抖阴社区

1

4.5K 531 33
                                    

( Unicode )

လေးယောက်စုံတဲ့ ရက်က ခပ်ရှားရှားရယ် ။ ဒီညတော့ သူတို့လေးယောက်လုံး ညစာအတူတူစားကြတယ် ။ ရှောင်းကျန့်က Italyက ပန်းချီပြပွဲကို တစ်ပတ် သွားရမှာမို့ ပြန်လာမယ့်ရက်က ရှောင်းကျန့်မွေးနေ့မတိုင်မီ တစ်ရက်ပဲ ။ အဲ့ဒီနေ့တောင် ညမှပြန်ရောက်မှာမို့ မွေးနေ့မှ ရှောင်းကျန့်က သူတို့ိနဲ့ တွေ့ရတော့မယ် ။

နိုင်ငံရပ်ခြားသွားတာကို မစိမ်းပေမယ့် တစ်ပတ်တောင်တော့ မနေခဲ့ဖူးတာ အမှန်ပဲ ။ သူမသွားခင် လေးယောက်တူတူ ညစာစားဖို့ ရှောင်းကျန့်တွေးမိလိုက်တော့ သူတို့အားလုံး ရှောင်းကျန့်အိမ်မှာ ညစာလုပ်စားကြတယ် ။

တစ်ယောက်တည်းနေတဲ့ရှောင်းကျန့်က ဟင်းကောင်းကောင်း ချက်တတ်ပေမယ့် လာကူတဲ့ သုံးယောက်က မီးဖိုချောင်ကို ဖွသွားလေတယ် ။

၀မ်ရိပေါ်လှီးထားတယ်ဆိုတဲ့ သခွားသီးက မျက်နှာငယ်ငယ်နဲ့ပဲ အမှိုက်ပုံးထဲတန်းလို့ ။ ကျိယန် နွှာထားတဲ့ ပန်းသီးအခံွတွေက ပျံ့ကျဲနေတော့ စားလို့ရမယ် မှတ်လိုက်တဲ့ ရှောင်းကျန့် ရေခဲသေတ္တာ ဖွင့်လိုက်တော့ စားချင်စရာကို မရှိတဲ့ ပန်းသီးပုံပျက်တွေနဲ့ တိုးတော့တယ် ။ အကြီးဆုံး အပေါဆုံး လုပ်သွားတဲ့ ကျိချန်းက ကြက်ဥကြော်တယ် ဆိုပြီး သကြားနဲ့ဆား မှားထည့်တာက တစ်လုံး ၊ အချိုမှုန့်တွေ များသွားပြီ ဆိုတာ တစ်လုံး ၊ ကြက်ဥအတူးတစ်လုံးပါ ကြော်ပြီး သွေးတက်အောင် လုပ်သွားလို့ သုံးယောက်လုံးကို ဧည့်ခန်းဆိုဖာပေါ် ကန်ထုတ်လိုက်ရတယ် ။

ထမင်းစားဖို့ခေါ်တော့ ဂိမ်းဆော့နေလို့ဆိုပြီး ကျိချန်းနဲ့ကျိယန်က ချက်ခြင်းမလာဘူး ။ ထမင်းစားခန်းထဲမှာတော့ ရှောင်းကျန့်နဲ့ရိပေါ် နှစ်ယောက်တည်းရယ် ။

ရှောင်းကျန့်လက်ရာတွေကို ရိပေါ် မြည်းစမ်းဖူးနေကျပေမယ့် သူ့အိမ်ထမင်းစားပွဲပေါ်မှာ နှစ်ယောက်တည်း ထမင်းစားနေရတယ်ဆိုတာကို တွေးမိလိုက်တာနဲ့တင် လှိုင်းလုံးလေးတွေလို ဖြတ်ပြေးသွားတဲ့ လှိုက်မောရင်ခုန်မှုတွေလည်း ရှိတယ် ။ သေချာပေါက် ဂိမ်းရူးညီအစ်ကို မပါရင်ပေါ့ ။ ။

Count 1,2,3Where stories live. Discover now