" ရိပေါ် "
" ဟင် ?"
" ဘယ်နှမိနစ် လိုသေးလဲ ?"
" ၈မိနစ်လောက်ပဲ လိုတော့တယ် "
" အဲ့တာဆို သွားရအောင်လေ .. လာ "
ရှောင်းကျန့်လက်ဆွဲရာနောက် ရိပေါ်က ကောက်ခနဲကို ပါသွားတော့တာပဲ ။
လမ်းမှာ ပြေးနေရင်း ရှောင်းကျန့်က လဲမလိုဖြစ်တယ် ။ လျော့နေတဲ့ဖိနပ်ကြိုးက ပြေသွားပြီး ပြန်နင်းမိတော့ မှောက်ရက်ကလေး ဟန်ပါပါ ဖြစ်သွားတာပါပဲ ။ ရိပေါ်သာ ဆွဲမထားရင် mallရဲ့ ကြမ်းပြင်မှာ ရှောင်ရှောင်းကျန့်လေး အိပ်နေရတော့မယ် ။
ရိပေါ်က ဒူးတစ်ဖက်ကိုထောက်ရင်း ရှောင်းကျန့် ဖိနပ်ကြိုးကို သေသေသပ်သပ်နဲ့ ပြန်မပြေအောင် ချည်ပေးလိုက်တယ် ။ ရှောင်းကျန့်က အံ့ဩတဲ့မျက်နှာလေးနဲ့ ။ ရိပေါ်ချည်ပေးတဲ့ ဖဲပြားလေးက ရှောင်းကျန့်ဖိနပ်ပေါ် လှလှလေး နေရာယူလို့ ။
၀မ်လုပ်ငန်းစုရဲ့ ဆက်ခံသူလေးက ခပ်ချေချေပေမယ့် သူ့ကောင်လေးအတွက်ဆိုရင်တော့ ပြူးပြာနေအောင် ဂရုစိုက်တတ်ပါတယ် ။
ဘေးပတ်လည်က ဆိုင်တွေဆီက အရောင်း၀န်ထမ်းလေးတွေ ပြီးတော့ အမျိုးသမီးတွေ တော်တော်များများက သူတို့ကို အံ့အံ့ဩဩနဲ့ ကြည့်နေကြတယ် ။ ပန်းချီပညာဘက်က ရှောင်းကျန့်ကို လူသိပ်မသိပေမယ့် TV ပေါ်မှာ နေရာယူနေကြ ဖြစ်တဲ့ ၀မ်သူဠေးလေးကတော့ မိန်းကလေးအများစုရဲ့ အိပ်မက်ထဲက လူပါပဲ ။
ဓာတ်ပုံတွေရိုက်ကြတာကို သိနေပေမယ့် ၀မ်ရိပေါ်က တုတ်တုတ်မလှုပ်ဘူး ။ သူတို့တွဲနေကြတာက ခြောက်လတောင် ရှိနေပေမယ့် ကျိချန်း ၊ ကျိယန်နဲ့ ဟောက်ရွှမ်းကလွဲရင် ဘယ်သူမှလည်း သိတာမဟုတ်ဘူး ။
အခု ရိပေါ်လုပ်လိုက်တဲ့ အပြုအမူကြီးက လူတိုင်းသိသွားရင် သိပ်မကောင်းဘူး မဟုတ်ဘူးလား ။ ရှောင်းကျန့်က ရိပေါ်ကို ကြိုက်တာ ၊ တွဲနေကြတာအထိ ရှောင်းကျန့်မိဘတွေက သိတယ် ။ ဒါပေမယ့် အခုအခြေအနေလေးမှာ ရိပေါ်မိဘတွေ သိသွားရင်ရော ဆိုတာကို ရိပေါ်က မတွေးတာပဲလား ။
ရိပေါ်ကဒီတိုင်း တွေးရင်းငေးနေတဲ့ ရှောင်းကျန့်ကို လက်ကနေ ပြန်ဆွဲခေါ်သွားတယ် ။ ရုပ်ရှင်ရုံရှေ့ရောက်တော့ ပြဖို့အချိန် ကွက်တိပဲ ။ အကုန်တူတူ၀င်သွားကြတော့ စီစဉ်ထားတဲ့အတိုင်း ကျိယန်စိတ်ကောက်သွားတယ် ။

YOU ARE READING
Count 1,2,3
Fanfiction1 2 3 ??????? ???????????? ?????? ????????? ???????????? ?????????? ?