .. "
" ကျိယန် .. ရိပေါ် "
" ဟင် ?"
" နှစ်ယောက်လုံး လိလိမ္မာမ္မာနေမယ်နော် ။ မမွှေနဲ့ ။ မိဘတွေမပါဘူး ။ အရက်တွေစွတ်မသောက်နဲ့ ။ လူလိုသူလို မသိတော့ရင် ဒုက္ခရောက်မယ် ။ သောက်စဖြစ်သွားလို့ သောက်ချင်သေးရင် ပွဲပြီးရင်ပြော ကောလိုက်ပို့မယ် ။ ဟုတ်ပြီလား .."
" ဟုတ် .. "
ကျိချန်းစကားဆို နှစ်ယောက်လုံး မလှုပ်အောင် နားထောင်ကြသည် ။ ကျိချန်းက အမြဲပြုံးနေတတ်ပေမယ့် ရုပ်တည်သွားရင် ကြောက်ဖို့ကောင်းသည်လေ ။
" ၀င်ရအောင် ။ "
Suit အပြည့်၀တ်ထားတဲ့လူချောလေးသုံးယောက် ဥယျာဉ်ထဲ၀င်လာတဲ့အခါ ဘေးကအသံတွေက ငြိမ်ကျသွားသလို ။
YOU ARE READING
Count 1,2,3
Fanfiction1 2 3 ??????? ???????????? ?????? ????????? ???????????? ?????????? ?
