( Unicode )
ရိပေါ် အိမ်ရောက်တော့မှ လက်ထဲက စာအိတ်ကို ဖွင့်ဖောက်မိတော့တယ် ။ အထဲက ရွှေရောင်ကွပ်ထားတဲ့ စာသားလေးကို ကြည့်ရင်း ၀မ်သခင်လေးက ရှားရှားပါးပါး အပြုံးတစ်ပွင့်ကို ဖြစ်တည်စေခဲ့တယ် ။
စာအိတ်ကလေးကို သေသေချာချာကြည့်ပြီး စာကြည့်စားပွဲရဲ့ အံဆွဲထဲ ရိပေါ် ထည့်ထားလိုက်တယ် ။ ဒေါ်လာ10000က ထိုက်တန်ပါတယ် ။ မနက်ဖြန်မှ ပန်းချီကားတွေက ရောက်မှာပေမယ့် မေမေ့မွေးနေ့က ပြီးသွားပြီ ။
သူပန်းချီကားကို ၀ယ်လိုက်တဲ့နေ့က မေမေ့မွေးနေ့ ။ ဒါပေမယ့် ပြခန်းစည်းမျဉ်းတွေအရ ပြပွဲ၃ရက်လုံး ပန်းချီကားကို သူအဲ့ဒီနေရာမှာပဲ ထားပေးခဲ့တယ် ။
// ၀မ်သခင်လေးက ချေပဲချေတာ .. လူမှုရေးတော့ နားလည်တတ်တယ် ။ //
နောက်တစ်နေ့မနက် သူမျက်နှာသစ်နေတုန်းပဲရှိသေးတယ် ။ ပန်းချီကားတွေရောက်ပြီမို့ အိမ်တော်ထိန်းက လာခေါ်တယ် ။
မိဘတွေအခန်းထဲ ပန်းချီကား နေရာချပြီးတော့ မေမေကပြုံးပြီး သူ့ကိုဖက်ထားတယ် ။ ဖေဖေကတော့ ပန်းချီကားကို ငေးမ၀ဖြစ်နေဟန်ပါပဲ ။ ဒါဟာ သူတို့မိသားစုရဲ့ အစပဲ ။ အခုထက်ထိအောင် အေးချမ်းခြင်းတွေနဲ့ ပြည့်နှက်နေတယ်။ ၀မ်ရိပေါ်ဟာ ဘယ်လောက်ပဲ ချေမိုးချေမိုး မိဘရှေ့တော့ ကလေးလေးလိုပါပဲ ။
သူ့ကုတင် ခြေရင်းမှာလည်း သူ၀ယ်ခဲ့တဲ့ ပန်းချီကားကို ချိတ်ပြီးပြီမို့ ပန်းချီကားနဲ့ ပတ်သက်တာ တစ်ခုတော့ ပြီးသွားပေမယ့် ရုံးအလုပ်တွေက ကျန်ရှိနေတုန်းပဲ ။
သူကျောင်းပြီးထားတာက မကြာသေးပေမယ့် သူက မိဘအလုပ်မှာ နေရာတစ်နေရာ ရပြီးနေပြီ ။ ၀မ်ရိပေါ်က သိပ်စေ့စပ်တယ် ။ မိုးကျရွှေကိုယ်အနေနဲ့ ရာထူးကြီးတစ်ခုကို ပိုင်ဆိုင်ရပေမယ့် ထိုက်တန်အောင် သူနေပြတယ် ။
အသက်အရွယ်နဲ့ မလိုက်အောင် တည်ကြည်တယ် ။ ၀မ်ရိပေါ်ကို မရယ်ရယ်အောင်လုပ် ၊ မလေးမစားနဲ့ စကားပြောရဲတာ တစ်ယောက်ပဲရှိတယ် ။ အဲ့တာက ငယ်ငယ်တည်းကပေါင်းလာတဲ့ သူ့သူငယ်ချင်း စုန့်ကျိယန်ပဲ ။ ၀မ်ရိပေါ်ရဲ့ တစ်သက်တာလုံးမှာလည်း သူငယ်ချင်းဆိုလို့ စုန့်ကျိယန်ပဲ ရှိတယ် ။ ကျိယန်က ရိပေါ်တို့ Wang Group ရဲ့ မိတ်ဖက် Song Groupကမို့ သူတို့နှစ်ယောက် အတူတူရှိချိန်တိုင်း ဘေးလူတွေက မင်းသားလေးနှစ်ပါးတို့ သခင်လေးနှစ်ယောက်တို့ ခေါ်တတ်ကြတယ် ။
YOU ARE READING
Count 1,2,3
Fanfiction1 2 3 ??????? ???????????? ?????? ????????? ???????????? ?????????? ?
