抖阴社区

2

3.9K 463 7
                                    

(Unicode)

ရှောင်းကျန့်က ရိပေါ်ကို ပြုံးပြီး ငေးကြည့်နေတယ် ။ ရိပေါ်က ကိတ်မုန့်ကို ပန်းကန်ထဲ ခွဲထည့်နေတယ် ။

အချိန်က ၁၂ နာရီနဲ့ မိနစ် ၃၀ ။
ပွင့်ဟလာတဲ့ အိမ်တံခါးနဲ့အတူ ၀င်လာတာက စုန့်ကျိချန်းနဲ့ စုန့်ကျိယန် !

သူ့အိမ်ရဲ့ Passwordက ကျိချန်းသိတာကို သူမေ့နေခဲ့တာ ။ ကျိချန်းနဲ့ကျိယန်က ပါးစပ် မြေကြီးထိခါနီးပဲ ။ တအံ့တဩ ငေးနေကြတာများ ။

" ရောက်နေမှတော့ နှင်မထုတ်တော့ဘူး ။ နှစ်ယောက်လုံး လာထိုင်တော့ ။ "

ကျိယန် လက်ထဲက မွေးနေ့ကိတ်ကလေးက ပိုင်ရှင်ကို မျှော်နေသလိုပဲ .. ခွေးပုံလေးနဲ့ ။

" ရိပေါ်ကို စာတွေလဲပို့တယ် ။ ဖုန်းလဲဆက်တယ် ။ ဘာပြန်စာမှ မလာလို့ နှစ်ယောက်တည်းလာခဲ့တာ ။ အခု ကျွန်တော်တို့က ဒုတိယလူ ဖြစ်သွားတာပဲ ။ ကိုကို ပြန်ရအောင် ! "

ကျိယန်က ဆူဆူ ဆောင့်ဆောင့်နဲ့ ပြောတယ် ။ ရိပေါ်က ကိတ်မုန့်ဘေးသားတွေကို ဖဲ့ပြီး ကျိယန်ပါးစပ်ထဲ ထိုးထည့်လိုက်တယ် ။ ချောကလက်ရူးကို ချောကလက် သွားကျွေးတဲ့ ရိပေါ်ကတော့ ငြိမ်ဆေးပေးလိုက်သလိုပဲ ။ စုန့်ကျိယန်ကို သူကနောကြေနေပြီ ။

ကျိချန်းကတော့ ပြုံးစိစိနဲ့ ကြည့်လို့ ။ မျက်လုံးတွေက ရှောင်းကျန့်ကိုမေးတယ် .. မင်းတို့ တွဲသွားကြပြီလားတဲ့ ။

ရှောင်းကျန့်ကတော့ သေချာပေါက် ကျိချန်းကို ဒီကိစ္စတွေ မ‌ပြောဖြစ်ခဲ့ဘူး ။ ကျိချန်းက ဘယ်လိုသိနေခဲ့တာလဲ ။

ရှောင်းကျန့်မျက်လုံးတွေ ဝိုင်းသွားတာကို ကြည့်ပြီး ကျိချန်းက တိုးတိုးကလေးရယ်တယ် ။ စုန့်ကျိချန်းက ငါက မင်းအကြောင်းကို မင်းကိုယ်တိုင်လိုမျိုး သိတယ် ဆိုတာကို မေ့များနေတာလား ဆိုတဲ့ အကြည့်နဲ့ ။

ရှောင်းကျန့်က 'လူကြီးရှက်တော့ရယ်' ဆိုသလို ရှက်ရယ်ရယ်ပြီး ကိတ်မုန့်ကို တစ်လုပ်စားလိုက်တယ် ။ အဲ့ဒီမှာ ကျိယန်က သူ့ရဲ့ဖ‌ယောင်းတိုင်ထွန်းခွင့် မရလိုက်တဲ့ ကိတ်မုန့်လေးကို ရှောင်းကျန့်ရှေ့တွန်းပေးပြီး စားခိုင်းတော့တာပဲ ။

Count 1,2,3Where stories live. Discover now