抖阴社区

?????(?)

4.1K 663 0
                                    

[Zawgyi]

့ယနေ့သည် ရှင်းဝူကျောင်းတော်မှ ဆယ်နှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် ကျောင်းတော်သားအသစ်ရွေးချယ်ပွဲပင်။ ထို့ကြာင့် ရှင်းဝူကျောင်းတော်တည်ရှိရာ ချန်ကျိုးမြို့တော်သို့ ဒေသပေါင်းစုံမှ လူငယ်အများအပြားရောက်ရှိနေသည်။ ရှင်းဝူကျောင်းတော်၌ဝင်ခွင့်ရရန်အတွက် သတ်မှတ်ချက်အများအပြားရှိပေသည်။

ဝင်ခွင့်အတွက် လာရောက်လျှောက်ထားသူသည် ဆယ့်ရှစ်နှစ်ထက်မကျော်ရ။ အနည်းဆုံး ရွှေသန္ဓေအဆင့်သို့ရောက်ရှိနေရန်လည်းလိုအပ်သည်။ အသက်ဆယ့်ရှစ်နှစ်တွင်ရွှေသန္ဓေအဆင့်သို့ရောက်ရှိရန်မှာအနည်းခက်ခဲသော်လည်း ကြိုးစားကျင့်ကြံလျှင်ရောက်ရှိနိုင်၏။ ထို့အပြင် စာမေးပွဲဝင်ရောက်ဖြေဆိုသူများသည် ကျောင်းမှအထူးတည်ဆောက်ပြုလုပ်ထားသောနန်ကျင်းစင်မြင့်ကို စိန်ခေါ်အောင်မြင်နိုင်ရန်လိုသေးသည်။ အနိမ်ဆုံးအနေဖြင့် နန်ကျင်းစင်မြင့်၏ ဒုတိယထပ်ကိုအောင်မြင်မှသာ ရှင်းဝူကျောင်းတော်သားဖြစ်ရန် အရည်အချင်းမှီသည်ဟုသတ်မှတ်သည်။

နန်ကျင်းစင်မြင့်တွင် အထပ်ကိုးထပ်ရှိကာ အထပ်တိုင်းသည်မတူညီ။ ပထမထပ်တွင် အလယ်အလတ်အဆင့်မိစ္ဆာများကိုရင်ဆိုင်ရတတ်ပြီး ကံဆိုးပါက အဆင့်မြင့်မိစ္ဆာများနှင့်ပင်တွေ့နိုင်သည်။ သို့ရာတွင် တကယ့်မိစ္ဆာများမဟုတ်ဘဲ ပုံရိပ်ယောင်များသာ။ နန်ကျင်းစင်မြင့်ရှိအထပ်ကိုးထပ်လုံးတွင် အကြီးအကဲလော့ကိုယ်တိုင်ဖန်တီးထားသည့် ပုံရိပ်ယောင်ဝင်္ကပါများရှိပြီး အနှီပုံရိပ်ယောင်ဝင်္ကပါများထဲမှ စမ်းသပ်ချက်များကိုအောင်မြင်မှသာ ပုံရိပ်ယောင်ဝင်္ကပါထဲမှထွက်နိုင်ပြီး အောင်မြင်သည်ဟုဆို၍ရသည်။

စိန်ခေါ်သူများအတွက် တစ်ထပ်လျှင်နာရီဝက်သာအချိန်ပေးထားကာ နာရီဝက်အတွင်း ဝင်္ကပါထဲမှမထွက်နိုင်လျှင် ကျရှုံးသည်။ လာရောက်ဖြေဆိုသူများသောကြောင့် ရှင်းဝူကျောင်းတော်၏ဝင်ခွင့်စာမေးပွဲစစ်မေးမှုမှာ တစ်ကြိမ်လျှင် ခုနစ်ရက်ခန့်ကြာတတ်ပေ၏။ ဆယ်နှစ်မှတစ်ကြိမ်သာကျင်းပတတ်ပြီး လူတိုင်းတွင် တစ်ကြိမ်သာအခွင့်အရေးရှိသည်။

Who Dare Touch My Disciple!?[Completed]Where stories live. Discover now